Thursday, August 25, 2011

Filled Under:

အစိုးရသစ်ရဲ့ ၁/၂၀၁၁ သတင်းစာရှင်းပွဲ..25 သြဂုတ် 2011

ရှေ့နေဦးမင်းလွင်ဦး
အစိုးရသစ်ရဲ့လက်ထက်မှာ ပထမဦးဆုံးအကြိမ်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ ဖြစ်တာမို့ အစိုးရသစ်ရဲ့သဘောထားကိုပထမဦးဆုံးအကြိမ်ထုတ်ဖေါ်ပြောဆိုလိုက်တာလို့ဆိုရမှာပါ။ သတင်းစာရှင်းလင်းပွဲမှာ အဓိက ထုတ်ဖေါ်ရှင်းလင်းပြောဆိုတာကတော့ ကချင်လွတ် မြောက်ရေးအဖွဲ့ ကေအိုင်အိုနဲ့ဖြစ်ပွားတဲ့ စစ်ပွဲများမှာ အစိုးရသစ်ဖက်ကလုပ်ဆောင်တဲ့ ကိစ္စရပ် တွေဟာ အမှားအယွင်းမရှိပဲ ကေအိုင်အိုဖက်က တရားလွန်လုပ်ဆောင်တဲ့အတွက် တိုက်ပွဲတွေဖြစ်ပွားရတယ်လို့အပြစ်ပုံချထား တာကိုလဲတွေ့ရပါတယ်။ နိုင်ငံတကာအစိုးရများ နဲ့အများပြည်သူတွေလိုလားတဲ့တိုင်းရင်းသားများအရေးငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးရေးဆိုတဲ့ကိစ္စရပ်ဟာ အစိုးရသစ်မှာ အစီအစဉ်မရှိတဲ့သဘောမျိုးတင်ပြထားတာကို အောက်ပါအချက် ကိုလေ့လာကြည့်ရင်သိနိုင်ပါတယ်။
ပထမဦးဆုံးငြိမ်းချမ်းရေးမူ ၈ ချက် ကိုဖေါ်ပြထားရာမှာ -
လက်နက်ကိုင်ဆောင်မှုနှင့် ပတ်သက်၍ နောင်ဖြစ်ပေါ်လာမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီဆောင်ရွက်ရန်
အသစ်ရေးဆွဲလျက်ရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြည်သူ့ဆန္ဒခံယူပွဲပြီးသည်နှင့် လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်ရန် သို့မှသာလျှင်ရွေးကောက်ပွဲဝင်နိုင်မည်ဆိုတဲ့ အချက်များဖြစ်တဲ့အပြင်
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ပုဒ်မ ၃၃၈ မှာ နိုင်ငံတော်အတွင်းရှိလက်နက်ကိုင်အဖွဲ့ အစည်းအားလုံးဟာတပ်မတော်ရဲ့ကွပ်ကဲမှုအောက်တွင်ရှိရမည်ဆိုပြီးပြဌာန်းထားတာကို ရည်ညွှန်းပြောဆိုပြီး တပ်မတော်ရဲ့ကွပ်ကဲမှုအောက်မှာ တရားဝင်ရပ်တည်ရမယ် ဒါမှမဟုတ် လက်နက်စွန့်ပြီးအရပ်သားဘ၀ကိုခံယူကြရမှာဖြစ်တယ်လို့ထပ်ဆင့်သတိပေးဖေါ်ပြထား တာကိုတွေ့ရပါတယ်။
ပြည်သူ့စစ်ဖွဲ့စည်းတာ နဲ့ နယ်စပ်ဒေသလုံခြုံရေးတပ်ဖွဲ့စည်းတဲ့ကိစ္စတွေကိုသဘောတူညီမှု မရတဲ့အတွက် ကေအိုင်အို၊ အက်အက်အေနဲ့ဒီကေဘီအေတို့က မိမိတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို စစ်တပ်ကကျူးကျော်လာတဲ့အတွက်ခုခံစစ်ပွဲတွေဆက်လက်ဆင်နွဲနေတာ ဖြစ်တယ်။လတ်တလောလုပ်ဆောင်နေတဲ့ငြိမ်းချမ်းရေးအတွက်ဆွေးနွေးပွဲတွေဟာလဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်မှာမူတည်ပြီးဆွေးနွေးမှာဖြစ်တဲ့အတွက်တိုက်ပွဲများကိုဆက်လက်ဆင်နွဲမယ် လို့ အစိုးရသစ်ရဲ့သဘောထားကိုပြည်သူတွေကိုဖွင့်ပြောလိုက်တာပါပဲ။
ယာယီငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ အစိုးရသစ်ရဲ့နည်းဗျူဟာတခုသာဖြစ်ပြီးတွေ့ဆုံဆွေး နွေးဖို့ဖိအားပေးနေတဲ့ နိုင်ငံတကာ အစိုးရများနဲ့ ကုလသမဂ္ဂကိုတွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်လို့ထင်ယောင်ထင် မှားဖြစ်အောင်လုပ်ဆောင်တဲ့ကိစ္စတွေဖြစ်တယ်။
သတင်းစာရှင်းလင်းပွဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်လိုပါက အခြေခံဥပဒေအခန်း ၁၂ ပါလုပ်ထုံးလုပ်နည်းတွေနဲ့ အညီပြင်ဆင်နိုင်ရေးအတွက်ပါဝင်ယှဉ်ပြိုင်ပြီး လုပ်ပိုင်ခွင့် အာဏာ ကိုတရားနည်းလမ်းကျစွာ ရယူဖို့တိုက်တွန်းခဲ့တယ်လို့ဖေါ်ပြထားပေမဲ့ကေအိုင်အေ ခေါင်းဆောင်ဟောင်းတွေပါတင်တဲ့ဒေါက်တာတူးဂျာတို့ နိုင်ငံရေးပါတီဖွဲ့စည်းပြီးရွေးကောက်ပွဲ ၀င်ဖို့ကြိုးစားတာကို ခွင့်မပြုခဲ့ပါဘူး။ နိုင်ငံရေးပါတီဖွဲ့ စည်းပြီးရွေးကောက်ပွဲဝင်မယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလိုက်နာစောင့်ထိန်းပါ မယ်ဆိုတဲ့ကန့်သတ်ချက်ကို ၀န်ခံ ဂတိပြုလက်မှတ်ရေးထိုးပြီးရွေးကောက်ပွဲကော်မရှင်မှာ နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင် ရမှာဖြစ်တယ်။နောက်ပြီးပြင်ဆင်လိုတဲ့ပုဒ်မတွေကိုပြင်ဆင်နိုင်ဖို့ သတ်မှတ်ထားတဲ့လွှတ်တော် ကိုယ်စားလှယ်များရဲ့မဲအရည်အတွက်ရဖို့လိုတယ်။ လွှတ်တော် မှာ ကြံ့ဖွံ့နဲ့ စစ်တပ်က ကိုယ်စားလှယ်အများစုပါဝင်တာမို့ ဖွဲ့စည်းပုံအခြေခံဥပဒေများပါ အချက်တွေကိုပြင်ဆင်မယ် ဆိုရင်လုံလောက်တဲ့လွှတ်တော်ကိုယ်စားလှယ်မဲမရနိုင်တာတွေကိုတော့ ထည့်ရှင်းမပြပါဘူး။
ဥပဒေရဲ့အထက်မှာဘယ်သူမှမရှိရ ဘူး၊ဥပဒေအရာမှာ အားလုံးတန်းတူညီမျှဖြစ်တယ် လို့ ထပ်မံပြောဆိုတာကိုလဲတွေ့ရပါတယ်။
၂၀၁၁ ခုနှစ်ဧပြီလကစတင်တာဝန်ယူတဲ့အစိုးရသစ်ရဲ့သက်တမ်း ၅ လအတွင်းမှာ သမတထံ တိုင်တန်းတဲ့အမှုပေါင်း ၅၀၀ ကျော်ရှိပါတယ်လို့သတင်းထုတ်ပြန်ပါတယ်။ တလကို လူ့အခွင့် အရေးချိုးဖေါက်မှုပေါင်း ၁၀၀ ကျော်ဖြစ်ပွားနေတယ်ဆိုတဲ့သဘောပါပဲ။အများစုတိုင်တန်းကြ တဲ့ကိစ္စရပ်တွေကိုလေ့လာကြည့်မယ်ဆိုရင်စစ်တပ်၊ဦးပိုင်ကုမ္ပဏီနဲ့ စီးပွားရေးလုပ်ငန်းရှင်များ ကအာဏာပိုင်တွေနဲ့ပေါင်းပြီး လယ်ယာမြေမတရားသိမ်းယူခြင်းခံနေရတဲ့ တောင်သူလယ် သမားများရဲ့ကိစ္စ၊ ကလေးစစ်သားများကိစ္စ၊ အကျဉ်းထောင်အတွင်းဖိနှိပ်ခံနေ ရတဲ့ နိုင်ငံရေး အကျဉ်းသားများရဲ့ကိစ္စ၊ ၀န်ကြီးဌာနတွေနဲ့တရားရုံးတွေမှာ လာဘ်ပေးလာဘ်ယူမှု တွေနဲ့ မှုခင်းများကိုစစ်ဆေးတဲ့ကိစ္စတွေမှာတရားမျှတမှုမရှိတာကိုတိုင်တန်းတဲ့ကိစ္စအများဆုံးတွေ့ရ
မှာဖြစ်တယ်။ သမတထံကိုတိုက်ရိုက်တိုင်တန်းနိုင် တယ်လို့ပြောတာဟာ မှန်ကန်တဲ့ဖြေရှင်းမှု မဟုတ်ပါဘူး၊ သမတထံတိုင်တန်းဖို့ နည်းလမ်းမသိ တဲ့သာမန်ပြည်သူတွေရဲ့အခွင့်အရေးကို ဘယ်လို အကာအကွယ်ပေးမှာလဲဆိုတာမေးစရာဖြစ်နေပါတယ်။ သမတထံတိုင်တန်းမှ အရေး ယူဆောင်ရွက်မယ်ဆိုရင် ဥပဒေရဲ့အထက်မှာဘယ်သူမှမရှိရဘူး ဥပဒေအရာမှာတန်းတူ ဖြစ်စေရမယ်ဆိုတဲ့ အချက်နဲ့ ကွဲလွဲနေတာ ကိုတွေ့ရမှာဖြစ်တယ်။
ဥပဒေပြဌာန်းချက်များနဲ့အညီ ဆောင်ရွက်ဖို့လာဘ်ပေးလာဘ်ယူမှုတွေပပျောက် အောင် အစိုးရအနေနဲ့ ကိုယ်တိုင်ဦးဆောင် တိုက်ဖျက်ရမှာဖြစ်တယ်။ ပြည်သူတွေကတိုင်တန်း မှ အရေးယူဆောင်ရွက်မယ်ဆိုတာဟာ ထိရောက်တဲ့အကာအကွယ်ပေးမှုမဟုတ်တာကိုသိဖို့ လိုပါတယ်။ အမျိုးသမီးများ နဲ့ ကလေး သူငယ်အခွင့်အရေးဆိုင်ရာကွန်ဗင်းရှင်းကိုလက်မှတ် ရေးထိုးထားတဲ့အစိုးရအနေနဲ့ ကလေးသူငယ်များအပူအပင်ကင်းစွာမူလတန်းပညာသင်ကြား နိုင်ဖို့ဆောင်ရွက်ပေး ရမှာ ဖြစ်တယ်။ ကလေးစစ်သားများနဲ့လူကုန်ကူးခံရတဲ့အမျိုးသမီးများ ရဲ့ အခွင့်အရေးကို ထိရောက် စွာ အကာအကွယ်ပေးပြီး ပြစ်မှုကျူးလွန်သူတွေကို ဟန့်တား လောက်တဲ့ပြစ်ဒဏ်များချမှတ်ဖို့လိုပါတယ်။ မြို့ပြဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်တဲ့လုပ်ငန်းများမှာ လယ်ယာ မြေသိမ်းဆည်းခံရတဲ့ တောင်သူလယ်သမားများကို အသက်မွေးဝမ်းကျောင်းနိုင်ဖို့လယ်ယာမြေတွေဝေငှပေးဖို့လိုအပ်တဲ့အမတော်ကြေးထုတ်ချေးဖို့လိုပါတယ်။
အိုင်စီအာစီကိုဇူလိုင်လ ၂ ရက်နေ့ကစတင်ပြီးအကျဉ်းထောင်တွေအတွင်းဝင်ရောက် ခွင့်ကို ပြန် လည်ခွင့်ပြုထားတယ်လို့ပြောပေမဲ့အိုင်စီအာရ်စီအနေနဲ့ သောက်ရေသန့်ရရှိရေးနဲ့ စားဖို ဆောင်ကိုဝင်ရောက်စစ်ဆေးတာလောက်ပဲလုပ်နိုင်ပါတယ်။ ကျန်းမာရေးကုသမှု အထူးလိုအပ် နေတဲ့ သူတွေကို ပြင်ပကဆေးရုံတွေမှာ ဆေးဝါးကုသနိုင်ဖို့ဆက်သွယ်ဆောင်ရွက်နိုင် ခြင်းမရှိ သေးပါဘူး။ဒါ့ကြောင့်အစိုးရသစ်မှာပထမဦးဆုံးအကြိမ်ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲကိုကြည့်ရ
င်ယခင်စစ်အစိုးရလက်ထက်ကအခြေအနေနဲ့ပြောင်းလဲမှုသိသိသာသာထူးခြားလာခြင်းမရှိပဲအပေါ်ယံရွှေမှုံကြဲလုပ်ဆောင်နေယုံမျှဆိုတာကိုတွေ့ရကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျား။

0 comments:

Post a Comment