Tuesday, August 30, 2011

Filled Under:

ပြည်တွင်းမှ ပိတ်ထားသည့် ၀က်ဘ်ဆိုက်တချို့ ကြည့်ခွင့်ရ....VOA.. 30 Aug ..2011

အင်တာနက် လွတ်လပ်ခွင့်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီးပြည်ပသတင်းဌာနတစ်ချို့ရဲ့ အင်တာနက် စာမျက်နှာ တွေ အပါအ၀င် ဘလော့ဂ်တချို့ကို တိုက်ရိုတ်ကြည့်ရှူလို့ ရလာပါတယ်။အရင်တုန်းက Proxy Server          ခံပြီးမှကြည့်လို့ရခဲ့တဲ့ ဒီစာမျက်နှာတွေကို ဘယ်လိုအကြောင်းကြောင့် အခု တိုက်ရိုက်ကြည့်လို့ရနေတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ဒီအခြေအနေတွေနဲ့ပတ်သက် လို့ပြည်တွင်းကအင်တာနက် သတင်းဖတ်သူတွေနဲ့ပြည်ပ မီဒီယာ သမားတွေကို ဗီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကို ကျော်ထင်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။
ပြည်ပ မီဒီယာတွေရဲ့ အင်တာနက်စာမျက်နှာတွေ၊ဘလော့က်တွေနဲ့ နိုင်ငံခြားသတင်းစာတွေ၊ ရုပ်သံလှိုင်းတွေကို တိုက်ရိုက်ကြည့်လို့ မရအောင် ပိတ်ထားတဲ့မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး မီဒီယာ တချို့ရဲ့ အင်တာနက် စာမျက်နှာတွေကို ကြားခံ မလိုဘဲ တိုက်ရုက်ကြည့်လာနိုင်တာဖြစ်တယ်။
ပြင်ပ မီဒီယာတွေရဲ့ အင်တာနက်စာမျက်နှာတွေကိုကြည့်နေကြ ပြည်တွင်းက NGO ၀န်ထမ်းတယောက်က ပြောင်းလဲလာမှုအပေါ် အခုလိုပြောပါတယ်။
ဟုတ်ပါတယ်ဗျ။ ကျနော်တို့အရင်တုန်းကဆိုရင် ခံပြီးတော့မှ ကြည့်လို့ရတဲ့ ၀က်ဆိုက်တွေဖြစ်တဲ့ဧရာဝတီတို့၊မဇ္ဇျိမတို့၊နေ့သစ်တို့ကို ဒီနေ့မှာ ကြည့်လို့ရပါတယ်။နောက်ဒေါက်တာလွဏ်းဆွေလည်း တိုက်ရိုက် ကြည့်တာ ရနေပါတယ်။ဒါပေမယ့် တချို့ဟာတွေတော့မရသေးဘူး..ဥပမာ VOA,BBC တို့ပေါ့။
ကျနော်တို့မြင်တာတော့ သတင်းမီဒီယာတွေကို သမတကြီးပြောတဲ့နောက်ပိုင်း ဒီလိုဟာမျိုးတွေ့ရတဲ့အခါ ဒါတုံ့ပြန် အလားအလာကိုဦးတည်နေတယ်လို့ ယူဆပါတယ်။ ဒီမိုကရေစီတိုင်းပြည်တွေမှာ ဒါမျိုးတွေလျှော့ချတဲ့အခါ လွတ်လွတ်လပ်လပ် ကြည့်လို့ရတာ ပိုကောင်းလာတယ်ဗျ။
ဧရာဝတီ သတင်းဌာနအယ်ဒီတာ ကိုကျော်စွာမိုးကတော့ အစိုးရသစ်ရဲ့ မီဒီယာအပေါ်ချဉ်းကပ်မှူကို အခုလို မြင်ပါတယ်။
ကျနော်တို့သေချာဘာမှပြောလို့တော့မရသေးဘူး။ပေါ်လစီတွေ ပြောင်းလို့ဖွင့်ပေးတာလားဆိုတာ။ဒါပေမယ့် ကျနော်ထင်တယ်၊ လက်ရှိအစိုးရ အနေနဲ့ တော့သေသေချာချာ နိုင်ငံရေးအရရော၊ အပြည်ပြည်ဆိုင်ရာကရော အပြောင်းအလဲတွေလုပ်နေတယ် မြင်
စေချင်တယ်ဆိုရင် မီဒီယာကလည်း တကယ့်အရေးကြီး တဲ့ကဏ ထဲမှာပါတယ်လေ။
သေချာ ကျွန်တော်တို့ ဘာမှပြောလို့မရသေးဘူး။ ပြီးခဲ့တဲ့သတင်းပတ်တွေတုံးကလည်း ဘီဘီစီတို့၊ ဘာတို့တွေကိုပုတ်ခတ်ရေးသားတာ၊ပုံမှန်ထည့်တဲ့ဟာတွေမထည့်တော့ဘူးလေ။ ဒါကလည်းအ ကြီးကြီးတော့ မဟုတ်ဘူး။ ဒါပေမယ့်အနည်းနဲ့ အများ သေးသေးလေးပြောင်းလဲမှူ တခုလို့ပြော လို့ရတယ်။ သူတို့ဘက်ကနေပြီးတော့ တခြား အရင်အစိုးရနဲ့မတူတဲ့ လုပ်ဆောင်မှူ တွေ တခုလို့ ပြောလို့ရတယ်။
မြန်မာနိုင်ငံဟာ အီရန်ပြီးရင် အင်တာနက် လွတ်လပ်ခွင့်ကို အဆိုးဆုံးချုပ်ကိုင်ထားတဲ့နိုင်ငံ ဖြစ်တယ်လို့လည်း ဒီနှစ်ဧပြီလထုတ်ပြန်တဲ့ freedom house  အဖွဲ့ရဲ့အစီရင်ခံစာမှာ ပါရှိပါတယ်။

0 comments:

Post a Comment