Thursday, September 01, 2011

Filled Under:

လယ်ယာမြေဆိုင်ရာ ဥပဒေဟောင်း (၃) ခု ပြည်သူ့လွှတ်တော် ရုပ်သိမ်း

<

လယ်ယာမြေဆိုင်ရာ ဥပဒေဟောင်း () ခု ပြည်သူ့လွှတ်တော် ရုပ်သိမ်း
2011-09-01
ပျဉ်းမနား နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ လယ်ယာမြေ ဆိုင်ရာ ဥပဒေကြမ်း အဆိုကို အာဏာရ အစိုးရ ပါတီဖြစ်တဲ့ ကြံခိုင်ဖွံဖြိုးရေး ပါတီက စက်တင်ဘာလ ရက်နေ့က တင်သွင်းခဲ့ပါတယ်။
ဒါကြောင့် အရင်က ပြဌာန်းထားတဲ့ ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေ၊ ၁၉၆၃ ခုနှစ် သီးစားချထားရေး ဥပဒေနဲ့ ၁၉၆၃ ခုနှစ် တောင်သူ လယ်သမား အခွင့်အရေး ကာကွယ်တဲ့ ဥပဒေ စတာတွေကို ပြည်သူ့ လွှတ်တော်က ရုပ်သိမ်းလိုက်တယ်လို့ အမျိုးသား ဒီမိုကရေစီသစ် ပါတီ ခေါင်းဆောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောပါတယ်။
ဒီဥပဒေမူကြမ်းကို ကြံ့ခိုင်ဖွံဖြိုးရေး ပါတီက စစ်ကိုင်းတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် () လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဝင်းက တင်သွင်းခဲ့တာပါ။
လယ်သမားအရေး ဆောင်ရွက်နေတဲ့ ဥပဒေ ပညာရှင်တွေကလည်း ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေမှာ လယ်သမားတွေကို ကာကွယ်ပေးထားတဲ့ အချက်တွေလည်း ပါဝင်နေတာကြောင့် အခု ပြင်ဆင်ပြောင်းလဲမယ့် လယ်ယာမြေ ဥပဒေတွေဟာ တောင်သူတွေ အတွက် တကယ် အကျိုးရှိနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
ဒီကနေ့ ကျင်းပမယ့် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ဆိုင်တဲ့ ဥပဒေကြမ်း အဆိုကို အတိုက်အခံ ပါတီတွေဘက်က တင်သွင်းဖို့ ရှိတယ်လို့ သိရပါတယ်။

0 comments:

Post a Comment