Wednesday, August 31, 2011

Filled Under:

လူငယ်နှစ်ဦး​ကို အာဏာပိုင်များ​က ညှဉ်း​ပန်း​နှိပ်စက်ပြီး​ စစ်​ဆေး​..DVB..21Aug 2011

လူငယ်နှစ်ဦးကို အာဏာပိုင်များက ညှဉ်းပန်းနှိပ်စက်ပြီး စစ်ဆေး
Published on August 31, 2011 by နေသွင်   ·   No Comments
ပဲခူး တိုင်းက လူငယ်နှစ်ဦးကို အာဏာပိုင်တွေက ဖမ်းသွားပြီးနောက် ၂ ရက်ဆက်တိုက် အစာမကျွေး ရေမတိုက်၊ အိပ်ခွင့်ပေးဘဲ ညှဉ်းပန်းစစ်ဆေးတယ်လို့ စုံစမ်းသိရှိရကြောင်း ဒီလူငယ်တွေရဲ့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ပဲခူးတိုင်း ပြည်မြို့က မောင်ဇာနည်ထွန်းနဲ့ အုတ်ဖိုက မောင်ဝေဖြိုးတို့ကို ခုလ ၁၂ ရက်မှာ အင်းမမြို့မှာ ဖမ်းသွားပြီးနောက် အင်းမရဲစခန်းနဲ့ ပြည်အမှတ် ၁ ရဲစခန်းတို့မှာ စစ် ဆေးတာလို့ ဆိုပါတယ်။ သူတို့ ၂ ဦးကို မိသားစုနဲ့ တွေ့ခွင့်ပေးဘူးလို့လည်း ပြောပါတယ်။
ဖမ်းဆီးစဉ်က သူတို့စီးလာတဲ့ ဆိုင်ကယ်ကိုယ်ထည်ထဲက နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးလှုံ့ဆော်တဲ့ ပိုစတာ ၃ ခုကို ရဲက သိမ်းဆည်းရမိပြီး သူတို့ပစ္စည်း ဟုတ် မဟုတ်ဆိုတာ မသိရဘူးလို့ ဆိုပါတယ်။
မောင်ဇာနည်ထွန်း နဲ့ မောင်ဝေဖြိုးတို့ကို ပြည်အကျဉ်းထောင်မှာ ချုပ်နှောင်ထားပြီး စက်တင်ဘာ ၁၄ ရက်မှာ တရားရုံးထုတ်မယ်လို့ သိရပြီး မတရားအသင်းနှင့်ဆက်သွယ်မှု ပုဒ်မ ၁၇၊၁ နဲ့ တရားစွဲခံရဖွယ်ရှိတယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။
အာဏာပိုင် တွေကိုယ်နှိုက်က ဥပဒေမလိုက်နာဘဲ ညှဉ်းပန်းနှိပ်စက် စစ်ကြောမှု ကြောင့် အသက်ဆုံးရမှုတွေနဲ့ပတ်သက်လို့ ပြည်ပအခြေစိုက် အာရှလူ့အခွင့်ရေးကော်မ ရှင်က ရှေ့နေဦးမင်းလွင်က ဝေဖန်ပြောကြားပါတယ်။
“ဥပဒေထဲမှာပဲ ရှိနေပြီးတော့ လက်တွေ့ လိုက်နာကျင့်သုံးခြင်း မရှိဘဲနဲ့ သက်ဆိုင် ရာ အာဏာပိုင်တွေကိုယ်တိုင် ကျူးလွန်ဖောက်ဖျက်နေဆဲ ဖြစ်တယ်ဆိုတာကို ကျနော်တို့ တွေ့ရတယ်။ ကျူးလွန်ဖောက်ဖျက်တဲ့ကိစ္စတွေကို အရေးယူဖို့ တိုင်တန်းတဲ့အခါတွေမှာ လည်းရေးယူခြင်းမရှိတာကို တွေ့ရတယ်။”
စစ် ထောက်လှမ်းရေးရဲ့ စစ်ကြောရေးမှာ နည်းမျိုးစုံ ညှဉ်းပန်းနှိပ်စက်လို့ အသက် ဆုံးရသူတွ၊ စိတ်ကျန်းမာရေးဆေးရုံရောက်ရသူတွေ၊ ခန္တာကိုယ်ကို မီးရှို့နှိပ်စက်ခံရသူတွေ ရှိခဲ့ပါတယ်လို့ ဦးမင်းလွင်က ပြောပါတယ်။
မြန်မာပြည်ကို ဒီလအတွင်း လာရောက်သွားတဲ့ ကုလသမဂ္ဂလူ့အခွင့်ရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာကင်တားနားကတော့ အကျဉ်းထောင်နဲ့ စစ်ကြောရေးစခန်း တို့မှာ နိုင်ငံရေးအကျဉ်းသားတွေကို ညှဉ်းပန်း နှိပ်စက်မှုတွေအတွက် စိုးရိမ်ကြောင်း ပြောကြားပါတယ်

0 comments:

Post a Comment