Thursday, December 22, 2011

Filled Under:

၂၀၁၁ လွတ်လပ်စွာစုဝေးဆန္ဒပြခွင့် ဥပဒေ နဲ့ ၁၉၄၅ ရဲအက်ဥပဒေအမှတ် ၆.... AHRC ... 23 December 2011


၂၀၁၁ လွတ်လပ်စွာစုဝေးဆန္ဒပြခွင့် ဥပဒေ နဲ့ ၁၉၄၅ ရဲအက်ဥပဒေအမှတ် ၆
2011 Peaceful Assembly Law and 1945 Police Act no.6
မင်းလွင်ဦး
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် (၁၅) ကို ဒီဇင်ဘာ က်နေ့မှာ ပြဌာန်းလိုက်ပါတယ်။
ယခုပြဌာန်းလိုက်တဲ့ ဥပဒေသစ်အရ ဆန္ဒမဲ့သူတွေဟာ သက်ဆိုင်ရရဲတပ်ဖွဲ့မှာ ၅ ရက်ကြိုတင် ခွင့်ပြုချက် လျှောက်ထားရမှာ ဖြစ်ပြီး လျှောက်ထားတဲ့အခါမှာ ဆန္ဒပြမယ့်လူ ဦးရေ၊ ဆန္ဒပြလိုတဲ့ ရည်ရွယ်ချက် စတာတွေကိုပါ ထည့်သွင်းဖော်ပြပြီး လျှောက်ထားရမယ်လို့ ဖော်ပြထားပါတယ်။
ယခင်အစိုးရများလက်ထက်မှာလဲ ဒီလိုဥပဒေမျိုးတွေရှိပါတယ်။ လူတွေမလိုက်နာမကျင့်သုံးနိုင် အောင် တော်လှန်ရေးကောင်စီအစိုးရ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ၊ န၀တ၊ နအဖ စစ်အစိုးရစသဖြင့် အမည်တွေသာပြောင်းပြီးစစ်တပ်က စဉ်ဆက်မပြတ်အုပ်ချုပ်ခဲ့တဲ့ လွတ်လပ်ရေး ရပြီးနှစ်(၆၀) ကျော်သည့်တိုင်အောင် ပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်ခဲ့တာပါ။
တိုင်းတပါးဗြိတိသျှလက်အောက်ကျရောက်စဉ် ကာလအတွင်းမှာ အင်္ဂလိပ်အစိုးရက မြန်မာနိုင်ငံ သားများစုဝေးချီတက်ဆန္ဒပြတဲ့ကိစ္စများနဲ့ပတ်သက်လို့ထုတ်ပြန်ပြဌာန်းခဲ့တာရှိပါတယ်။ ၁၉၄၅ ရဲအက်ဥပဒေ အမှတ် ဖြစ်ပါတယ်။ ယနေ့ထက်တိုင်မြန်မာနိုင်ငံအတွင်းလိုက်နာကျင့်သုံးဖို့ အတွက်ပြဌာန်းထားဆဲဖြစ်တဲ့ဥပဒေလဲဖြစ်ပါတယ်။ ယခင်ပြဌာန်းထားတဲ့ရဲအက်ဥပဒေပုဒ်မ ၃၁ အရ ရဲတပ်ဖွဲ့အနေနဲ့ ငြိမ်ဝပ်ပိပြားရေးတည်မြဲစေဖို့အတွက် ခရိုင်ရဲတပ်ဖွဲ့မှူး ဒါမှမဟုတ် မြို့နယ် ရဲတပ်ဖွဲ့မှူးက အများပြည်သူတွေသွားလာတဲ့ လမ်းမှာ အစုအဝေးနဲ့စီတန်းလှည့်လည်တဲ့အခါ မှာ အခါအားလျော်စွာလိုအပ်သလိုညွန်ကြားနိုင်ခွင့်ကိုပေးထားပါတယ်။ စီတန်းလှည့်လည်မဲ့သူတွေကို ဘယ်လမ်းကို ဘယ်အချိန်မှာ အသုံးပြုရမယ်ဆိုတာကို သတ်မှတ်နိုင်ခွင့်ပေးထားပါတယ်။
စုဝေးဆန္ဒပြမဲ့သူများက လူမျိုးတမျိုး ဒါမှမဟုတ် လူအများကို အများပြည်သူအသုံးပြုနေတဲ့ လမ်းပေါ်ကို စုဝေးဖို့ဖိတ်ခေါ်စုရုံးတဲ့အခါမှာ ငြိမ်ဝပ်ပိပြားရေးကိုပျက်ပြားစေတယ်လို့ ခရိုင်ရဲတပ် ဖွဲ့မှူးဒါမှမဟုတ်မြို့နယ်ရဲတပ်ဖွဲ့မှူးကထင်မြင်ယူဆရင် ဘိတ်ခေါ်စည်းရုံးတဲ့သူ၊ ဦးစီးခေါင်းဆာင် လုပ်တယ်လို့ထင်သူအား လိုင်စင်လျှောက်ထားတောင်းယူရမယ်လို့ သာမန်စာ ဒါမှမဟုတ် အထူး ဆင့်စာနဲ့ ခွင့်ပြုချက်ယူဖို့ အတွက်ဆင့်ဆိုခေါ်ယူနိုင်ပါတယ်။
အဲဒီလိုခွင့်ပြုချက်လျှောက်ထားတောင်းဆိုတဲ့အခါမှာ ခွင့်ပြုချက်လျှောက်ထားသူများရဲ့ အမည်များ ကိုမှတ်သားပြီး အဆိုပါ အစည်းအဝေး၊ ဒါမှမဟုတ် စီတန်းလှည့်လည်ဆန္ဒပြခြင်းကိုပြုလုပ်ဖို့အ တွက် ခွင့်ပြုတဲ့စည်းကမ်းချက်များကိုဖေါ်ပြရမယ် ဒါမှမဟုတ် သင့်လျှော်ရာကို လိုက်နာပြီးဆောင် ရွက်ရမဲ့အမိန့်ကို ခရိုင်ရဲတပ်ဖွဲ့မှူး ဒါမှမဟုတ် မြို့နယ် ရဲတပ်ဖွဲ့မှူးကထုတ်ပေးနိုင်တယ်လို့ ပြဌာန်းထားပါတယ်။
လူစုလူဝေးဖြင့်စုဝေးခြင်း၊စီတန်းလှည့်လည်ဆန္ဒပြခြင်းတို့ကိုသတ်မှတ်ထားတဲ့စည်းကမ်းများနဲ့ အညီလိုက်နာဆောင်ရွက်ခြင်းမရှိပဲပျက်ကွက်ခဲ့ရင်တော့ အစုအဝေးကိုဖျက်သိမ်းစေဖို့ ခရိုင်ရဲ တပ်ဖွဲ့မှူး၊ ဒါမှမဟုတ် မြို့နယ်ရဲတပ်ဖွဲ့မှူး ဒါမှမဟုတ် ရာဇ၀တ်တရားသူကြီးတဦးဦးက စုဝေးခြင်း၊စီတန်းလှည့်လည်ခြင်းကိုဖျက်သိမ်းနိုင်ပါတယ်။အဲဒီိလိုစုဝေးခြင်း၊ စီတန်းလှည့်လည် ခြင်းကို ဖျက်သိမ်းဖို့ပေးတဲ့အမိန့်ကို လိုက်နာရန်ပေါ့လျော့လျင် ဒါမှမဟုတ် လိုက်နာရန်ပျက် ကွက်လျှင် ဥပဒေနဲ့ဆန့်ကျင်တဲ့အစုအဝေးလို့မှတ်ယူရမယ်လို့ရဲအက်ဥပဒေပုဒ်မ ၃၂ မှာ ပြဌာန်းထားပါတယ်။
ယခုအသစ်ပြဌာန်းလိုက်တဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ အရ ငြိမ်းချမ်းစွာစုဝေးစီတန်းလှည့်လည်ခွင့်တွေအတွက်လုပ်ဆောင်မဲ့ရည်ရွယ်ချက်ကို ထည့်သွင်းလျှောက်ထားရမဲ့အပြင် လျှောက်ထားသူရဲ့ကိုယ်ရေးရာဇ၀င်၊ ဟောပြောမဲ့ အကြောင်း အရာ၊စုဝေးမဲ့လူဦးရေစာရင်းတို့နဲ့အတူ ငါးရက်ကြိုတင်ပြီးလျှောက်ထားရမယ်လို့ဆိုပါတယ်။ ဒီမိုကရေစီနိုင်ငံများမှာ လွတ်လပ်စွာစုဝေးခွင့်၊ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်ခွင့်တွေကို သက်ဆိုင်ရာ ရဲစခန်းတွေမှာ အခန်းအနားမကျင်းပမီ ရက် ရက်လောက်ကြိုတင်ပြီးအကြောင်းကြား ရပါ တယ်။ကိုယ်ရေးရာဇ၀င်တို့ မိမိလုပ်ဆောင်မဲ့ လုပ်ငန်းအသေးစိပ်တွေကိုထုတ်ဖေါ်ပြောဖို့မလို ပါဘူး။ အဓိကကတော့ အများပြည်သူကိုအနှောက်အယှက်မဖြစ်စေဘူးဆိုရင်လုံလောက်ပါပြီ။ ဆန္ဒထုတ်ဖေါ်မဲ့သူဘယ်နှဦး၊ လူဦးရေဘယ်နှယောက်ဆိုတာ ထုတ်ဖေါ်ရေးသားဖို့မလိုပါဘူး။ မိမိတို့နဲ့စိတ်ကူးတူသူတွေ၊ခံစားမှုတူညီသူတွေ၊ဘယ်နှဦးပါဝင်လာမယ်ဆိုတာကိုဘယ်လိုမှ ကြိုတင်မသိနိုင်လို့ပဲဖြစ်ပါတယ်။ စုဝေးစီတန်းလမ်းလျောက်မဲ့နေ့မှာ အခြားအယူဝါဒမတူသူ များနဲ့ မိမိတို့နဲ့ဆန္ဒမကိုက်ညီတဲ့သူတွေမနှောက်ယှက်နိုင်အောင် သက်ဆိုင်ရာရဲတပ်ဖွဲ့က ကူညီစောင့်ရှောက်ထိန်းသိမ်းပေးပါတယ်။ စုဝေးစီတန်းလမ်းလျောက်မဲ့သူများကိုယ်တိုင်က မိမိတာဝန်မိမိယူပြီး ထိန်းကျောင်းသွားတာကများပါတယ်။ရဲကဘာမှအနှောင့်အယှက်မပေးပါ ဘူး စုဝေးချီတက်လမ်းလျောက်မဲ့လမ်းတလျောက် ယာဉ်သွားယာဉ်လာ မပိတ်ဆို့အောင်ဆောင်ရွက် ပေးရတာကိုပဲတွေ့ရပါတယ်။

ကျင်းပပြီးစီးသွားတဲ့ပြည်သူ့လွှတ်တော်က ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ခွင့်ဆိုင်ရာ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် (၁၅) ကို ဒီဇင်ဘာ ၃ ရက်နေ့မှာ ထုတ်ပြန် ပြဌာန်းခဲ့ပါတယ်။ ငြိမ်းချမ်းစွာစုဝေးခွင့်ရဖို့အတွက်ဥပဒေနဲ့အညီခွင့်ပြုချက်တောင်းခံခဲ့ ပေမဲ့လဲ ဥပဒေပါပြဌာန်းချက်တွေကိုအကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ဖို့ ပုဒ်မ ၂၄ အရ ပြည်ထဲ ရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုခြင်း၊ဒါမှမဟုတ် ငြင်းပယ်ခြင်း နဲ့နည်းဥပဒေလုပ်ထုံး လုပ်နည်းများ ထုတ်ပြန်ချက်ရပြီးမှသာ ဆောင်ရွက်နိုင်မယ်လို့ သက်ဆိုင်ရာခရိုင်ရဲမှူးကြီးကအကြောင်းပြန်ခဲ့ တာကိုကြားသိရပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ယခင်ကတဲက ကျင့်သုံးနေတဲ့ ရဲအက်ဥပဒေ အမှတ် ကို ယနေ့တိုင်ဖျက်သိမ်းခြင်း၊ရုပ်သိမ်းခြင်း၊ပယ်ဖျက်ခြင်းမပြုသေးပါဘူး၊ ဒီဇင်ဘာလ ရက်နေ့မှာထုတ်ပြန်ပြဌာန်းတဲ့ ဥပဒေမှာလဲ ရဲအက်ဥပဒေပုဒ်မ ၃၁ နဲ့ ၃၂ ပါပြဌာန်းချက်များကို ရုပ်သိမ်းတယ်လို့ပြောမထားတာကိုတွေ့ရပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် (၁၅) ကိုမည်သည့်နေ့ရက် တွင်စတင်အာဏာတည်စေရမည်လို့ ဥပဒေပြဌာန်းချက်ထဲမှာ ထည့်သွင်းပြဌာန်းထားတာကို မတွေ့ရပါဘူး။
 မြန်မာနိုင်ငံအတွင်းမှာအရပ်သားအစိုးရသစ်အနေနဲ့ဒီမိုကရေစီကိုဖေါ်ဆောင်ရာမှာ အဓိကကျတဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ခွင့်ကိုခွင့်ပြုထားပါတယ်လို့ နိုင်ငံတကာ အစိုးရကို ပြောနေပေမဲ့ တိုင်းတပါး လက်အောက်ကို လိုနီအဖြစ်ကျရောက်စဉ်က အင်္ဂလိပ်အစိုးရ က ထုတ်ပြန်ပြဌာန်းခဲ့တဲ့ ဥပဒေ လောက်တောင်မှ လွတ်လပ်ခွင့်မရှိတဲ့အပြင်အမှန်တကယ် လိုက်နာကျင့်သုံးနိုင်ခွင့်လဲမရှိဘူးဆိုတာကို တင်ပြလိုက်ရပါတယ် ခင်ဗျား။



0 comments:

Post a Comment