Monday, February 20, 2012

Filled Under: ,

ကိုဖြိုးဝေအောင်ရဲ့ရှေ့နေတွေ ကို တရားရုံးကတရားစွဲ... BBC ဖေဖ၀ါရီ ၂၀၊ ၂၀၁၂(ညပိုင်းအစီအစဉ်)


BBC ဖေဖ၀ါရီ ၂၀၊ ၂၀၁၂(ညပိုင်းအစီအစဉ်)
သောသရှင်များရှင် ၂၀၁၀ ခုနှစ်တုန်းက X20 သင်္ကြန်မဏ္ဍ ဗုံးပေါက်ခွဲ ခဲ့မှုနဲ့တရားစွဲဆိုခံထားရတဲ့ ကိုဖြိုးဝေအောင် နဲ့ သူ့အမှုကိုလိုက်ပေးနေတဲ့ ရှေ့နေတွေဖြစ်ကြတဲ့ ဦးကျော်ဟိုးနဲ့ ဒေါ်သင်ဇာလှိုင်တို့ကို တရားစီရင်မှုဆောင်ရွက် နေသူ ပြည်သူ့ဝန်ထမ်းကို စော်ကားနှောက်ယှက်မှုနဲ့ တရားစွဲဆိုဖို့ တရားရုံးက ဒီကနေ့ အမိန့်ချလိုက်ပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး ရှေ့နေဦးကျော်ဟိုးကိုဆက်သွယ် မေးရာမှာ
ဦးကျော်ဟိုး။ ။ ကိုဖြိုးဝေအောင် ကို စွဲချက်တင်ထားရာမှာ အမှုလေးမှုအတွက်ကို သူက တရားခံ သက်သေအဖြစ်ခုခံချေပရတာ ကို သူ့ရဲ့ထွက်ဆိုချက်မှာ အမှုစစ်ရဲအရာရှိ စောစောကတည်းကနေပြီးတော့ ဘယ်လိုများ သက်သေကိုကျော်စွာ ကိုတရားရုံးမှာ ကြိုတင်ထွက်ချက်ယူထားသလဲပေါ့။ ဒါပေမယ့် သူတို့ဘက်ကနေပြီးတော့ ကြိုတင်ထွက်ချက်ကို သက်သေခံထားတာမရှိတဲ့အတွက် ကိုဖြိုးဝေအောင် က သူခုခံချေပ အစစ်ခံ ပြောဆိုတဲ့ အခါကျတော့ ဒီကြိုတင်ထွက်ချက်ကို အမှုစစ်ရဲအရာရှိနဲ့ အမှုကို တိုင်းကိုတင်ပို့တဲ့ နေရာမှာ တာဝန်ရှိတဲ့ ဥပဒေ အရာရှိတွေသူတို့ ကနေပြီးတော့ ဒါတမင်တကာ ထိန်ချန်ထားသလား၊ ဒါဟာမေးခွန်းထုတ်စရာဖြစ်တယ် လို့သူက ထွက်ဆိုတယ်။ အဲဒီလို ထွက်ဆိုတဲ့အခါကျတော့ ဥပဒေအရာရှိကနေထပြီးတော့ ဒါဟာ အစိုးရ၀န်ထမ်းတွေ ကို ပုတ်ခတ်ပြောဆိုတာ တရားစီရင်ရေးကို နှောက်ယှုက်တယ် ဆိုပြီးတော့ ပြစ်မှုဆိုင်ရာ တရားဥပဒေ ပုဒ်မ ၂၂၈ နဲ့ တရားခံ ဖြိုးဝေအောင်၊ ရှေ့နေတွေဖြစ်ကြတဲ့ ကျွန်တော်ကော၊ ဒေါ်သင်ဇာလှိုင် ကော သုံးယောက်စလုံးကို တရားရုံးအနေနဲ့ တရားစွဲဖို့ တင်ပြတောင်းဆိုပါတယ်။
မေး။  ။ အခုဟာက တရားခံကထွက်ဆိုတာကို ရှေ့နေတွေကို တရားစွဲလို့ရပါသလား။
ဦးကျော်ဟိုး။ ။ဥပဒေအရတော့ မရဘူးပေါ့။ ကျွန်တော်တို့ကတင်ပြတာမဟုတ်ဘူး။ တရားခံကို ခုခံချေပ ပိုင်ခွင့်ကို ရှိထားဥပဒေ ကပေးထားတယ်။ ဥပဒေနဲ့လွတ်လွတ်လပ် လပ် ခုခံချေပပြောဆိုပိုင်ခွင့်ရှိတယ်။ အမှုနဲ့ ပတ်သက်ပြီး စွဲဆိုတင်ပို့တာတွေ၊ သက်သေခံစာရွက်စာတန်းတွေနဲ့ပတ်သက်ပြီး သူ့မှာပြောဆိုပိုင်ခွင့်ရှိတယ်၊ ထွက်ဆိုခွင့်ရှိတယ်။ ဒါကြောင့်မို့လို့ ဒါကို ဥပဒေအရာရှိ တရားစွဲဆိုမည့် ကိစ္စကို ခွင့်မပြုသင့်ဘူးလို့ ကျွန်တော့်ဘက်ကတင်ပြတယ်။ ဒါကိုတရားရုံးကလက်မခံဘဲနဲ့ တရားခံကော၊ တရားခံရဲ့ ရှေ့နေနှစ်ယောက်ကိုကော ပုဒ်မ ၂၂၈ နဲ့စွဲမယ်ဆိုပြီး တစ်ခါတည်း အမိန့်ချလိုက်တယ်လေ။
မေး။  ။အဲဒီ ပုဒ်မ ၂၂၈ အရဆိုရင် ပြစ်ဒဏ် ဘယ်လောက်ထိ ချမှတ်နိုင်သလဲ။
ဦးကျော်ဟိုး။ ။ထောင်၆ လနဲ့ ဒဏ်ငွေချလို့ရပါတယ်။
မေး။ ။အဲဒီတော့ ကိုဖြိုးဝေအောင်ရဲ့အမှုနဲ့ပတ်သက်ပြီး ဘယ်တော့ စီရင်ချက်ချမယ်လို့သိရှိရပါသလဲ။
ဦးကျော်ဟိုး။ ။ဘယ်တော့ချမယ်ဆိုတာတော့ မပြောနိုင်ဘူး။ မြန်မယ့် သဘောတော့ရှိတယ်။ ဘာလို့လဲဆိုတော့ တရားသူကြီးဟာ တရားခံမှာ သူ့မှာထွက်ဆိုစရာတွေကျန်ပါသေးတယ် လို့တင်ပြရဲ့သားနဲ့ ကျွန်တော်တို့ကိုခွင့်မပြုဘဲ ဒီကနေ့ အပြတ်ဘဲဆိုပြီးနောက်ရုံးချိန်းပါ ထွက်ခွင့်မပေးဖို့အမိန့်ချထားခြင်းကို ကြည့်ရင် အမှုမြန်မယ့် သဘောရှိပါတယ်။နောက်ပြီး ဖြိုးဝေအောင်တင်ပြမယ့် သက်သေတွေလည်းရှိသေးတယ်လေ။ ဒါကိုလည်းဘဲ တရားရုံးအနေနဲ့ ပြည့်ပြည့်စုံစုံ ခေါ်ယူစစ်ဆေးပေးမယ်၊ မပေးဘူးဆိုတာကို လဲဘဲ အဲဒီအချက်အပေါ်မှာ မှုတည်ပါတယ်။ ကိုဖြိုးဝေအောင်တင်ပြမယ့် သက်သေတွေ ၁၀ ယောက်လောက်ရှိတာကို ဒီဟာတွေကို ဖြိုးဝေအောင် က နေပြီးပြည့်ပြည့်စုံစုံ တင်ပြခွင့်ရရင်တော့ တစ်မျိုးဖြစ်မှာပေါ့။ တင်ပြခွင့်မရရင်တော့ မြန်ဖို့အလားအလာရှိပါတယ်။
မေး။ ။ဦးကျော်ဟိုးတို့အခုလို တရားစွဲထားတာဆိုတော့ ဦးကျော်ဟိုး အနေနဲ့ ကိုဖြိုးဝေအောင် အမှုကို ဆက်လိုက်လို့ရပါသလား။ ဒါမှမဟုတ် တခြားရှေ့နေဌားရပါမလား။
ဦးကျော်ဟိုး။ ။ ကျွန်တော့ကို တရားစွဲမယ်၊ ရှေ့နေလိုင်စင်ရုပ်သိမ်းမယ်ဆိုရင်တော့ ကျွန်တော်တော့ လိုက်လို့မရတော့ပါဘူး။ ကိုဖြိုးဝေအောင်ကတော့ ရှေ့နေသပ်သပ်ဌားရမှာပေါ့လေ။ နောက်တစ်ခုက ဒီမတိုင်ခင်ကျွန်တော် နဲ့ဖြိုးဝေအောင်ကို စွဲထားတဲ့ အမှုမှာလည်း ကျွန်တော်တို့ တရားခံ ကိုဖြိုးဝေအောင်လည်းရှေ့နေဌားရမယ်။ ကျွန်တော်လည်း ဌားရမှာပေါ့လေ။
ရှေ့နေဦးကျော်ဟိုး ကိုဆက်သွယ် မေးမြန်းခဲ့တာပါ။



0 comments:

Post a Comment