Thursday, February 23, 2012

Filled Under: ,

အာရှလူ့အခွင့်အရေးအဖွဲ့က အိတ်ဖွင့်ပေးစာ့ပေးပိုမှုနဲ့ ပက်သက်ပြီး ဆက်သွယ်မေးမြန်းချက်....VOA ဖေဖ၀ါရီ ၂၂၊ ၂၀၁၂


VOA ဖေဖ၀ါရီ ၂၂၊ ၂၀၁၂(ညပိုင်းအစီအစဉ်)
သောသရှင်များရှင် ပြီး ခဲ့တဲ့၂၀၁၀ ခုနှစ်တုန်းက ရန်ကုန်မြို့မှာ X20 သင်္ကြန်မဏ္ဍ ဗုံးပေါက်ခွဲ ခဲ့မှုနဲ့တရားစွဲဆိုခံထားရတဲ့ ကိုဖြိုးဝေအောင် နဲူ့အမှုနဲ့ပတ်သက်ပြီး ၂၀၁၀ ပြည်ထောင်စုတရားစီရင် ရေးဥပဒေအပါအ၀င် ခံစားခွင့်တွေရနိုင်ဖို့အတွက် AHRC အာရှလူ့အခွင့်အရေးအဖွဲ့က ပြည်ထောင်စုတရားသူကြီးချုပ် စီကို အိတ်ဖွင့်ပေးစာတစ်စောင် ကို ဒီကနေ့ပေးပို့ခဲ့ပါတယ်။ ဒီအကြောင်းကို အာရှလူ့အခွင့်အရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းထားတဲ့ မမိုးဖြူ က ဆက်ပြောပြပေးပါရှင်။
၂၀၁၀ ခုနှစ်တုန်းကရန်ကုန်မြို့ X20 သင်္ကြန်မဏ္ဍ ဗုံးပေါက်ခွဲ မှု မှာပါတယ်လို့တရားစွဲဆိုခံထားရတဲ့ အင်ဂျင်နီယာကိုဖြိုးဝေအောင် ရဲ့အမှုကို ပြီးခဲ့တဲ့ အင်္ဂါနေ့က စစ်ဆေးတဲ့အခါမှာ သူ့ရဲ့ထွက်ဆိုချက်တစ်ခုက တရားရုံးကို မထီမဲ့မျင်ပြုတယ်ဆိုပြီးတော့ သူ့ရှေ့နေနှစ်ဦး ကိုရော တရားလိုဘက်ကနေထပ်ပြီးတော့ တရားစွဲလိုက်ပါတယ်။ ကိုဖြိုးဝေအောင်ဘက်က ဗုံးပေါက်တဲ့နေ့မှာ သူနဲ့အတူရှိနေတဲ့ လုပ်ဖော်ကိုင်ဘက် တစ်ယောက်ရဲ့နာမည်တင်ပြနိုင်ပေမယ့် အဲဒီလူကို ရုံးခေါ်ပြီးတော့ မစစ်ဘဲနဲ့ တရားလိုဘက် က နေပြီး ကြိုတင်ထွက်ချက်ယူထားတယ်လို့ သိရပါတယ်။ ဒါကြောင့် အင်္ဂါနေ့က စစ်ဆေးတဲ့အခါမှာ တရားလိုပြရှေ့နေ ကိုအောင်ကျော်စွာကို တင်သွင်းထားတယ်ဆိုတဲ့ ထွက်ချက်နဲ့ ပက်သက်ပြီးတော့ တရားလိုအဖွဲ့ကို မေးခွန်း ထုတ်စရာရှိတယ်ဆိုပြီး ကိုဖြိုးဝေအောင် ဘက်ကပြောဆိုတဲ့အခါမှာ တရားရုံးကိုမထီမဲ့မြင်လုပ်တယ်ဆိုပြီး တရားလိုဘက်က တရားစွဲဆိုဖို့ တရားသူကြီးကိုလျှောက်ထားခဲ့ပါတယ်။ တရားသူကြီးကလည်း လက်ခံခဲ့ တယ်လို့ဆိုပါတယ်။ ဒီအခြေအနေတွေနဲ့ပက်သက်ပြီးတော့ ၂၀၁၀ ပြည်ထောင်စုတရားစီရင် ရေးဥပဒေ မှာပါတဲ့အခြေ ခံမူတွေကို ကိုဖြိုးဝေအောင်အနေနဲ့ခံစားခွင့်မရခဲ့လို့ ခွင့်ပြုပေးဖို့အတွက် AHRC အာရှ လူ့အခွင့်အရေးအဖွဲ့က ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး ဆီကို အိတ်ဖွင့်ပေးစာတစ်စောင် ကို ဒီကနေ့ပေးပို့ခဲ့ပါတယ်လို့ ဦးမင်းလွင်ဦးက ပြောပါတယ်။
ဦးမင်းလွင်ဦး။    ။ ကျွန်တော်တို့ အိတ်ဖွင့်ပေးစာပေးပို့ရတာတွေနဲ့ပက်သက်ပြီး ပြောရရင်တော့ ၂၀၁၀ ပြည်ထောင်စု တရားစီရင်ရေးဥပဒေမှာ ပါတဲ့တရားစီရင်ရေးဆိုင်ရာမူအရ အများပြည်သူရှေ့မောက်မှာ စစ်ဆေးစီရင်ရမှာ ဖြစ်တယ်။ စစ်အစိုးရက စစ်ဆေးစီရင်တာဟာ အင်းစိန်ထောင်အတွင်းက တရားရုံး မှာဖြစ်တယ်။ အခုစစ်အစိုးရသစ်လက်ထပ်ရောက်တဲ့အခါမှာ လူအများရှေ့မှာ ပွင့်လင်းမြင်သာတဲ့ တရားရုံးနဲ့ စစ်ဆေးစီရင်ဖို့လိုတယ်။ နောက်ပြီးတော့ တစ်ခါဥပဒေအရ ခွင့်ပြုထားတဲ့ ချေပခွင့်ကို ခွင့်ပြုဖို့လိုတယ်။ ဒါကိုလည်း တစ်ခါ ထောင်အတွင်းမှာ စစ်ဆေး စီရင်နေတဲ့ တရားရုံးကနေပြီးတော့ ညင်းပယ်ပြီးတော့ ဆောင်ရွက်နေတယ်ဆိုတာကို ကျွန်တော်တို့ အမှုတွဲမှာ ပါတဲ့အလျှောက်သိနေရတယ်။
မေး။    ။ဒီအမှူကိုစစ်နေတာဟာ အချိန်ကာလ ၂ နှစ်ကြာနေပြီဖြစ်ပြီး တရားသူကြီးလဲ လေးယောက် ပြောင်းသွားခဲ့ပြီဖြစ်ပါတယ်။ အမှူသွားအမှုလာကို ကြေကြေညုက်ညုက်နားလည်စေဖို့အတွက် ကိုဖြိုးဝေအောင်ဘက်ကနေပြီး အမှုကို အသစ်ကနေ ပြန်စစ်ပေးဖို့လျှောက်ထားချက်ကိုလည်း ခွင့်မပြုခဲ့ဘူးလို့ဆိုပါတယ်။
ဦးမင်းလွင်ဦး။    ။နောက်ဆုံးတစ်ချက်အနေနဲ့ ကျွန်တော်ပြောချင်တာကတော့ ဒီတရားခွင်မှာ အမှုစစ်ဆေး တဲ့အခါမှာ ဥပဒေနဲ့မညီတဲ့ ကိစ္စရပ်တွေရှိတယ်ဆိုလို့ရှင်ရင် တရားရုံးကနေပြီးတော့ ကိုဖြိုးဝေအောင်ရဲ့ သက်သေထွက်ဆိုချက်တွေကို လက်မခံဘဲ ငြင်းပယ်နေတယ်ဆိုတာကို တရားခံရဲ့ရှေ့နေ ဦးကျော်ဟိုး ကနေပြီးတော့ အတိအလင်းပြောပြီးသားဖြစ်တယ်။ ဒါတွေကို မျက်ကွယ်ပြုပြီးတော့မှ အခုလိုမျိုး ကိုဖြိုးဝေအောင်နဲ့ တရားရုံးချုပ်ရှေ့နေ ဦးကျော်ဟိုး နဲ့ အထက်တန်းရှေ့နေ ဒေါ်သင်ဇာလှိုင်တို့အပေါ်မှာ ပြည်သူ့ဝန်ထမ်းကို တာဝန်ထမ်းဆောင်နေချိန် စော်ကားနှောက်ယှက်မှုနဲ့ စတာတွေနဲ့ တရားစွဲဆိုခြင်းဟာ အလွန်ပင်မှားယွင်းတယ်။ ဒါတွေကို ရုတ်သိမ်းပြီးတော့ အမှုကို အသစ်ကနေပြန်စဖို့ လိုတယ်ဆိုတာကို ကျွန်တော်တို့အနေနဲ့တင်ပြခြင်းဖြစ်ပါတယ်။








0 comments:

Post a Comment