Sunday, March 18, 2012

Filled Under: , ,

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ အကြောင်းနဲ့ အာရှလူ့အခွင့်အရေးကော်မရှင်က အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရတာကို ထောက်ပြထားတဲ့ ကြေညာချက်တစ်ရပ်ကိုထုတ်ပြန်..... Quoted AHRC's statement on International Women Day... 8 March 2012



8 March 2012 …. BBC Evening Broadcast
Quoted  AHRC’s statement on  International Women Day
ဒီကနေ့ဟာ ကုလသမဂ္ဂ ကနေပြီးတော့ ကြီးမှူးကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ လည်းဖြစ်ပါတယ်။ ပြည်တွင်းမှာ တော့ ရန်ကုန်၊ ထားဝယ်၊ ကယားပြည်နယ်တွေမှာ ကျင်းပခဲ့ကြသလို ထိုင်းမြန်မာနယ်စပ် မဲစောက်မြို့မှာလည်း အမျိုးသမီးများနေ့အခန်းအနားတွေကျင်းပခဲ့ပါတယ်။ ဒီအကြောင်းနဲ့ အာရှလူ့အခွင့်အရေးကော်မရှင်ကတော့ မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန် စတဲ့နိုင်ငံတွေမှာ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရတာကို ထောက်ပြထားတဲ့ ကြေညာချက်တစ်ရပ်ကိုထုတ်ပြန်ခဲ့ပါတယ်။ အဲဒီတော့ ထိုင်းမှာအခြေစိုက်တဲ့ WLB အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံမှ လွေးနွေနှောင်းကိုဆက်သွယ်ပြီးတော့ ပြည်တွင်းမှာ အဓိက အမျိုးသမီးလူ့အခွင့်အရေး ချိုးဖောက်မှုတွေက ဘာတွေလဲလို့မေးကြည့်ပါတယ်။
လွေးနွေနှောင်း။ ။ ကျွန်မတို့မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအခုအချိန်အထိ အကြမ်းဖက်မှုတွေအများကြီး ကျွန်မတို့တွေ့ရတယ်။ အဓိက ကတော့ အိမ်အတွင်းအကြမ်းဖက်မှုတွေဖြစ်ပြီး အမျိုးသမီးတွေက ပိုပြီး တော့ခံစားရတဲ့အပိုင်းတွေရှိတယ်။ နိုင်ငံတော်အဆင့်ဆိုရင်လည်း ဥပမာ နိုင်ငံရေးပါဝင်ပူးပေါင်းတဲ့ အခန်းဂဏမှာ ကျွန်မတို့ ခွဲခြားဆက်ဆံခံရတဲ့ဟာတွေလည်းအများကြီးရှိတယ်။ အခုထက်ထိ ပြည်တွင်းမှာ အမျိုးသမီးတွေက နိုင်ငံရေးမှာ ပါဝင်ပက်သက်တာ  လက်ချိုးရေလို့ရသလောက်ဘဲ ကျွန်မတို့တွေ့ရတယ်။ အဓိက ကခွဲခြားဆက်ဆံတဲ့ ဟာတွေရယ်၊ လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးမျိုးမှာ ဆိုရင်လည်း အမျိုးသမီး တွေပိုပြီးတော့ ခံစားရတယ်ဆိုတာလည်းတွေ့ရတယ်။
မေး။ ။ ရှေ့တန်းနယ်မြေတွေမှာ အမျိုးသမီးတွေကို မတရား ပြုကျင့်တာကို စစ်တပ်က လက်နက်တဖွယ် အသုံးပြုနေတယ်လို့လဲ စွပ်စွဲချက်အစီရင်ခံစာတွေကိုလည်း အမျိုးသမီးအဖွဲ့တွေ၊ တိုင်းရင်းသားအဖွဲ့ တွေက ထုတ်ပြန်တယ်လေ။ အဲဒီကိစ္စတွေကော ပြီးသွားပြီလား။
လွေးနွေနှောင်း။ ။ပြီးသွားပြီလို့ ကျွန်မတို့ပြောလို့မရပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲ ပြီးတဲ့နောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ လက်ရှိရှိနေတဲ့အစိုးရစစ်တပ်တွေ ငြိမ်းချမ်းရေးတွေလုပ်မယ် ဆိုပြီးတော့လက်မှတ်ထိုးနေကြပေမယ့် ဒီစစ်ပွဲကာလမှာဖြစ်နေကြတာပေါ့နော်။ ဥပမာ မနှစ်တုံးကဆိုရင် ရှမ်း၊ကရင်၊ကချင်ဒေသတွေမှာ ဘဲကြည့်ကြည့် အမျိုးသမီးတွေက စစ်ပွဲမှာ မဒိန်းကျင့်ခံနေရတာတွေရှိတယ်။ အဲဒါတွေကို စစ်စိုးရကဘက်ကနေ ဆောင်ရွက်မပေးနိုင်ဘူး၊ မနှစ်တုံးကဆိုရင် ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ် တွေမှာဆိုရင် အမျိုးသမီးစစ်တပ်တစ်ဦး မုဒိန်းကျင့်ခံရပြီး ၃၀ကျော်ကျော်ပစ်သတ်ခံရတယ်ဆိုတာတွေပေါ့နော်။ ယခုလည်း ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်ဒေသတွေမှာ ဆက်ဖြစ်နေတုန်းပါဘဲ။
မေး။ ။ စစ်ဖြစ်နေတဲ့နယ်မြေတွေမှာ အဓိကဖြစ်နေပြီး ကျန်တဲ့သာမန်နေရာတွေမှာကော မတရားပြုကျင့် တာတွေ၊ အခွင့်အရေးချိုးဖောက်ခံရတာတွေကောရှိလား။ တိုးလာသလား လျော့သွားသလား။
လွေးနွေနှောင်း။ ။ တိုးလာတဲ့အပိုင်တွေကိုလည်း ကျွန်မတို့ကြားရတယ်။ ဒါပေမယ့် ကျွန်မတို့ သတင်း အချက်အလက်တွေကို ပြန်ကောက်ရမယ် ရှင့်။ ကျွန်မတို့ပလောင်ဒေသမှာဆိုရင်လည်းကြားရတယ်။ တချို့က စစ်အစိုးရတွေနဲ့ တိုက်ရိုက်ပက်သက်မှုတွေမဟုတ်ဘူးပေါ့နော်။ ဥပမာ- ရွာသားအချင်းချင်းလား၊ ဒါပေမယ့် သူတို့က အာနာပိုင်တွေနဲ့ လား၊ ဥဏ္ကဌလား။ ဒီအတိုင်းဘဲ ပိုက်ဆံပေးလိုက်ဆိုတာနဲ့ ဆုံးဖြတ်တဲ့ ဟာမျိုးတွေရှိတယ်ရှင့်။
မေး။ ။ အာရှလူ့အခွင့်အရေးနဲ့ပက်သက်တဲ့ အစီရင်ခံစာတွေထဲမှာ နိုင်ငံတကာ အမျိုးသမီးနေ့မှာ အာရှတိုက်အတွင်း ဖြစ်နေတဲ့ မုဒိန်းကျင့်မှုတွေကို သူတို့တွေတော်တော်လေးထောက်ပြတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံလည်းပါတယ်လေ။ အဲဒီတော့ အမျိုးသမီးလှူပ်ရှားတဲ့အဖွဲ့တွေက ဒါတွေနဲ့ပက်သက်လို့ ဘယ်လောက်အထိရင်ဆိုင်ဖြေရှင်းသလဲ။
လွေးနွေနှောင်း။ ။ ကြိုးစားပြီးလုပ်တဲ့အပိုင်းတွေတော့ အများကြီးရှိတယ်။ ကျွန်မတို့ပြည်တွင်းမှာပိုပြီးတော့ ဖြေရှင်းပေးနိုင်မယ်ဆိုရင် ပိုပြီးထိရောက်မယ်လို့ထင်တယ်။ ဒီပြဿနာတွေ အဓိကကတော့ လက်ရှိရှိနေတဲ့ အစိုးရတွေဖြစ်ဖြစ် ဒါတွေကို တာဝန်ယူပေးနိုင်မယ်ဆိုရင်ပိုပြီးတော့ ကောင်းပါတယ်ရှင်။
ဒါကတော့ PWO ပလောင်အမျိုးသမီးများအဖွဲ့ အတွင်းရေးမှူးလည်းဖြစ် WLB အဖွဲ့ရဲ့ သဘာပတိလည်းဖြစ်တဲ့ လွေးနွေနှောင်းကို ပြောပြသွားတာဖြစ်ပါတယ်

0 comments:

Post a Comment