Sunday, March 18, 2012

Filled Under: , ,

၂၀၀၇ ရွှေဝါရောင်သဃံဦးဆောင် အရှင်ဂ္ဘမီရ ကိုအနှောက်အယုက်ပေးနေတာကိုရပ်တန်းကရပ်ပြီး မ ဂ္ဂင် ကျောင်းတိုက်မှာ ပြန်လည်သတင်းသုံးခွင့်ပေးဖို့ AHRC အာရှလူ့အခွင့်အရေးကော်မရှင် က ကြေညာချက် တစ်ခု ထုတ်ပြန်....AHRC Interview 10 March 2012

RFA 10 March (Morning Programme)
Interview on AHRC Urgent Appeal (BURMA: Repeated re-arrest of released monk)

၂၀၀၇ ရွှေဝါရောင်သဃံဦးဆောင် အရှင်ဂ္ဘမီရ ကိုအနှောက်အယုက်ပေးနေတာကိုရပ်တန်းကရပ်ပြီး မ ဂ္ဂင် ကျောင်းတိုက်မှာ ပြန်လည်သတင်းသုံးခွင့်ပေးဖို့ AHRC အာရှလူ့အခွင့်အရေးကော်မရှင် က ကြေညာချက် တစ်ခု ထုတ်ပြန်ပြီး မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ကြေညာချက် ထုတ်ပြန်ရတဲ့အကြောင်းအရင်းကို AHRC ရှေ့နေဦးမင်းလွင်ဦးက RFA ကိုအခုလိုပြောပြပါတယ်။
ဦးမင်းလွင်ဦး။    ။ အာဏာပိုင်တွေက လာရောက်ခေါ်ယူပြီး ဖမ်းဆီးစစ်ဆေးတဲ့ ကိစ္စတွေက ဥပဒေနဲ့အညီမဟုတ်ဘူး။ သာမန်ပြည်သူတွေအပေါ်မှာ ခေါ်ချင်တိုင်းခေါ်၊ပြန်ပို့ချင်တဲ့အချိန်မှ ပြန်ပို့ ဆိုတဲ့ကိစ္စရပ်တွေက မြန်မာနိုင်ငံအတွင်းမှာ ကျင့်သုံးနေတဲ့ တရားဥပဒေတွေနဲ့လည်း မညီညွတ်ဘူးဆိုတာ ပထမဦးဆုံးပြောချင်ပါတယ်။ နောက်ပြီးတော့ အရှင်ဂမ္ဘီရ  ကို အစိုးရပိုင်သတင်းစာတွေမှာလည်း ဓမ္မစက်နဲ့ တားဆီးလို့မရတဲ့အတွက် အာဏာစက်နဲ့ အရေးယူတော့မယ်ဆိုပြီးတော့ ချိန်းခြောက်ပြောဆိုထားတဲ့အပေါ်မှာလည်း လူတစ်ယောက်အတွက်လွတ်လပ်စွာသွားလာနေထိုင်ခွင့်၊ လွတ်လပ်စွာရွှေ့ပြောင်းနေထိုင်ခွင့် တွေအပေါ်မှာ ကန့်သက်ထားရာရောက်တယ်။ လူတစ်ဦးတစ်ယောက်ကို အကြောင်း မဲ့ ချိန်းခြောက်ပြောဆိုပြီးတော့ စွဲဆိုတဲ့ပြစ်မှုမျိုးဖြစ်နေတယ်ဆိုတာကိုတွေ့ရတယ်။ ဒါတွေက အစိုးရသစ်တရပ်အနေနဲ့ မလုပ်သင့်ဘူးဆိုတာကို ကျွန်တော့အနေနဲ့ အလေးအနက်ထားပြီး တင်ပြပြောဆို လိုခြင်းဖြစ်ပါတယ်။
မေး။ ။ ဥပဒေနဲ့ခေါ်ယူမေးမြန်းတာနဲ့ပက်သက်ပြီးတော့ ဦးမင်းလွင်ဦးက
ဦးမင်းလွင်ဦး။    ။လူမြင်သူမြင်ရုံးတွေအတွင်းမှာ ခေါ်ယူစစ်ဆေးလို့ရတယ်။ ဒါမှမဟုတ် သတင်းသုံးနေထိုင်ရာ ဒေသမှာ သွားပြီးတော့မေးမြန်းစစ်ဆေးလို့ရပါတယ်။ အရှင်ဂ္ဘမီရ ကို နှစ်ကြိမ်ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကိစ္စရပ်တွေမှာ ည၁၀နာရီအချိန်တွေဖြစ်နေတယ်။ နောက်ပြီးတော့ ပြန်လည်ပို့ဆောင်တဲ့နေရာမှာလည်း ညပိုင်းတွေဖြစ်နေတယ်။ ဒါတွေက လုံးဝမလုပ်သင့်တဲ့ ကိစ္စရပ်တွေဖြစ်နေတယ်။ ဥပဒေမှာ လူတစ်ယောက်ကို ခေါ်ယူစစ်ဆေးမေးမြန်းနိုင်တယ်ဆိုတာမှန်တယ်။ သို့သော်လည်း ဒီလိုမျိုးညတွေအချိန်မတော်မှာ ခေါ်ယူစစ်ဆေးမေးမြန်းနိုင်တယ်လို့ပြဌာန်းထားခြင်းမရှပါဘူး။ ဒါ့အပြင်ထောင်ထဲမှာ ညုင်းပန်နိုပ်စက်ထားခြင်းခံရတဲ့ ဒဏ်ကြောင့် ကျန်းမာရေးထိခိုက်ခဲ့တာကို လိုအပ်သလို ဆေးဝါး ထောက်ပန့်ပေးဖို့နဲ့ ဆေးဖက်ဆိုင်ရာကူညီပေးဖို့ ကိုလည်း AHRC က တိုက်တွန်းလိုက်ပါတယ်။


0 comments:

Post a Comment