Saturday, March 31, 2012

Filled Under: , ,

RFA March 27 TV Interview with AHRC, regarding on the New Election commotional law


RFA March 27 TV Interview, regarding on the New Election commotional law
သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးထုတ်ပြန်လိုက်တဲ့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဟာ လိုအပ်ချက်တစ်ခုဖြစ်တယ်လို့ လေ့လာသူတွေကပြောပါတယ်။ အပြည့်အစုံကို RFA အဖွဲ့သား ကိုနေရိန်ကျော်က စုစည်းတင်ပြထားပါတယ်။
နေရိန်ကျော်။    ။မတ်လ ၁၉ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ ဟာအစိုးရအရွေ့အပြောင်းဖြစ်ပြီးနောက်ပိုင်းမှာ လိုအပ်လို့ ထုတ်ပြန်တာလို့ အမျိုးသားဒီမိုဂရေစီ အဖွဲ့ချုပ်အတွင်းရေးမှူးဦးဥာဏ်ဝင်းက အခုလို ရှုမြင်ပါတယ်။ ဆိုလိုတာကတော့ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်ထုတ်ပြန်လိုက်တဲ့ ဥပဒေဟာ စစ်အစိုးရလက်ထက်မှာရေးစွဲခဲ့တာဖြစ်ပြီး အခုကတော့ လွတ်တော်ရှိလာတဲ့အတွက် ပြင်ဆင်ထုတ်ပြန်ဖို့လိုအပ်လာတဲ့အတွက်လို့ဆိုပါတယ်။ ဒါ့အပြင်အခုထုတ်ပြန်တဲ့ဥပဒေမှာ အရင်ဥပဒေမှာမပါတဲ့ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမှာထည့်သွင်းရေးစွဲထားတာတွေ့ရတယ် လို့လဲဦးဥာဏ်ဝင်းကပြောပါတယ်။ ဒီဥပဒေအရထူးခြားချက်ကို ဦးဥာဏ်ဝင်းက ထောက်ပြတာက ဒီလိုပါ။
ဦးဥာဏ်ဝင်း။    ။ထူးခြားတဲ့ အချက်တစ်ခုက  Back of Recall လို့ခေါ်တဲ့ ပြန်လည်ရုတ်သိမ်းခွင့်လွတ်တော်ကိုယ်စားလှယ် တစ်ယောက်ကို မဲဆန္ဒရှင်တွေက ပြန်လည်ရုတ်သိမ်းလို့ရတယ်လို့ ဥပဒေမှာပါတယ်။ သို့သော်လည်း ဘယ်အဖွဲ့အစည်းက ဒါကို ဆောင်ရွက်မယ်ဆိုတာမပါဘူး။ ဒီကနေ့ထုတ်တဲ့ ဥပဒေမှာတော့ ပြည်ထောင်စု ကော်မရှင်ဥပဒေက ဒါကိုဆောင်ရွက် နိုင်တယ်ဆိုတာပါလာတယ်။ ဒါက ထူးခြားမှုဘဲ။
နေရိန်ကျော်။    ။ရွေးကောက်ပွဲကော်မရှင်လူကြီးအဖြစ်တာဝန်ထမ်းဆောင်ရမယ့် ပုဂိုလ်ရဲ့ အရည်အချင်း သတ်မှတ်ချက်မှာလည်း ဥပဒေကျွမ်းကျင်သူတွေဖြစ်ရမယ်လို့ဖော်ပြထားတာဟာ ကောင်းတဲ့ လက္ခနာဖြစ်တယ်လို့ ဦးဥာဏ်ဝင်းက ထောက်ပြပါတယ်။
ဦးဥာဏ်ဝင်း။    ။ဒီကော်မရှင် ဥပဒေမှာ ဇောင်းပေးထားတာဟာ ဥပဒေလုပ်ငန်းမှာ လုပ်ခဲ့ဖူးတဲ့လူတွေ တရားသူကြီးတွေ၊ အစိုးရရှေ့နေ၊ ရှေ့နေ သူတို့ကိုဇောင်းပေးပြီးတော့ လုပ်ထားတယ်။ ဒါကြောင့် ဒီဥပဒေနဲ့ ပက်သက်ပြီး တော့ ပြန်လည်ဖွဲ့စည်းတဲ့ တရားသူကြီးဥပဒေလောက ကသူတွေပါလာဖို့ ဒီလိုတွေ့ရတယ်။
နေရိန်ကျော်။    ။အခုထုတ်ပြန်တဲ့ ဥပဒေသစ် အခန်း ၂ မှာ ကော်မရှင်အဖွဲ့ဝင်တွေဟာ နိုင်ငံဝန်ထမ်းဖြစ်ခဲ့လို့ရှင်ရင် ကော်မရှင်အဖွဲ့ ၀င်အဖြစ်တာဝန်ပေးအပ်ခံရတဲ့နေ့အစပြီးတော့ အငြိမ်းစားယူပြီးဖြစ်တယ်လို့ အချက်ပါဝင်ပါတယ်။ ဒီအချက်ကိုတော့ အာရှလူ့အခွင့်အရေးကော်မရှင်အဖွဲ့ က ရှေ့နေဦးမင်းလွင်ဦးကို Skype internet က နေပြီးတော့ တဆင့် မေးမြန်းကြည့်တဲ့အခါ သူက အခုလို သုံးသတ်ပါတယ်။
ရှေ့နေဦးမင်းလွင်ဦး။     ။နိုင်ငံဝန်ထမ်းဖြစ်ခဲ့လို့ရှင်ရင် ကော်မရှင်အဖွဲ့ဝင်အဖြစ်ရွေးချယ်ခြင်း ခံရတဲ့နေ့ကစပြီး တော့ အငြိမ်းစားယူပြီးဖြစ်သကဲ့သို့ မှတ်ယူရမယ်ဆိုတဲ့အချက်ကိုကျွန်တော်တို့တွေ့ရတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် နိုင်ငံတကာ အစိုးရတွေအနေနဲ့သော်ဌင်း၊ လေ့လာတဲ့သူတွေနဲ့သော်ဌင်းရွေးကော်ပွဲကော်မရှင်အနေနဲ့ လွတ်လွတ်ကင်းကင်းရှိတယ်ဆိုတဲ့သဘောကိုပြချင်တဲ့အတွက်အစိုးရသစ်က ပြင်ဆင်ရေးစွဲလိုက်တယ်လို့ ကျွန်တော်တို့ ထင်မြင်ယူဆပါတယ်။
နေရိန်ကျော်။    ။ဒီဥပဒေဟာ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ပိုပြီးလုပ်ပိုင်ခွင့်တွေများလာတယ်လို့လဲသူကဆိုပါတယ်။
ရှေ့နေဦးမင်းလွင်ဦး။     ။အခုဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့အချက်အလက်အတိုင်းပြန်လည်ထည့်သွင်း ထားတဲ့အတွက် ကျွန်တော်တို့မြို့နယ်အဆင့်ရွေးကောက်ပွဲကော်မရှင်တွေပါ ဒီဥပဒေတက်ကျွမ်းတဲ့သူတွေပါဝင်လာနိုင်တဲ့အခွင့်အလမ်း တွေရှိလာတာကို ကျွန်တော်တို့တွေ့ရတယ်။ ဒါကြောင့်လည်းရွှေးကောက်ပွဲနဲ့ပက်သက်လို့ အငြင်းပွားမှုတွေတော်တော်များများကို ဥပဒေနားလည်တက်ကျွမ်းတဲ့သူတွေပါဝင်ဆုံးဖြတ်တဲ့ခုံရုံးကနေစစ်ဆေးပေးနိုင်မယ်လို့ ကျွန်တော်တို့ထင်မြင်ပါတယ်။

0 comments:

Post a Comment