Sunday, April 01, 2012

Filled Under: , ,

သမ္မတ ဘက်က ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ ရေးရာကော်မတီတွေနဲ့ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့် မရှိဘူးဆိုတဲ့ တင်သွင်းချက် နဲ့ ပက်သက်လို့ ဆက်သွယ်မေးမြန်းချက်........RFA Interview 29 March 2012

 
RFA Interview 29 March 2012
ဒေါ်အင်ကြင်းနိုင်။         ။ အခုလို သမ္မတ ဘက်က ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ ရေးရာကော်မတီတွေနဲ့ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့် မရှိဘူးဆိုတဲ့ တင်သွင်းချက်ကို ကြည့်မယ်ဆိုရင် အစိုးရက သူတို့ရဲ့ ဆောင်ရွက်ချက်တွေကို လွတ်လွတ်လပ်လပ် ဆောင်ရွက်ချင်လို့လား ဆိုတဲ့ မေးခွန်းထုတ်ရမှာဖြစ်တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ရခိုင်တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။
ဒေါက်တာအေးမောင်။    ။အုပ်ချုပ်ရေးမဏ္ဍိုင်ကို ထိန်းကွတ်နိုင်အောင် အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ မောင်းနှင်အားပေါ်မှာ အကျိုးသက်ရောက်မှုပိုရှိလာအောင် ဆိုတဲ့ သဘောနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်။ တွေ့တဲ့အတိုင်းဘဲလေ အမြဲတမ်းကော်မတီ၎ ရပ်ရှိပါတယ်။ အဲဒီမှာ အဓိက ဥပဒေကျမ်း ကော်မတီနဲ့ လွတ်တော်အခွင့်အရေးကော်မတီတို့ ကို ဦးဆောင်တဲ့ သူတွေဆိုရင် လွတ်တော်နဲ့ ဒုတိယ ဥက္ကဋ္ဌတွေဟာ ၀န်ကြီးရဲ့ အထက်မှာ ရှိပါတယ်။ အဆင့်မြင့်တဲ့သဘောရှိပါတယ်။ ဆိုတော့ အဲဒီလို ဒုတိယ ဥက္ကဋ္ဌနှစ်ဦးပါဝင် ဦးဆောင်တဲ့ ဥပဒေကျမ်း ကော်မတီနဲ့ လွတ်တော်အခွင့်အရေးကော်မတီ တို့တောင်မှ ပြည်ထောင်စုအဆင့်မဟုတ်တော့ ဘူးဆိုရင် ဘယ်လိုလုပ်ပြီး အစိုးရသစ်ကို Check and  Balance လုပ်မလဲဆိုပြီးမေးခွန်းပေါ်ပေါက်လာပါလိမ့်မယ်။
ဒေါ်အင်ကြင်းနိုင်။         ။ လွတ်တော်ရေးရာကော်မတီတွေရဲ့ လုပ်ပိုင်ခွင့်တွေကို ဖွဲ့စည်းပုံ အခြေခံဆိုင်ရာ ဥပဒေတွေမှာ ဘယ်လိုပြဌန်းထားသလဲလို့ တဆက်တည်းမေးကြည့်တော့
ဒေါက်တာအေးမောင်။    ။လုပ်ပိုင်ခွင့်ရပိုင်ခွင့်တာဝန်တွေကို ဟိုတုန်းကတည်းက ပြဌန်းထားတာတွေမရှိပါဘူး။ နည်းဥပဒေတွေမှာတာဝန်ပေးပြီး ပုဒ်မတစ်ခုခြင်းစီမှာပြုလုပ်ထားတာတွေရှိပါတယ်။ လွှတ်တော်အသီးသီးမှာ ကျွန်တော်တို့က အဖွဲ့ အစည်းတစ်ခုကော်မတီတစ်ခုကို ကျွန်တော်တို့ဥပဒေ ရေးစွဲပြီးခါမှ အတည်ပြုထားတာရှိပါတယ်။ အဲဒီအတိုင်းကျွန်တော်တို့က လုပ်ပိုင်ခွင့်ရပိုင်ခွင့်တာဝန်တွေကို သူ့ကော်မတီအသီးသီးရဲ့ တာဝန်အဖြစ် သက်မှတ်ပြီးဆက်လက်လုပ်ဆောင်နေတာဖြစ်ပါတယ်။
ဒေါ်အင်ကြင်းနိုင်။         ။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ဥပဒေခုံရုံးရဲ့ ဆုံးဖြတ်ချက်ကိုကြည့်မယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အားနည်းချက်တွေ ရှိတယ်ဆိုတာတွေ့ရတာကြောင့် ပြန်လည်ပြင်ဆင်ဖို့လွတ်တော်မှနည်းလမ်းရှာဖွေမှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီ ပါတီသစ်ခေါင်းဆောင် ဦးသိန်းညွန့်က ပြောပါတယ်။
ဦးသိန်းညွန့်။     ။ ဒါနဲ့ပက်သက်ပြီးတော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွတ်တော်ကိုယ်စားလှယ်တွေ ပြည်ထောင်စုလွတ်တော်မှာ ပြန်လည်ပြီးတော့ လိုအပ်ရင် အခြေခံဥပဒေမှာ ဒီလွတ်တော် ကော်မတီတွေဟာပြည်ထောင်စု အဆင့်ရှိတယ်ဆိုတာ ပြန်လည်ပြဌာန်းဖို့အတွက်ဆောင်ရွက်မှာပါ။
ဒေါ်အင်ကြင်းနိုင်။         ။ အာရှလူ့အခွင့်အရေးကော်မရှင် ရဲ့ ရှေ့နေဦးမင်းလွင်ဦး ကလည်းမြန်မာ နိုင်ငံရဲ့ လွတ်တော်တွေဟာ နိုင်ငံတကာ စံချိန်နဲ့ညီဖို့ဆိုရင် သက်ဆိုင်ရာရေးရာကော်မတီတွေကတော့ သိရှိဖို့လိုအပ်တယ်လို့ ပြောပါတယ်။
ရှေ့နေဦးမင်းလွင်ဦး။     ။အမျိုးသားအဆင့် ၊ ပြည်သူ့လွှတ်တော်အဆင့် တွေမှာ ပါဝင်နေတဲ့ ၀န်ကြီးတွေအနေနဲ့ တချို့ စုံစမ်းစစ်ဆေးမှုတွေမှာ၊ ခေါ်ယူစစ်ဆေးမေးမြန်းဖို့ လိုအပ်တဲ့ ကိစ္စရပ်တွေ ပေါ်ပေါက်လာတဲ့အတွက် ဒီပြဿနာပေါ်လာတယ်လို့ပြောချင်ပါတယ်။ အဲဒီတော့ ၀န်ကြီးတွေကို ခေါ်ယူစစ်ဆေးပြီး တော့ တခြားဒီမိုဂရေစီနိုင်ငံတွေမှာတော့ စီးနတ်ကော်မတီတွေကနေ အထူးအဖွဲ့အစည်း စုံစမ်းရေး ကော်မရှင်ရှေ့မှာဝန်ကြီးတွေလဲ အစစ်ခံရတယ်။ အခုလည်းဘဲဒီလိုမျိုး ၀န်ကြီးတွေကို စစ်ဆေးဖို့ပေါ်ပေါက်လာရင် ဘယ်လိုစစ်ဆေးစီရင်ကြမလဲဆိုတာတွေနဲ့ပက်သက်ပြီးတော့ ကျွန်တော်တို့သီးသန့် ဖွဲ့ စည်းပေးဖို့ လိုအပ်လာတဲ့အခြေအနေဖြစ်တယ်လို့ဘဲကျွန်တော်ကဒီလိုမြင်ပါတယ်။

0 comments:

Post a Comment