2012-04-09
ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် လာမဲ့ ဧပြီလ ၂၃ ရက်နေ့မှာ ပထမဆုံးအကြိမ် တက်ရောက်မယ်လို့ သိရပါတယ်။ဧပြီ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် ၄၃ နေရာ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ စစ်တပ်နဲ့ ကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီဝင် အများစု လွှမ်းမိုးနေတဲ့ လွှတ်တော်အတွင်းမှာ အဓိက အတိုက်အခံ ပါတီကြီးတစ်ခု ဖြစ်လာမှာပါ။
NLD ပါတီက အနိုင်ရ ကိုယ်စားလှယ်တွေကို ဧပြီလ ၁၉ နဲ့ ၂၀ ရက်နေ့တွေမှာ ပါတီဌာနချုပ်ကို ဆင့်ခေါ်ထားပြီး လွှတ်တော်အတွင်း ပြင်ဆင်ဖွယ်ရာတွေနဲ့ ကိုယ်စားလှယ်တွေအတွက် ရုံးအဖွဲ့ ဖွဲ့စည်းရေးတွေ ဆွေးနွေးမယ်လို့ သိရပါတယ်။
0 comments:
Post a Comment