Saturday, April 28, 2012

Filled Under: , ,

သတင်းမြင်ကွင်းကျယ်အစီအစဉ်.... RFA 20 April 2012


RFA 20 Evening Broadcast

သတင်းမြင်ကွင်းကျယ်အစီအစဉ်

ကြားဖြတ်ရွေးကော်ပွဲမှာအနိုင်ရခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေကို လာမယ့်၂၃ ရက်နေ့ မှ ပြန်လည်စတင်မယ့်လွတ်တော်ကို တက်ရောက်ဖို့ဆင့်ခေါ်ချိန်က သကြန်မတိုင်မီကလေးက မှပါ။ ဒါကြောင့် ကျမ်းကြိန်ဝန်ခံရမယ့် စာသားတွေကို ပြင်ဆင်ရေးအတွက် အချိန်မလုံလောက်ဖြစ်နေတာက တော့ အသေအခြာဖြစ်နေပါတယ်။ NLD ပါတီအတွင်းရေးမှူး ဦးဥာဏ်ဝင်းက အခုလိုပြောပြပါတယ်။ 

ဦးဥာဏ်ဝင်း ။       ။ ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ် လို့ပြောတယ်။ အဲဒီတော့ကျွန်တော်တို့ က ဖွဲ့စည်းပုံအခြေခံဥပဒေကို အရင်ကတည်းက လေးစားလိုက်နာမယ်။ ကျန်တဲ့ဥပဒေကိုလည်းလေးစားလိုက်နာမယ်။ ကာကွယ်စောင့်ရှောက်တဲ့ဟာကတော့ ကျွန်တော်တို့နဲ့မဆိုင်ဘူး လို့ ကျွန်တော်တို့ဒီလိုမှူဝါဒ ထားတယ်။ အဲဒီအခက်အခဲလေးတွေကို ကျွန်တော်တို့ကြိုးစားဖြေရှင်းနေတယ်။ နိုင်ငံတော်သမ္မတနဲ့လည်းပူးပေါင်းဆောင်ရွက်နေတယ်။ အဲဒီဟာပြေလည်သွားတာနဲ့ ကျွန်တော်တို့တက်မယ်။ ၂၃ ရက်နေ့ဆိုတာတော့ အချိန်အခါအားဖြင့် နဲနဲအကန့်အသက်ရှိနေတော့ မမှီလောက်ဘူးလို့ ကျွန်တော်တို့ခန့်မှန်းတာဘဲ။ 

မေး။  ။ဒီကိစ္စအပေါ်မှာ သုံးသပ်သူတွေကတော့ မှုလကတည်းက NLD မှတ်ပုံတင်တော့မယ်၊ရွေးကောက်ပွဲဝင်တော့မယ်ဆိုတဲ့ အခြေအနေပေါ်ပေါက်ဖို့ အတွက် အစိုးရဘက်က လိုက်လျှောပါ့မယ်လို့ သဘောတူထားပြီးကိစ္စဖြစ်တာကြောင့် အခက်အခဲတွေမတွေ့နိုင်ဘူးလို့ဆိုပါတယ်။ 

ဦးဥာဏ်ဝင်း ။       ။ ဒါပေမယ့် ဧပြီ၁၉ရက်နေ့ကတည်းက နေပြည်တော်မှာရှိတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေခုံရုံးက NLD ရဲ့ တင်ပြချက်ကိုပြင်ဆင်မပေးနိုင်ဘူးလို့ ပြောလိုက်ပါတယ်။ ဒါပေမယ့် NLD ပါတီဥပဒေအကြံပေးတစ်ဦးဖြစ်တဲ့ ဦးအောင်သိန်းကတော့ အခုပြင်ဆင်မှုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နေတာမဟုတ်တာကြောင့် ပြဿနာအကြီးမဟုတ်နိုင်ဘူးလို့ ယူဆပါတယ်။
ကျွန်တော်တို့က ဟိုလိုအခြေခံဥပဒေတစ်ခုလုံးကိုပြင်ဆင်ရမယ်ဆိုတဲ့ ဟာမျိုးနဲ့ ခြေပပြောရင်တော့ ဘယ်နှစ်ရာခိုင်နှုန်းကအနဲဆုံး ၇၀%နှုန်းလောက်က ထောက်ခံမှုပြင်ဆင်လို့ရမယ်ဆိုတဲ့ ကိစ္စရပ်မျိုးနဲ့ သွားချိန်ရင်တော့ တမျိုးပေါ့ဗျာ။ ဒါတွေက သမ္မတနဲ့လွတ်တော်မှာချဆွေးနွေးလိုက်ရင်လည်းရနိုင်တာပေါ့ခင်ဗျာ။ 

မေး ။ ။ ဒါပေမယ့် NLD ပါတီလွတ်တော်ထဲကို ၀င်ရောက်ဖို့ ဆုံးဖြတ်ခဲ့ရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက အချက်တချို့ကို ပြင်ဆင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ဟာလည်းအဓိကဖြစ်နေပြန်ပါတယ်။ ဒီကိစ္စနဲ့ပက်သက်ပြီး ဦးအောင်သိန်းက အခုလိုပြောပါတယ်။
ဦးအောင်သိန်း ။    ။ ပုဒ်မအလိုက်ကြည့်လိုက်ရင်တော့ အလျှော့အတင်းပြဿနာကတော့ ရှိမှာပါ။ ပုဒ်မတိုင်းကိုအဲဒီလိုလွယ်လွယ်ကူကူပြင်ဆင်နိုင်ခွင့်ဆိုတာကလည်း ပေးချင်မှပေးမှာပေါ့ဗျာ။
အလားတူဘဲ အာရှလူ့အခွင့်အရေးအဖွဲ့ အရှေ့နေတစ်ဦးဖြစ်တဲ့ ဦးမင်းလွင်ဦး က တော့ ပိုပြီးတိတိကျကျပြောပါတယ်။

ဦးမင်းလွင်ဦး ။      ။ စိုးရိမ်စရာရှိတဲ့ ကိစ္စရပ်တွေက ဒေါ်အောင်ဆန်းစုကြည်လွတ်တော်ထဲကို ရောက်သွားပြီးရင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အခြားလွတ်တော်ကိုယ်စာလှယ်တွေကသော်ဌင်း၊ ပြည်သူတွေကသော်ဌင်း ဒီဖွဲ့စည်းပုံအခြေခံဥပဒေ မှာပါတဲ့ အချက်အလက်တွေထဲက တချို့ဥပမာအားဖြင့် စစ်သား၂၅ % ပါတဲ့ကိစ္စရပ်တွေကို ဖြတ်ပေးဖို့ဆိုတဲ့ ကိစ္စရပ်တွေလည်းကြုံရင်လည်း ကြုံလာနိုင်တယ်။ ဒါမှမဟုတ်လို့ရှင်ရင် ကာကွယ်ရေးနဲ့ လုံခြုံရေးဦးစီးဌာနရဲ့ လုပ်နည်းလုပ်ဟန်တွေကို အတိအကျပြဌန်းဖို့တောင်းဆိုတာလည်းဖြစ်ချင်ဖြစ်လာနိုင်တယ်။ ဒီလိုမျိုးကိစ္စရပ်တွေကျလို့ရှင်ရင်တော့ စောနကလိုလွယ်လွယ်ကူကူဖြစ်လာနိုင်မယ်လို့တော့ ကျွန်တော်မထင်ပါဘူး။

မေး။  ။ သုံးသပ်သူတွေပြောတာကတော့ ၂၀၀၈ခုနှစ်အခြေခံဥပဒေဟာ ပြင်ဆင်နိုင်အောင်လို့မရအောင် အဟန့်အတားတွေအများကြီးရှိတယ်လို့ ဆိုပါတယ်။ တကယ်တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံတကာဖွဲ့စည်းပုံ အခြေခံဥပဒေတွေထဲကမှ လိုချင်တာတွေကိုတွဲယူထားဖြစ်သလိုဘဲ မြန်မာ့နည်းမြန်မာ့ဟန်တွေနဲ့ ပုံစံတူလုပ်ထားတာတွေလည်းတွေ့ရတယ်လို့ ဥပဒေပညာရှိတွေက ပြောပါတယ်။ လွတ်တော်အမတ်၂၅%ဟာ စစ်တပ်ကဖြစ်ရမယ်ဆိုတဲ့ ကိစ္စကတော့ အင်ဒိုနီးရှားနိုင်ငံက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွေထဲက ယူထားတာဖြစ်သလိုဘဲ၊ စစ်အရာရှိကြီးများ တာဝန်ယူချိန်ကာလက ဆောင်ရွက်ချက်တွေကို အရေးယူလို့မရနိုင်ဆိုတာကိုတော့ ထိုင်းနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက အတုယူထားတာပါ။ ဒါပေမယ့် စစ်တပ်အနေနဲ့ လိုအပ်ရင်အာနာသိမ်းခွင့် ရှိတယ်ဆိုတာကတော့ ဘယ်နိုင်ငံက ဥပဒေမှာမှ မပါရှိဘူးလို့ဆိုပါတယ်။ ဒါကြောင့် အဲဒီပုဒ်မကတော့ မြန်မာ့ နည်းမြန်မာ့ ဟန်နဲ့ဆွဲထားတာလို့ဆိုပါတယ်။ အခုလိုစစ်တပ်က လိုချင်တဲ့အချက်တွေမပါပါအောင် တမင်ကိုရေးဆွဲထားတာလွယ်လွယ်နဲ့ ပြင်ဆင်ခွင့်ပေးမလားဆိုတာကို မေးစရာဖြစ်နေပါတယ်။ ဦးမင်းလွင်ဦးကတော့ မျော်လင့်ချက်တွေရှိပါသေးတယ်လို့ဆိုပါတယ်။

ဦးမင်းလွင်ဦး ။      ။ ဒီလှိုင်းကတော်တော်ကြီးနေပြီ ။ ကျွန်တော့အမြင်ပြောရရင် ဒါဟာ First Step ဘဲရှိသေးတယ်။ ပြီးလို့ရှင်ရင် Second Step က တော့ Civil Society အားကောင်းအောင် ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က လုပ်ရမှာပေါ့နော်။ လွတ်လပ်စွာဖွဲ့စည်းခွင့်အသင်းအဖွဲ့တွေ တော်တော်များများခွင့်ပြုလိုက်တယ်။ ILO ရဲ့ဥပဒေ တို့လုပ်ထုံးလုပ်နည်းတွေထွက်လာတယ်။ အဲဒီဥစ္စာတွေက တလမ်းတည်းဖြစ်လာလို့ civil Society အားကောင်းလာပြီဆိုရင် သိပ်စိုးရိမ်စရာမရှိတော့ဘူးပေါ့ခင်ဗျာ။

မေး။  ။ လူထုဟာ အရေးကြီးဆုံးအခန်းဂဏကနေပါဝင်နေတယ်လို့ ပြောသွားတာပါ။ လာမယ့်နှစ်တွေအတွင်း အချိန်ကတော့ ထွက်လာနိုင်ပါတယ်။ စိုးရိမ်သူတွေကတော့ အပြောင်းအလဲ တွေလုပ်နေတဲ့မြန်မာနိုင်ငံကြီး နောက်ကြောင်ပြန်လှည့်သွားမှာကိုဘဲ စိုးရိမ်တယ်လို့ဆိုပါတယ်။ 

ဒီနေရာမှာလူထုဟာအရေးပါသလို ဒေါ်အောင်ဆန်းစုကြည်ပေါ်မှာလည်းအများကြီးမှုတည်နေတယ်လို့ သုံးသပ်နေကြပါတယ်။ တခါ ဦးသိန်းစိန်ကလည်း အရေးပါသူတစ်ယောက်ဖြစ်ပါတယ်။ ပြီးတော့ မိမိကိုယ် မိမိ ပြည်ထောင်စုတပ်မတော်သားပါလို့ ခံယူထားသူတွေလည်းတော်တော်လေးကို အရေးပါနေတာဖြစ်ပါတယ်ခင်ဗျား။

0 comments:

Post a Comment