Sunday, May 13, 2012

Filled Under: , ,

ဖြိုးဝေအောင်အမှုနဲ့ ပက်သက်ပြီး AHRC မေးမြန်းချက် ..... ၁၃ မေ ၂၀၁၂


BBC Moring Broadcast (Regarding on Phyo Wai Aung’s sentence )
8 May 2012
ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် မဟာသင်္ကြန် X20 မဏ္ဍပ ဗုံးပေါက်ကွဲမှုနဲ့ ပက်သက်ပြီးစွတ်စွဲခံနေရတဲ့ ကိုဖြိုးဝေအောင်ကို ဒီကနေ့နေ့ခင်းပိုင်းရောက်လို့ရှင်ရင် စီရင်ချက်ချတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့AHRC လို့ခေါ်တဲ့အာရှလူ့အခွင့်အရေးကောင်စီကတော့ ဖြိုးဝေအောင်ဟာ စတင်ဖမ်းဆီးခံစဉ်ကတည်းက ဖမ်းဝရမ်း မပါဘဲ ဥပဒေမဲ့အဖမ်း ခံခဲ့ရသလို နှိတ်စက်ညှင်းပန်းပြီး ထွက်ချက်ယူ ထားတာလို့လဲဆိုပါတယ်။ ဒါ့အပြင် တရားရုံးစစ်ဆေးတဲ့ ကာလတလျှောက်လုံးမှာလဲဘဲ ဥပဒေနဲ့အညီ ရသင့်ရထိုက်တဲ့အခွင့်ရေးတွေမခံစား ရဘူးလို့ပြောပါတယ်။ ဘာကြောင့်မို့ အဲဒီလိုပြောပါသလဲ။ ကိုသိန်းမြတ်က အာရှလူ့အခွင့်အရေးကောင်စီရဲ့မြန်မာနိုင်ငံဆိုင်ရာ ရှေ့နေဦးမင်းလွင်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။
အင်းစိန်ထောင်အတွင်းမှာ ဖွင့်လစ်တဲ့အထူးတရားရုံးမှာစစ်ဆေးစီရင်တာကိုခံရတယ်။ အမှုစစ်ဆေးစီရင်တဲ့အခါကျလို့ရှင်ရင် အမှုမှာတင်သွင်းတဲ့ သက်သေခံအထောက်အထားတွေဟာ ခိုင်လုံမှုမရှိသော် ညားလဲ တရားရုံးကနေပြီးတော့ သက်သေခံအဖြစ် လက်ခံခဲ့တာတွေကို ကျွန်တော်တို့တွေ့ရတယ်။ အဲဒီတော့ အဲဒီလိုသက်သေခံအဖြစ်လက်ခံခဲ့တဲ့ ကိစ္စရပ်တွေက ဘာတွေလဲဆိုလို့ရှင်ရင်ကျွန်တော်တို့ သတင်းစာရှင်းလင်းပွဲမှာ ရဲချုပ်ခင်ရီပြောပြတဲ့ အချက်အလက်တွေမှာဖော်ပြထားတဲ့အချက်တွေနဲ့ တရားရုံးရှေ့မှာသက်သေအဖြစ်လာရောက်အစစ်ခံတဲ့ ထွက်ဆိုတဲ့ သက်သေတွေရဲ့ထွက်ချက်တွေဟာ လွန်စွာမှပင် မှားယွင်းလွဲမှား နေတယ်ဆိုတာတွေကို ကျွန်တော်တို့တွေ့ရတယ်။
နဲနဲလေးထပ်ပြီးတော့ ပေါ်လွင်အောင်ရှင်းပြပေးပါလား ခင်ဗျား။ ရဲချုပ်ခင်ရီသတင်းစာရှင်းလင်းပွဲမှာပြောခဲ့တာနဲ့ တရားရုံးသက်သေနဲ့ကွဲလွဲတာတွေဟာ ဘယ်လိုကွဲလွဲသလဲဆိုတာကို ရှင်းပြပါ။
ကျွန်တော်တို့ဒီ သင်္ကြန်ဗုံးကွဲမှုဖြစ်သွားပြီးနောက်ပိုင်းမှာ ရဲချုပ်ခင်ရီက သတင်းစာရှင်းလင်းပွဲလုပ်ပါတယ်။ အဲဒီအခါမှာ သက်သေခံအဖြစ်အသုံးပြုထားတဲ့ ဖောက်ခွဲရေးတွေမှာ အသုံးပြုထားခဲ့တဲ့ ဗုံးတွေ၊ စနက်တံတွေ ရှာဖွေတွေ့ရှိတယ်ဆိုတဲ့ ကိစ္စရပ်တွေ၊ နောက်ပြီးတော့ အခင်းဖြစ်တဲ့နေရာကို မြေပုံဆွဲပြီးတော့ ဖော်ပြထားတဲ့ ကိစ္စရပ်တွေဟာ တရားခံကို တရားရုံးရှေ့မှာစစ်ဆေးစီရင်တဲ့ကိစ္စရပ်တွေမှာ လာရောက်ထွက်ဆိုတဲ့ တရားလိုဘက်ကတင်ပြတဲ့ သက်သေတွေ ကိုယ်တိုင်က အမှန်ကိုပင် ထွက်ဆိုနိုင်ခြင်းမရှိဘူးဆိုတာကို ကျွန်တော်တို့တွေ့ရတယ်။ သိမ်းဆီးထားတဲ့ သက်သေခံ ပစ္စည်းတွေကို လည်း မတင်ပြနိုင်ဘဲနဲ့ ဒီဓါတ်ပုံ အထောက်အထားတွေပေါ်မှာ မှုတည်ပြီးတော့ ဒီအမှူကိုစီရင်ဆုံးဖြတ်ဖို့အတွက် တရားရုံး ကလက်ခံစဉ်းစားခဲ့တာက ကျွန်တော်တို့မြန်မာနိုင်ငံ အတွင်းမှာ ပြဌာန်းထားတဲ့ သက်သေခံ ဥပဒေကို အတိအလင်းကျူးလွန်ဖောက်ဖျက်တာ ဆိုတာကို ကျွန်တော်တို့ တရားရုံးစစ်ချက်တွေအရလည်း တွေ့ရတယ် သက်သေခံအထောက်အထား တွေအရလည်း ကျွန်တော်တို့မြင်တွေ့နေရတဲ့ အတွက် ဒီအမှုမှာကျွန်တော်တို့က လက်ရှိအမှုမှာ တင်သွင်းထားတဲ့ သက်သေခံအထောက်အထားတွေပေါ်မှာမှုတည်ပြီးတော့ အပြစ်ပေးတယ်ဆိုရင် လွန်စွာမှ ပင်မှာယွင်းတယ်ဆိုတာ တွေကို ကျွန်တော်တို့ ပြောလိုခြင်းဖြစ်ပါတယ်ခင်ဗျာ။
တရားခံ ကိုဖြိုးဝေအောင်အခင်းဖြစ်ပွားတဲ့အချိန် ဘယ်မှာ ရှိတယ်ဆိုတာကို သူ့ဘက်ကနေပြီးတော့ Allivine သူအထောက်အထားပြတဲ့ဟာကိုလည်း တရားရုံးမှာတင်ပြခွင့်မရဘူး၊ ဆိုတာတွေကို သိရတယ်။ အဲဒါ ဘယ်လိုဖြစ်တာလဲခင်ဗျာ။
ကျွန်တော်တို့အဲဒီ အခင်းဖြစ်ပွားတဲ့အချိန်မှာ ကိုဖြိုးဝေအောင်ဟာ လုပ်ငန်းခွင်ထဲမှာဘဲ အလုပ်လုပ် လျှက်သားရှိ နေပါတယ်။ အဲဒီတော့ အလုပ်တဖက် အတူလုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေကို ကိုဖြိုးဝေအောင်ကို စစ်ကြောမေးမြန်းတဲ့ အောင်သပြေ စစ်ကြောရေးစခန်းကိုခေါ်သွား ပြီးတော့ ကိုဖြိုးဝေအောင်စစ်ကြောမေးမြန်းခြင်းခံနေရတာကို ပြပါတယ်။ နောက်ပြီးတော့ သူတို့ကို မင်းတို့ဒီအတိုင်းမခံချင်လို့ရှင်ရင် ငါတို့ပြောတဲ့အတိုင်းသက်သေထွက်ပေးပါဆိုပြီးတော့ ချိန်းခြောက်ခြင်းခံရတယ်ဆိုတာတွေကို ကျွန်တော်တို့ တွေ့ရှိရပါတယ်ခင်ဗျာ။
အဲဒီလိုချိန်းခြောက်ခြင်းခံရတယ်ဆိုတာတွေကို ဘယ်လိုလို့ ပြီးသိရသလဲ။
ကာယံကံရှင်ကိုတိုင်ကပြောဆိုတာတွေလည်းရှိတယ်၊ နောက်ပြီးတော့ ဒီအလုပ်အတူတူလုပ်နေတဲ့လူတွေရဲ့ သက်သေထွက်ဆိုချက်ကိုလည်းတရားရုံးရှေ့မှာ လာရောက်ပေးတာမဟုတ်ဘဲနဲ့ ကြိုတင် သက်သေခံချက်တွေအနေနဲ့ တသီးခြားတခြားတရားရုံး တွေမှာ ယူပြီးတော့ အဲဒီထွက်ချက်တွေကို ဒီအမှုမှာ သက်သေခံအဖြစ်တင်သွင်းထားတာကိုလည်း ကျွန်တော်တို့တွေ့ရပါတယ်။ ဒါတွေက ကျွန်တော်တို့ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ တရားရုံးများလက်စွဲသက်သေခံဥပဒေ၊ စတာတွေနဲ့ လုံးဝဆန့်ကျင်ပြီးရယူထားတဲ့ သက်သေခံထွက်ချက်တွေဖြစ်တယ်ဆိုတာ ကျွန်တော့ အနေနဲ့ ပြောလိုချင်းဖြစ်ပါတယ် ခင်ဗျာ။
ဒါကတော့ ကိုသိန်းမြတ်ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်ခင်ဗျာ။  

0 comments:

Post a Comment