Tuesday, July 31, 2012

Filled Under: , ,

အာရှ ပါလီမန်ပုဂ္ဂိုလ်များနှင့် ပက်သက်ပြီး ညှင်းပန်းနှိပ်စက်မှုများ အဆုံးသတ်ရပ်တန့်ရန်အတွက် ဆွေးနွေးပွဲ

အာရှ ပါလီမန်ပုဂ္ဂိုလ်များနှင့် ပက်သက်ပြီး ညှင်းပန်းနှိပ်စက်မှုများ အဆုံးသတ်ရပ်တန့်ရန်အတွက်
ဆွေးနွေးပွဲ

ဇူလိုင် ၁၉၊ ၂၀၁၂၊ ဟောင်ကောင်

အာရှနိုင်ငံအတွင်းရှိ ပါလီမန်ပုဂ္ဂိုလ်များသည် မိမိတို့နိုင်ငံအတွင်းတွင် လက်ရှိ ကျယ်ပြန့်စွာဖြစ်ပေါ်နေသည့် ညှင်းပန်းနှိပ်စက်မှုများကို အဆုံးသတ်ရန်အလို့ ဌာ တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ဖြစ်နေသည်။ သုံးရက်တာတွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင်လ ၂၁ ရက်နေ့တွင် ဟောင်ကောင်၊ ကောင်လွန်းဒေသတွင် ပြုလုပ်မည်ဖြစ်သည်။

ဤအစည်းအဝေးပွဲမှာ ကုလသမဂ္ဂ ကြေညာစာတန်း တွင်တစ်ခုအပါအဝင် အဖြစ်ပြဌာန်းထားသောညှင်းပန်းနှိပ်စက်မှုနှင့် အခြားသော လူမဆန်စွာ ပြုလုပ်မှုများ (သို့) အပြစ်ပေးမှုများ ကို ဆန့်ကျင်သောကြေညာစာတန်းအား အဓိက ထားပြီး ငြင်းပန်းနှိပ်စက်မှုကို အဆုံးသတ်လုပ်ဆောင်ရန်အတွက် အရေးကြီးသောခြေလှမ်းတခုဖြစ်ပါသည်။

လာရောက်ပါဝင် ဆွေးနွေးကြမည့် ဘင်္ဂလားဒေ့၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ နီပေါ၊ ပါကစ္စတန်၊ ဖိလပင်း ၊ သီရိလင်္ဂါ နိုင်ငံများမှပါလီမန်ပုဂ္ဂိုလ်များ သည် သူတို့၏ ပါဝင်မှုကို သေချာပြီဟု အကြောင်းပြန်ပြီးဖြစ်သည် ဤဟောင်ကောင်တွင်ကျင်းပသော အစည်းအဝေးပွဲကို တောင်နှင့်အရှေ့တောင်အာရှနိုင်ငံများမှ လူအခွင့်အရေးလှုပ်ရှားမှု နှင့်ပက်သက် ၍ ထင်ရှားသော လူ့အခွင့်အရေး လှုပ်ရှားနေသူတို့ မှလည်း တက်ရောက်ဆွေးနွေးမည်ဖြစ်သည်။

ဤအစီးအဝေးပွဲကို အာရှနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးလူပ်ရှားသူများ ပါဝင်ထားသော အာရှလူ့အခွင့်အရေးကော်မရှင်(Asian Human Rights Commission) နှင့် ဒိန်းမတ်နိုင်ငံမှ ညှင်းပန်းနှိပ်စက်ခံရသူများကို ပြန်လည်နေရာချထားရေးနှင့် သုသေတန ပြုလုပ်သည့်အဖွဲ့ [Rehabilitation and Research Centre for Torture Victims (RCT) ] ဇူလိုင်လ တွင် Asian Alliance against Torture and Ill-treatment (AAAIT) ဟူသော ညီလာခံကို တစုတည်း ပူးပေါင်း၍ကျင်းပမည်ဖြစ်သည်။

ဤ ညီလာခံ၏ ရည်ရွယ်ချက်မှာ အာရှနိုင်ငံများရှိ ဥပဒေပြဌာန်းမှုများနှင့်ပက်သက်၍ အဓိက ကုလသမဂ္ဂ၏ ညှင်းပန်းနှိပ်စက်မှဆိုင်ရာဆန့်ကျင်သောစာချုပ်စာတန်းဖြစ်သည့် United Nation Convention Against Torture (UNCAT) အတွက်ဘယ်လောက်ထိအထောက်အကူပြုသနည်း နှင့် ၊ထို့အပြင် လူမဆန်စွာညှင်းပန်းနှိပ်စက်မှုကို အရေးယူသင့်သည် ဥပဒေများပြဌာန်းဆောင်ရွက်ကို လိုက်သောအခါ မည်သည့်အတိုင်းအတာအထိ လူ့အခွင့်အရေးချိုးဖာက်မှုများကို ကာကွယ်နိုင်မည်ဟူသည့်အကျိုးသက်ရောက်မှုကိုပိုမို သေခြာစေရန်ဖြစ်သည်။

ဂျွန်ကလန်စီ (John Clancey) , AHRC ၏ဥက္ကဌ သည် အထိကသော့ချက်နှင့်ပက်သက်မှုများကို တင်ပြမှာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ RCT အဖွဲ့အစဉ်း၏ ဒါရိုက်တာလည်းဖြစ်သည့် ဒေါက်တာ ဂျန်အိုးလီဟာဂန်ဆင် (Dr. Jan Ole Haagensen)ကလည်း စာတန်းကိုကြေညာမှာဖြစ်သည်။ အဆိုပါ စာတန်းမှာ အာရှတွင် ညင်းပန်းနိုတ်စက်မှုကိုအဆုံးသတ်သွားရန်အတွက် ထိရောက်အောင်ဆောင်ရွက်နိုင်သောနည်းလမ်းများနှင့် ပြုလုပ်ရမည့် ရည်ရွယ်လုပ်ဆောင်ချက်များ ပါဝင်သည်။ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသမှလည်း လူ့အခွင့်အရေးအတွက်လုပ်ဆောင်နေကြသော အထင်ကရ ပုဂ္ဂိုလ်များသည်လည်း သူတို့၏ ထင်မြင်ယူဆချက်များကို ဖော်ထုတ်ဆွေးနွေးမည်ဖြစ်သည်။ ထို့အတူ ဖိတ်ကြားထားသော ဧည့်သည်တော်များဖြစ်ကြသည့် ပါလီမန် ပုဂ္ဂိုလ်များသည်လည်း မိမိတို့နိုင်ငံနှင့်ပက်သက်သောစာတန်းများကို အစီးအဝေးပွဲတွင် ဖတ်ကြားဆွေးနွေးမည်ဖြစ်သည်။

ဒိန်းမတ်နိုင်ငံမှ တရားရေးဝန်ကြီးဌာနတွင်ဝန်ကြီးဖြစ်ခဲ့သော Professor Ole Espersen သည် သူ၏အမှာစကားကို အစီးအဝေးပွဲသို့ပေးပို့ခဲ့ပြီးဖြစ်သည်။ အဖွင့်တွင် “ညှင်းပန်းနှိပ်စက်မှုကို အရေးယူနိုင်သော အခွင့်အရေးဆိုသည်မှာ အမှန်တကယ်တည်ရှိသည်ဟုမဆိုလိုနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ညှင်းပန်းနှိပ်စက်မှုကိုခံရပြီးသူအတွက် ဥပဒေအရကောလုပ်ဆောင်ခြင်းမရှိ၊ အာမခံလည်းမရှိ ၊ ညှင်းပန်းနှိပ်စက်မှုကိုခံရစဉ် ၎င်းအတွက် အပြစ်ရှိသူကို ပြန်လည်ပြစ်ဒဏ်ပေးခြင်းရှိသည့် အခြေအနေအထိ မရောက်နိုင်ခြင်း တို့ကြောင့်ဖြစ်သည်။ ထပ်မံ၍ သူက နိုင်ငံထဲတွင် ညှင်းပန်းနှိပ်စက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အဆုံးသတ်စေရန်အတွက်အရေးကြီးဆောင်ရွက်ရမည့် ပုဂ္ဂိုလ်များမှာ ပါလီမန်နှင့်အစိုးရမှာ အဓိကတာဝန်ရှိသူများဖြစ်သည်ဟုသူ၏ အမှာစာထဲတွင်ပြောကြားထားသည်။

အာရှနိုင်ငံများမှ ပါလီမန် ပုဂ္ဂိုလ်များ လာမည်ဖြစ်သော ဟောင်ကောင်တွင်ပြု လုပ်မည့် အစီးအဝေးပွဲ၏ တခုတည်းသောရည်ရွယ်ချက်မှာ ညှင်းပန်းနှိပ်စက်မှုကိုအဆုံးသတ်ရန်အတွက်ဖြစ်နိုင်ခြေရှိသော နည်းလမ်းများကိုမည်သို့မည်ပုံဖြင့် ပြုလုပ်သင့်သည်ကိုဆွေးနွေးမည်ဖြစ်သောကြောင့် ကြုံတောင့်ကြုံခဲသည့်တွေ့ဆုံဆွေးနွေးပွဲဖြစ်သည်။

0 comments:

Post a Comment