အခု ဒီတပတ် လက်ပတောင်းတောင်စီမံကိန်းကိစ္စနှင့်ပက်သက်ပြီးဆွေးနွေးကြမှာပါ။
မေး။ ။ လောလောဆယ်
လိုင်းပေါ်မှာ ရှေ့နေဦးမင်းလွင်ဦးရှိပါတယ်။
ကိုမင်းလွင်ဦးရေ ခုနကကျွန်တော်ပြောသလိုပေါ့
ခုနက လက်ပတောင်းတောင်ကိစ္စကအခုမှတော့ဖြစ်လာတာ
ဒါပေမယ့် စီမံကိန်းတွေက
ဟိုအရင်တုန်းကတည်းကရှိခဲ့တယ်လို့
သိရပါတယ်။ ဒါနဲ့ပက်သက်ပြီးတော့
ဦးမင်းလွင်ဦးတို့ကလည်း အစီရင်ခံစာတွေထုတ်ထားတယ်ဆိုတော့
ဒီကိစ္စရဲ့နောက်ကြောင်းအခြေအနေလေးကို
ရှင်းပြပေးပါ။ နောက်ဆုံးဦးပိုင်ကနေဒီကနေ့အခြေအနေထိပေါ့။
ဦးမင်းလွင်။ ။ ကျွန်တော်တို့
ဒီ မုံရွာ၊
လက်ပတောင်းတောင်စီမံကိန်းက
အခုမှ စပြီးချက်ခြင်းပေါ်ပေါက်လာတာမဟုတ်ပါဘူး။
ဒီကိစ္စကဖြစ်နေတာ တော်တော်ကြာပါပြီ။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကတည်းက ၊
ဦးနေ၀င်းလက်ထက်မှာကတည်းက ဒါက
ယူကိုဆလားဗီးယားနဲ့ ပေါင်းပြီးတော့
လုပ်ဆောင်ခဲ့တဲ့ ကိစ္စလေးဖြစ်ပါတယ်။
အဲဒီလိုပူးပေါင်းလုပ်ဆောင်ရာမှာတော့
ဒီလောက်ထိ ကြီးကြီး
ကျယ်ကျယ် စီးပွားရေးအရထုတ်ယူသုံးစွဲနိုင်ခွင့်မရှိခဲ့ဘူး။
ဒါကြောင့်လည်း ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ
စစ်အစိုးရအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ
သူတို့ကအနေပြီးတော့ ဒီစီမံကိန်းကို
ဆက်လက်လုပ်ကိုင်နိုင်ဖို့ အတွက်
ကနေဒါမှာအခြေစိုက်တဲ့ အိုင်ဗင်ဟိုCompany
နဲ့ ဒီစီမံကိန်းကို
ဆောင်ရွက်တယ်ဆိုတာ ကျွန်တော်တို့သိရတယ်။
အဲဒီလိုဆောင်ရွက်တဲ့အခါမှာ အနောက်နိုင်ငံတွေရဲ့စီးပွားရေးပိတ်ဆိှု့ဖိအားပေးတဲ့ကိစ္စ
တို့အပြင်၊ ကနေဒါနိုင်ငံမှာရှိတဲ့
လူ့အခွင့်အရေးလုပ်ရှားသူတွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့သူတွေက တောင်းဆိုလာကြတယ်။
ဒါ့အပြင် ကနေဒါ လူထုနဲ့၊
အစိုးရကိုယ်တိုင်က ဖိအားပေးလာတဲ့အတွက်
အိုင်ဗင်ဟို
company က မြန်မာနိုင်ငံအတွင်းမှာ
လုပ်ဆောင်နေတဲ့ ကြေးနီထုတ်လုပ်ရေးလုပ်ငန်းကို
ရပ်ဆိုင်းပြီးတော့ ထွက်ခွာသွားရတယ်ဆိုတာ
ကျွန်တော်တို့တွေ့ရတယ်။ အဲဒီနောက်
၂၀၀၁ ခုနှစ်မှာ
ဦးပိုင်Company ကနေပြီးတော့
လယ်ယာမြေ အနှစ်ခြောက်ဆယ်ဂရံနဲ့
ငှားတဲ့အတွက် ဦးပိုင်မြေပေါက်တယ်ဆိုတာသိရတယ်။
အဲဒီလိုဖြစ်ပေမယ့် ဆက်လက်လုပ်ဆောင်နိုင်ခွင့်မရှိသေးဘဲနဲ့
လုပ်ဆောင်နိုင်တဲ့ လူတွေကို
လိုက်ရှာကြည့်တဲ့အခါမှာ အခုတရုပ်
ဝမ်ပေါင်company နဲ့ဆက်သွယ်ရတော့
နိုင်ငံတော် စီမံကိန်းဆိုပြီးတော့
ဆောင်ရွက်လာတာဖြစ်တယ်။ ပထမဦးဆုံး
စစ်အစိုးရ လက်ထက်မှာ
သတ္တုတွင်း ဝန်ကြီးဌာနလက်အောက်က
နေပြီးတော့ ကြေးနီထုတ်လုပ်ဖို့လုပ်ငန်းတွေလုပ်လာတယ်။
သို့သော် ပြဿနာကြီးကြီးမားမားမဖြစ်ခဲ့ပါဘူး။
ဒီတော့ စစ်အစိုးရကနေပြီးတော့
ဒီမိုဂရေစီဖော်ဆောင်မယ့် အစိုးရသစ်ကို
လုပ်တဲ့ကာလအတွင်းမှာ ဒီနိုင်ငံတော်အစိုးရက
အရှံးပေါ်နေတဲ့ စက်မှုလုပ်ငန်းတွေ
၊ဝန်ကြီးဌာနရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကို
ပုဂ္ဂလိကတွေကို
လွဲပြောင်းပေးမယ်ဆိုပြီးဖြစ်လာတဲ့အခါမှာ
ယခင်တပ်မတော်သားဟောင်းတွေပါဝင်တဲ့
မြန်မာစီးပွားရေးဦးပိုင်ကုမ္မဏီလိမိတက်
တွေကဘဲတော်တော်များများကို
ရရှိသွားတာဖြစ်တယ်။ အဲဒီလိုရရှိသွားတဲ့အခါမှာ
ဝမ်ပေါင် တရုပ်အစိုးရရဲ့
Company နဲ့ ပေါင်းလုပ်ဆောင်မယ်ဆိုပြီး
စာချုပ်တွေချုပ်တွေချုပ်တယ်၊ တောင်သူလယ်သမားတွေကို
လယ်ယာမြေတွေအတွင်းမှာ သုံးနှစ်အတွင်း
ကားတွေဖြတ်သန်းသွားလာတယ်။ လမ်းတွေဖောက်လုပ်မယ်။
ဒါတွေကြောင့်နစ်နာတဲ့ အတွက် လယ်ယာမြေစိုက်ပျိုးသီးနှံ
တွေကို သုံးနှစ်စာ
လျှော်ကြေးပေးတယ် ဆိုတာကျွန်တော်တို့သိရပါတယ်။ နောက်ပိုင်းကျွန်တော်တို့သိရတာက
သုံးနှစ်စာမဟုတ်ဘဲနဲ့ နှစ် ၆၀
ရထားတဲ့ဂရံ ၊ နှစ်
၆၀ နီးပါးအသုံးပြုမယ့်ကိစ္စရပ်တွေဖြစ်လာတဲ့အတွက်ကြောင့်
နောက်ပိုင်းမှာ ဦးပိုင်ကုမ္ပဏီလိမိတက်ကနေပြီးတော့
တရုပ် ၀မ်ပေါင်
တွေကို လုံးဝလွဲအပ်ပေးလိုက်တဲ့အချိန်မှာ
နိုင်ငံခြားသားတွေဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက
ဒီလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နိုင်ဖို့အတွက်
ဒီလယ်ယာမြေတွေကို သိမ်းယူမှုတွေရှိလာတယ်။
ဘုန်းကြီးကျောင်းတွေကို ချိတ်ပိတ်တယ်။
စက်ရုံတွေဆောက်လုပ်လာတယ်။ ဒါတွေက
၂၀၁၁ နဲ့ ၂၀၁၂
ကြားမှာ ဖြစ်လာတဲ့
ကိစ္စရပ်တွေဖြစ်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်။
မေး။ ။ဒါတွေကတော့
နောက်ခံအကြောင်းပေါ့နော်။ အခုကျွန်တော်တို့လေလိုင်းပေါ်မှာ
ပင်တိုင်ဆွေးနွေးပေးမယ့် ကိုမင်းထက်ငြိမ်းချမ်းပါ။
သူဟာ မန္တလေးအခြေစိုက်စာနယ်ဇင်းသမားပါ။
နောက်သဘာဝပတ်ဝန်းကျင်မှာ လုပ်ရှားနေသူတဦးပါ။
ဒီကိစ္စနဲ့ပက်သက်ပြီးတော့ နောက်ဆုံး
လယ်သမားတွေရဲ့နစ်နာမှုနဲ့၊ လယ်သမားတွေလိုလားချက်က
ဘယ်လိုပြောလို့ရမလဲ။
ကိုမင်းထက်ငြိမ်းချမ်း။ ။ အဓိကအစောပိုင်းတွေမှာ
ပွင့်လင်းမြင်သာမှုမရှိဘူး။ ပြီးခဲ့တဲ့အစိုးရလက်ထက်မှာတုန်းက
အကြောက်တရားတွေနဲ့ဖြစ်နေကြတယ်။ အဲဒီကာလတွေမှာ
လျှော်ကြေးပေးတယ်ဆိုတာတွေက ရှင်းရှင်းလင်းလင်းမသိခဲ့ရဘူး။
သုံးနှစ်စာလိုလို နှစ်သုံးဆယ်စာလိုလို
အခုပျက်စီးခဲ့တဲ့ သီးနှံတွေအတွက်လျှော်ကြေးလိုလို။
ဒါပေမယ့် အဲဒီလျှော်ကြေးတွေကိုသေခြာပြောခဲ့တာမဟုတ်ဘူး။
ကျွန်တော်တို့အချုပ်ပြောရမယ်ဆိုရင်တော့
လက်ပတောင်းတောင်ဒေသတဝိုက်မှာရှိတဲ့
ရွာသူရွာသားတွေက သူတို့ရဲ့နေထိုင်ရာဇာတိ
ကနေ လက် တဖဝါးမှ
မခွာလိုပါဘူး။ အထူးသဖြင့်သူတို့လုပ်ကိုင်စားသောက်နေတဲ့
ရာသီ သီးနှံတွေနဲ့
သူတို့ရဲ့ယာသီ သီးနှံလေးတွေနဲ့ဘဲနေချင်တာပါ။
ကျွန်တော်တို့မြန်မာလူမျိုးတွေမှာရှိတတ်တဲ့
ကိုယ့်နေရာ၊ ကိုယ့်ဒေသနဲ့
၊ ကိုယ့်အဖိုးဖွားတို့ရဲ့မြေနေရာ
ကိုတောက်လျှောက်ထိန်းသိမ်းချင်တာပါ။
အထူးသဖြင့် ကျွန်တော်တို့
ဗုဒ္ဒါဘာသာမှာ လယ်တီသာသနာ
တော်ကြီးရဲ့ထွန်းကားခဲ့တဲ့၊ ကျမ်းတွေနဲ့
ပြုစုတရားကျင့်လာခဲ့ရာ အင်မတန်မှမြတ်နိုးစရာနေရာတွေရှိပါတယ်။
ဒေသခံတွေက ဒီနေရာကနေမစွန့်ခွာလိုပါဘူး။
ကျွန်တော်တို့သိရသလောက်က လျှော်ကြေးတွေဆိုတာလည်း
လုံခြံမှူမရှိသလို၊ လက်ရှိကဒေသခံတွေက
သူတို့ရဲ့နေရာမှာ ဖွံ့ဖြိုးဖို့ကိုဘဲလိုချင်ကြတာပါ။
မေး။ ။ ကျွန်တော်တို့
ဟိုတနေ့ကဘဲ သတင်းလုပ်ထားတာရှိပါတယ်။
စီးပွားရေး ဦးပိုင်ကုမ္မဏီကဘဲ
တာဝန်ရှိသူတဦးကတော့ ဒီကိစ္စနဲ့ပက်သက်ပြီး
လယ်သမားတွေဆန္ဒတွေကပြနေကြတယ်။ ဒါပေမယ့်
သူတို့ရဲ့လုပ်ငန်းတွေကိုတော့ ရပ်တန့်လို့မရဘူးလို့ပြောတယ်။
သူတို့ဥပဒေနဲ့အညီဆောင်ရွက်နေတာဖြစ်တယ်။
တဖက်မှာ လယ်သမားတွေနဲ့ဖြစ်နေတဲ့ကိစ္စရပ်ကို
ဖြေရှင်းဖို့အဖြေရှာနေတယ်လို့တော့ပြောပါတယ်ခင်ဗျာ။
ဒီအပေါ်မှာကော လယ်သမားတွေဘက်က
ဘယ်လိုသဘောထားရှိနိုင်ပါသလဲ။
ကိုမင်းထက်ငြိမ်းချမ်း။ ။ အကြမ်းအားဖြင့်တော့
ဒီ စီမံကိန်းတွေကနေရလာတဲ့
အကျိုးအပြစ်၊ ရလဒ် တွေကို
ဒေသခံတွေ၊ ပြည်သူတွေ၊
ပတ်ဝန်းကျင်ထိန်းသိမ်းတဲ့သူ အားလုံးက
ရှင်းရှင်းလင်းလင်းသိထားဖို့လိုပါတယ်။
ဒါမှသာလျှင် အကျိုးအပြစ်တွေကို
ကျွန်တော်တို့က ဝိုင်းဝန်းသုံးသပ်ကြရမှာဖြစ်ပါတယ်။
အခုဆိုပြဿနာတွေတက်လာခါမှ ကျွန်တော်တို့ဖြေရှင်းကြတဲ့အခါမှာ
ပဋိပက္ခ တွေအပြင်
တဖက်ကလည်း ဥပဒေစိုးမိုးရေး၊
တည်ငြိမ်အေးချမ်းရေးကို ရှေ့တည်လိုက်တဲ့အတွက်
ဟို ရိုးရိုးသားသားဆန္ဒဖော်ထုတ်မှူတွေက တဖက်ကကြည့်ရင်
ဆူပူမှုအသွင်ဆောင်တယ်လို့ ဖြစ်လာပါတယ်။
လယ်သမားတွေရဲ့ ဆန္ဒတွေကိုသိအောင်
တကယ်ကွင်းဆင်းလေ့လာဖို့လိုပါတယ်။
တဖက်မှာလည်း လုပ်ခဲ့ပြီးခါမှ
ဒါကိုမရှင်းနိုင်ဘူးဆိုရင် ဒါတွေက
သူတို့အခက်အခဲကို နားလည်နိုင်တယ်ဆိုရင်
မှုလကနဦးအတည်းက ပြေပြေလည်လည်ရှင်းရှင်းလင်းလင်း
တွေမလုပ်ခဲ့ထားတဲ့အတွက် ချီတက်ပြီးနောက်မဆုတ်နိုင်ဘူးဖြစ်တာပေါ့ခင်ဗျာ။
အခုဆိုရင် ဒေသကို မစွန့်ခွာလိုတဲ့ဆန္ဒကို
လေးစားရမယ် ဆိုတာ ပထမအချက်ပါ
။ ဒုတိယကတော့
မဖြစ်မနေဖယ်ရှားပြစ်ရမယ် ဆိုရင် လည်း
လက်ရှိအဆင့်အတန်းကနေ နိမ့်မကျသွားနိုင်တဲ့
အနေအထား ၊ မဟုတ်ရင်လည်း
ပိုပြီးကောင်း မွန်တဲ့ပတ်ဝန်းကျင်အနေအထားကို
ဖန်တီးပေးရမယ်။ ဒါဟာလည်း
ကိုယ့်စိတ်ကူးတွေကို အခြေခံမထားဘဲနဲ့
ဒေသခံတွေရဲ့ သဘောထားကိုသိရမှာပါ။
ဒါတွေက ဖြစ်သင့်ဖြစ်ထိုက်တဲ့အခြေအနေတွေကို
သုံးပြီးမှ လက်တွေ့မှာသိဖို့လိုပါတယ်။
ဒါတွေက ပြည်သူ့ရဲ့ဆန္ဒကို
အတွင်းကျကျ တကယ်လိုက်နာမယ်ဆိုရင်
ဒေသခံတွေနဲ့ဆွေးနွေးပွဲတွေ၊ ညှိနိုင်းပွဲတွေနဲ့အတူ
ရလဒ်တွေကို ကျကျနနလေ့လာလိုက်မယ်ဆိုရင်
ဒီထက်ကောင်းတဲ့အလားအလာကိုရောက်ရှိနိုင်ပါတယ်။
အခုအခြေအနေက ပြဿနာဖြစ်ပြီးမှ
လုပ်တယ်ဆိုတော့ ရေရှည်စီမံချက်မျိုးတွေမလုပ်ခဲ့လို့ထင်ပါတယ်။
မေး။ ။ ဦးမင်းလွင်ဦးခင်ဗျာ
ဥပဒေအကြောင်းအရာနဲ့ပက်သက်ပြီးတော့
မေးချင်ပါတယ်ခင်ဗျာ။ ဦးပိုင်လိမိတက်က
တာဝန်ရှိသူ ကျွန်တော်သိရသလောက်က
မနေ့က သူတို့ ရိုက်တာ မှာပြောတာကတော့
ကြေးနီလုပ်ငန်းဆိုင်ရာသူကအကြီးအကဲပါ။
သူက ဦးမြင့်အောင်ပါ။
သူတို့ကတော့ ဒါဟာ ဥပဒေကြောင်းအရလုပ်နေတာပါ
ရပ်လို့မရဘူးလို့ပြောပါတယ်။ ဥပဒေကြောင်းအရဆိုလို့ရှင်ရင်
ဒီလုပ်ငန်းကို လယ်သမားတွေကရပ်တန့်စေချင်တယ်။
ဒါပေမယ့် ဟိုဘက်ကတော့
စာချုပ်နဲ့မို့လို့ ရပ်လို့မရဘူးလို့
ပြောပါတယ်။ ဒါဆိုရင်
ဥပဒေကြောင်းအရဆိုရင် ဘယ်လိုဖြေရှင်းနိုင်မလဲ။
ဦးမင်းလွင်ဦး။ ။ကျွန်တော်တို့ဒီဥပဒေကြောင်းအရပြောမယ်ဆိုလို့ရှင်ရင်
ဒါတွေက နိုင်ငံတော်ပိုင်စီးပွားရေး
လုပ်ငန်း တွေဖြစ်တယ်။
နိုင်ငံတော်ကနေတာဝန်ယူပြီးတော့ ဆောင်ရွက်တဲ့ကိစ္စတွေဖြစ်တယ်ဆိုလို့ရှင်တော့
ရပ်လို့မရပါဘူး။ သို့သော်
မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်က
နိုင်ငံတော်ပိုင်လုပ်ငန်းမဟုတ်ပါဘူး။ နိုင်ငံတော်စီမံကိန်းကို
အကောင်အထည်ဖော်တဲ့နေရာမှာ တစိတ်တပိုင်း
ပါဝင်တာဘဲဖြစ်ပါတယ်။ တကယ်လို့သာ
သတ္တုတွင်းဝန်ကြီးဌာနက နေပြီးတော့
နိုင်ငံတော်စီမံကိန်းနဲ့ဆက်လက် ဆောင်ရွက်
နေတယ်ဆိုလို့ရှင်ရင် ဒီလယ်သမား
တွေရဲ့ဘဝ မြုင့် တင်ပေးဖို့လိုတယ်။
လယ်သမားတွေကို မြေရာအစားပြန်ပေးဖို့လိုတယ်။
ထိုက်သင့်တဲ့ လျှော်ကြေးတွေပေးဖို့လိုတယ်။
နေထိုင်ဖို့အတွက် နေရာထိုင်ခင်းတွေအားလုံး
ဆောင်ရွက်စီမံပေးဖို့လိုတယ်။ နောက်ပြီး
အဲဒီဒေသမှာ မဖွံဖြိုးသေးရင်
ဆေးရုံ၊ကျောင်း အစရှိသဖြင့်အားလုံး
ကို ဖွံဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးဖို့လိုပါတယ်။
ဒါတွေက ကျွန်တော်တို့
အစိုးရ အဆင့်ဆင့်လက်ထက်မှာ
ကတိတွေအတန်တန်ပေးပြီးတော့ အခုမှအကောင်အထည်
မဖော်ခဲ့တာတွေ က အများကြီး
သာဓက ဖြစ်နေတဲ့အတွက်
ပြည်သူတွေက လုံးဝ ယုံကြည်မှုမရှိဘူးဆိုတာ
ကျွန်တော်တို့တွေ့ရတယ်။ တကယ်လို့သာ
နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းဖြစ်တယ်
နိုင်ငံတော်ရဲ့ စီမံကိန်းတခုဖြစ်တယ်ဆိုရင်
၊ နိုင်ငံတော်ကနေပြီးတော့
အစောက ကိစ္စတွေကို
စီမံဆောင်ရွက်ပေးတယ် ဆို့လို့ရှင်ရင်
တော့ တစိတ်တပိုင်းပြေလည်နိုင်မှုရှိပါတယ်။
ဦးပိုင်က ကျွန်တော်တို့ရဲ့
နိုင်ငံတော်စီးပွားရေး လုပ်ငန်းမဟုတ်ဘူး။
သူတို့ရဲ့အကျိုးစီးပွားအတွက်သာလုပ်နေခြင်းဖြစ်တယ်။
မေး။ ။ဟုတ်ကဲ့။
ကျွန်တော်တို့ဒီလေလိုင်းဆွေးနွေးဖို့ဆိုပြီးတော့
သောတရှင်တချို့လေလိုင်းပေါ်မှာရောက်နေပါတယ်။
ဒေါ်မိမိအေး က မိတ္ထီလာမြို့ကပါ။
ဒီအကြောင်းနဲ့ပက်သက်လို့ ဆွေးနွေးချင်တာ၊
တင်ပြချင်တာ၊ မေးမြန်းချင်တာကို
ပြောပါ။
ဒေါ်မိမိအေး
။ ။
အခု ဒီလက်ပတောင်းတောင်ကြေးနီစီမံကိန်းမှာက
တရုတ်ကုမ္မဏီရင်းနှီးမြုံနှံမှုမှာက
၅၁ % ၊ မြန့်မာစီးပွားရေးဦးပိုင်
ကုမ္မဏီက ၄၉% ဆိုပြီးဖော်ပြထားတဲ့စာမှာ
ကျွန်မတို့တွေ့ရှိရတာ။ ဦးပိုင်က
တာဝန်ရှိတဲ့ ဦးမြင့်အောင်က
ပြီးခဲ့တဲ့အပတ်က ပြောကြားချက်ကို
Messenger မှာတင်ပြထားတာက ‘ ဒါကရပ်လို့မရဘူးတဲ့
နိုင်ငံတော်ရဲ့အကျိုး၊ ဒေသအကျိုး
ဖြစ်လို့တဲ့’ ။ သူက
မျက်စိစုံမှိတ်ပြီးတော့ ဒေသဖွံဖြိုးရေးအကျိုးအတွက်ပြောနေတာ
ကျွန်မတို့ပြန်ကြည့်လိုက်မယ်ဆိုရင်
အဲဒီနေရာကိုရောက်ခဲ့တယ်။ လွန်ခဲ့သော
နှစ်၂၀ ၊၁၈ နှစ်တုန်းကဆိုရင်
ဧက ၄၀လောက်ရှိတဲ့တောင်ကို
တူးလိုက်တဲ့အတွက် ဧက ၇၀
လောက်ရှိသွားတယ်။ အဲဒီကမြေတွေကို
ဖျက်လိုက်တဲ့အခါမှာဧက ၇၀၀ လောက်ရှိသွားတယ်။
နောက်ကျတော့ ဧက ၃၀၀၀လောက်ဖြစ်သွားတယ်။
အခု တောင် ၃၃လုံးရှိတဲ့
နဒေါင်းတောင်ကြေးနီစီမံကိန်းက ဧက
၁၅၀၀ ရှိတယ်။
အခုသာ ရွာလေးရွာကိုအသစ်နေရာသာရွေ့တာ
နောင်တချိန်မှာ အဲဒီနေရာတွေမှာ
မြေတွေက ဆက်ပြီးတော့
ပုံနေမှာ။ ရွာတွေရဲ့ဒေသဖွင့်ဖြိုးရေးအတွက်ကတော့
မဟုတ်တာလည်းပေါ်လွင်နေပါတယ်။ အခုတော့
ဒီဒေသတွေမှာ လေထု၊မြေထု၊ရေထုပျက်စီးသွားတယ်။
ရေချိုလုံးဝမရတော့ဘူး။ မြေပေါ်တွေမှာလည်းစိုက်ပျိုးလို့မရတော့ဘူး။ ကျွန်မတို့ကိုယ်တွေ့
မြေရာတွေလည်း ဧကထောင်ချီပြီးတော့
စိုက်လို့မရတော့ဘူး။ ကျွန်မပြောချင်တာက
နိုင်ငံတိုးတက်ဖို့အတွက် စီးပွားရေးလုပ်တာကို
လက်ခံချင်ပါတယ်။ တကယ်ဘဲ ပြည်သူတွေကို
အကျိုးပြုဖို့ဆိုရင်။ သို့သော်
အခုဖြစ်ရပ်မှာ ဦးပိုင်ကုမ္မဏီလိမိတက်ဆိုတာက
တကယ့်တပ်မတော်သားတွေနောက်ခံပြုထားတာဖြစ်နေတယ်။
နောက်ပြီး ဘယ်သူနဲ့ယှဉ်
ဦးပိုင်က ကျွန်မတို့နိုင်ငံမှာ
စီးပွားရေးလုပ်ငန်းတွေရယူနေခဲ့တယ်။
တကယ့်တကယ်ကျတော့ သူတို့က
စီးပွားရေးလုပ်ခွင့် ပါမစ်တွေကို
ရောင်စားနေတာ။
မေး။ ။ ကျွန်တော်ထပ်မေးချင်တာက
ခုနကပြောသွားတဲ့အထဲမှာ တရုတ်ကုမ္မဏီရင်းနှီးမြုံနှံမှုမှာက
၅၁ % ၊ မြန့်မာစီးပွားရေးဦးပိုင်
ကုမ္မဏီက ၄၉% ပြောသွားတယ်နော်။
တချို့ပြောနေတာကျတော့ ဒီလုပ်ငန်းအတော်များများကို
ဦးပိုင်က ရောင်းလိုက်ပြီးတော့
တရုပ်ကဘဲ အဓိကလုပ်နေတယ်လို့ပြောပါတယ်။
ဒေါ်မိမိအေးတို့မြင်တာ အဓိက ဘယ်သူကလုပ်နေတာလဲ။
ဒေါ်မိမိအေး
။ ။
ဟုတ်ပါတယ်။ နေရာ အတော်များများကို
ဦးပိုင်က ရောင်းလိုက်ပြီးတော့
တရုပ်ကဘဲ ပိုင်တယ်ဆိုတော့
သူတို့ဘက်ကတော့ အတော်လေးကိုကောင်းစားနေပြီး၊
တကယ့် ရွာသူရွာသားတွေကတော့
တော်တော်လေးကို ဒုက္ခတွေရောက်နေပါတယ်။
တရုပ်တွေကဘဲပိုင်တယ်ဆိုတော့ ဘယ်သူက
ကျွန်မတို့ဘက်မှာရှိတော့မလဲ။ တကယ်တန်းကျတော့
ကျွန်မတို့ နိုင်ငံမှာ
အဓိက ပြဿနာကျတော့
ပြည်တွင်းငြိမ်းချမ်းရေးလို့ဘဲပြောနေတာ
တကယ်တန်းကျတော့ တန်းတူအခွင့်အရေးရဖို့ပြောနေတာ။
ဒီလယ်သမားပြဿနာက ငြိမ်းချမ်းရေးထက်ပိုအရေးကြီးတဲ့ပြဿနာ၊
မတရားခံနေရတဲ့ ပြဿနာ၊ လူမျိုးတိုင်းခံနေရတဲ့
ပြဿနာ ။ ဆိုတော့
ကျွန်မတို့တိုင်းပြည်အတွက်ဆိုလို့ရှင်ရင်
နယ်မြေတောတောင်သဘာဝတွေကို ကာကွယ်စောင့်ရှောက်ဖို့ကျွန်မတို့မှာ
တာဝန်ရှိတယ်။ ဒီကိစ္စကို
တကမ္ဘာလုံးသိအောင်လုပ်ရမှာ။ ကျွန်မတို့ကလည်း
လုပ်ငန်းတခုလုံးရပ်ဆိုင်းသွားအောင်လုပ်ရမယ်။
အခုလက်မှတ်ထိုးလှုပ်ရှားမှုလည်းလုပ်နေပြီ
။ လူကြီးတွေသိအောင်လည်းလုပ်သွားမယ်။
မေး။ ။ ဟုတ်ကဲ့။
ဒေါ်မိမိအေး ကျေးဇူးတင်ပါတယ်။
နောက်တယောက်က ဦးအုန်းကျော်ပါ။
ဦးအုန်းကျော်ဆွေးနွေးပါ။
ဦးအုန်းကျော်။ ။ ကျွန်တော်အလေးနက်ထားပြောချင်တာက
အကျိုးအကြောင်းဆက်စပ်ပြီးတော့ပါ။
တချိန်က လယ်သမားလူတန်းစားဟာ
နေမဝင်အင်ပါယာရှင် တွေကို ဆရာစံ
က ဦးဆောင်ပြီးတော့
တော်လှန်ခဲ့ကြတာပါ။ ဒီအစဉ်အလာရှိပါတယ်။
နောက်ပြီးလယ်သမားညီလာခံကြီးတွေ ကျင်းပပြီးတော့
ဦးကြီးများအဖြစ်လေးစားခံရသူများလည်းဖြစ်ပါတယ်။
တိုင်းပြည်ရဲ့ ကျေးဇူးရှင်များအဖြစ်
အသိအမှတ်ပြုခံခဲ့ရသူများဖြစ်သည်။
တိုင်းပြည်ရဲ့ ၈၀ % လူများစု
လည်းဖြစ်ခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းကလည်းလွတ်လပ်ရေးမှာ
လယ်သမားရဲ့အကျိုးစီးပွားပါမှ ပြည့်စုံတယ်ဆိုတာပြောခဲ့တယ်။
စာရေးဆရာ ဒေါက်တာရွှေ
ကလည်း လမ်းပေါ်က
ကားတွေ ဟာ စပါးနဲ့လဲထားတာဆိုပြီး
တင်စားခဲ့ပါတယ်။ အခု နိုင်ငံတော်အနေနဲ့ကြေးနီစီမံကိန်း
လယ်သမားတွေရဲ့ လူတန်းစားလက္ခဏာနဲ့၊
ဂုဏ်အင်္ဂါကို လေးစားလိုက်နာမှသာ
ကြေးနီစီမံကိန်း မှာရလာမဲ့
အကျိုးနဲ့ ပျက်စီးမဲ့ဟာတွေကို
ချိန်စပြီးတော့ လယ်သမားများ
မနစ်နာအောင် စီမံပေးသင့်ပါတယ်။
လယ်သမားတွေ လယ်ယာဆုံးတဲ့ဘဝရောက်
သဘာဝပတ်ဝန်းလည်းများစွာပျက်စီးမယ်၊ကျမ်းမာရေးတွေကလည်း
သားစဉ်မြေးဆက်ခံရမယ်ဆိုရင် သူတို့အများကြီး
စဉ်းစားသင့်ပါတယ်။ လဝသ၊ နအဖ
ခေတ်မှာလည်းလယ်သမားတွေက ကပ်ကြီး
သုံးပါးခံနေရတာ ကြာလှပါပြီ။
ဆိုတော့ နိုင်ငံတော်သမ္မတကြီးနဲ့
အစိုးရအဖွဲ့ဟာ အမြန်ဆုံးကယ်တင်ပေးပါလို့
ရိုသေစွာအစီရင်ခံပါတယ်။
မေး။ ။ ကျေးဇူးတင်ပါတယ်။
ဒီလေလှိုင်းဆွေးနွေးပွဲထဲမှာ ပင်တိုင်ဖိတ်ခေါ်ထားတဲ့
ဘကသ ကျောင်းသားခေါင်းဆောင်
မုံရွာမြို့ကပါ။ ကိုနွေဦးကိုပါ။
ကိုနွေဦးကိုတို့ ဘကသတွေလည်း
ဒီလှုပ်ရှားမှုမှာ အတော်လေးတက်တက်ကြွကြွ
ပါဝင်ကြတာ မှုံရွာ၊
မန္တလေးအုပ်စုတွေပါဝင်ကြတာတွေ့ရပါတယ်။
ကိုယ်တိုင်ကွင်းဆင်းခဲ့ကြတယ်ဆိုတော့
လယ်သမားတွေရဲ့အခြေအနေ၊ ခံစားမှု
၊ သူတို့တွေရဲ့အမြင်ကိုနဲနဲလေးပြောပေးလို့ရမလား။
မနေ့ကတော့ ပြန်လွတ်ပေးလိုက်တဲ့လူတွေရှိပါတယ်။
အဲဒီအပေါ်မှာ ဘယ်လိုမြင်သလဲ။
သူတို့ဘာဆန္ဒတွေဆက်ရှိသေးသလဲဆိုတာ။
ကိုနွေဦးကို။ ။ ကျွန်တော်တို့တကယ်ဘဲလယ်သမားတွေနဲ့
လုပ်ဆောင်တဲ့အခါမှာ သူတို့ရဲ့ဆန္ဒတွေ၊
တောင်းဆိုချက် ၃ ချက်ကို
တွေ့ရပါတယ်။ ဖမ်းဆီးထားတဲ့
၃ယောက်ကို လွတ်ပေးဖို့
၊ ဒီကိစ္စနဲ့
ပက်သက်ပြီးနောက်ဆက်တွဲ ဖြစ်လာတာတွေကို
အစိုးရက ဖမ်းဆီးတာတွေမလုပ်ဖို့
တောင်းဆိုတယ်။ နောက်ဆုံးတချက်က
လက်ပတောင်းတောင် ကြေးနီစီမံကိန်း
အမြန်ရပ်တန့်ဖို့တောင်းဆိုပါတယ်။
အခုကတော့ ပထမနှစ်ချက်ကိုရပြီဆိုတော့
တစုံတရာ ကျွန်တော်တို့ကျေနပ်မှုတော့ရပါပြီ။
ဒီအချက်နှစ်ချက်ကလည်း လက်ပတောင်းတောင်
ကြေးနီစီမံကိန်း အမြန်ရပ်တန့်ဖို့
လုပ်ရင်းနဲ့ဖြစ်လာတဲ့အတွက် ဒါဟာကျေနပ်ဖွယ်အရာမဟုတ်ပေမယ့်ကျေနပ်ခဲ့ရပါတယ်။
ဒါပေမယ့် ရှေ့လျှောက်
လက်ပတောင်းတောင် ကြေးနီစီမံကိန်း
အမြန်ရပ်တန့်ဖို့အတွက်ကို ကျောင်းသားတွေကော၊
လယ်သမားတွေရဲ့ကြိုးစားမှုတွေနဲ့ ကျွန်တော်တို့
ဆက်လက်လုပ်ဆောင်သွားပါမယ်။ အခုဆိုရင်
လယ်သမားတွေက သူတို့ထိန်းသိမ်းခံရတုန်းက
ဘယ်လောက်ဘဲ နှိပ်ဆက်ခံခဲ့ရတယ်။
သူတို့အမျိုးမျိုး စစ်ကြောရေးမှာ
ခံခဲ့ရတယ်ဆိုပေမယ့် သူတို့ ပါးစပ်ကပြန်ထွက်လာတာဘာတွေလဲဆိုတော့
ဒီတိုက်ပွဲကို ပြီးအောင်တိုက်မယ်၊
ရအောင်တိုက်မယ်၊ အသေတိုက်မယ်ဆိုပြီးတော့
ထွက်လာကြတယ်။
မေး။ ။ ဟုတ်ကဲ့။
ပြီးအောင်တိုက်မယ်ဆိုတော့ ဘယ်လိုလားချက်က
ဘယ်လိုပြီးအောင်တိုက်မှာလည်းခင်ဗျာ။
ကိုနွေဦးကို။ ။ အခုအခြေအနေကတော့
ကျွန်တော်တို့ကျန်ခဲ့တဲ့နောက်ဆုံးဖြစ်တဲ့
လက်ပတောင်းတောင် ကြေးနီစီမံကိန်း
အမြန်ရပ်တန့်ဖို့အတွက်ကိုဆက်လက်တိုက်ပွဲဝင်သွားမယ်လို့
၊အဖမ်းခံခဲ့ရတဲ့သူတွေထွက်လာတဲ့အတွက်
သူတို့ဘယ်လောက်ဘဲပျော်ပျော်နေ ရွာသူရွာသားတွေကို
လွတ်ပေးပြီးစဉ်ကပြောတဲ့စကားကတော့
သူတို့တိုက်ပွဲဆက်ဝင်မယ်။ သူတို့ဘယ်လောက်ဘဲ
ရုပ်ပိုင်းဆိုက်ရာပျော်နေ၊ သူတို့စိတ်ဓါတ်ကရှိနေတုန်းဘဲ
ဆိုတာ ကျွန်တော်တို့တွေ့ရတယ်ခင်ဗျာ။
ကျွန်တော်တို့အနေနဲ့ သူတို့နဲ့
ပူးပေါင်းလုပ်ဆောင်သွားမယ်။ တစ်ကမ္ဘာလုံးသိအောင်လုပ်မယ်။
ကျွန်တော်တို့အတူလက်တွဲပြီးသွားကြမယ်။
အခုဆိုရင်ကျွန်တော်တို့ နိုင်ငံခြားသား
ဂျာနယ်လစ်နဲ့တွေ့ဆုံမေးမြန်းမှုတွေလုပ်တယ်။
ဒီကိစ္စကို ကမ္ဘာသိသွားပြီလို့ယုံတယ်။
ကမ္ဘာသိပြီး မြန်မာကျန်ခဲ့တာမဖြစ်အောင်
ကျွန်တော်တို့တွေအားလုံးအတူပူးပေါင်းပြီး
လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။
မေး။ ။ ကိုနွေဦးကို
၊ ကျေးဇူးတင်ပါတယ်။
ကျွန်တော်တို့ တိုက်ရိုက်လေလှိုင်းဆွေးနွေးပွဲအတွက်
ပေးစာတွေကိုလည်းဖတ်ပေး ချင်ပါသေးတယ်။
ဒဂုံမြို့သစ်ကနေပြီးတော့ ဦးလှထွန်း
ကတော့ ရှင်းရှင်းပြောရရင်
အခုပြောနေကြတဲ့ ပြည်သူ့အကျိုးဆိုတာ၊
ဘူးလုံး နားမထွင်းဖြစ်နေတယ်တဲ့။
ဥပမာ-ရခိုင်က
သဘာဝ ဓါတ်ငွေ့တွေရောင်းစားတာတွေ
ရခိုင်ပြည်သူ့ကိုယ်စာလုယ်က ရခိုင်ပြည်မီးလင်းရေးအတွက်
၁ % ပေးပါဆိုတာကို
လုံးဝမပေးဘဲ ငြင်းခံရတယ်တဲ့။
ပြည်သူ့အကျိုးဆိုပြီး ပြည်သူ့ဆေးရုံတွေမှာ
ပလက်စတာတို့ ဂွန်းတို့
တောင်တောင်းလို့မရဘူးတဲ့။ ကျောင်းသားတွေကို
တောတောင်တွေကြားက အဆင့်မမှီတဲ့
တက္ကသိုလ်တွေမှာ စာတွေသင်နေကြရတယ်။
နောက်ထပ်မေးစရာ အရေးကြီးတာတွေကကျတော့
ဦးပိုင်က ဘာကြောင့်လက်ဝါးကြီးအုပ်ခွင့်ရနေတာလဲ။
တရုပ်ဆီကမကြိုက်ပေမယ့် တရုပ်စစ်တပ်
စီးပွားရေး လုပ်ခွင့်ကိုဖြတ်သိမ်းခဲ့ပြီးပါပြီ။
လက်ဝါးကြီးအုပ် စီးပွားရေးစနစ်
ဖျက်သိမ်းမှ တရုပ်စီးပွားရေး
တိုးတက်လာခဲ့တာပါ။ မြန်မာနိုင်ငံမှာလာပြီး
အလေးမထားစီးပွားရေးလုပ်နေမှုတွေကို
ရှင်းလင်းပြစ်ဖို့လိုပါပြီ။ ဒါတွေကို
လည်းချက်ချင်းလုပ်ရမှာပါ။ ကျွန်တော်တို့က
ဖွံဖြိုးတိုးတက်ရေးအတွက်ဆိုပြီးတော့
နောင်လာနောင်သားတွေ ပိုင်ဆိုင်တဲ့
သဘာဝတောတောင်ကို ရောင်းစားပစ်လို့မရပါဘူး။
ကျွန်တော်တို့ လက်ပတောင်းတောင်က
ပြည်သူတွေကို အထူးအလေးပြုပါကြောင်း
ခပ်ကျယ်ကျယ်လေးပြောပေးပါလို့ သူကရေးထားပါတယ်။
မေး။ ။ ကျွန်တော်တို့နောက်ထပ်ပေးစာကတော့
မမဦး Burma ဆိုပြီးတော့
ပေးထားပါတယ်။ ဦးလှထွန်းပြောသွားတဲ့
ဦးပိုင်အကြောင်းအရာပါ။ ဦးပိုင်က
သူ့အကျိုးစီးပွားကိုဘဲကြည့်ပြီးတော့
ပြည်သူလူထုရဲ့အကျိုးကို မကြည့်ဘူးလို့ပြောသွားပါတယ်။
ဒါကြောင့် ဆန္ဒပြမှုတွေဖြစ်ပါတယ်ဆိုတာပါ။
အကြောင်းအရာတူနေတော့ ကျွန်တော်ထပ်ပြီးတော့
မဖတ်ပြတော့ပါဘူး။ ဒါကတော့ပေးစာတွေပါ။
မေး။ ။ ကျွန်တော်ဒီကိစ္စနဲ့ဘဲ
ကိုမင်းထက်ငြိမ်းချမ်းကို မေးချင်ပါတယ်။
ဒီကိစ္စနဲ့ပက်သက်လို့ပေါ့။ အဓိကတော့
သဘာဝပတ်ဝန်းကျင်ကိစ္စပါ။ ဒီကြေးနီတောင်စီမံကိန်းမှာ
ကျွန်တော်သိရသလောက်ကတော့ မှုံရွာတွေမှာ
တောင်တွေလည်းဖြိုခံပြီးခဲ့ရပြီးပြီ။
ဒီစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်ကို
အခုဘယ်လောက်ထိရိုက်ခတ်မှုရှိသလဲဆိုတာပါ။
ကိုမင်းထက်ငြိမ်းချမ်း။ ။ အခု
ဒီမှာဆိုရင် ဒေသခံတွေရဲ့ကျန်းမာရေးကို
ထိခိုက်တာအများကြီးရှိနေပါပြီ။ ရွာတရွာမှာဆိုရင်
သောက်သုံးရေတွေပျက်စီးသွားတာရှိနေပြီ။
အထူးသဖြင့် ကင်ဆာရောဂါတွေဖြစ်နေပြီ။
ဆုံးတဲ့သူတွေလည်းရှိတယ်။ နောက်ပြီး
မွေးလာတဲ့ကလေးတွေက လူစင်မမှီတော့တာတွေရှိနေပါတယ်။
နောက်ပြီးရွာက ဆာလဖြူရစ်
အက်ဆစ် စက်ရုံနဲ့လည်းနီးနေတယ်။
အဲဒီလိုအကျိုးစက်က ဒေသခံတွေကို
အတော်လေးကို ထိခိုက်နေပါတယ်။
စပယ်တောင်တို့မှာဆိုရင် ကော့ပါးကုမ္မဏီတွေက
လုပ်ထားတာတွေက အပေါ်ကတောင်တလုံးလုံးကပျက်စီးသွားပြီးတော့
ပင်လယ်ရေမျက်နှာပြင်အထိ တောင်ရောက်နေပြီလို့
သိရှိရတယ်။ ဒီတော့မြေအောက်ရေတွေနဲ့ရောနှောပြီးတော့
ချောင်းတွေထဲကို စီးကျတာတွေရှိတယ်။
ဒီတွေကနေတဆင့် ပြည်သူများအားထားနေရတဲ့
ချင်းတွင်းမြစ်တွေထဲကို ရောက်သွားတာတွေလည်းရှိတယ်။
ဒီလိုမျိုး သဘာဝပတ်ဝန်းကျင်အတွက်တော်တော်ကို
ဆိုးဆိုးဝါးဝါး impact တွေဖြစ်နေတာတွေကို
တွေ့ရတယ်။ နောက်လက်ရှိမှာ
ကြေးနီကနေပြီးတော့ တခါ အရည်တွေကနေတဆင့်
ဒေသတဝိုက်မှာ ဆက်ပြီးတော့
ဖြစ်နေတယ်ဆိုတာတွေကိုသိရတယ်။ ဒီစီမံကိန်းတွေက
ဒေသကပြည်သူတွေကို အတော်လေး
ဒုက္ခပေးနေပါပြီ။ လူမှုရေးပြဿနာတွေလည်းရှိမယ်။
ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်
ဆိုင်ရာတွေလည်းရှိတယ်။ ဘယ်လိုဘဲ
နိုင်ငံရဲ့အကျိုးစီးပွားဘဲပြောပြော
အတော်လေးပတ်ဝန်းကျင် ပျက်စီးနေပြီ။
အစတုန်းက ဒီဒေသတဝိုက်မှာ
ကျောက်ခေတ်က ရုပ်ကွင်းတွေတွေ့ရတယ်လို့ပြောတယ်။
ကျွန်တော့တို့ရဲ့လေ့လာ သမိုင်းပြုစရာတွေလည်းအများကြီးပျက်စီးသွားနိုင်တယ်။
ဒီဒေသတဝိုက်မှာ ပုံမှန်ကျက်စားနေတဲ့
သတ္တဝါတွေ၊ အပင်တွေကလည်း
ဒီစီမံကိန်းကြီးကြောင့် ပျက်စီးသွားနိုင်ပါတယ်။
နိုင်ငံခြားကလာတဲ့စီးပွားရေးကြောင့်
ဒေသဆိုင်ရာတွေ ပဋိပက္ခတွေဖြစ်နေရတာတွေပါ။
မေး။ ။ ဟုတ်ကဲ့၊
ကိုငြိမ်းချမ်းကျေးဇူးပါ။ ဖုန်းနဲ့ပါဝင်ဆွေးနွေးမဲ့သူတယောက်ကတော့
ကိုကျော်မရသာ ပါ။လိုရင်းကိုဆွေးနွေးပါ။
ကိုကျော်မရသာ
။ ။
အခုတရုံးတည်းလုပ်နေတဲ့ စာချုပ်က
၁၇၀ လောက်ရှိပါတယ်။
ကျောက်ဖြူစာချုပ်၊ မြစ်ဆုံနဲ့
ကျောက်ပတောင်းတောင်တွေက အရေးကြီးဆုံးပါ။
အားလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင်
သံယံဇာတတွေကို နိုင်ငံခြားကို
ရောင်းစားနေတာတွေပါ။ အားလုံးစုပေါင်းပြီးတော့
ဝိုင်းဝန်း ပိတ်ပင်
ပါဝင်ရမယ်လို့ကျွန်တော်တို့ပြောချင်ပါတယ်။
ကျွန်တော်တို့အချိန်လည်းစေ့သွားတာကြောင့်
ဒီ တိုက်ရိုက်လေလှိုင်းကို
ကျွန်တော်တို့ ဒီမှာဘဲ
ရပ်လိုက်ပါတော့မယ်။ ပါဝင်ဆွေးနွေးကြတဲ့
သူတွေကို အထူးကျေးဇူးတင်ရှိပါတယ်။
0 comments:
Post a Comment