Monday, July 22, 2013

Filled Under:

နိင်ငံရေးအကျဉ်းသားလို့သတ်မှတ်မခံရသူတွေရှိနေ


 ၂၀ရက်ဇွန်လိုင်လ၂၀၁၃ခုနှစ် BBC နှင့်မေးမြန်းခန်း
BBC   မြန်မာသမတဦးသိန်းစိန်ရဲ့ဗြိတိန်နိင်ငံခရီးစဉ်အတွင်းမှာဒီနှစ်အကုန်မှာနိင်ငံရေးအကျဉ်းသားတွေ အားလုံးကိုလွတ်ပေးမယ်လို့ပြောကြားခဲ့တာကိုကြိုဆိုပေမဲ့တချို့ကိုအခုချိန်ထိနိင်ငံရေးအကျဉ်းသားလို့သတ်မှတ်ဖို့ငြင်းဆိုတာတွေရှိနေတဲ့အတွက်စိုးရိမ်တယ်လို့ AHRC အာရှလူ့အခွင့်အရေးကော်မရှင်က မနေ့ကကြေငြာချက်ထုပ်ပြန်ခဲ့ပါတယ်ဘယ်လို အကျဉ်းသားတွေကို နိင်ငံရေးအကျဉ်းသား အဖြစ်သတ်မှတ်မှု့မရှိတာတွေရပါသလဲလို့ AHRC အာရှလူ့အခွင့်အရေးကော်မရှင်ကမြန်မာနိင်ငံဆိုင်ရာ တာဝန်ခံဦးမင်းလွင်ဦးကိုဆက်သွယ်မေးမြန်းကြည့်ခဲ့ရာမှာ

ဦးမင်းလွင်ဦး    နိင်ငံရေးအကျဉ်းသားစီစစ်ရေးကော်မတီဆိုပြီးတော့စီစစ်ရေးကော်မတီဖွဲ့
ပြီးတော့လုပ်ဆောင်နေတာတွေကျွှန်တော်တို့ကြားသိရတယ်အဲ့ဒီလိုနိင်ငံရေးအကျဥိးသားစီစစ်ရေးကော်မတီကနေပြီးတော့ AAPP လိုမျိုးအဖွဲ့တွေကတင်ပြတဲ့လူစရင်းတွေကိုအကုန်လုံးအသိအမှတ်မပြုပဲနဲ ဥပမာအားဖြင့်ပြောရရင် အခုဗိုလ်မှုးဟောင်းဝင်းနိင်ကျော် ၊သူရကျော်၊နောက်ပြီးတော့ကိုဗျန်စိန်၊ဗိုလ်ကြီးနေလင်းဒွေးနောက်ပြီးတော့ဒေါက်တာထွန်းအောင်အစရှိတဲ့သူတွေကို နိင်ငံရေးပြစ်မှုတွေနဲ့ အရေးယူခြင်းခံရတာ မဟုတ်ဘူးဆိုပြီးတော့ငြင်းပယ်တယ်ဆိုတာကို ကျွှန်တော်တို့ကြားသိရတယ် ဒီလူတွေကနိင်ငံရေးကိစတွေနဲ့ ဖမ်းဆီးထိမ်းသိမ်းခြင်းခံရတာဖြစ်တယ် 



ဗိုလ်မှုးဟောင်းဝင်းနိင်ကျော်ဆိုလို့ရှိရင်မြောက်ကိုရီးယားနဲ့ယခင်စစ်အစိုးရတို့ပူးတွဲလုပ်ဆောင်နေတဲ့နယူးကလီးယားကိစကိုကမ္ဘာကသိအောင်ထုပ်ဖေါ်ခဲ့တဲ့သူဆိုပြီးတော့စွပ်စွဲထားတယ်နိင်ငံတော်လှို့ဝှက်ချက်တွေပေါက်ကြားတယ်ဆိုပြီးတော့အပြစ်ပေးအရေးယူခြင်းခံရတာဖြစ်တယ်ဗိုလ်ကြီးနေလင်းဒွေးကလဲတပ်မတော်လေအတွင်းမှာ အရာရှိတွေ ချစားလဒ်စားတဲ့ကိစရပ်တွေကို websizeမှာရေးတင်တဲ့အတွက် တပ်မတော်အက်ဥပဒေအရ အပြစ်ပေးခြင်းခံရတယ်ဆိုတာတွေ ကျွှန်တော်တို့ကြားသိရတယ်အဲ့တော့ ဒီလိုလူတွေကိုနိင်ငံရေးအကျဉ်းသားတွေအဖြစ်အသိအမှတ်ပြုပြီးတော့ပြန်လွတ်တဲ့အခါမှာထဲ့သွင်းစဉ်းစားဖို့လိုအပ်တယ်ဆိုတာကိုကြေငြာချက်ထုပ်ပြန်ရခြင်းဖြစ်ပါတယ်

BBC   ဒီတော့သမတဦးသိန်းစိန်ကလွတ်ပေးပါမယ်ဆိုပြီးတော့ကတိပြုခဲ့တဲ့နိင်ငံရေးအ
ကျဉ်းသားဆိုတာနဲ့ဦးမင်းလွင်ဦးတို့သတ်မှတ်တဲ့နိင်ငံရေးအကျဉ်းသားအဓိပ္ပါယ်ဖွင့်ဆိုချက်တွေကွဲလွဲနေတဲ့ဆိုတဲ့သဘောလား

ဦးမင်းလွင်ဦး    ဟုတ်ကဲ့အဲ့တော့နိင်ငံရေးအကျဉ်းသားတဦးမှမရှိဘူးယုံကြည်ချက်ကြောင့်
အကျဉ်းကျခံနေရတဲ့သူတွေပဲရှိတယ်လို့ပြောပေမဲ့စွဲဆိုထားတဲ့ပုဒ်မတွေကဒီနိင်ငံရေးပြစ်မှုတွေနဲ့အပြစ်ပေးထားတဲ့အတွက်ဒါနိင်ငံရေးအကျဉ်းသားတွေပဲဖြစ်တယ်ဆိုတာကိုကျွှန်တော့်အနေနဲ့ပထမဆုံးပြောချင်ပါတယ်ဥပမာအားဖြင့်ဒေါက်တာထွန်းအောင်ဆိုလို့ရှိရင်ကျွှန်တော်တို့ဘူးသီးတောင်မောင်တော ကိစမှာအရေးပေါ်စီမံချက် အက်ဥပဒေပုဒ်မ၅အရ ဖမ်းဆီးအရေးယူပြီးအပြစ်ပေးထားတာဖြစ်တယ် ဒါတွေဟာ နိင်ငံရေးပုဒ်မတွေနဲ့အရေးယူတာဖြစ်တယ်နောက်ပြီးတော့ တခါဗိုလ်မှုးဟောင်းဝင်းနိင်ကျော် ဆိုလို့ရှိရင်လဲနိင်ငံတော်လှိုဝှက်ချက်ပေါက်ကြားမှု့အက်ဥပဒေအရေးပေါ်စီမံမှု့အက်ဥပဒေကွန်ပျုတာအင်တာနက်ဆက်သွယ်ဆောင်ရွှက်ရေးစီမံမှု့အက်ဥပဒေနဲ့အရေးယူထားတာဖြစ်တယ်

ဒါတွေဟာနိင်ငံရေးအကျဉ်းသားတွေလို့မသတ်မှတ်ရင်ကျွှန်တော်တို့ကသာမန်ရာဇ၀တ်မှု့အကျဉ်းသားလို့သတ်မှတ်တာကိုတော့လက်မခံနိင်ဘူးဖြစ်တယ်ဒါမှန်တယ်ထင်လို့ပြည်သူတွေရဲ့အကျိုးကိုရှေ့ရှုပြီး
ဆောင်ရွှက်တဲ့ကိစရပ်တွေဖြစ်တဲ့အတွက်ါးတွေဟာယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရတဲ့လူတွေအဖြစ်သတ်မှတ်မယ်ဆိုလို့ရှိရင်လဲသတ်မှတ်လိုရတယ်လို့ကျွှန်တော်တို့ AHRC ကတော့ခံယူပါတယ်

BBC   ဒီတော့တဖက်ကကြည့်ပြန်တော့ဥပဒေအရကြည့်လို့ရှိရင်ဒါဟာဥပဒေကိုချိုးဖောက်
သလိုဖြစ်နေတယ်ဒါပေမဲ့တဖက်ကလှု့အခွင့်အရေးအရကြည့်လိုရှိရင်တော့သူတို့ဟာယုံ
ကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူတွေဖြစ်တယ်ဒီတော့ဒီနှစ်ခုကိုဘယ်လိုညှိလို့ရမလဲခင်ဗျာ

ဦးမင်းလွင်ဦး    အဲ့ဒါတော့ဒီလုပ်ဆောင်တဲ့လုပ်ဆောင်ချက်တွေအပေါ်မှာမူတည်ပြီးတော့
အပြစ်ပေးထားတာတွေကမှန်ကန်မှု့ရှိမရှိနောက်ပြီးတော့ဒီလိုအပြစ်ပေးခြင်းခံရတာထုချေပိုင်ခွင့်ရှိမရှိနောက်ပြီးတော့လုပ်ဆောင်ခဲ့တဲ့လုပ်ဆောင်ချက်တွေကပြည်သူတွေအားလုံးအတွက်လုပ်ဆောင်ခဲ့တာလားဒါမှမဟုတ်ကိုကျိုးအတွက်လုပ်ဆောင်ခဲ့တာလားဆိုတာတွေပေါ်မှာကြည်ပြီးဆုံးဖြတ်မယ်ဆိုလို့ရှိရင်ဒီအဖြေကရှင်းရှင်းလင်းလင်းဖြေရှင်းလို့ရမယ်လို့ကျွှန်တော်ကတော့ထင်ပါတယ်

BBC   အာရှလှု့အခွင့်အရေးကော်မရှင် AHRC ကဦးမင်းလွင်ဦးဖြစ်ပါတယ်

0 comments:

Post a Comment