Sunday, July 21, 2013

Filled Under:

ယုံကြည်ချက်ကြောင့်အကျဉ်းကျနေသူတွေအားလုံးပြန်လွတ်ပေးဖို့အာရှလှု့အခွင့်အရေး ကော်မရှင် AHRC ကတိုက်တွန်း


 ဇွန်လှိုင်လ၂၂ရက်၂၀၁၃ ခုနှစ်
RFA   နှိင်ငံတော်လှို့ဝှက်ချက်ပေါက်ကြားမှုလိုတပ်မတော်ပိုင်းဆိုင်ရာကိစရပ်တွေကိုအင်
တာနက်ပေါ်မှာဖေါ်ပြမှု့လိုစတဲ့အမှုတွေနဲ့ဖမ်းဆီးခံထားရတဲ့သူတွေအားလုံးကိုပြန်လွတ်ပေးဖို့ AHRC အာရှလှု့အခွင့်အရေးကော်မရှင်ကမနေ့ကတိုက်တွန်းလိုက်ပါတယ်

ဒီနှစ်ကုန်ပိုင်းမှာနိင်ငံရေးအကျဉ်းသားတွေလွတ်မြောက်မယ်လို့သမတဦးသိန်းစိန်ကဥရောပခရီးစဉ်မှာပြောကြားသွားတဲ့အတွက်၁၉၅၀ပြည့်နှစ်အရေးပေါ်အက်ဥပဒေအီလထရောနစ်အက်ဥပဒေစတာတွေနဲ့ဖမ်းဆီးခံထားရသူတွေကိုလဲပြန်လွတ်ပေးဖို့မေတ္တာရပ်ခံတာပါဒီပြစ်မှုတွေနဲ့ဖမ်းဆီးအကျဉ်းချခံထားရသူတချို့ကိုနိင်ငံရေးအကျဉ်းသားအဖြစ်မသတ်မှတ်ဘူးလို့AHRCအာရှလှု့အခွင့်အရေးကော်မရှင်ရှေ့နေဦးမင်းလွင်ဦးကပြောပါတယ်



ဦးမင်းလွင်ဦး   နိင်ငံရေးအကျဉ်းသားစီစစ်ရေးကော်မတီဆိုပြီးဖွဲ့ထားတာရှိတယ်အဲ့ဒီကော်မ
တီကတင်ပြတဲ့စရင်းတွေကိုအစိုးရဖက်ကနေပြီးတော့တချို့လူနာမည်တွေကိုလက်မခံတာကျွှန်တော်တို့ကြားသိရပါတယ်နှိင်ငံတော်လှို့ဝှက်ချက်ပေါက်ကြားတယ်ဆိုတဲ့ကိစရပ်နဲ့အရေးယူခြင်းခံထားရတဲ့သူတွေတပ်မတော်ပိုင်းဆိုင်ရာကိစရပ်တွေကိုအင်တာနက်ပေါ်မှာစာစောင်တွေရေးပြီးတင်တဲ့ကိစရပ်နဲ့အရေးယူခံထားရတဲ့သူတွေစတဲ့သူတွေပါပါတယ်ဥပမာအားဖြင့်ဗိုလ်မှုးဟောင်းဝင်းနိင်ကျော်နောက်ပြီးတော့တခါတပ်မတော်လေတပ်ဗိုလ်ကြီးနေလင်းဒွေးစတဲ့သူတွေပေါ့နော်အဲ့တာတွေကိုနိင်ငံရေးအကျဉ်းသားအဖြစ်အသိအမှတ်မပြုဘူးလိုကျွှန်တော်တို့ကြားသိရပါတယ်နောက်ပြီးတော့ဘူးသီးတောင်မောင်တောဖက်မှာဖြစ်တဲ့အရေးအခင်းမှာပါဝင်ပတ်သက်တဲ့ဒေါ်က်တာထွန်းအောင်ကိစနဲ့ပတ်သက်လို့လဲနိင်ငံရေးအကျဉ်းသားအဖြစ်အသိအမှတ်ပြုတယ်မပြုဘူးဆိုတာကျွှန်တော်တို့တိတိကျကျမသိရဘူးဖြစ်ပါတယ်

RFA   ဗိုလ်မှုးဟောင်းဝင်းနိင်ကျော်ဟာအခုပြည်သူ့လွတ်တော်ဥကဌသူရဦးရွှေမန်းဗိုလ်ချုပ်
ဘ၀ကမြောက်ကိုရီးယားနိင်ငံကို၂၀၀၈ခုနှစ်ကသွားရောက်တဲ့ခရီးစဉ်နဲ့ပတ်သက်တဲ့လှို့ဝှက်ချက်ကိုသတင်းဌာနတွေကိုပေးပို့တဲ့လို့စွတ်စွဲခံရသူပါစစ်အစိုးရရဲ့နူးယူးကလီးယားဓါတ်ပေါင်းဖိုစီမံကိန်းမြေအောက်လှိုင်ခေါင်းဖောက်လုပ်ရေးစီမံကိန်းလက်နက်လှို့ဝှက်ဝယ်ယူတဲ့မြောက်ကိုရီးယားခရီးစဉ်ရုရှားနဲ့အန္ဒိယခေါင်းဆောင်တွေနဲ့လှို့ဝှက်ဆွေးနွေးတဲ့မှတ်တမ်းတွေနဲ့ပတ်သက်ပြီ့းဗိုလ်မှုးဟောင်းဝင်းနိင်ကျော်ဟာ၂၀၀၉ခုနှစ်ကဖမ်းဆီးခံရပြီးပြစ်ဒဏ်ကျခံနေရတာပါ

ဦးမင်းလွင်ဦး      ဗိုလ်မှုးဟောင်းဝင်းနိင်ကျော်ဟာမြောက်ကိုရီးယားနဲ့နူးယူးကလီးယားကိစ
တွေကိုဓာတ်ပုံအထောက်အထားတွေကိုဧရာဝတီသတင်းဌာနမဇ္ဇိုမသတင်းဌာနRFAစတဲ့သတင်းဌာနတွေအားလုံးကိုပေးပိုတယ်ဆိုတဲ့စွတ်စွဲချက်နဲ့နိင်ငံတော်လှို့ဝှက်ချက်ပေါက်ကြားမှု့နဲ့တပ်မတော်စစ်ခုံရုံးကနေပြီးတော့စစ်ဆေးအရေးယူထားတာဖြစ်ပါတယ်ဗိုလ်ကြီးနေလင်းဒွေးကလဲဒီစစ်ခုံရုံးကနေပြီးတော့ပဲကွန်ပျုတာဆက်သွယ်ဆောင်ရွှက်ရေးအက်ဥပဒေပုဒ်မအပါအ၀င်တပ်မတော်အက်ဥပဒေပုဒ်မ ၆၉၊ ၇၁ စတာတွေနဲ့အရေးယူပြီးတော့အပြစ်ပေးထားတယ်လို့ကျွှန်တော်တို့သိရပါတယ်

RFA    အခုလောလောလတ်လတ်မှာပဲကချင်ပြည်နယ် NDF အမျိုးသားဒီမိုကရေစီအင်
အားစုပါတီဥကဌဒေါ်ဘောက်ဂျာကိုလူသေမှု့အပါအ၀င်ပုဒ်မ၃ခုနှဲ့ဖမ်းဆီးလိုက်ပါတယ်
ဒေါ်ဘောက်ဂျာကဧရာဝတီမြစ်ဆုံစီမံကိန်းရပ်ဆိုင်းရေးယုဇနကုမဏီကကချင်ပြည်နယ်မှာ
မြေယာသိမ်းမှု့အပါအ၀င်လှု့အခွင့်အရေးကိစတွေမှာပါဝင်လှုပ်ရှားနေသူဖြစ်ပါတယ်

ဦးမင်းလွင်ဦး    နိင်ငံရေးအကျဉ်းသားတွေကိုဆက်လက်မဖမ်းဆီးတော့ဘူးနိင်ငံရေးလှုပ်ရှားတွေအသင်းအဖွဲ့ဆိုင်ရာကိစရပ်တွေလွတ်လပ်စွာလုပ်ကိုင်ခွင့်ပြုတယ်ဆိုပေမဲ့လဲနိင်ငံရေးပါတီကလှုပ်ရှားတက်ကြွသူတချိုကိုဖမ်းဆီးနေတာလဲကျွှန်တော်တို့သိရတယ်ဥပမာအားဖြင့်ဒေါ်ဘောက်ဂျာထိုနည်ူတူစွာပဲပြည်သူ့လှုပ်ရှာမှု့ကော်မတီအဖွဲ့ဝင်ဒေါ်မြင့်မြင့်အေးတို့အပါအ၀င်လူ့အခွင့်ရေးလှုပ်ရှားတဲ့သူတွေတောင်သူလယ်သမားအခွင့်အရေးလှုပ်ရှားတဲ့သူတွေကိုလဲဖမ်းဆီးထိမ်းသိန်းပြီးတော့ ၅၀၅(ခ) နဲ့လဲအသင်းအဖွဲ့ပုဒ်မတွေနဲ့အရေးယူထား
တယ်လို့ကျွှန်တော်တို့ကြားသိရပါတယ်

RFA   ဒါကြောင့်လဲအခုလိုဖမ်းဆီးခံရတဲ့သူတွေကိုလွတ်ပေးဖို့မေတ္တာရပ်ခံတယ်လို့ဦးမင်း
လွင်ဦးကပြောပါတယ်

ဦးမင်းလွင်ဦး    ဒါကြောင့်သမတကြီးကနေပြီးတော့ဒီနှစ်အကုန်မှာနိင်ငံရေးအကျဉ်းသား
တွေပြန်လွတ်မယ်ဆိုလို့ရှိရင်နိင်ငံရေးပုဒ်မတွေနဲ့အရေးယူခြင်းခံထားရတဲ့ဗိုလ်မှုးဟောင်း
ဝင်းနိင်ကျော်၊ဗိုလ်ကြီးနေလင်းဒွေး၊သူရိန်ကျော်၊ကိုဗျန်စိန်၊ဒေါက်တာထွန်းအောင် စတဲ့သူ
တွေနဲ့ဒီပုဒ်မ ၅၀၅(ခ) ပုဒ်မ၁၈ နဲ့ဖမ်းထားတဲ့သူမှန်သမျှအားလုံးကိုပြန်လည်လွတ်ပေးဖို့အ
တွက်ကျွှန်တော်တို့အနေနဲ့မေတ္တာရပ်ခံတဲ့ကြေငြာချက်ထုပ်ပြန်ရခြင်းဖြစ်ပါတယ်

RFA   နိင်ငံရေးအကျဉ်းသားတွေလွတ်ပေးမယ်လို့သမတဦးသိန်းစိန်ကအာမခံတာကို AHRC အာရှလှု့အခွင့်အရေးကော်မရှင်ကကြိုဆိုပေမဲ့တချို့ကိုနိင်ငံရေးအကျဉ်းသားလက်
ခံပေးဖို့ငြင်းပယ်နေတာကိုစိုးရိမ်မကင်းဖြစ်ရတယ်လို့လဲကြေငြာချက်မှာပါရှိပါတယ်ရှင်
ယုံကြည်ချက်ကြောင့်အကျဉ်းကျနေသူတွေအားလုံးပြန်လွတ်ပေးဖို့အာရှလှု့အခွင့်အရေး
ကော်မရှင် AHRC ကတိုက်တွန်းလိုက်တဲ့အကြောင်းကိုတင်ပြတာပါ

0 comments:

Post a Comment