Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts
Sunday, October 05, 2014
,
ကလေးစစ်သား မထားဖို့ မြန်မာကို လူ့အခွင့်အရေး အဖွဲ့တွေ တိုက်တွန်း(VOA Burmese)
အင်ကြင်းနိုင် 
03.10.2014 05:31
Photo:VOA 
 မြန်မာနိုင်ငံမှာ ကလေး စစ်သားတွေ ရှိနေဆဲဖြစ်တာကြောင့် အမေရိကန် ပြည်ထောင်စု ရဲ့ CSPA လို့ ခေါ်တဲ့ ကလေးစစ်သား ဟန့်တားရေး ဥပဒေနဲ့ မြန်မာ အပေါ် ဆက်လက် အရေးယူသွားဖို့ သမ္မတ အိုဘားမားက အစိုးရရဲ့ ကြေညာချက် ကို နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့တွေက ထောက်ခံကြိုဆို လိုက်ပါတယ်။ ဒါအပြင် ကလေး အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ ပဋိညာဉ် စာချုပ်မှာ သဘောတူ လက်မှတ်ရေးထိုး ထားတဲ့ မြန်မာအစိုးရအနေနဲ့ တိုင်းပြည်တွင်းမှာ ကလေးစစ်သားပပျောက်ရေး လက်တွေ့ အကောင် အထည်ဖော် ဆောင်ရွက်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်ကပြောပြမှာပါ။
 ကမ္ဘာမှာ ကလေးစစ်သား ပပျောက်ရေးကိစ္စဟာ အမေရိကန်ပြည်ထောင်စုရဲ့ ခိုင်မာတဲ့ မူဝါဒဖြစ်တာကြောင့် မြန်မာစစ်တပ်က ကလေးစစ်သားတွေကို ဆက်ပြီး အသုံးပြုနေတဲ့အပေါ် အမေရိကန် အစိုးရက ဆက်လက် အရေးယူတာလို့ မြင်တဲ့ အကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ အာရှရေးရာတာဝန်ခံ Brad Adams က ဗွီအိုအေကိုပြောပါတယ်။ "သမ္မတ အိုဘားမားဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချခဲ့တယ်လို့ မြင်ပါတယ်။ မြန်မာ စစ်တပ်က အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့ပါဘူး။ မြန်မာနိုင်ငံမှာ ကလေးစစ်သားတွေကိုပြန်လွှတ်ပေးပြီး ကလေးစစ်သား ပပျောက်ရေး အခြေအနေတွေ တိုးတက်နေပြီလို့ ကုလသမဂ္ဂ ညီလာခံမှာ မြန်မာအစိုးရ ကိုယ်စားလှယ်က ပြောသွားတာတွေ့ရပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ကလေးစစ်သား လုံးဝမရှိစေရ ဆိုတဲ့မူဝါဒကို အခိုင်အမာချမှတ်ပြီး အစိုးရရော၊ စစ်တပ်ကပါ လိုက်နာဆောင်ရွက်တာမျိုး ကျနော်တို့ မတွေ့ရသေးပါဘူး။ ကလေးစစ်သား အသုံးပြုနေတဲ့နိုင်ငံတွေနဲ့ ပတ်သက်လို့ နယူးယောက်မှာ ပြုလုပ်တဲ့ မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael Kozat က မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေမှာ ကလေးစစ်သား စုဆောင်းနေဆဲဖြစ်တယ်လို့ ပြောသွားပါတယ်။ 
ဒါနဲ့ပတ်သက်လို့ အာရှ လူ့အခွင့်အရေးကော်မရှင်ရဲ့မြန်မာနိုင်ငံတာဝန်ခံ ဦးမင်းလွင်ဦးက အခုလို သူ့အမြင်ကိုပြောပါတယ်။ " ဆက်လက်စုဆောင်းနေတဲ့ဆိုတဲ့ ကိစ္စရပ်အပေါ်မှာ နိုင်ငံတကာက ဘာကြောင့် သုံးသပ်တာလည်းဆိုလို့ရှိရင် ဒီလိုတပ်မတော်ကနေပြီးတော့ တပ်သားစုဆောင်းတဲ့ အခါမှာ ပြည်တွင်းစစ်ဖြစ်တဲ့နေရာဒေသတွေမှာ မိဘမဲ့ ကလေးတွေကို သူတို့ခေါ်ယူ ထိန်းသိမ်းတယ်။ တပ်မတော် ထဲမှာပဲ လေ့ကျင့် သင်တန်းပေးတယ်။ ဒီကလေးတွေကိုပဲ စစ်မှုထမ်း အဖြစ် ပြန်လည်အသုံးပြုတယ်။ ဒါအစဉ်အဆက်သူတို့ လုပ်လာတဲ့ဥစ္စာပဲ။ ဒါတွေက အခု အချိန်အထိ ဆက်လက် ရှိနေသေးတယ်ဆိုတာကို ကျနော်တို့သိရတယ်။" ပြီးခဲ့တဲ့ သတင်းပတ်ထဲမှာ မြန်မာစစ်တပ်က ကလေးစစ်သား တစ်ရာကျော်လောက် လွှတ်ပေးလိုက်တာ အပါအ၀င် အရင်ကလွှတ်ပေးထားတဲ့ အရေအတွက်ဆိုရင် သုံးရာကျော်လောက်ရှိသွားပေမယ့် ဒီလူငယ်တွေရဲ့ ဘ၀ပြန်လည် ပျိုးထောင်ပေးဖို့ အစီအစဉ်မျိုး အစိုးရဘက်မှာမရှိဘူးလို့ ဦးမင်းလွင်ဦး ကထောက်ပြပါတယ်။ "အဲ့တော့ ကျနော်တို့ တပ်မတော်ကနေ ထွက်လာတဲ့ ကလေးတွေရဲ့ ပြန်လည် ထူထောင်ရေးကို စစ်တပ်က တာဝန်ယူပြီးတော့ နိုင်ငံတော်အစိုးရက တာဝန်ယူပြီးတော့ လုပ်ပေးတယ် ဆိုတာ အခုအချိန်အထိ ကျနော် မကြားဖူးသေးဘူး။ အဲ့တော့ အဲ့ဒီ့ကလေးတွေ ရောက်လာတဲ့အခါမှာ UNICEF ကနေပြီးတော့ စစ်တပ်ထဲက ထွက်လာတဲ့ကလေးတွေအတွက် အတတ်ပညာသင်ပေးတာတို့ နောက် ပြီးတော့ လူမှုအသိုင်းအဝိုင်းထဲမှာ ဝင်ဆန့်လာအောင် စိတ်ကုထုံးတွေနဲ့ကုသပေးတာတို့ဆိုတာ UNICEF က လုပ်တာ ကျနော်တို့ မြန်မာနိုင်ငံ အစိုးရ တာဝန်ယူမှု တာဝန်ခံမှု လုံးဝ မရှိဘူးဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ကျနော်တို့သိတယ်။" ဒါအပြင် အရင် မဆလခေတ်၊ စစ်အစိုးရခေတ်ကတည်းက အခုချိန်ထိ ကလေးစစ်သား စုဆောင်း အသုံးပြုလာတာကြောင့် ကလေးစစ်သားဦးရေ ဘယ်လောက်ထိ ရှိနေလဲဆိုတာ တိတိကျကျ ဘယ်သူမှမသိဘူး လို့ ဦးမင်းလွင်ဦးကပြောပါတယ်။
 မြန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးပြုနေတာအပြင် အခြားလူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပါရှိနေသေးတာမို့ ဒါတွေကိုပါ အရေးယူဆောင်ရွက်သင့် တယ်လို့လည်း HRW အာရှရေးရာ တာဝန်ခံ Brad Adams က ဆိုပါတယ်။ "အမေရိကန်အစိုးရအနေနဲ့ ဒီကလေး စစ်သားကိစ္စတင်မကပဲ ပြည်တွင်းမှာ ဆက်ပြီးဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုပုံစံမျိုးစုံအတွက်ပါ အရေးယူမယ်ဆိုရင် ပိုပြီးကောင်းပါလိမ့်မယ်။" အမေရိကန်သမ္မတ အနေနဲ့ လွှတ်တော်ကို နှစ်စဉ်တင်သွင်းရတဲ့ နိုင်ငံတကာ ကလေးစစ်သား အသုံးပြုမှု ဟန့်တားရေး အစီရင်ခံစာမှာ ကမ္ဘာတဝှမ်း ကလေးစစ်သား အသုံးပြုတဲ့ နိုင်ငံ ၉ နိုင်ငံ စာရင်းထဲ မြန်မာနိုင်ငံကို ထည့်သွင်းထား တာဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေအထဲ နိုင်ငံအတော်များများကို အရေးယူ ဒဏ်ခတ်မှုစာရင်းကို လျှော့ပေါ့ပေးတာတွေ ရှိပေမယ့် မြန်မာ၊ ဆူဒန်နဲ့ ဆီးရီယားနိုင်ငံ သုံးနိုင်ငံကိုတော့ ဒဏ်ခတ်မှု လျှော့ပေါ့ပေးတဲ့စာရင်းထဲ ထည့်သွင်းမထားပါဘူး။
Tuesday, September 30, 2014
, ,
နိုင်ငံခြားရေးဝန်ကြီးရဲ့ ကုလညီလာခံ မိန့်ခွန်း မြန်မာတွေတုံ့ပြန် (VOA Burmese)
30.09.2014
by အင်ကြင်းနိုင်
Photo credit: AP/Seth Wenig
ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောသွားတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးမိန့်ခွန်းမှာ အချက်အလက်အတော်များများဟာ တိုင်းရင်းသားပြည်သူတွေ ရင်ဆိုင်နေရတဲ့ လက်တွေ့အခြေအနေနဲ့ကင်းကွာနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့အစည်း၊ တိုင်းရင်းသားပါတီနဲ့ မြန်မာ့မီဒီယာသမားအချို့က ကန့်ကွက် ပြောဆိုလိုက်ပါတယ်။ အသေးစိတ်ကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။
(၆၉) ကြိမ်မြောက် ကုလအထွေထွေညီလာခံမှာ နိုင်ငံခြားရေးဝန်ကြီး ဦ၀ဏ္ဏမောင်လွင်က မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ပထမ၊ ဒုတိယ၊ တတိယလှိုင်းတွေနဲ့ မြန်မာအစိုးရက အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့တယ်ဆိုပြီးတင်ပြသွားတာပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ဆိုရင် ပြည်သူ့လွှတ်တော်မှာ ကော်မတီတရပ်ဖွဲ့စည်းပြီး အကောင်အထည်ဖေါ်ဆောင်ရွက်နေတယ်လို့ပြောသွားပါတယ်။ ဒီအပေါ်မှာ အမေရိကန်ပြည်ထောင်စုကို ခတ္တခဏရောက်ရှိနေတဲ့ ဇိုမီဒီမိုကရေစီအဖွဲ့ချုပ် ပါတီအထွေထွေအတွင်းရေးမှုး ပူကင်ဂန်လျန်က ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ လွှတ်တော်တွင်းမှာ ဖြစ်လာဖို့ မမြင်ဘူးလို့ ပြောပါတယ်။
“နိုင်ငံခြားရေးဝန်ကြီးပြောတဲ့အပေါ်မှာတော့ ကျနော်တို့အမြင်နဲ့ တော်တော်လေး ကွဲလွဲမှု ရှိနေပါတယ်။ သူတို့က ဖွဲ့စည်းပုံအတိုင်းလုပ်နေမယ်ဆိုရင်တော့ မဖြစ်နိုင်ဘူးလေ။ ဘာလို့လဲဆိုတော့ ၄၃၆ တခုလုံးကို ပြင်မယ်ဆိုရင် ပြည်ထောင်စုလွှတ်တော်ကနေပြီးတော့ ၂၀ % ကနေပြီးတော့ အဆိုပြုပြီးတော့ ထောက်ခံပြီးတော့ ၇၅ % plus One person ကနေပြီးတော့ ထောက်ခံမှသာလျှင် ပြင်ဖို့လမ်းပွင့်လာမယ်လေ။ အဲဒါ ဖြစ်လာဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်တော့ဘူး။ အဓိကတော့ လွှတ်တော်ဦးဆောင်နေတာတော့ USDP နဲ့ တပ်က ၂၅ % ကို ကိုင်ထားတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပေါ်မှာ မူတည်လိမ့်မယ်လို့ ကျနော်ကတော့ သုံးသပ်မိပါတယ်။ ”
နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ရဲ့ ကုလသမဂ္ဂညီလာခံ မိန့်ခွန်းထဲမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ တိုးတက်နေပြီ၊ နောက်ပြီး အမျိုးသားလူ့အခွင့်အရေးကော်မတီကိုလည်း ဥပဒေနဲ့အညီ ဖွဲ့စည်းထားပြီးသားဖြစ်တာကြောင့် ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကိစ္စရပ်တွေမှာ မြန်မာနိုင်ငံကို ဆက်ပြီး ထည့်သွင်းဆွေးနွေးဖို့ မသင့်တော့ဘူးလို့ပြောသွားပါတယ်။ ဒါပေမယ့် လူမျိုးရေးအဓိကရုဏ်းတွေမကြာခဏဖြစ်ပွားနေတာ၊ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်နေတာတွေ
အပါအ၀င် လူ့အခွင့်အရေးကိုအကာအကွယ်ပေးနိုင်တဲ့ တရားဥပဒေကို အကောင်အထည်ဖေါ်မယ့် နည်းလမ်း  မြန်မာနိုင်ငံမှာမရှိသေးတဲ့အတွက် မြန်မာနိုင်ငံခြားရေးဝန်ကြီး တောင်းဆိုသလိုမျိုး အလွယ်တကူနဲ့တော့ ဖြစ်မလာနိုင်ဘူးလို့ အာရှ လူ့အခွင့်အရေး ကော်မရှင်ရဲ့ မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ ဦးမင်းလွင်ဦးကပြောပါတယ်။
“မြန်မာနိုင်ငံအတွင်းမှာ ဥပဒေပြဌာန်းတဲ့အခါမှာ ဥပဒေတွေ ဘယ်နေ့ ဘယ်ရက်မှာ အာဏာတည်မယ် ဆိုတာတွေကိုလည်း သေသေချာချာ ထုတ်ပြန်ပြဌာန်းထားခြင်း မရှိဘူး။ ဒီဥပဒေတွေကို အကောင်အထည်ဖော်ဖို့အတွက် လိုအပ်တဲ့နည်းဥပဒေတွေကိုလည်း ဘယ်တော့ ထုတ်ပြန်မယ်ဆိုတာတွေကို ရှင်းရှင်းလင်းလင်း ကျနော်တို့ မသိရဘူး။ ဒါတွေကြောင့် မြန်မာနိုင်ငံအတွက် လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှုတွေကို စောင့်ကြည့်အုံးမယ်ဆိုရင်တော့ နိုင်ငံခြား အဖွဲ့အစည်းတွေအနေနဲ့ကော လူ့အခွင့်အရေး အဖွဲ့အစည်းတွေကပါ ဆက်လက်ပြီးတော့ လေ့လာစောင့်ကြည့်သင့်တဲ့ အခြေအနေမျိုးဖြစ်တယ်လို့ပဲ ကျနော်ကတော့ ပြောချင်ပါတယ်။”
သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ပတ်သက်လို့လည်း မြန်မာအစိုးရက ဆောင်ရွက်ပေးနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖေါ်ပြောဆိုသွားပါတယ်။ မီဒီယာလွတ်လပ်ခွင့်တွေကိုအကာအကွယ်ပေးမယ့် ဥပဒေတွေကို ပြဌာန်းနိုင်အောင် ကြိုးစားနေတယ်လို့ဆိုပါတယ်။ ဒါပေမယ့် သတင်းထောက်တွေကို ခြိမ်းခြောက်မှုတွေ၊ တရားစွဲမှုတွေကို ထိထိရောက်ရောက် မျှမျှတတ အကာအကွယ်မပေးနိုင်သေးဘူးလို့ နိုင်ငံတကာ ဓါတ်ပုံသတင်းထောက် ကိုစိုးဇေယျထွန်းက ပြောပြပါတယ်။
“ဒီမိုကရေစီအစိုးရလို့ ကြေညာထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီမိုကရေစီအစိုးရရဲ့အင်္ဂါရပ်တွေထဲက တခုဖြစ်တဲ့ Media Freedom ဆိုတာကို သူတို့ရဲ့ မီဒီယာလွတ်လပ်ခွင့်ကတော့ မဖြစ်မနေ သူတို့ ပေးရမှာပဲ။ ဒါ သူတို့ရဲ့တာဝန်ပဲ၊ ပြီးသွားလို့ရှိရင် တခါတလေကျ မီဒီယာသမားတွေကို ပုဒ်မတွေ တပ်ပြီး တရားစွဲတာမျိုးတွေ ရှိပါတယ်။ သို့သော် တရားစွဲတယ်ဆိုတဲ့နေရာမှာ တရားမျှတဖို့တော့ လိုလိမ့်မယ်လို့တော့ ထင်ပါတယ်။”
(၆၉)ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမှာမြန်မာနိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်ပြောဆို
ချက်အပေါ်တုံ့ပြန်ချက်တွေကို စုစည်းတင်ပြခဲ့တာပါရှင်။
Thursday, August 09, 2012
, ,
RFA 31 July 2012 (Evening Broadcast).... AHRC
RFA 31 July 2012 (Evening Broadcast)
အခုအပတ်ဦးဇော်မိုးကျော်တင်ဆက်တဲ့ နိုင်ငံများရဲ့အပြောင်းအလဲ (45:16-51:24 )
ဒီအပတ်မှာတော့တရားဥပဒေစိုးမိုးရေးနဲ့ စစ်တပ်ရဲ့အခန်းဂဏ္ဍန်နကိုတင်ဆက်မှာပါ။
သောတရှင်များခင်ဗျာ။ မြန်မာနိုင်ငံမှာ ဒီမိုဂရေစီပြုပြင်ပြောင်းလဲရေးတွေစတင်နေပြီလို့ အသိအမှတ်ပြုပြောဆိုနေတာတွေကို သောတရှင်တွေသိပြီးဖြစ်မှာပါ။ ဒီမိုကရေစီနိုင်ငံအဖြစ် အမှန်တကယ်ရောက်ရှိဖို့ဆိုရင် တရားဥပဒေစိုးမိုးရေး အပြည့်အဝရှိဖို့လိုအပ်ပါတယ်။
ပထမချက်အနေနဲ့က ဖွဲ့စဉ်းအုပ်ချုပ်ပုံအခြေခံစည်းမျဉ်းဟာ ဒီမိုကရေစီကိုဖော်ဆောင်တဲ့ဥပဒေတွေ အပြည့်အဝဖွဲ့စည်းတည်ဆောက်ထား ဖို့လိုအပ်ပါတယ်။ ပြည်သူလူထုရဲ့အခွင့်အရေးတွေကိုအကာအကွယ်ပေးထားဖို့ အာမခံထားဖို့လိုပါတယ်။ ဒါမှအဲဒီဥပဒေတွေကို ပြည်သူလူထုကရော ၊အစိုးကရော ၊စစ်တပ်ကပါ အားလုံးလေးစားလိုက်နာမှာဖြစ်ပြီး တရားဥပဒေစိုးမိုးမှုရှိလာမှာဖြစ်ပါတယ်။ ဒီနေရာမှာတရားဥပဒေစိုးမိုးမှုနဲ့ပက်သက်လို့ အမေရိကန်ပြည်ထောင်စုက သမိုင်းဝင်စကားတခုကိုတင်ပြပေးလိုပါတယ်။ အမေရိကန်ပြည်ထောင်စုကို ၁၇၉၇ ခုနှစ်က အုပ်ချုပ်ခဲ့တဲ့ ဒုတိယ သမ္မတ ဂျွန်အက်ဒမ် (John Adams ) ပြောခဲ့တဲ့စကားတခွန်းရှိပါတယ်။ သူက “ Our country is a government of Laws not of Man” လိုပြောဆိုခဲ့ပါတယ်။ ဆိုလိုတာက ကျွန်တော်တို့၏ နိုင်ငံကို ဥပဒေက အုပ်ချုပ်တာပါ။ လူတွေက အုပ်ချုပ်တာမဟုတ်ပါဘူးလို့ ပြောဆိုခဲ့တာပါ။ တရားဥပဒေစိုးမိုးရေးဆိုတာ အုပ်ချုပ်သူကော နိုင်ငံသားအားလုံးရော ဥပဒေရဲ့အောက်မှာ တန်းတူရှိနေတာဆိုလိုပါတယ်။ အမေရိကန်ပြည်ထောင်စုက သူတို့ကိုသူတို့ constitutional Democracy ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံစည်းမျဉ်းနဲ့ ပြဌာန်းထားတဲ့ ဒီမိုကရေစီနိုင်ငံလို့ပြောဆိုပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံစည်းမျဉ်းဟာတရားဥပဒေစိုးမိုးရေးရဲ့ အခြေခံအုပ်မြစ်လည်းဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးဆိုတာနဲ့ပက်သက်ပြီး အာရှလူ့အခွင့်အရေးကော်မရှင်က လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးကတော့အခုလိုရှင်းပြပါတယ်။
ဦးမင်းလွင်ဦး ။ ။ “ဥပဒေပါပြဌာန်းချက်တွေကို အုပ်ချုပ်သူအစိုးရကော အုပ်ချုပ်ခံရတဲ့ ပြည်သူတွေကကော လေးစားလိုက်နာပြီးတော့ ဥပဒေရဲ့အောက်မှာ ဥပဒေ ပြဌာန်းချက်တွေအတိုင်းတတွေမသိမ်းလိုက်နာ ရင်တော့ တရားဥပဒေစိုးမိုးခြင်းရှိတယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်။ အဲဒီလိုမျိုးလိုက်နာဆောင်ရွက်ခြင်းမရှိဘူးဆိုရင်တော့ တရားဥပဒေစိုးမိုးမှုကင်းမဲ့တယ်လို့ကျွန်တော်တို့ပြောနိုင်ပါတယ်။”
လက်နက်ကိုင်ဆောင်ထားတဲ့မြန်မာ့တပ်မတော်ဟာ စံပြလိုက်နာတဲ့အဖွဲ့အစည်းဖြစ်ဖို့လိုအပ်တယ်လို့ ဦးမင်းလွင်ဦးကပြောပါတယ်။ ဒီတော့မြန်မာ့သမိုင်းတလျှောက် စစ်တပ်နဲ့ တရားဥပဒေစိုးမိုးရေးဆိုတာ ဘယ်လိုအခြေအနေမျိုးရှိခဲ့ပါသလဲ။ စစ်တပ်က အာဏာသိမ်းယူတာဟာ တရားဥပဒေစိုးမိုးရေးကို စတင်ဖျက်စီးလိုက်တာဘဲလို့ ဦးမင်းလွင်ဦးကပြောပါတယ်။
ဦးမင်းလွင်ဦး ။ ။ ကျွန်တော်တို့ ၁၉၆၂ ခုနှစ် စစ်တပ်က နိုင်ငံတော်ရဲ့အာဏာစတင်သိမ်းယူလိုက်တာက ကျွန်တော်တို့ ၁၉၄၇ အခြေခံဥပဒေပါ ပြဌာန်းချက်တွေနဲ့မညီဘူး နိုင်ငံတော်ရဲ့ အာဏာကိုမတရား လက်နက်နဲ့ရယူ သိမ်းပိုက်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့ ဥပဒေနားလည်ကြတဲ့ လူတိုင်းသိကြပါတယ်။ အဲဒီလိုမျိုးအာဏာ သိမ်းပြီးတဲ့အခါမှာ ကျွန်တော်တို့ဒီ တရားသူကြီးချုပ် ဦးမြသိန်းတို့ကို ယာယီထိန်းသိမ်း ခဲ့တယ်ဆိုတာတွေက တရားဥပဒေစိုးမိုးရေးကိုစတင်ကျူးလွန်ဖောက်ဖျက်တယ်လို့ကျွန်တော်ကတော့ အဲဒီလိုယူဆပါတယ်။”
ဒါအပြင် ၁၉၈၈ ခုနှစ်မှာ စစ်တပ်က တကြိမ်အာဏာသိမ်းခဲ့တာကလည်း တရားဥပဒေစိုးမိုးရေးကိုပျက်ပြားစေပါတယ်။
ဦးမင်းလွင်ဦး ။ ။ “ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီတက်လာပြီးတဲ့နောက်ပိုင်းမှာ ၁၉၇၄ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဆိုတာပေါ်လာတယ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပေါ်လာတာနဲ့တပြိုင်နက်တည်မှာ ပြည်သူ့တရားကို ပြည်သူတွေကသာ စစ်ဆေးစီရင်ရမယ်ဆိုတာနဲ့ ဘယ်နိုင်ငံမှာမှ မရှိသေးတဲ့ တရားစီရင်ရေးတွေကို ဒေါက်တာမောင်မောင်က အခြေချ ကျင့်သုံးပြီး ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာအရင်တုန်းက အခြေခံခဲ့တဲ့ တရားစီရင်ရေးစနစ်ကို ဖျက်စီးခဲ့တယ်လို့ ကျွန်တော်ပထမဦးစွာပြောချင်တယ်။ နောက်ပိုင်းမြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ ပြိုလဲသွားပြီးတော့ စစ်တက်ကနေပြီး စက်တင်ဘာ ၁၈ ရက်နေ့မှာ အာဏာသိမ်းယူခဲ့တယ်။ နောက်ပိုင်း အမိန့်အာဏာညွန်ကြားတဲ့ Marshal law ဥပဒေတွေ နဲ့တိုင်းပြည်ကို အုပ်ချုပ်လာတယ်။
ပြီးတော့မှ တပ်မတော်ရဲ့တရားစီရင်မှုတွေနဲ့မကင်းတဲ့ တရားစီရင်ရေးစနစ်အသစ်တခုနဲ့ နှစ်၂၀ လောက်အုပ်ချုပ်လာခဲ့တယ်။ နောက် ၈၈ ခုနှစ်နောက်ပိုင်းကနေစပြီးတော့ တရားစီရင်ရေးစနစ်ဟာ အုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့လက်အောကိုလုံးဝရောက်သွားခဲ့တယ်။ လဒ်စားမှု၊ချစားမှုတွေပေါ်ပေါက်လာတယ်။ နိုင်ငံတော်လုံခြုံရေးကို အကြောင်းပြပြီးတော့ နှိက်စက်မှုတွေပေါ်ပေါက်လာတယ်။ ဒါတွေက တပ်မတော်ကနေပြီးတော့ မြန်မာနိုင်ငံ ကိုအာဏာသိမ်းပြီးနောက်ပိုင်းမှာ တဆင့်ပြီးတဆင့် ယို့ယွင်းလာအောင်စနစ်တကျ လုပ်ခဲ့တယ်လို့ပြောလို့ရပါတယ်။”
တိုင်းပြည်ရဲ့လိုအပ်ချက်အရ အာဏာသိမ်းယူရတယ်လို့မည်သို့ပင်ဆိုစေ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံစည်းမျဉ်းနဲ့ တည်ဆဲဥပဒေတွေကို ကျော်ပြီး လုပ်တဲ့လုပ်ရပ်ဟာ တရားဥပဒေစိုးမိုးရေးကို တမင် ယို့ယွင်းလာအောင်လုပ်တာလို့ ဦးမင်းလွင်ဦးက ဆိုပါတယ်။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံစည်းမျဉ်းမှာ စစ်တက်က အာဏာသိမ်းယူနိုင်အောင်ထည့်သွင်းရေးဆွဲထားတာလို့လဲဆိုပါတယ်။
ဒါကြောင့်မြန်မာနိုင်ငံ ဒီမိုဂရေစီထွန်းကားမှုမှာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြုပြင်ဖို့လိုသလို မြန်မာ့တပ်မတော်အနေနဲ့တရားဥပဒေကိုလေးစားလိုက်နာတဲ့ ဥပဒေရဲ့အောက်မှာနေတဲ့ စံပြအဖွဲ့အစည်းဖြစ်အောင် ပြုပြင်ပြောင်းလဲဖို့လိုအပ်တယ်လို့ ဦးမင်းလွင်ဦးက ပြောဆိုခဲ့ပါတယ်။
ဒါတွေကတော့ တရားဥပဒေစိုးမိုးရေးနဲ့ စစ်တပ်ရဲ့အခန်းဂဏ္ဍကိုတစိတ်တပိုင်းတင်ဆက်လိုက်တာပါ။
Tuesday, August 07, 2012
,
အာရှလူ့အခွင့်အရေးကော်မရှင်မှလည်း ဖြိုးဝေအောင်လွတ်လာသည်ကိုကြိုဆိုကြောင်းကြေညာချက်ထုတ်ပြန်.... 8 Aug 2012
လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်တွင် X2O သင်္ကြန်မဏ္ဍပ်ရှေ့ ဗုံးခွဲမှုနဲ့ စွပ်စွဲပြီး သေဒဏ် ချမှတ် ခံထားရတဲ့ ကိုဖြိုးဝေအောင် သည် ပြီးခဲ့သည့်အပတ် August 3 ရက်နေ့၊ နေ့လည် ၁ နာရီကျော်ကျော်တွင် အင်းစိန်ထောင်မှ လွတ်လာခဲ့သည် ။ ဤ သူ၏လွတ်မြောက်လာမှုနှင့်ပက်သက်သောသတင်းများကိုအောက်ပါ Link များမှဖတ်ရှုနိုင်သည်။
 http://www.un.org/apps/news/story.asp/%20http://www.un.org/apps/sg/www.unama-afg.org/news/_pc/_english/2008/html/story.asp?NewsID=42627&Cr=Myanmar&Cr1=
 http://www.dvb.no/interview/phyo-wai-aung-%E2%80%98i-was-tortured%E2%80%99/23171
 www.irrawaddy.org/archives/10808
အာရှလူ့အခွင့်အရေးကော်မရှင်မှလည်း ဖြိုးဝေအောင်လွတ်လာသည်ကိုကြိုဆိုကြောင်း၊နှင့် သူ၏အမှုနှင့်ပက်သက်ပြီး  အစိုးရမှ ပြန်လည် စစ်ဆေးပေးစေလိုကြောင်းကို သူလွတ်လာသောနေ့တွင်ပင် ကြေညာချက်တစောင်ထုတ်ပြန်ခဲ့သည်။
http://www.humanrights.asia/news/press-releases/AHRC-PRL-030-2012
သေဒဏ်ကျ အကျဉ်းသား ပြန်လွှတ်လာ.... 4 August 2012 - RFA
သေဒဏ်ကျ အကျဉ်းသား ပြန်လွှတ်လာ
2012-08-03
X2O သင်္ကြန်မဏ္ဍပ်ရှေ့ ဗုံးခွဲမှုနဲ့ စွပ်စွဲပြီး သေဒဏ် ချမှတ် ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ကိုဖြိုးဝေအောင်ကို အစိုးရက ဒီနေ့ နေ့လည်က ပြန်လွှတ်ပေးလိုက်ပါတယ်။
သူဟာ ကင်ဆာဖြစ်ပြီး ခန္ဓာကိုယ်အောက်ပိုင်း လှုပ်လို့ မရတဲ့ ရောဂါတွေကြောင့် အင်းစိန်မြို့နယ် ဆေးရုံမှာ ဆေးကုသခံနေရချိန်မှာ ခံဝန်ချက် လက်မှတ်နဲ့ ပြန်ပြီးလွတ်မြောက်လာတာလို့ ကိုဖြိုးဝေအောင်က RFA ကိုပြောပါတယ်။
"နောက်တစ်ကြိမ်ပေါ့နော်၊ ဒီပြစ်မှုတွေ ထပ်ကျူးလွန်ရင်တော့ ကျန်ခဲ့တဲ့ ပြစ်ဒဏ်ကို ပြန်ခံစားရမယ်၊ ဒါပဲ။ ကျွန်တော်ကတော့ လက်ရှိ အသည်းကင်ဆာပေါ့နော်။ ဆေးသောက်နေရတယ်။ အသည်းကင်ဆာ အဆိပ်ကနေပြီးတော့ ကင်ဆာဆဲလ်တွေက ကျောရိုးကြီးကို ပျံ့သွားပြီးတဲ့ အခါကျတော့ ကျောရိုးမကြီးရဲ့ အဆစ် ၈ နဲ့ ၉ ကို၊ အထူးသဖြင့် ၈ ပေါ့နော်၊ သူ့ကိုစားသွားတယ်။ ကျောရိုးမကြီး စားသွားတဲ့ အခါကျတော့ အာရုံကြောကို ထိပြီး ကျွန်တော် အောက်ပိုင်းလှုပ်လို့မရတော့ဘူး"
သားသမီး ၂ ယောက်ရှိတဲ့ ကိုဖြိုးဝေအောင် အခုလို ပြန်လွတ်လာပေမယ့် သူ့ကျန်းမာရေး အခြေအနေကြောင့် လောလောဆယ်မှာတော့ အင်းစိန်ဆေးရုံမှာပဲ ဆက်ပြီး ဆေးကုသမှု ခံယူရဦးမယ်လို့ ဇနီးသည် မဌေးဌေးက ပြောပါတယ်။
ကိုဖြိုးဝေအောင်က သူ့အမှုနဲ့ပတ်သက်ပြီး အများပြည်သူ သိအောင် ရှင်းလင်းပြောဆိုမှာ ဖြစ်သလို သူတွေ့ကြုံရတဲ့ အကျဉ်းထောင်နဲ့ တရားစီရင်မှုတွေကိုလည်း စာတမ်းရေးသား ပြုစုသွားမယ်လို့ ပြောပါတယ်။
အခုလို သူပြန်လွတ်လာတာကို ဟောင်ကောင်အခြေစိုက် အာရှ လူ့အခွင့်အရေး ကော်မရှင် AHRC ကလည်း ကြိုဆိုတဲ့အကြောင်း ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပြီး သူ့ကို ပြန်လည်ကုစားရေး ဆောင်ရွက်ပေးသင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တားနားဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ကိုဖြိုးဝေအောင်ကို သွားရောက်တွေ့ဆုံခဲ့ရာမှာ ခန္ဓာကိုယ်အောက်ပိုင်း လှုပ်မရတဲ့သူ့ကို အဲဒီအချိန်က ခြေထိပ်တန်းလန်းနဲ့ တွေ့ရှိသွားခဲ့ပြီး ဒီကိစ္စကို သက်ဆိုင်ရာ တင်ပြမယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
Tuesday, July 31, 2012
,
An UphillBattle for Democracy and Judicial Justice in Burma: 25 July 2012
လူ့အခွင့်အရေးရှေ့နေကြီးများဖြစ်သော ဆရာဦးအောင်သိန်းနှင့် ဆရာ ဦးတင်အောင်ထွန်းတို၏ ဟောင်ကောင်ရှိ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာ အဖွဲ့ Amnesty International နှင့်အတူတွေ့ဆုံပြီး ဆွေးနွေးပွဲတခုကိုပြုလုပ်သွားခဲ့သည်။ 
An UphillBattle for Democracy and Judicial Justice in Burma: Insightsfrom the Human Rights Lawyers
The landslide victory of the National League for Democracy(NLD) in the by-elections of the parliament seats last April and the recentrelease of political prisoners in Burmademonstrates the progress in democratization in Burma. Yet, the political change inBurma is rooted in thelong-standing struggle and persistence of the people in Burma insteadof the generosity of the Burmese government. The Hong Kong Coalition for a FreeBurma is pleased to invite two veteran human rights activists from Burma, U Tin Aung Tun and U Aung Thane,to share about their fight for judicial justice in Burmain the military regime and post-by-election period in Burma.
About thespeakers:
UTin Aung Tun is a human rights lawyer specializing in land confiscation issues.His license was revoked by the government in 2011 owing tohis activism.U Aung Thane is a legal advisor for the NLD. In 2009, U Aung Thaneattempted to defend Daw Aung San Suu Kyi in the intruder case of the Americanswimmer. His license was disbarred by the Naypyitaw Supreme Court afterwards.Both U TinAung Tun and U Aung Thane are active advocates of judicialjustice in Burma.
Thefollowing is the details of the seminar:
Date: 25 July 2012
Time: 7:00 p.m. - 9:00 p.m.
Venue: P4302, AcademicBuilding 1, CityUniversity of Hong Kong
Speakers: U Tin Aung Tun, Legal Advisor in Burma
U Aung Thane, Member of NLD’s Central Legal Advisory Group
, ,
အာရှ ပါလီမန်ပုဂ္ဂိုလ်များနှင့် ပက်သက်ပြီး ညှင်းပန်းနှိပ်စက်မှုများ အဆုံးသတ်ရပ်တန့်ရန်အတွက် ဆွေးနွေးပွဲ
အာရှ ပါလီမန်ပုဂ္ဂိုလ်များနှင့် ပက်သက်ပြီး ညှင်းပန်းနှိပ်စက်မှုများ အဆုံးသတ်ရပ်တန့်ရန်အတွက်
ဆွေးနွေးပွဲ
ဇူလိုင် ၁၉၊ ၂၀၁၂၊ ဟောင်ကောင်
အာရှနိုင်ငံအတွင်းရှိ ပါလီမန်ပုဂ္ဂိုလ်များသည် မိမိတို့နိုင်ငံအတွင်းတွင် လက်ရှိ ကျယ်ပြန့်စွာဖြစ်ပေါ်နေသည့် ညှင်းပန်းနှိပ်စက်မှုများကို အဆုံးသတ်ရန်အလို့ ဌာ တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ဖြစ်နေသည်။ သုံးရက်တာတွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင်လ ၂၁ ရက်နေ့တွင် ဟောင်ကောင်၊ ကောင်လွန်းဒေသတွင် ပြုလုပ်မည်ဖြစ်သည်။
ဤအစည်းအဝေးပွဲမှာ ကုလသမဂ္ဂ ကြေညာစာတန်း တွင်တစ်ခုအပါအဝင် အဖြစ်ပြဌာန်းထားသောညှင်းပန်းနှိပ်စက်မှုနှင့် အခြားသော လူမဆန်စွာ ပြုလုပ်မှုများ (သို့) အပြစ်ပေးမှုများ ကို ဆန့်ကျင်သောကြေညာစာတန်းအား အဓိက ထားပြီး ငြင်းပန်းနှိပ်စက်မှုကို အဆုံးသတ်လုပ်ဆောင်ရန်အတွက် အရေးကြီးသောခြေလှမ်းတခုဖြစ်ပါသည်။
လာရောက်ပါဝင် ဆွေးနွေးကြမည့် ဘင်္ဂလားဒေ့၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ နီပေါ၊ ပါကစ္စတန်၊ ဖိလပင်း ၊ သီရိလင်္ဂါ နိုင်ငံများမှပါလီမန်ပုဂ္ဂိုလ်များ သည် သူတို့၏ ပါဝင်မှုကို သေချာပြီဟု အကြောင်းပြန်ပြီးဖြစ်သည် ဤဟောင်ကောင်တွင်ကျင်းပသော အစည်းအဝေးပွဲကို တောင်နှင့်အရှေ့တောင်အာရှနိုင်ငံများမှ လူအခွင့်အရေးလှုပ်ရှားမှု နှင့်ပက်သက် ၍ ထင်ရှားသော လူ့အခွင့်အရေး လှုပ်ရှားနေသူတို့ မှလည်း တက်ရောက်ဆွေးနွေးမည်ဖြစ်သည်။
ဤအစီးအဝေးပွဲကို အာရှနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးလူပ်ရှားသူများ ပါဝင်ထားသော အာရှလူ့အခွင့်အရေးကော်မရှင်(Asian Human Rights Commission) နှင့် ဒိန်းမတ်နိုင်ငံမှ ညှင်းပန်းနှိပ်စက်ခံရသူများကို ပြန်လည်နေရာချထားရေးနှင့် သုသေတန ပြုလုပ်သည့်အဖွဲ့ [Rehabilitation and Research Centre for Torture Victims (RCT) ] ဇူလိုင်လ တွင် Asian Alliance against Torture and Ill-treatment (AAAIT) ဟူသော ညီလာခံကို တစုတည်း ပူးပေါင်း၍ကျင်းပမည်ဖြစ်သည်။
ဤ ညီလာခံ၏ ရည်ရွယ်ချက်မှာ အာရှနိုင်ငံများရှိ ဥပဒေပြဌာန်းမှုများနှင့်ပက်သက်၍ အဓိက ကုလသမဂ္ဂ၏ ညှင်းပန်းနှိပ်စက်မှဆိုင်ရာဆန့်ကျင်သောစာချုပ်စာတန်းဖြစ်သည့် United Nation Convention Against Torture (UNCAT) အတွက်ဘယ်လောက်ထိအထောက်အကူပြုသနည်း နှင့် ၊ထို့အပြင် လူမဆန်စွာညှင်းပန်းနှိပ်စက်မှုကို အရေးယူသင့်သည် ဥပဒေများပြဌာန်းဆောင်ရွက်ကို လိုက်သောအခါ မည်သည့်အတိုင်းအတာအထိ လူ့အခွင့်အရေးချိုးဖာက်မှုများကို ကာကွယ်နိုင်မည်ဟူသည့်အကျိုးသက်ရောက်မှုကိုပိုမို သေခြာစေရန်ဖြစ်သည်။
ဂျွန်ကလန်စီ (John Clancey) , AHRC ၏ဥက္ကဌ သည် အထိကသော့ချက်နှင့်ပက်သက်မှုများကို တင်ပြမှာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ RCT အဖွဲ့အစဉ်း၏ ဒါရိုက်တာလည်းဖြစ်သည့် ဒေါက်တာ ဂျန်အိုးလီဟာဂန်ဆင် (Dr. Jan Ole Haagensen)ကလည်း စာတန်းကိုကြေညာမှာဖြစ်သည်။ အဆိုပါ စာတန်းမှာ အာရှတွင် ညင်းပန်းနိုတ်စက်မှုကိုအဆုံးသတ်သွားရန်အတွက် ထိရောက်အောင်ဆောင်ရွက်နိုင်သောနည်းလမ်းများနှင့် ပြုလုပ်ရမည့် ရည်ရွယ်လုပ်ဆောင်ချက်များ ပါဝင်သည်။ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသမှလည်း လူ့အခွင့်အရေးအတွက်လုပ်ဆောင်နေကြသော အထင်ကရ ပုဂ္ဂိုလ်များသည်လည်း သူတို့၏ ထင်မြင်ယူဆချက်များကို ဖော်ထုတ်ဆွေးနွေးမည်ဖြစ်သည်။ ထို့အတူ ဖိတ်ကြားထားသော ဧည့်သည်တော်များဖြစ်ကြသည့် ပါလီမန် ပုဂ္ဂိုလ်များသည်လည်း မိမိတို့နိုင်ငံနှင့်ပက်သက်သောစာတန်းများကို အစီးအဝေးပွဲတွင် ဖတ်ကြားဆွေးနွေးမည်ဖြစ်သည်။
ဒိန်းမတ်နိုင်ငံမှ တရားရေးဝန်ကြီးဌာနတွင်ဝန်ကြီးဖြစ်ခဲ့သော Professor Ole Espersen သည် သူ၏အမှာစကားကို အစီးအဝေးပွဲသို့ပေးပို့ခဲ့ပြီးဖြစ်သည်။ အဖွင့်တွင် “ညှင်းပန်းနှိပ်စက်မှုကို အရေးယူနိုင်သော အခွင့်အရေးဆိုသည်မှာ အမှန်တကယ်တည်ရှိသည်ဟုမဆိုလိုနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ညှင်းပန်းနှိပ်စက်မှုကိုခံရပြီးသူအတွက် ဥပဒေအရကောလုပ်ဆောင်ခြင်းမရှိ၊ အာမခံလည်းမရှိ ၊ ညှင်းပန်းနှိပ်စက်မှုကိုခံရစဉ် ၎င်းအတွက် အပြစ်ရှိသူကို ပြန်လည်ပြစ်ဒဏ်ပေးခြင်းရှိသည့် အခြေအနေအထိ မရောက်နိုင်ခြင်း တို့ကြောင့်ဖြစ်သည်။ ထပ်မံ၍ သူက နိုင်ငံထဲတွင် ညှင်းပန်းနှိပ်စက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အဆုံးသတ်စေရန်အတွက်အရေးကြီးဆောင်ရွက်ရမည့် ပုဂ္ဂိုလ်များမှာ ပါလီမန်နှင့်အစိုးရမှာ အဓိကတာဝန်ရှိသူများဖြစ်သည်ဟုသူ၏ အမှာစာထဲတွင်ပြောကြားထားသည်။
အာရှနိုင်ငံများမှ ပါလီမန် ပုဂ္ဂိုလ်များ လာမည်ဖြစ်သော ဟောင်ကောင်တွင်ပြု လုပ်မည့် အစီးအဝေးပွဲ၏ တခုတည်းသောရည်ရွယ်ချက်မှာ ညှင်းပန်းနှိပ်စက်မှုကိုအဆုံးသတ်ရန်အတွက်ဖြစ်နိုင်ခြေရှိသော နည်းလမ်းများကိုမည်သို့မည်ပုံဖြင့် ပြုလုပ်သင့်သည်ကိုဆွေးနွေးမည်ဖြစ်သောကြောင့် ကြုံတောင့်ကြုံခဲသည့်တွေ့ဆုံဆွေးနွေးပွဲဖြစ်သည်။
ကင်တားနား နိုင်ငံရေး အကျဉ်းသားတွေနဲ့တွေ့.. .VOA ... 30 JULY 2012
ကင်တားနား နိုင်ငံရေး အကျဉ်းသားတွေနဲ့တွေ့
30.07.2012
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနားဟာ သူ့ရဲ့ခရီးစဉ် အစအဖြစ် တနင်္လာနေ့မှာပဲ နိုင်ငံရေး အကျဉ်းသား တချို့နဲ့ တွေ့ဆုံ ပါတယ်။ ရန်ကုန်၊ အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ တွေ့ဆုံရာမှာတော့ ကျန်းမာရေး ဆိုးရွားနေသူတွေလည်း ပါဝင်ခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ ကပြောပြပေးမှာ ဖြစ်ပါတယ်။
ဇူလိုင်လ ၃၀ ရက်နေ့၊ နေလည်ပိုင်းမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ်၊ အိုဟေးကင်တားနားက အင်းစိန်ထောင်က နိုင်ငံရေး အကျဉ်းသားတွေ နဲ့ တွေဆုံခဲ့တာပါ။ မစ္စတာကင်တာနားနဲ့ တွေ့ဆုံခွင့်ရလိုက်တဲ့အထဲမှာ ခန္ဓာကိုယ်အောက်ပိုင်း လှုပ်ရှားလို့မရတဲ့ ဝေဒနာနဲ့အသည်းကင်ဆာ နောက်ဆုံးအဆင့် ဖြစ်နေတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဖြိုးဝေအောင်လည်း ပါဝင်ခဲ့ပါ တယ်။ အင်စိန်းဆေးရုံမှာ ကိုဖြိုးဝေအောင်နဲ့ တွေ့ဆုံချိန်မှာ မစ္စတာကင်တားနားကို ကျန်းမာရေး အခြေအနေ အကြောင်း ပြောခွင့်ရခဲ့တယ်လို့ ကိုဖြိုးဝေအောင်ရဲ့ ဇနီး မဌေးဌေးက ပြောပါတယ်။
“ကျန်းမာရေးအကြောင်းကတော့ သူ ဘာပြောလဲ ဆိုတော့ - စဖြစ်တာက ဘယ်နှစ်လပိုင်း ကတည်း က စဖြစ်တယ်၊ ပြီးတော့ အသည်းမှာ အကြိတ်တွေ တွေ့တယ်ဆိုတာ ၃ လပိုင်းမှာ သိပြီပေါ့နော်။ သိပြီးတဲ့အချိန်မှာလည်း ထောင်ကနေပြီးတော့ အသည်းအထူးကုနဲ့ မပြပေးဘူး၊ အပြင်ဆေးရုံ ထုတ်မပြဘူးပေါ့။ မပြပေးဘဲနဲ့ ၂ လကျော်ကြာပြီးတော့မှ ထုတ်ပြတဲ့အချိန်မှာ အသည်းမှာ အကြိတ်တွေ အများကြီး ဖြစ်သွားပြီပေါ့။ ပြီးတော့ အောက်ပိုင်း သေသွားတယ်ပေါ့။ အဲဒါနဲ့ပတ်သက် လို့ သူပြောတာကတော့ အသည်းကင်ဆာဆိုတာတော့ သူ့ကုသိုလ်ကံအရ ဖြစ်တာ သူ ဘာမှ မပြောလိုဘူးပေါ့။ အောက်ပိုင်းသေတဲ့ ကိစ္စကတော့ ဆေးကုပေးတာ နောက်ကျတဲ့အတွက် ကင်ဆာဆဲလ်က ကျောရိုးကိုပြန့်ပြီး သေသွားတာကို၊ အဲဒါ သူ့ဘဝတခုလုံး ပေးလိုက်ရတယ်ပေါ့။ ကျမ အမျိုးသားက အဲလိုမျိုး ပြောတယ်ရှင့်။”
ကုလသမဂ္ဂရဲ့ လူအခွင့်အရေး ကိုယ်စားလှယ်ဟာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် မြန်မာအာဏာပိုင်တွေကို ထပ်မံ ဖိအားပေးပြောဆိုသွားအုံးမှာ ဖြစ်တဲ့အကြောင်း နိုင်ငံရေး အကျဉ်းသာေးတွရဲ့ ကျန်းမာရေးအခြေအနေကို နိုင်ငံတကာသိအောင် ပြောပြပေးသွားမယ်လို့ ဆိုပါတယ်။
“သူကတော့ ဘာပြောလဲဆိုတော့ပေါ့နော်။ သူ အပါအဝင် နိုင်ငံတကာက အဖွဲ့အစည်းတွေ ကနေပြီးတော့ လူသားချင်း စာနာမှုအရ လွှတ်ပေးဖို့ ဆိုပြီးတော့ ဒီက အာဏာပိုင်တွေကို တောင်းဆိုထားတာကို သိလား၊ ပြုလား၊ ကျမယောက်ျားကို မေးတယ်ပေါ့နော်။ ကျမတို့ကလည်း သိပါတယ်။ ကျေးဇူးတင်ပါတယ်ပေါ့နော်။ ဒါပေမဲ့ အခုထိ မလွှတ်ဘူးပေါ့။ မလွှတ်တဲ့ အပေါ်မှာ အဲဒီကိစ္စကို သူထပ်ပြီး လုပ်နေတယ်၊ ပြီးတော့ ကျမ အမျိုးသားက လိုအပ်တဲ့ ဆေးကုသမှု မရလို့ အခုလို အောက်ပိုင်းသေတယ်၊ အသည်းကင်ဆာ ဆဲလ် ပြန့်သွားတဲ့ အပေါ်မှာ နိုင်ငံတကာ သိအောင် သူလုပ်ပေးပါ့မယ်၊ ဆက်ပြီးတော့လည်း သူ လုပ်သင့်တာ လုပ်မယ်၊ ပြီးတော့ လတ်တလော ဘာလုပ်ပေးဖို့လိုလဲ၊ လိုအပ်တာရှိရင် လုပ်ပေးမယ်ပြောပါတယ်။ ကျမတို့အနေနဲ့ ကတော့ လတ်တလောကတော့ ဘာမှ လုပ်လို့ မရဘူးပေါ့နော်။ ဆေးတွေနဲ့ပဲ သူ အဲလိုမျိုး ထိန်းပြီးတော့ နေရတဲ့ကာလဆိုတော့ အခု ဒီ ခြေထောက်ကြီး အောက်ပိုင်း သေသွားတာကလည်း ခွဲလို့လည်း ပြန်မှ မကောင်းတော့တာ။ အသည်းမှာ အကြိတ်တွေ ပြန့်နေတာလည်း မပျောက်တော့ တဲ့ဟာ - အဲဒီတော့ အခု လတ်တလောတော့ မလိုပါဘူးပေါ့နော်။ ကျေးဇူးတင်ပါတယ်။ ကျနော် ဒီအတိုင်းလေးပဲ နေပါ့မယ်လို့ သူက ပြောလိုက်တယ်။”
မစ္စတာကင်တာနားဟာ ကိုဖြိုးဝေအောင်အပြင် အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသား ၂ ဦးကိုလည်း တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျသူပေါင်း ၄၄၀ ကျော် ရှိနေသေးတယ်လို့ ဆိုပါတယ်။ ဒီအထဲက ကျန်းမာရေးဆိုးနေသူတွေ အများအပြားရှိနေသေးကြောင်း၊ အင်းစိန်ထောင်တွင်းက ကျန်းမာရေး ဆိုးဝါးနေတဲ့ နိုင်ငံရေးအကျဉ်းသား ၅ ဦးခန့်နဲ့ တွေဆုံဖို့ကိုတော့ မစ္စတာကင်တာနားကို စာရေးသား မေတ္တာရပ်ခံခဲ့တယ်လို့ ဆိုပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းရဲ့ အထွေထွေအတွင်းရေးမှူး ကိုတိတ်နိုင် ပြောပြတာက -
“ကိုဖြိုးဝေအောင်၊ ကိုစံရှား၊ ကိုအောင်ကျော်မင်းတို့ ဆိုလို့ရှိရင် ကျန်းမာရေး တော်တော်ကို မကောင်းတဲ့ အထဲမှာ ပါပါတယ်။ ဆေးရုံ ခဏ ခဏ တက်နေရတဲ့ အနေအထားမျိုး ရှိပါတယ်။ အဲဒီလူတွေကိုတော့ အဓိကထား တွေ့ဖို့ပေါ့လေ။ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးနဲ့ ပတ်သက်ပြီးတော့ မစ္စတာကင်တားနားအနေနဲ့ လက်ရှိအစိုးရကို ပြတ်ပြတ်သားသားလုပ်ဖို့ ပြောပြခဲ့ပါတယ်။”
မစ္စတာကင်တားနားရဲ့ခရိးစဉ်အတွင်းမှာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ကြိုစား ဆောင်ရွက်မှုတွေအပေါ်မှာ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုတွေက အကျဉ်းသားတွေ ပြန်လွတ်မြောက်ရေးအတွက် မျှော်လင့်နေကြတာလည်း ဖြစ်ပါတယ်ရှင်
Friday, July 13, 2012
, ,
ကလေးစစ်သားအသုံးပြုမှု တိုက်ဖျက်ရေး...ဗုဒ္ဓဟူး, 11 ဇူလိုင် 2012
မြန်မာနိုင်ငံကလေးစစ်သားအသုံးပြုမှုတိုက်ဖျက်မှုအတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အရပ်သားအဖွဲ့အစည်းတွေက နှစ်ကာလအတန်ကြာအောင် ကြိုးပမ်းအားထုတ်မှုတွေ ရှိလာခဲ့ပြီးဖြစ်ပါတယ်။ ကလေးစစ်သား အသုံးပြုမှုလုံးဝ ပပျောက်တော့မယ့် အခြေအနေ အခုအချိန်မှာ ရောက်လာပါပြီးလာဆိုတာတော့ အာရှလူ့အဖွဲ့ရေးကော်မရှင်က ရှေ့ နေဦးမင်းလွင်ဦး အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံရဲ့  အထွေထွေအတွင်းရေးမှူး မတင်တင်ညိုတို့ကို ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်းပြီး တင်ဆက်ထားပါတယ်။
ဦးကျော်ဇံသာ။ ။ ဒီကနေ့ ကျနော်ဆွေးနွေးချင်တာကတော့ မြန်မာနိုင်ငံမှာ ကလေးစစ်သားအသုံးပြုမှုနှင့် ပတ်သက်ပါတယ်။ မကြာသေးခင်ကတင်ပဲ ကုလသမဂ္ဂက မြန်မာနိုင်ငံဟာ ကလေးစစ်သားအသုံးပြုတဲ့ တိုင်းပြည်နိုင်ငံစာရင်းက ပပျောက်ဖို့အတွက် ညှိနှိုင်းဆောင်ရွက်ပါတယ်။ မြန်မာနိုင်ငံဟာ ကလေးစစ်သားအသုံးပြုမှု စာရင်းက ပပျောက်သွားမယ်ဆိုတာ တိုင်းပြည်အတွက် အင်မတန်ဂုဏ်ယူစရာ၊ အင်မတန် အားတက်စရာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ ဘယ်လောက်ထိ လျင်လျင်မြန်မြန် ဖြစ်နိုင်မလဲမယ်ဆိုတာ ကျနော်စမ်းစစ်ပါတယ်။ ကိုမင်းလွင် ဘယ်လို သဘောရပါလဲ။ ပြောပါဦးခင်ဗျာ။
ဦးမင်းလွင်ဦး။ ။ မြန်မာနိုင်ငံအတွင်းမှာ ကလေးစစ်သား ပပျောက်ရေးအတွက် ဆောင်ရွက်တဲ့ ဥစ္စာက ကုလသမဂ္ဂမှာလည်း ဒီအသံက လူ့အခွင့်ရေးကောင်စီမှာလည်း ဒီအသံက တော်တော် ကျယ်ကျယ်လောင်လောင်ဖြစ်တာ အတော်ကြာပါပြီ။ အဲ့ဒီတော့ ကျနော်တို့ ဒီလိုဖြစ်တဲ့အတွက် စစ်အစိုးရ လက်ထက်မှာပဲ ၂၀၀၇ ခုနှစ်မှာ တပ်မတော်အတွင်းမှာ အသက်အရွယ်မပြည့်သေးတဲ့ ကလေးတွေကို စစ်သားအဖြစ် စုဆောင်းခြင်းကနေ ကာကွယ်တဲ့အဖွဲ့အစည်းတွေကို သူတို့စတင်ဖွဲ့စည်းပြီးတော့ အရေးယူဆောင်ရွက်ဖို့ လုပ်တာကိုကျနော်တို့ တွေ့ရတယ်။ ၁၄ ရက် ဒီဇင်ဘာ ၂၀၀၇ ကတည်းကနေ စတင်ပြီးတော့ ဆောင်ရွက်လာတာပေါ့နော်။ အဲ့ဒီတော့ အဲ့ဒီမှာ ကော်မတီရဲ့  ဥက္ကဌကတော့ ကျနော်တို့ သူရဦးမြင့်အောင် လက်ထက်ကစပြီးတော့ ဆောင်ရွက်လာတာပေါ့။ အဲ့ဒီတော့ အခုချိန်ထိကို ၂၀၁၁ ခုနှစ်အထိကို မပပျောက်နိုင်သေးဘူး ဖြစ်တယ်။ ဘာကြောင့်လဲဆိုတာကို ကျနော်တို့က ပြန်လည်းကြည့်တဲ့အခါမှာ တပ်မတော်အတွင်းမှာ ကလေးစစ်သားအဖြစ် ခေါ်ယူစုဆောင်းဖို့အတွက် သာမန်ပြည်သူတွေကနေပြီးတော့လည်း ကလေးတွေကို နည်းမျိုးစုံနှင့် ဖျားယောင်းပြီးတော့ စစ်တပ်အတွင်းကို အခကြေးငွေယူပြီးတော့ ရောင်းစားတဲ့ကိစ္စတွေရှိတယ်။ စစ်တပ်အတွင်းက အရာရှိ၊ အရာခံတွေ ကိုယ်တိုင်ကိုက အငြိမ်းစားယူချင်တယ်ဆိုလိုရှိရင် ဘယ်နှစ်ဦး အစားပြန်လဲသွင်းပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေကြောင့် သူတို့အနေနှင့် ငွေပေးပြီးတော့ခေါ်ယူတဲ့ ဥစ္စာတွေရှိတယ်။ ဒါတွေကြောင့် မပျောက်ပျက်ဘဲနှင့် ဒီကလေးစစ်သားအမှုတွေက ဆက်လက်ပြီးတော့ဘဲ ဖြစ်ပွားနေတယ်လို့ဘဲ ကျနော်တို့က ထင်မြင်ယူဆတယ်။ နောက်ပြီးတော့တခါ ထိရောက်စွာအရေးယူမှုနှင့်လည်း အားနည်းတယ်ဆိုတာ ကျနော်တို့တွေ့ရတယ်။ ဒါကြောင့် တကယ်တမ်းက အရေးယူမယ်ဆိုလို့ရှိရင် ကျနော်တို့ လူကုန်ကူးမှု တားမြစ်ရေးဥပဒေ၊ ကလေးလူငယ် စောင့်ရှောက်ရေးဥပဒေတွေအရ ထိထိရောက်ရောက် အရေးယူမှ ဒီဥစ္စာက ပပျောက်သွားမယ်လို့ ကျနော်ပြောချင်ပါတယ်။
ဦးကျော်ဇံသာ။ ။ ကျနော် စစ်တပ်၊ တပ်မတော်ဆိုလို့ တပ်မတော်ထဲက ပုဂ္ဂိုလ်တစ်ဦးက ဒါအမည်မဖော် အသံမပေးဘဲ သူတို့ရဲ့  ပြသနာကိုပြောပြတာ။ သူတို့က စစ်သားစုဆောင်းပေးဖို့ သူတို့ကို တာဝန်ပေးတယ်တဲ့ အထက်က။ ဆိုတော့ စစ်သားစုဆောင်းမယ့်အခါမှာကြတော့ ၁၈ နှစ်အထက် တစ်ယောက်မှ စုဆောင်းလို့မရဘူး။ ဆိုတော့ သူတို့က ရတဲ့လူကို စုဆောင်းရတယ်။ ကလေးတွေကို လာရောင်းကြတယ်။ အဲ့ဒီတော့ သူတို့က ကလေးတွေကို ယူပြီးတော့ စုဆောင်းပေးရတယ်လို့ ဆိုတယ်။ ဆိုတော့ စုဆောင်းရတဲ့ တပ်သား တပ်မတော်အောက်ခြေအဆင့်က သူတွေအတွက်လည်း ဒါလည်း ပြဿနာတစ်ခုပဲ။ သူတို့မှာလည်းပဲ။ မြန်မာနိုင်ငံမှာ စစ်သားစုဆောင်းပေးဖို့ လိုအပ်နေတဲ့ ကိစ္စက။ ဘယ်လောက်ထိ အရေးကြီးစုဆောင်းနေဖို့ လိုအပ်နေလို့လဲ။ စာရင်းအရကတော့ မြန်မာပြည်မှာ စစ်သားက သိန်းတော်တော်များများကို ရှိနေတာပဲ။ ကိုမင်းလွင် လက်တွေ့စာရင်းမှာများ တကယ်မရှိဘူးလား။ စစ်သားတွေ ဘယ်လောက်တောင် ထပ်ပြီးစုဆောင်းနေသလဲ။ အဲ့ဒါနှင့် ပတ်သက်လို့ ဘယ်လို အထောက်အထားတွေ သိရှိရပါသလဲ။
ဦးမင်းလွင်ဦး။ ။ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ လက်ရှိတင်ဘဲ ကျနော်တို့ အရှေ့တောင်အာရှမှာ ဆိုလို့ရှိရင် အင်အားအကြီးဆုံး အတောင့်ဆုံးလို့တောင် ပြောလို့ရတာပေါ့ဗျာ။ တရုတ်ပြည်ပြီးလို့ရှိရင် ကျနော်တို့ မြန်မာနိုင်ငံက စစ်တပ်အင်အားအများဆုံးလို့တောင် ဆိုနိုင်တယ်။ သို့သော်လည်း ဒီပြည်တွင်းစစ်တွေ မရပ်စဲနေ လို့ကတော့ အစိုးရကိုယ်တိုင်ကလည်း စစ်သားတွေကို ခေါ်ယူစုဆောင်းနေမယ်။ ထိုနည်းတူစွာပဲ နယ်စပ်ဒေသ၊ တိုင်းရင်းသားဒေသတွေမှာလည်း ဒီပြည်တွင်းစစ် မငြိမ်းချမ်းတဲ့အတွက်ကို စစ်သားတွေက ခေါ်ယူစုဆောင်း အသုံးပြုမှုတွေ ရှိနေဦးမှာပဲဖြစ်တယ်ဆိုတာကို ကျနော်အနေနှင့် အပေါ်ယံ အကြမ်းဖျဉ်း ပြောချင်ပါတယ်ခင်ဗျာ။
ဦးကျော်ဇံသာ။ ။ မတင်တင်ညိုရဲ့  သဘောထားကိုလည်း ပြောပါဦး။ မြန်မာနိုင်ငံဟာ ကလေးစစ်သား အသုံးပြုခြင်းမရှိတဲ့ တိုင်းပြည်အဖြစ်က လွတ်မြှောက်ဖို့ လွယ်လွယ်ကူကူနှင့် ဖြစ်နိုင်မယ်ထင်လား။
မတင်တင်ညို။ ။ မှန်းစပြီးပြောရင်တော့ အင်မတန်ခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါကလက်ရှိပေါ့လေ ဒီနိုင်ငံကို အုပ်ချုပ်နေတဲ့ ခေါင်းဆောင်တွေက အခုလိုမျိုး ဘယ်လိုလုပ်မယ်၊ ဘယ်လိုကိုင်မလဲ၊ ဘာတွေတော့ လုပ်နေပါပြီးဆိုတဲ့ဟာမျိုးကို ဒီစာရွက်တွေပေါ်မှာ ချရေးတာထက်စာလိုရှိရင် တကယ့်ရိုးရိုးသားသားနှင့် စိတ်ဆန္ဒရှိရှိနှင့်တာ လုပ်သွားမယ်ဆိုလို့ရှိရင်တော့ ဖြစ်နိုင်ချေရှိတယ်လို့ ကျမမြင်ပါတယ်။ အရေးကြီးဆုံးကတော့ အဲ့ဒီစစ်ပွဲတွေ ရပ်သွားဖို့က အရေးကြီးပါတယ်။ စစ်ပွဲတွေမရှိတော့ဘူးဆိုလို့ရှိရင် စစ်သားတွေဆိုတာလည်းဘဲ အခုလိုမျိုး အရေးတကြီး လိုအပ်တော့မှာ မဟုတ်ဘူးပေါ့နော်။ နောက်ပြီးတော့မှလည်း ဒီကလေးအခွင့်အရေးနှင့် ပတ်သက်တဲ့ စာချုပ်စာတမ်းတွေလည်း ရှိပါတယ်။ နိုင်ငံတကာက ပြဌာန်းထားတာဟာ။ အဲ့ဒီကလေးအခွင့်အရေးတွေကို အဲ့ဒီမှာပြဌာန်းတဲ့အတိုင်း သူတို့ရဲ့ ပညာရေး၊ စားဝတ်နေရေး၊ ပြီးတော့မှ ဒီကျန်မာရေး၊ ဒီလိုမျိုး အသီးသီးပေါ့လေ၊ ဒီလိုမျိုး ကိစ္စတွေလိုမျိုးကိုတာ သေသေချာချာလိုက်နာဆောင်ရွက်သွားမယ်ဆိုလို့ရှိရင် ပပျောက်သွားမယ်လို့ပြောချင်ပါတယ်။
ဦးကျော်ဇံသာ။ ။ ဆိုတော့ မတင်တင်ညိုရေ အစိုးရတင်ပဲလား။ အခု ကလေးစစ်သားစုဆောင်းမယ်ဆိုတယ့် မြန်မာနိုင်ငံမှာ သူတို့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေလည်း ပါတယ်။ အားလုံး စုစုပေါင်း အဖွဲ့ခြောက်ဖွဲ့ဝင်က စာရင်းတွေမှာ သူတို့ တွေ့ရပါတယ်။ ဆိုတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့  ကလေးစစ်သားစုဆောင်းမှုတွေကို မတင်တင်ညိုအနေနှင့် ဘယ်လိုထောက်ပြချင်ပါသလဲ။
မတင်တင်ညို။ ။ ကျမတို့အနေနှင့်ကတော့ မရှိဘူးလိုတော့ ပြောလို့မရဘူးပေါ့နော်။ ဘာဘဲဖြစ်ဖြစ် ပုံစံအမျိုးမျိုးနှင့်ကတော့ လက်နက်ကိုင်အင်အားစုတွေ အသီးသီးတွေမှာတော့ ကလေးစစ်သားတွေက အနည်းနှင့်အများကတော့ ရှိမယ်လို့တော့ကျမတို့အနေနှင့်ပြောချင်တာပေါ့နော်။ ဒါကလည်းဘဲ မဖြစ်သင့်တဲ့ ကျမတို့နိုင်ငံမှာမရှိသင့်တဲ့ စနစ်တစ်ခုကြောင့်မို့လို့ လက်နက်ကိုင်ဆွဲပြီးတော့မှ တိုက်ပွဲဝင်နေရတဲ့ တိုင်ရင်းသားလက်နက်ကိုင် အင်အားအသီးသီးကလည်းပဲ လိုအပ်မှုအရ စုဆောင်းလိုက်တဲ့ အနေအထားမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ရှိနိုင်မယ်လို့တော့ ကျမတို့အနေနှင့် ပြောချင်ပါတယ်။ ဒါပေမယ့် တာဝန်အရှိဆုံးကတော့ လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရဖြစ်တယ်ပေါ့နော်။ ဒါပေမယ့်လည်းပဲ အခုနလိုမျိုး တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေမှလည်း ကလေးစစ်သားတွေကို အသုံးပြုထားတာမျိုးရှိတယ်ဆိုရင် သူတို့အနေနှင့် ဒါအမြန်ပေါ့လေ ဒီကိစ္စမျိုးတွေ မဖြစ်သင့်ဘူး။ ဒါကို ဝိုင်းဝန်းတိုက်ဖျက်ရမယ်။ အပြစ်ပေးအရေးယူမှုတွေ လုပ်ဆောင်ရမယ်။ ဒီတာဝန်ယူမှု၊ တာဝန်ခံမှုတွေကတော့ ရှိရမယ်ဆိုတာကို ကျမတို့ နည်းနည်းထောက်ပြချင်ပါတယ်။
ဦးကျော်ဇံသာ။ ။ ဆိုတော့ နောက်တစ်ခုက ကျနော်တို့ဆီက ကလေးစစ်သားစုဆောင်းခံရတဲ့ ကလေးတွေဟာ များသောအားဖြင့် သိပ်ဆင်းရဲနွမ်းပါးတယ်။ စားဝတ်နေရေး မဖူးလုံနိုင်တဲ့ကလေးတွေ၊ ပညာရေးကိုလည်း ကောင်းကောင်းမွန်မွန် သင်ယူခွင့် မရရှာတဲ့ ကလေးတွေဖြစ်ပါတယ်။ ဆိုတော့ အဲ့လိုကလေးတွေ ပပျောက်ရေးအတွက် နိုင်ငံတကာရဲ့  ကူညီမှုတွေကကော ဘယ်လောက် ထိထိရောက်ရောက် ဖြစ်လာနိုင်ပါသလဲ။ နောက် မတင်တင်ညိုကိုလည်း ကျနော်မေးချင်ပါတယ်။ ကိုမင်းလွင် အဲ့လို နိုင်ငံတကာမှာ ဒီလို နိုင်ငံတကာအဖွဲ့အစည်းတွေ ဒီအလှူရှင်တွေက ကလေးတွေရဲ့  ဘဝသာယာစိုပြည်ရေး လုံခြုံရေးအတွက် ပံ့ပိုးထားတဲ့ဟာတွေကော ရှိပါသလား။
ဦးမင်းလွင်ဦး။ ။ UNICEF ကနေပြီးတော့ ဒီကလေးသူငယ်၊ ဒီ လမ်းဘေးရောက်သွားပြီးတော့ ဘဝမျိုးစုံ ကျင်လည်ရတဲ့အဆင့်ကို ခုနစ်ဆင့် သတ်မှတ်ပြီးတော့ သူတို့ သုတေသနလုပ်ထားတဲ့ ဥစ္စာတွေရှိပါတယ်။ အဲ့ဒီတော့ ဒီနိုင်ငံတကာအဖွဲ့စည်းတွေကလည်း တက်နိုင်သလောက် အဖက်ဖက်ကနေပြီးတော့ ဝိုင်းဝန်း ပံ့ပိုးချင်သော်လည်း ကျနော်တို့ တိုင်းပြည်အုပ်ချုပ်တဲ့ အစိုးရကိုယ်တိုင်က ပူးပေါင်းပါဝင်ရမယ်။ နောက်ပြီးတော့ ဒီလိုမျိုးလုပ်ဆောင်တဲ့ လုပ်ဆောင်ချက်တွေကို ခွင့်ပြုပေးရမယ်။ အကြမ်းဖျဉ်းပြောရရင်ဗျာ လမ်းဘေးရောက်နေတဲ့ စာမသင်နိုင်တဲ့ ကလေးတွေကို စာသင်နိုင်ဖို့အတွက် အခွင့်အရေးဖန်တီးပေးတဲ့ ဘုန်းကြီးကျောင်းသော်လည်းကောင်း၊ အခမဲ့ ပညာသင်ကြားရေး ကျောင်းကိုသော်လည်းကောင်း ဖွင့်ရင်ဖွင့်ခွင့်ပြုဖို့အတွက် အစိုးရက အားပေးအားမြှောက် လုပ်ပေးရမယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ ယခင်က အဲ့ဒီလိုမျိုး မဖြစ်ခဲ့ဘူး။ စစ်အစိုးရလက်ထက်မှာ ကလေးသူငယ်တွေကို စာသင်ပေးမယ်ဆိုရင် အဲ့ဒီစာသင်ပေးတဲ့သူက ပြသနာအရှာခံရပြီးတော့ ထောင်ကျမယ့်ကိန်းဆိုက်တဲ့ အခြေအနေတွေ ထိရောက်ခဲ့တာကို ကျနော်တို့တွေ့ရတယ်။ ဒါကြောင့် အုပ်စိုးသူအစို့ရကနေပြီးတော့ ဒီလိုမျိုးနိုင်ငံတကာက ကူညီချင်တဲ့ကိစ္စရပ်တွေကို ဝမ်းပန်းတသာကြိုဆိုရမယ်။ ပံ့ပိုးကူညီမှုတွေ လုပ်ရမယ်။ လုပ်နိုင်မယ့် အခွင့်အလမ်းတွေကို ဖန်တီးဖို့အတွက် လုပ်ပေးရမယ်။ ဒါမှလည်းပဲ ကျနော်တို့ ဒီကလေးတွေရဲ့  အနာဂတ်လှပလာမယ့် အခြေအနေမျိုးကို ဖန်တီးနိုင်မှာ ဖြစ်တယ်။ အခုအစိုးရလက်ထက်မှာ တော်တော်များများ လမ်းတွေဖွင့်ပေးတယ်။ ဆောင်ရွက်မှုတွေ ခွင့်ပြုလာတယ်ဆိုတာ ကျနော်တို့ တွေ့ရတယ်။ ဒါတွေကို ကျနော်တို့ ကြိုဆိုတယ်။ ဒီလိုမျိုး အဖက်ဖက်ကနေ ကူညီပံ့ပိုးပေးမယ့် အဖွဲ့တွေကို ပိုပြီးတော့ လမ်းဖွင့်ဆောင်ရွက်ပေးဖို့လိုတယ်။ ကူညီဆောင်ရွက်ပေးမယ့် အဖွဲ့အစည်းတွေကလည်း ပွင့်လင်းမြင်သာတဲ့ ဆောင်ရွက်မှုတွေနှင့် ချဉ်းကပ်ဆောင်ရွက်ဖို့လိုတယ်လို့ပဲ ကျနော်အနေနှင့် ပြောချင်ပါတယ်ခင်ဗျာ။
ဦးကျော်ဇံသာ။ ။ အစိုးရနှင့်လက်နက်ကိုင် တိုက်နေတဲ့ တိုင်းရင်းသားအင်အားစုတွေ၊ လက်နက်ကိုင်အင်အားစုတွေဘက်ကိုလည်း ကြည့်ပါဦး မတင်တင်ညို။ အဲဒီဘက်မှာရောက်နေတဲ့ ကလေးစစ်သားတွေကို တိုင်းရင်းတွေလက်နက်ကိုင်တွေရဲ့  လက်ကဆွဲထုတ်ပြီးတော့ သူတို့ဘဝကို ထူထောင်ပေးမယ်ဆိုတဲ့ နိုင်ငံအဖွဲ့အစည်းမျိုးကော မရှိဘူးလား။ ရှိရင်ကော ဒီတိုင်းရင်းသားအဖွဲ့အစည်းတေအနေနဲ့ လက်ခံနိုင်တဲ့ အခြေအနေ ရှိပါသလား။
မတင်တင်ညို။ ။ ကျမအမြင်ကို ပြောရမယ်ဆိုလို့ရှိရင်တော့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်းပဲ သူတို့ကတော့ ဘယ်ဖက်အခြမ်းမှာ ရှိနေတဲ့ ကလေးစစ်သားရယ်လို့ သတ်မှတ်မှာတော့ မဟုတ်ဘူးပေါ့နော်။ တကယ့်တကယ် ကူညီခွင့်ရမယ်ဆိုလို့ရှိရင် သူတို့ကလည်း ကူညီဖို့ အစီအစဉ်မျိုးရှိတယ် ဆိုလို့ရှိရင် သူတို့ကတော့ အကုန်လုံးကို ကူညီမှာပေါ့နော်။ ပြီးတော့ နောက်တစ်ခုက ကျမအနေနှင့် ယုံကြည်နေတာတစ်ခုက အခုနလို ဒီလက်နက်ကိုင်တိုင်ရင်းသား အင်အားစုတွေကလည်းပဲ သူတို့မှာရှိနေတဲ့ ကလေးစစ်သားတွေကို အခုနကလိုမျိုး သူတို့ဘဝကို တိုးတက်ဖို့အတွက် အစစအရာရာ တဖက်ကနေ တာဝန်ယူပြီး လုပ်ဆောင်ပေးမယ် ဆိုလို့ရှိရင် သူတို့အနေနှင့် ငြင်းမယ်လို့ မထင်ထားဘူးပေါ့နော်။ ကျမအနေနှင့် တစ်ခုပြောချင်တာကတော့ အရင် ကလေးစစ်သားဟောင်းတွေကောပေါ့နော် သူတို့တွေကိုလည်း ပြန်ပြီးတော့မှ ပြုစုပျိုးထောင်တဲ့ဟာတွေမှာကြတော့ ကိုယ့်တပ်မှာရှိတယ့် ကလေးကမှ ကိုယ်တာဝန်ရှိတယ် မဟုတ်ဘဲနဲ့ပေါ့လေ တာဝန်ယူထားတဲ့ အစိုးရအနေနှင့်ပေါ့လေ အခုလိုမျိုး လုပ်ဆောင်မယ်ဆိုလို့ရှိရင် အားလုံးကို တာဝန်ယူပြီးတော့ လုပ်ဆောင်တာကောင်းတယ်။ ဒီကလေးတွေကို တကယ်ပဲ စိတ်ဓါတ်ပိုင်းဆိုင်ရာအရရော၊ သူတို့ဘဝ ဆက်လက်ရပ်တည်နိုင်ဖို့အတွက်ပါ လုပ်ပေးရမယ့်ပုံစံမျိုးလို့ ကျမအနေနှင့် မြင်ပါတယ်။
ဦးကျော်ဇံသာ။ ။ မတင်တင်ညို ကို ကျနော်ဆက်မေးချင်တာက မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ်အနေနှင့် ဒီကလေးတွေ အမျိုးသမီးတွေရဲ့  အခွင့်အရေးကို လုပ်ဆောင်နေတယ်။ အခု အစိုးရကလည်း ကုလသမဂ္ဂနှင့် ဒီလိုပူးပေါင်းဆောင်ရွက်ပါ့မယ်လို့ လုပ်လာတော့ မတင်တင်ညိုတို့အနေနှင့်ကော မြန်မာနိုင်ငံအစိုးရနှင့် ပူးပေါင်းပြီးတော့ ဒီကိစ္စတိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ ပါဝင်ဆောင်ရွက်ဖို့ အစီအစဉ်မရှိဘူးလား ခင်ဗျာ။
မတင်တင်ညို။ ။ ကျမတို့ကတော့ တတတ်တအား နှင့် ဝင်ရောက်ပူးပေါင်း လုပ်ကိုင်ချင်တဲ့ဆန္ဒ ရှိပါတယ်။ တကယ်လည်း ဖြစ်သင့်တယ်ပေါ့နော်။ နောက် အစိုးရတွေရဲ့  ဆုံးဖြတ်ချက်က အင်မတန်မှ ကောင်းတယ်လို့ ကျမတို့ ပြောချင်တာပေါ့နော်။ အရေးကြီးတာက လက်တွေ့မှာ တကယ် အကောင်ထည်ဖော်ဖို့၊ တကယ်ပဲ စိတ်လိုက်မာန်ပါ လိုက်လုပ်ဖို့ပဲ အရေးကြီးတယ်လို့ ကျမတို့အနေနှင့်က ထောက်ပြချင်တာပါ။
ဦးကျော်ဇံသာ။ ။ ကိုမင်းလွင်ကိုကျနော်နောက်ဆုံးမေးချင်တာက အခုရက်ပိုင်းအတွင်းမှာ တချိန်တုန်းက Congo မှာ ကလေးစစ်သားစုဆောင်း တိုက်ခဲ့တဲ့ စစ်ခေါင်းဆောင် warlord စစ်သားတစ်ယောက်ကို ICC အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာခုံရုံးက ထောင်ဒဏ်ချမှတ် လိုက်ပါတယ်။ ပထမဦးဆုံးက ဒီကိစ္စနှင့် ပတ်သက်ပြီးတော့ အပြည်ပြည်ဆိုင်ရာ ခုံရုံးတစ်ခုကနေပြီးတော့ ပြစ်ဒဏ်ချမှတ်တာ ဖြစ်ပါတယ်။ ဒီပြစ်ဒဏ်ချမှတ်မှုဟာ မြန်မာနိုင်ငံလို ကလေးစစ်သားစုဆောင်းမှု အသုံးပြုမှု ကျူးလွန်မှုရှိခဲ့တဲ့နိုင်ငံ အပေါ်မှာ ဘယ်လိုမျိုးရိုက်ခက်မှုရှိမယ်လို့ ထင်ပါသလဲခင်ဗျာ။
ဦးမင်းလွင်ဦး။ ။ ဟာ အများကြီး ရှိတာပေါ့ဗျာ။ ကျနော်တို့ မြန်မာနိုင်ငံမှာ နောက်ပိုင်းတွေမှာ ကလေးစစ်သားတွေ အသုံးပြုမှုရပ်စဲသွားဖို့အတွက်က ဒါက အဓိကကျတယ်။
ဦးကျော်ဇံသာ။ ။ အဲ့ဒီတော့ မြန်မာနိုင်ငံ အရင်ကလေးစစ်သားစုဆောင်းပြီးတော့အသုံးပြုခဲ့တဲ့ အမှုကိစ္စတွေကော နိုင်ငံတခွင်က လွတ်မြောက်မလား။
ဦးမင်းလွင်ဦး။ ။ အဲ့ကိစ္စကတော့ ကျနော်တို့ အခု ဒီနေ့ ကျနော်တို့ သိရတဲ့ ထောင်ဒဏ် (၁၄) နှစ်အပြစ်ပေးခြင်း ခံရတဲ့လူကတော့ သူကိုယ်တိုင်ကိုက ကလေးစစ်သားတွေကို စုဆောင်းဖို့ အမိန့်ပေးတယ်။ စစ်ပွဲတွေကို စေလွှတ်တယ်။ စီမံခန့်ခွဲ အုပ်ချုပ်တယ်ဆိုတဲ့ ကိစ္စရပ်တွေနှင့် ပတ်သက်ပြီးတော့ အရေးယူခြင်းခံရတာပါ။ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာတော့ အဲဒီလို မဟုတ်ဘဲနှင့် တစ်ဦးတစ်ယောက် အထက်က ညွှန်းကြားတယ်ဆိုပေမယ့် အဲဒီအထက်က ဘယ်သူမှန်း မသိတာက ပြသနာဖြစ်တယ်။ နောက်တခါ အရေးယူမယ်ဆိုလို့ရှိရင်လည်း ကျနော်တို့ လာရောင်းတဲ့သူကော၊ လက်ခံတဲ့သူကော နှစ်ဦးလုံးကို အရေးယူရမှာ ဖြစ်တယ်။ အဲ့ဒီတော့ လက်ရှိအခြေအနေမှာ အဲ့ဒီလို အရေးယူတာ မဟုတ်ဘဲနဲ့ လာရောင်းတဲ့ သူကိုတော့ ကလေးမိဘထံက ခိုးယူတယ်ဆိုတဲ့ လူခိုးမှုနှင့် အရေးယူလိုက်တယ်။ ဝယ်တယ်ဆိုတဲ့ စစ်တပ်က စစ်ဗိုလ်တွေ၊ အရာခံဗိုလ်တွေ၊ ဗိုလ်ကြီးတွေက ဒီအမှုကနေ ကင်းလွှတ်နေတယ်။ အဲ့ဒီလိုမျိုး မဖြစ်အောင် တပ်မတော်ကိုယ်တိုင်ကိုက တိတိကျကျနှင့် အရေးယူဖို့လိုတယ်။ အရေးယူတယ်လို့တော့ သူတို့က ဆိုပါတယ်။ အဲ့ဒီတော့ တစ်နှစ်မှာ (၆၀) တခါတလေ (၁၂၀) အရေးယူမှုတွေ ရှိတယ်ဆိုတာကို ရံဖန်ရံခါ သတင်းစာမှာ ဖော်ပြတာကို ကျနော်တို့ တွေ့ရပါတယ်။
နိုင်ငံသားဥပဒေအသစ် ပြဌာန်းဖို့ မြန်မာအစိုးရကို INGO များ တိုက်တွန်း.... 10 July 2012
နိုင်ငံသားဥပဒေအသစ် ပြဌာန်းဖို့ မြန်မာအစိုးရကို INGO များ တိုက်တွန်း
By ကိုကျော်ကျော်သိန်း
မြန်မာနိုင်ငံမှာ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေအသစ်တရပ် ပြဌာန်းဖို့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့ အစည်းတွေက တိုက်တွန်း တောင်းဆိုလိုက်ကြပါတယ်။ နိုင်ငံသား ဖြစ်မှုဆိုင်ရာ မြန်မာနိုင်ငံရဲ့ လက်ရှိဥပဒေ ဟာ လူ့အခွင့် အရေး စံချိန် စံညွှန်းတွေနဲ့ မကိုက်ညီတဲ့အပြင် နိုင်ငံတကာ သဘောတူစာချုပ်တွေကိုလည်း ချိုးဖောက်ရာ ကျနေတယ်လို့ ထောက်ပြကြပြီး ဥပဒေအသစ်ပြဌာန်းဖို့ တောင်းဆိုကြတာလည်းဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။
၁၉၈၂ ခုနှစ်က ဗိုလ်ချုပ်ကြီးနေ၀င်း အစိုးရ ပြဌာန်းခဲ့တဲ့ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးကြေညာစာတမ်းနဲ့ လိုက်လျော ညီထွေ မဖြစ်သလို အပြည်ပြည်ဆိုင်ရာ သဘောတူ စာချုပ်တွေပါ ဥပဒေနဲ့အညီ မြန်မာ နိုင်ငံကလိုက်နာရမယ့် တာဝန်တွေနဲ့လည်း မကိုက်ညီဘူးလို့ နိုင်ငံတကာ က အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း ၃၁ ဖွဲ့က ထောက်ပြလိုက်ကြတာပါ။
၈၂ ခုနှစ်ဥပဒေဟာ နိုင်ငံတွင်း နေထိုင်သူတွေ နိုင်ငံသား ဖြစ်ခွင့်မရအောင် ကန့်သတ်ချက်တွေ အများအပြား ချထားတယ်လို့ Burma Campaign UK အဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး မာ့ခ် ဖားမနား (Mark Farmaner) က ပြောပါတယ်။
“အဲဒီဥပဒေဟာ နိုင်ငံတကာဥပဒေတွေနဲ့ လိုက်လျောညီထွေ မဖြစ်ပါဘူး။ မြန်မာနိုင်ငံဟာ ကလေး သူငယ်တွေ ရဲ့ အခွင့်အရေးကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားပါတယ်။ ဒါကြောင့် အဲဒီဥပဒေအရ လိုက်နာဆောင်ရွက်ဖို့ မြန်မာနိုင်ငံမှာ တာဝန်ရှိပါတယ်။ ဒါပေမဲ့လည်း ၈၂ ခုနှစ် နိုင်ငံ သား ဖြစ်မှုဆိုင်ရာ ဥပဒေက ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်နဲ့ ဆန့်ကျင်နေ ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံဟာ သူကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ ကုလသမဂ္ဂ သဘောတူစာချုပ် ကို ဖောက်ဖျက်နေပါတယ်။”
၈၂ ခုနှစ်ဥပဒေအရဆိုရင် မြန်မာနိုင်ငံတွင်းမှာ မွေးဖွားတဲ့ ကလေးဖြစ်ပေမဲ့လည်း နိုင်ငံသားဖြစ်ခွင့်မရ တာ၊ နိုင်ငံသားမိဘနှစ်ဦး ကမွေးဖွားတာဖြစ်ပေမဲ့လည်း နိုင်ငံပြင်ပ၊ ဥပမာအားဖြင့် ရွှေ့ပြောင်းအလုပ်သမား မိဘတွေရဲ့ ကလေးငယ်တွေ၊ ဒုက္ခသည် မိဘတွေရဲ့ ကလေးငယ်တွေဟာ နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးနေတယ်လို့ မစ္စတာဖားမနားတို့က ထောက်ပြကြတာပါ။
အဲဒီဥပဒေဟာ အဲဒီခေတ် အဲဒီအချိန်က လိုအပ်ချက်နဲ့အညီ ပြဌာန်းခဲ့တာဖြစ်တဲ့အတွက် ဒီကနေ့ခေတ်နဲ့ လိုက်လျောညီထွေမဖြစ်တော့တဲ့ ပြဌာန်းချက်တွေ ပါနေတယ်ဆိုတာကို လူ့အခွင့်အရေးရှေ့နေတဦးဖြစ်သူ ဦးမင်းလွင်ဦးက သဘောတူ ပါတယ်။
“နိုင်ငံသားအဖြစ်ကို လျှောက်ထားတဲ့ ကာလအတွင်းမှာ ကလေးတွေရဲ့ ခံစားခွင့်တွေ၊ ကလေးတွေ ရဲ့ ကျောင်းနေ ပိုင်ခွင့်တွေ ဒါတွေနဲ့ပတ်သက်ပြီးတော့ အတိ အလင်း ပြဌာန်းထားတာမရှိတာကို ကျနော် တို့ တွေ့ရပါတယ်။ နောက်ပြီးတော့တခါ အသက် ၁၈ နှစ် မပြည့်ခင် မိဘဖြစ်တဲ့သူ ကိုယ်တိုင်ကနေပြီးတော့ ကလေး ကို နိုင်ငံသားအဖြစ် လျှောက်လွှာတင်ပေးဖို့လိုတဲ့ အချက်အလက်တွေ ရှိတယ်။ ဒါတွေကို နဂိုရ်မိဘနှစ်ပါးက မေ့လျော့ခဲ့လို့ရှိရင် ဒီကလေးရဲ့ အခွင့်အရေးတွေက အလိုလို ဆုံးရှုံးနေတာတွေကို ကျနော်တို့ တွေ့ရတယ်။ ဒီဥစ္စာတွေကတော့ ခေတ်နောက်ကျတယ်လို့ ပြောလို့ရတာပေါ့နော်။ အဲဒီလို ကိစ္စရပ်တွေကတော့ တချို့ ပြင်သင့်တယ်ဆိုတာလောက်တော့ မှန်ပါတယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ကလည်း နော်ဝေးနိုင်ငံမှာ ရောက်တဲ့အချိန်တုန်းက နိုင်ငံသားဖြစ်မှုဆိုင်ရာနဲ့ပတ်သက်ပြီး ပြောခဲ့တာရှိပါတယ်။ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေအရ ဘယ်သူဟာ နိုင်ငံသားဖြစ်သင့်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြဌာန်းထားမယ်ဆိုရင် ပြဿနာ ရှိမှာမဟုတ်ဘူးလို့ ဒေါ် အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။
အခုလိုအချိန်မှာမှ နိုင်ငံသားဖြစ်မှုဆိုင်ရာ လက်ရှိဥပဒေရဲ့ အားနည်းချက်တွေကို ထောက်ပြပြီး ဥပဒေ အသစ်ပြဌာန်းဖို့ တောင်းဆိုရတာကတော့ ရခိုင်ပြည်နယ် ဘက်မှာ မကြာသေးခင်ကဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကြောင့် ဖြစ်တယ်လို့ တောင်းဆိုကြတဲ့အဖွဲ့တွေကပြောပါတယ်။
လုပ်ဆောင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးတွေနဲ့ လုပ်ဆောင်ဖို့စီစဉ်ထားတာတွေအတွက် နိုင်ငံတကာ ကျွမ်းကျင် သူတွေရဲ့ အကူအညီကိုရယူဖို့ မြန်မာအစိုးရဟာ ပိုပြီး ပွင့်လင်းလာတာကြောင့် နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေအသစ်တရပ် ပြဌာန်းဖို့ လုပ်မယ်ဆိုရင်လည်း UNICEF ကုလသမဂ္ဂ ကလေးသူငယ်များရန်ပုံငွေအဖွဲ့နဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့လို ကုလသမဂ္ဂအဖွဲ့အစည်းတွေကလည်း အကူအညီပေးဖို့ စိတ်ဝင်စားကြမှာပါလို့ မစ္စတာ ဖားမနားက ပြောပါတယ်။ ဒါ့အပြင် အကူအညီပေးချင်ကြ တဲ့ နိုင်ငံတကာက ရှေ့နေတွေလည်း ကမ္ဘာတ၀န်းမှာရှိနေတယ်လို့ ဆိုပါတယ်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး သဘောတူညီချက်တခု ကျယ်ကျယ်ပြန့်ပြန့် ရှိနေတဲ့ပုံပေါ်ပါတယ်။ ဥပဒေအရ အပြောင်း အလဲတွေ လုပ်ဖို့ လိုအပ်နေပါတယ်၊ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ လိုအပ်နေပါတယ်၊ နိုင်ငံတကာက ထောက်ခံ ပံ့ပိုးမှု ရဖို့ လိုအပ်နေပါတယ်၊ အခုတောင်းဆိုချက်ကို သဘောတူလက်မှတ် ရေးထိုးထားကြတဲ့ အဖွဲ့ အစည်းတွေအားလုံးက ဒါကို ထောက်ခံပါတယ်။”
ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး မာ့ခ် ဖားမနားပါ။
နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေအသစ်တရပ်ပြဌာန်းဖို့ လက်မှတ်ရေးထိုးတောင်းဆိုကြတဲ့အဖွဲ့ ၃၁ ဖွဲ့ထဲမှာ Burma Campaign UK အဖွဲ့နဲ့အတူ ချင်း လူ့အခွင့် အရေးအဖွဲ့၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု၊ Open Society Foundations၊ US Campaign for Burma စတဲ့ ဒေသတွင်းနဲ့နိုင်ငံတကာက အဖွဲ့အစည်းတွေ ပါဝင်ပါတယ်ခင်ဗျား
Thursday, July 05, 2012
နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်လွှတ်ပေးဖို့ AI တိုက်တွန်း... 4 July 2012
မြန်မာအစိုးရက အကျဉ်းသား အယောက် ၈၀ ကို ပြန်လွှတ်ပေးလိုက်တဲ့ ထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၀ ပါလာတဲ့အပေါ် အများစုက ကြိုဆိုကြပါ တယ်။ တချိန်ထဲမှာပဲ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကိုလည်း လွှတ်ပေးဖို့ တောင်းဆိုကြပါတယ်။ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်နေတဲ့အချိန်ကာလမှာ အားလုံးရဲ့ အင်အားတွေကိုယူပြီး လုပ်ဆောင်သင့်တာမို့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေး ဖို့ တောင်းဆိုနေကြတာလည်းဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။
နိုင်ငံတော်တည်ငြိမ်ရေးနဲ့ ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ဖို့အတွက်၊ အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးအတွက်၊ နိုင်ငံရေးလုပ်ငန်းစဉ် တွေမှာ အားလုံးပါဝင်နိုင်ခွင့်ရှိစေဖို့အတွက်၊ လူသားချင်း စာနာထောက်ထားမှုကို အလေးပေးတဲ့အနေနဲ့ဆိုပြီး အခြေခံဥပဒေပါပုဒ်မ ၂၀၄ (က) နဲ့ အညီ နိုင်ငံသား အကျဉ်းသား ၃၇ ဦး၊ နိုင်ငံသားအကျဉ်းသူ ၉ ဦးတို့အပြင် နိုင်ငံခြားသားအကျဉ်းသား ၃၄ ဦးတို့ ကို နိုင်ငံတော် သမ္မတက ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးပြီး ပြန်လွှတ်ပေးခဲ့တာပါ။
လွှတ်ပေးလိုက်တဲ့ နိုင်ငံသား ၄၆ ဦးထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၀ ပြန်ပါလာပြီး နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်း သားတချို့လည်း ပြန်လွတ် လာပါတယ်။
နိုင်ငံတော်တည်ဆောက်ရေးမှာ တစ်ဖက်တစ်လမ်းကနေ အထောက်အပံ့ဖြစ်စေဖို့ ဆိုတဲ့ အတွက် အားလုံးကို ပြန်လွှတ်ပေးသင့်ပြီလို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြန်လွတ်လာသူတွေကို ကြိုဆိုတဲ့အချိန်မှာ ပြောခဲ့ပါတယ်။
“ဒီလူတွေဘယ်လိုအကြောင်းနဲ့မှထောင်ထဲမှာ မထားသင့်တော့ဘူး။ ကြာရင် လူတွေရဲ့စိတ်မှာ စိတ် အနာတရဖြစ်သွားရင် မကောင်းဘူး။ ကျနော်တို့က ဘယ်လောက်ပဲခံခဲ့ရပါစေ၊ အဲဒါတွေကိုမေ့ထားပြီး အနာဂတ်ကိုကြည့်မယ်လို့ ကျနော်တို့ဆုံးဖြတ်ထားတယ်။ အဲဒီအပေါ်မှာ နောက် လူတွေကိုလည်း စိတ်အနာတရမဖြစ်စေချင်ဘူး။ တိုင်းပြည်တည်ဆောက်ရေးအတွက် ဒီအင်အားတွေကို ချက်ခြင်းအပြင်ကို ထွက်စေချင်ပြီ။ သူတို့ ပြန်လည်ထူထောင်ရေးတွေလည်း လုပ်ရအုံးမယ်။ အထဲမှာ အားလုံးက ညောင်းပြီး ပင်ပန်းလာကြတာ။”
အမေရိကန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကတော့ အခုလိုလွှတ်ပေးတာကို ကြိုဆိုသလို အားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။
“မြန်မာနိုင်ငံမှာ အခုလို ပြန်လွှတ်ပေးလိုက်တာကို အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ကြိုဆိုပါ တယ်။ ဒါပေမဲ့ တခြားကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကိုလည်း ပြန်လွှတ်ပေးဖို့ မြန်မာအာဏာပိုင်တွေကို ကျနော်တို့ တိုက်တွန်း ပါတယ်။”
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အာရှ-ပစိဖိတ်ဒေသ ဆိုင်ရာ စည်းရုံးလှုံ့ဆော်ရေးမှူး မစ္စတာ တီ ကူးမား (T Kumar) ပါ။
ထင်ရှားသူတွေအပါအ၀င် နိုင်ငံရေးအကျဉ်းသား အတော်များများကို ဒီနှစ် နှစ်ဆန်းပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပြီးချိန်ကတည်းကဆိုရင် အခု လွှတ်ပေး တာဟာ ဒီနှစ်အတွင်း ဒုတိယအကြိမ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းကတည်းက နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးတော့မယ် ဆိုတဲ့ သတင်းတွေက ထွက်နေခဲ့တာပါ။ ဒါပေမဲ့လည်း အားလုံး ပါမလာတဲ့ အတွက်တော့ ပြန်လွတ်လာသူတဦးကိုယ်တိုင်က မပျော်ရွှင်လှပါဘူး။
“လုံးဝ ၀မ်းသာစရာအကြောင်းမရှိဘူး၊ တကယ်ဆို အရပ်သားအစိုးရတက်လာကတည်းက ကျနော်တို့ နောက်နေ့မှာ ထောင်ပြင်ကို ရောက်နေရမယ့် လူဗျ။ ထောင်ထဲမှာ နေစရာအကြောင်းကို မရှိဘူး။ အခုကျန်နေတဲ့ လူတွေ အားလုံးကိုလည်း တကယ်ဆို အနာကျက်အောင် ကုတာလား၊ အနာရင်းအောင် လုပ်တာလား၊ အနာကျက်အောင်ကုတယ်ဆိုရင် ဒီပုံစံတွေ မကောင်းဘူး။ အကုန်လုံး လွှတ်ပေးရမှာ။ ဒီနေ့ကို ချက်ချင်း လွှတ်ပေးရမယ် အကုန်လုံးကို။”
ပြန်လွတ်လာတဲ့ထဲက တယောက်ဖြစ်တဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုမြင့်ကြိုင်ပါ။
အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတယောက်ပဲဖြစ်ဖြစ် ကျန်နေသေး သရွေ့ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ် မပြီးဆုံးနိုင်ဘူး လို့ ဆိုထားကြတာပါ။ ထင်ရှားသူတွေ အများအပြားကို ပြန်လွှတ်ပေးခဲ့ပီးတဲ့နောက်ပိုင်းမှာလည်း နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးအတွက် နိုင်ငံတကာရဲ့ ဖိအားပေးတောင်းဆိုချက်တွေက အားပျော့သွားခဲ့တယ်လို့ ဆိုရမှာပါ။
တချိန်တုန်းက လက်နက်ကိုင်ပြီး အစိုးရကို ဆန့်ကျင် တိုက်ခိုက်ခဲ့တဲ့ အဖွဲ့အစည်းတွေ၊ ဥပဒေပြင်ပက တရားမ၀င် အဖွဲ့အစည်းတွေလို့ဆိုတဲ့ အဖွဲ့အစည်းတွေနဲ့ အစိုးရကြားမှာ တွေ့ဆုံ ဆွေးနွေးတာတွေ၊ သဘောတူညီချက်ယူတာတွေတောင်မှ ရှိလာနေပြီဖြစ်တဲ့အတွက် အဲဒီအဖွဲ့တွေနဲ့ ဆက်စပ် ပတ်သက် လို့ ထောင်ချခံထားရသူတွေ၊ နိုင်ငံရေးနဲ့ဆက်စပ်ပေမဲ့ တခြားပုဒ်မ အမျိုးမျိုးနဲ့ ထောင်ချခံ ထားရသူတွေ အားလုံး ပြန်လွတ်လာဖို့ ဆက်လုပ်သွားပါမယ်လို့ ကိုမင်းကိုနိုင်ကပြောပါတယ်။
“အဓိက ကတော့ဗျာ၊ တိုင်းပြည်မှာ တကယ်တည်ဆောက်ရေးအတွက် လုပ်အားရှင်တွေ လိုပါတယ်။ နိုင်ငံရေး အတွက် ကိုယ့် ယုံကြည်ချက်အတွက် ကြိုးစားကြရင်းနဲ့ အမှုကတော့ မျိုးစုံ ခေါင်းစဉ်တပ်လို့ ရတာပေါ့။ လက်နက်မှုနဲ့ နောက်ဆုံးတပ်လို့ရတယ်။ မတရားသင်းနဲ့ဆက်သွယ်တယ် ဆိုပြီး တပ်လို့ ရတယ်။ ခုတချိန်က မတရားသင်းလို့ သူတို့ ကြေညာထားတဲ့သူတွေက အခုအစိုးရနဲ့ အဆင်ပြေပြီးတော့ တရားဝင်လည်း ဖြစ်နေပြီဗျာ။ အဲလိုအချိန်မျိုးမှာ သူတို့နဲ့ ပတ်သက်ထားတဲ့လူတွေက ဘယ်လိုနည်းနဲ့မှ မကျန်သင့်တော့ဘူးပေါ့နော်။ ကျနော်တို့ အဲဒါကို အားစိုက်ခွန်စိုက် ဆက်ပြီးတော့ ကြိုးစားပါ့မယ်။”
နိုင်ငံရေးအကျဉ်းသားဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့နေရာမှာ ကွဲပြားချက်တွေ ရှိနေတာကြောင့်လည်း နိုင်ငံရေး အကျဉ်းသား အရေအတွက်ကို ပြောတဲ့နေရာမှာ ကွဲလွဲချက်တွေရှိနေတာဖြစ်ပါတယ်။ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုင်ငံရေးအကျဉ်းသား ၄၀၀ ကျော် ကျန်သေးတယ်လို့ ပြောထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ၃၅၀ လောက် ကျန်သေးတယ်လို့ ပြောထားပါတယ်ခင်ဗျား။
ဒုတိယ သမ္မတ နုတ်ထွက်.. RFA 4 July 2012
ဒုတိယ သမ္မတ နုတ်ထွက်
2012-07-04
ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နုတ်ထွက်ကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ သဝဏ်လွှာကို ဒီကနေ့ နေပြည်တော်မှာ စတင်ကျင်းပတဲ့ စတုတ္ထအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ကြေညာခဲ့ပါတယ်။
Photo courtesy of Eye Press News
၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်က နေပြည်တော်တွင် ကျင်းပသည့် ၆၄ ကြိမ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား၌ ဒုတိယ သမ္မတ သီဟ သူရ ဦးတင်အောင်မြင့်ဦး တက်ရောက်နေစဉ်။
ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ဒီကြေညာချက်ကို အခုလို ဖတ်ပြပါတယ်။
"ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦးသည် ၄င်း၏ ကျန်းမာရေး အခြေအနေအရ ဆန္ဒအလျောက် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁ ရက်မှစ၍ ဒုတိယ သမ္မတ ရာထူးတာဝန်မှ နုတ်ထွက်ပါကြောင်း"
ဦးတင်အောင်မြင့်ဦးဟာ ကျန်းမာရေး အခြေအနေကြောင့် စင်ကာပူနိုင်ငံတွင် ဧပြီလ ၁၈ ရက်နေ့မှ စတင်ကာ မေလ ၁၄ ရက်နေ့အထိ ဆေးကုသမှု ခံယူခဲ့ပြီး ပြန်လည် သက်သာလာခြင်း မရှိတဲ့အတွက် ဇွန်လ ၃၀ ရက်နေ့အထိ ၎င်းရဲ့နေအိမ်မှာ အနားယူနေခဲ့တယ်လို့ သမ္မတရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ သူဟာ ရေရှည်ဆေးဝါးကုသဖို့ လိုအပ်တဲ့အတွက် ဇူလိုင်လ ၁ ရက်နေ့ကစပြီး ဒုတိယ သမ္မတ အဖြစ်က နုတ်ထွက်ခွင့်ပြုကြောင်း သမ္မတရဲ့ သဝဏ်လွှာမှာ ပါရှိပါတယ်။
ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦးဟာ တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့က ရွေးချယ်တင်မြှောက်ခြင်း ခံရသူဖြစ်တဲ့အတွက် လစ်လပ်သွားတဲ့ သူ့ရဲ့နေရာကို စစ်တပ်ကိုယ်စားလှယ် အစုအဖွဲ့က ခုနှစ်ရက်အတွင်း ရွေးချယ်ရမှာ ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ပြောပါတယ်။
"လစ်လပ်သွားသော ဒုတိယ သမ္မတရာထူးနေရာတွင် ဖြည့်စွက်နိုင်ရေးအတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတရွေးချယ်ရေးဆိုင်ရာ နည်းဥပဒေ ၂၄၊ ၂၅ နှင့်အညီ ဒုတိယ သမ္မတ တစ်ဦးအား ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၀ ရက် (အင်္ဂါနေ့) နောက်ဆုံးထား ရွေးချယ်တင်မြှောက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ ပါ သတ်မှတ် အရည်အချင်းများနှင့် သက်ဆိုင်သော အကြောင်းအရာများ ပါဝင်သည့် ကိုယ်ရေး အချက်အလက်များနှင့်အတူ ဒုတိယ သမ္မတ အမည်စာရင်းကို နာယကထံ တင်ပြရန် ဖြစ်ကြောင်း ညွန်ကြားပါတယ်"
အသစ်ရွေးချယ် တင်မြှောက်မဲ့ ဒုတိယ သမ္မတဟာ ပြည်သူအများ ယုံကြည်အားထားမှုရှိပြီး တိုင်းပြည် အေးချမ်းသာယာရေး နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်သူမျိုး ဖြစ်သင့်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ပြောပါတယ်။
"ကျွန်တော်တို့ရဲ့ ဒီစီးပွားရေးစနစ်၊ နိုင်ငံရေးစနစ်ကို အကုန်လုံး လိုက်လျောညီထွေမှုရှိအောင် ပြောင်းလဲနိုင်တဲ့ ပုဂ္ဂိုလ်မျိုး၊ တိုင်းရင်းသားတွေနဲ့ စည်းစည်းလုံးလုံးနဲ့ ပဋိပက္ခကို အဆုံးသတ်နိုင်တဲ့ လမ်းကြောင်းကို ရှာနိုင်တဲ့ပုဂ္ဂိုလ်၊ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေကို ရွေးချယ်ပေးနိုင်တယ် ဆိုလို့ရှိရင် ငြိမ်းချမ်းမှု ဖော်ဆောင်တဲ့ ကဏ္ဍမှာလည်း အထောက်အကူ ဖြစ်နိုင်ပါတယ်။ တပ်မတော်သားတွေရဲ့ ရင်ထဲမှာလည်း ကျေနပ်နှစ်သိမ့်သွားနိုင်ပါတယ်။ ပြည်သူ ပြည်သားတွေရဲ့ ရင်ထဲမှာလည်း ဝမ်းပန်းတသာ ကြိုဆိုကြမှာ ဖြစ်သလို နိုင်ငံရေးပါတီ အားလုံးကလည်းပဲ သမ္မတကြီး သွားနေတဲ့ လမ်းကြောင်း ဖြောင့်ဖြူးနိုင်ဖို့အတွက် တပ်မတော်သားတွေ ကိုယ်နှိုက်ကိုက ရွေးပေးတဲ့ ပုဂ္ဂိုလ်ဆိုပြီးတော့ ကျွန်တော်တို့ အကုန်လုံး ဝမ်းပန်းတသာ ကြိုဆိုကြရမဲ့ အဖြစ်မျိုး ဖြစ်အောင် ပုံဖော်နိုင်မဲ့ ဒီမြင်ကွင်းမျိုး ဖြစ်ဖို့ ကျွန်တော်တို့ ဆန္ဒပြုပါတယ်"
လစ်လပ်နေပြီဖြစ်တဲ့ ဒုတိယ သမ္မတ နေရာအတွက် လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးနဲ့ အမှတ် ၂ စက်မှု ဝန်ကြီး ဦးစိုးသိန်းတို့ကို ထင်ကြေးပေး ပြောဆိုနေကြပါတယ်။
ဒီအတောအတွင်း သမ္မတ ဦးသိန်းစိန်ဟာ အစိုးရအဖွဲ့ ဝန်ကြီးနေရာတွေကို အစားထိုး ပြောင်းရွှေ့မှုတွေ လုပ်ဆောင်ဖို့ရှိပြီး သဘောထား တင်းမာသူတွေအဖြစ် သတ်မှတ်ခံနေရတဲ့ ဝန်ကြီး ၃ ဦးကို ဖယ်ရှားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
နိုင်ငံရေးအကျဉ်းသား ၂ဝ လွတ်မြောက်
နိုင်ငံရေးအကျဉ်းသား ၂ဝ လွတ်မြောက်
2012-07-03
မြန်မာအစိုးရက ပြစ်ဒဏ် လွတ်ငြိမ်းခွင့်နဲ့ ဒီကနေ့ လွှတ်ပေးလိုက်တဲ့ မြန်မာနိုင်ငံသား အကျဉ်းသား (၄၆) ဦးထဲမှာ နိုင်ငံရေး အကျဉ်းသား (၂၀) ကျော် ပါဝင်ကြောင်း သိရပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့က ပြစ်ဒဏ် လွတ်ငြိမ်းခွင့်နှင့် လွှတ်လာသည့် နိုင်ငံရေးအကျဉ်းသားများ
တရားမဝင် ပုံနှိပ်ထုတ်ဝေမှု၊ စာရွက်စာတမ်း ဖြန့်ချိမှုနဲ့ ၁၉၉၈ ခုနှစ်မှာ ထောင်ဒဏ် (၅၉) နှစ်ကျခံရသူ ကိုအေးအောင်က ကလေးမြို့ အကျဉ်းထောင်ကနေ သူ ပြန်လည် လွတ်မြောက်လာပုံကို အခုလို ပြောပါတယ်။
"ကျွန်တော် ၁၄ နှစ်ပြည့်ဖို့ ၂ လပဲ လိုတော့တယ်ခင်ဗျ။ ဇွန်လ ၂၀ ရက်နေ့မှာ ကျွန်တော်ကိုလာပြီးတော့မေးတယ်။ ခင်ဗျား အမှုတွဲတွေ ဘယ်နှစ်ယောက် ရှိသလဲ၊ ခင်ဗျားအမှုတွဲတွေ ဘယ်သူတွေလဲ မေးတဲ့အခါကျတော့၊ ကျွန်တော်က ၆၈ ယောက် ရှိပါတယ်။ ၂၀ လောက်မှတ်မိတာကို ကျွန်တော်ရေးပေးလိုက်တယ်။ အပြင်မှာလည်း ကျွန်တော့် သူငယ်ချင်းတွေက ကျွန်တော့်ကို ဝိုင်းပြီးတော့ တောင်းဆိုနေကြတယ် ဆိုတဲ့သတင်းတွေလည်း ကျွန်တော် ကြားရတဲ့ အခါကျတော့ ကျွန်တော် မကြာခင်မှာ လွှတ်တော့မှာပဲလို့ ကျွန်တော် ခန့်မှန်းလို့ ရပါတယ်။ ကျွန်တော့်ကို လာပြောတာကတော့ မနက်ပိုင်းမှာပေါ့နော်။ ကျွန်တော်ကို လွှတ်ဖို့၊ မနက်ကတည်းက ကျွန်တော်စောင့်နေတယ်။ ဒါပေမဲ့ နောက်ထပ်ဘာမှ မလာဘူး။ မလာတဲ့ အခါကျတော့ ကျွန်တော့်မှာ ထီပေါက်တာလိုလို၊ မပေါက်တာလိုလိုနဲ့ အဲတာ ညွန်ကြားချက် မလာလို့ ဆိုပြီးတော့ ကျွန်တော် စောင့်နေရသေးတယ်ဗျ။ ၁ နာရီ ၂ နာရီလောက်ကို လွှတ်မှာလိုလို၊ မလွှတ်မှာလိုလို ဘယ်သူမှ မေးလို့မရဘူးပေါ့ဗျာ။ နောက်မှ ကျွန်တော်ကို လွှတ်ဝရမ်းတွေ ဘာတွေပေးလိုက်ပြီ"
သံလျင်ရေနံချက်စက်ရုံ ဗုံးခွဲမှုမှာ ပါဝင်တယ်လို့ အစွပ်စွဲခံရတဲ့ NLD ပါတီဝင် ဦးသန်းဇော်ဟာလည်း သရက်အကျဉ်းထောင်ကနေ ဒီကနေ့ ပြန်လည် လွတ်မြောက်လာပါတယ်။
နိုင်ငံရေးအမှုနဲ့ ပြစ်ဒဏ်ကျနေတဲ့ စစ်ကိုင်းတိုင်း အင်းတော်မြို့က ဆရာတော် ဦးဝီရိရ (လူအမည် ဦးခင်ဇော်ဝင်း) လည်း ဒီကနေ့ မန္တလေး အိုးဘိုထောင်ကနေ လွတ်မြောက်ခဲ့ပါတယ်။ ဆရာတော်က သူ အဖမ်းခံရတာနဲ့ ပတ်သက်လို့ RFA ကို မိန့်ကြားတာကတော့-
"နအဖ အခြေခံဥပဒေ ဝေဖန်ချက် လက်ကမ်းစာစောင်၊ စိန်စီသောညရယ်၊ ဆေးရောင်စုံ အငြိမ့်ရယ်၊ ဗိုလ်ချုပ်အောင်ဆန်း ကြိုးပမ်းမှု မှတ်တမ်းခွေရယ်၊ စတားလုံး မှတ်တမ်း ဇာတ်ကားခွေရယ် အားလုံး ၅ ချပ် အဲဒါဖြန့်မိတယ်။ လက်ကမ်းစာရွက်ကတော့ စစ်ကိုင်းမှာ ဖြန့်မိတာ၊ ခွေတွေကတော့ အင်းတော်မြို့ထဲရယ်၊ နောက် ရွာရယ် တော်တော်များများ မြို့နယ်ထဲကို ဖြန့်မိတာ၊ စာရွက်စာတမ်းကိစ္စက ပုံနှိပ်အက်ဥပဒေနဲ့ ၇ နှစ်၊ စီဒီချပ်က ဗီဒီယို အက်ဥပဒေ ၃၂/ခနဲ့ စွဲချက်တင်ပါတယ်။ အားလုံး ၁၀ နှစ်ပါ။ စစ်ကိုင်းခရိုင် တရားရုံးလို့ပြောပါတယ်"
ထောင်ကမထွက်ခင် ပုဒ်မ ၄၀၁ (၁) ကို လက်မှတ်ထိုးခဲ့ရပြီး နောက်ထပ် ပြစ်ဒဏ်ထပ်ပြီး ကျူးလွန်ရင် ကျန်တဲ့နှစ်တွေကို ပေါင်းပြီး ကျခံရမယ်လို့ ထောင်အာဏာပိုင်က ပြောခဲ့တယ်လို့ ဆရာတော်က မိန့်ပါတယ်။ ဆရာတော် အနေနဲ့ ထောင်ထဲမှာနေဖို့ ၃ နှစ်နဲ့ ၉ လ ကျော်လောက် ကျန်နေသေးတယ်လို့ သိရပါတယ်။
မန္တလေး အိုးဘိုထောင်ထဲမှာ နိုင်ငံရေးမှုနဲ့ သံဃာတော် ၁၀ ပါးကျော် ကျန်နေသေးပြီး သူနဲ့အတူ တခြားအကျဉ်းသား ၈ ယောက် လွတ်တဲ့အထဲမှာ နိုင်ငံခြားသား မိန်းကလေးတွေ များတယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။
မြစ်ကြီးနားထောင်မှာတော့ နိုင်ငံရေးအကျဉ်းသား သံဃာတော် (၃) ပါး အခုချိန်ထိ ပြန်မလွတ်သေးဘဲ ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့ အမှုတွဲဖြစ်တဲ့ သူ့ရဲတူ တော်စပ်သူ ဦးကျော်ကျော်မိုးနဲ့ တရားမဝင်အသင်း ဆက်သွယ်မှုနဲ့ မြစ်ကြီးနားထောင်မှာ အကျဉ်းကျနေသူ ကချင် အမျိုးသားတစ်ဦးတို့ လွတ်မြောက်လာတယ်လို့ မြစ်ကြီးနားမြို့နယ် NLD ပါတီ စည်းအဖွဲ့ဝင် ဦးနေဝင်းက ပြောပါတယ်။
"ကျွန်တော်ကြားလိုက်တာက ၂ ဦးပါတယ်။ ဦးကျော်ကျော်မိုးရယ်၊ နောက် ၁၇ (၁) နဲ့ ဖမ်းတဲ့ ကချင်တိုင်းရင်းသား တစ်ယောက်လို့ အဲဒီလိုပဲ အသံထွက်တယ်ဗျ။ ကိုကျော်ကျော်မိုးက နိုင်ငံရေး အကျဉ်းသားတော့ မဟုတ်ဘူးပေါ့ဗျာ။ ဗိုလ်ချုပ်ခင်ညွန့်ရဲ့တူလေ။ အမှုကတော့ ဗိုလ်ချုပ်ခင်ညွန့် အမှုတွဲပါပဲ။ ကျွန်တော်တို့ နိုင်ငံရေး အကျဉ်းသားထဲက ကျန်သေးတယ်ဗျ။ သံဃာထဲက ဆိုလို့ရှိရင် ဖမ်းထားတာ ဆရာတော် ဦးဉာဏကျန်တယ်၊ နောက် ဦးဂန္ဓသာရ ကျန်တယ်။ နောက် ဦးဓမ္မသာမိ ကျန်တယ်ဗျာ။ သံဃာတော် ၃ ပါး ကျန်သေးတယ်ဗျ။ ဦးဂန္ဓသာရက ရွှေဝါရောင်နဲ့ ဆိုင်တယ်ဗျ။ ကျန်တဲ့ ၂ ပါးကတော့ မဟုတ်ပါဘူး"
အစိုးရက ပြန်လွှတ်ပေးလိုက်တဲ့ နိုင်ငံရေး အကျဉ်းသား (၂၀) ကျော်ဟာ အင်းစိန်၊ ကလေး၊ မြင်းခြံ၊ သရက်၊ ကသာ၊ ဘားအံ၊ ထားဝယ်၊ ကော့သောင်း စတဲ့ အကျဉ်းထောင်တွေက ဖြစ်ကြပါတယ်။ အင်းစိန်ထောင်က (၁၁) ဦး အများဆုံး ဖြစ်ပါတယ်။
အခုလို နိုင်ငံရေး အကျဉ်းသားတွေ ထပ်ပြီး လွှတ်ပေးလိုက်တာနဲ့ ပတ်သက်လို့ A.I ခေါ် အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ရဲ့ အာရှ ပစ္စဖိတ် ဒေသဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူး Donna Guest က ကြိုဆိုလိုက်ပါတယ်။
"နိုင်ငံရေး အကျဉ်းသား ကိုအေးအောင်၊ ကိုသန်းဇော် အပါအ၀င် တခြားနိုင်ငံရေး အကျဉ်းသားတွေပါ လွတ်မြောက် လာတယ်လို့ ကြားသိရတဲ့ အတွက် အေအိုင်အဖွဲ့အနေနဲ့ အထူးပဲ ၀မ်းမြောက် ပါတယ်။ တကယ်တော့ သူတို့ကို အစကတည်းက မတရား ဖမ်းဆီး ထောင်ချခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အကျဉ်းထောင်တွေမှာ ကျန်ရှိနေသေးတဲ့ ရာနဲ့ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အပါအ၀င် တိုင်းရင်းသားဒေသတွေက ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုလည်း လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်" လို့ Donna Guest က ပြောခဲ့တာပါ။
NLD ပါတီကတော့ သူတို့ ကောက်ခံရရှိထားတဲ့ စာရင်းအရ အကျဉ်းထောင် အသီးသီးမှာ နိုင်ငံရေးအကျဉ်းသား (၃၃၀) လောက် ကျန်နေသေးတယ်လို့ ဆိုပါတယ်။
ဒီကနေ့ လွတ်လာသူတွေထဲမှာ အဲဒီ မြန်မာနိုင်ငံသား ၄၆ ဦးအပြင် နိုင်ငံခြားသား အကျဉ်းသား (၃၄) ဦးလည်း ပါဝင်ပြီး သူတို့ကိုတော့ ပြည်နှင်ဒဏ် ပေးမယ်လို့ အစိုးရက ပြောပါတယ်။
Tuesday, June 26, 2012
ဦးအောင်ဆန်းဦး စွဲဆိုမှု ကို အမိန့်ချမှတ်.. 24 June 2012
Sunday, June 24, 2012
ဦးအောင်ဆန်းဦး စွဲဆိုမှု ကို အမိန့်ချမှတ်
မြန်မာနိုင်ငံ မှ အပတ်စဉ် စာစောင် Favourite News မှာ ဦးအောင်ဆန်းဦး က ဒေါ်အောင်ဆန်းစုကြည် အပေါ် အမွေပုံ ခွဲဝေ စီမံမှု အရ တရားစွဲခဲ့တာ နဲ့ ပတ်သက်ပြီး ရန်ကုန် အနောက်ပိုင်း ခရိုင် တရားရုံးတော်မှ ဇွန်လ ၂၂ ရက် နေ့ က သား နဲ့ သမီး ဖြစ်ကြ လို့ အညီအမျှ ရစေ၊ တဝက်စီ ခွဲဝေယူစေ လို့ အမိန့်ချမှတ် လိုက်ပါတယ်။
မြန်မာ့ဓလေ့ ထုံးတမ်း ဥပဒေ အရ မိဘ အမွေကို ကျန်ရစ်သူ သားသမီး တွေ အနေနဲ့ အမွေပုံ စီမံခန့်ခွဲ ရာမှာ ရွှေ့ပြောင်း နိုင်တဲ့ ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း စတာတွေ ခွဲဝေရာမှာ သီးခြား ဥပဒေ ရှိကြောင်း အာရှ လူ့အခွင့်အရေး ကော်မရှင် မှ မြန်မာ့ အရေး တာဝန်ခံ ဦးမင်းလွင် ဦး က ဘီဘီစီ ကို ရှင်းပြပါတယ်။
၁၉၅၃ ခုနှစ် မရွှေ့မပြောင်းနိုင် သော ပစ္စည်း များလွှဲပြောင်းရေး ဥပဒေ အရ လိုက်နာ ဆောင်ရွက်ရာမှာ နိုင်ငံခြားသား မှ တောင်းဆိုခွင့် မရပါ။ ရွှေ့ပြောင်း နိုင်သော ပစ္စည်း စတဲ့ မော်တော်ကား၊ လက်ဝတ်ရတနာ၊ အတွင်းပစ္စည်း နဲ့ ငွေကြေး စတဲ့ အပေါ် မှာသာ မြန်မာ့ ဓလေ့ ထုံးတမ်းဥပဒေ အရ အညီအမျှ ခွဲဝေ ပေးနိုင်ကြောင်း ဦးမင်းလွင် ဦး က ပြောပါတယ်။
မရွှေ့မပြောင်း နိုင်တဲ့ ပစ္စည်း ဆိုရာမှာ အိမ်ယာမြေ၊ မြေပေါ် စွဲကပ်နေတဲ့ ပစ္စည်းတွေနဲ့ ပတ်သက်ရင် ၁၉၅၃ ခု ဥပဒေ အရ ဆောင်ရွက်ရာမှာ ဦးအောင်ဆန်းဦးက အမေရိကန် နိုင်ငံသား အဖြစ် ခံယူပြီးပါက မိဘ အမွေကို တဝက်ပိုင်ဆိုင်ရှိ တယ် လို့ ဥပဒေ က ဆုံးဖြတ်ပေမယ့် နေအိမ် ပိုင်ဆိုင်မှု အပေါ် အခွင့်အရေး တောင်းဆို လို့ မရနိုင်ကြောင်း အာရှ လူ့အခွင့်အရေး ကော်မရှင် မှ မြန်မာ့ အရေး တာဝန်ခံ ဦးမင်းလွင် ဦး က ဘီဘီစီ ကို ရှင်းပြပါတယ်။
Wednesday, June 20, 2012
, ,
13 June VOA Direct Airline (Wednesday morning ).... AHRC transcribing
13 June VOA Direct Airline (Wednesday morning )
မေး။ ။ ကျွန်တော်တို့ဒီနေ့ဆွေးနွေးမဲ့အကြောင်းအရာကတော့ ဥပဒေစိုးမိုးရေးကိစ္စပါ။ နိုင်ငံတနိုင်ငံ၊ လူ့အဖွဲ့အစည်းတရပ်မှာ တည်ငြိမ်အေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေစိုးမိုးရေးဟာ အရေးကြီးတယ်ဆိုပြီးတော့ နိုင်ငံရေးအဖွဲ့အစည်းတွေကော ၊ ပညာရှင်တွေကော တော်တော်များများပြောကြပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ ဥပဒေစိုးမိုးရေးနဲ့ဘယ်လိုများ အဓိပ္ပါယ်ဖွဲ့ကြမလဲလို့ ၊ လက်ရှိမြန်မာနိုင်ငံအခြေအနေမှာ ဘယ်လောက်ထိအရေးကြီးနေသလဲ။ ဥပဒေ စိုးမိုးရေး ဖြစ်လာဖို့ဘာတွေလိုအပ်သလဲ။ အဲဒီအကြောင်းအရာတွေကို ကျွန်တော်တို့ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။
အဓိကပါဝင်ဆွေးနွေးပေးဖို့လူနှစ်ဦးဖိတ်ခေါ်ထားပါတယ်။ တဦးကတော့ ဦးမင်းလွင်ဦး အာရှလူ့အခွင့်အရေးကော်မရှင် AHRC ရဲ့မြန်မာနိုင်ငံ က လူ့အခွင့်အရေး ရှေ့နေတဦးဖြစ်ပါတယ်။ နောက်တဦးကတော့ လူ့ဘောင်သစ်ပါတီရဲ့ ဥက္ကဌ ဦးအောင်မိုးဇော်ဖြစ်ပါတယ်။ သူကတော့နိုင်ငံရေးအကြောင်းကနေဆွေးနွေးမှာ ဖြစ်ပါတယ်။
ကျွန်တော်အရင်ဆုံးကိုမင်းလွင်ဦးကိုခေါ်ချင်ပါတယ်ခင်ဗျာ။ 
ဥပဒေစိုးမိုးမှူနဲ့ ပက်သက်လို့ ဦးမင်းလွင်ဦးအနေနဲ့ဘယ်လိုများ အဓိပ္ပါယ်ဖွင့်ချင်ပါသလဲ။ 
ဦးမင်းလွင်ဦး ။    ။ ဒါနဲ့ပက်သက်ပြီးတော့ ပြောရမယ်ဆိုရင် နိုင်ငံအတွင်းမှာ လူအသုံးများတဲ့ ဥပဒေရဲ့အထက်မှာ မည်သူမျှမရှိစေရဆိုတာနဲ့ပြောရမှာပေါ့။ အဲဒီတော့ ဒီအချက်နဲ့ပြည့်စုံဖို့ရန်အတွက် ကျွန်တော်တို့သတ်မှတ်ထားတာတွေရှိပါတယ်။ မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံသားတွေရဲ့အခွင့်အရေး တွေကိုအာမခံထားတဲ့ ဥပဒေတွေဖြစ်ရမယ်။ ပြည်သူများရဲ့အကျိုးကို ဦးတည်တဲ့ ဥပဒေတွေဖြစ်ဖို့အတွက် ဥပဒေတွေ ကို ပြည်သူကဘဲပြဌာန်းထားတဲ့ ဥပဒေတွေဖြစ်ရမယ်။ ဥပဒေနဲ့ဆိုင်တဲ့အခွင့်အရေးတွေမှာ အားလုံးတန်းတူ ညီတူညီမျှရှိရမယ်။ ပြည်သူတွေက ပြဌာန်းထားတဲ့ ဥပဒေတွေကိုလည်း ပြည်သူတွေက ထိန်းကျောင်းပဲ့ပြင်ခွင့်ရှိရမယ်။ ဆိုလိုတာက ပြင်ဆင်တာဖြည့်စွက်တာ စတာတွေကို ပြည်သူ့ဆန္ဒနဲ့ အညီလုပ်ဆောင်နိုင်ဖို့အတွက် အခွင့်ပေးထားရပါမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကျွန်တော်တို့တရားစိုးမိုးရေးကိုအခြေခံတဲ့ နည်းဥပဒေ စည်းမျဉ်းတွေဖြစ်ရမယ့်အပြင် အခုအုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေကို စောင့်ကြည့်ထိန်းညှိပေးနိုင်မယ့် မီဒီယာနဲ့လွတ်လပ်တဲ့အသင်းအဖွဲ့များ ဖွဲ့စည်းနိုင်ခွင့်ကို ခွင့် ပြုရပါမယ်။ စီတန်းလှည့်လည်ခွင့်ကို လွတ်လွတ်လပ်လပ်ခွင့်ပြုပေးရမှာ ဖြစ်တယ်။ လွတ်လပ်စွာပြောဆိုခွင့်ကို အာမခံပေးရမှာဖြစ်တယ်။ နောက်ဆုံးအနေနဲ့ အုပ်ချူပ်သူတွေနဲ့ ပြည်သူတွေကြားမှာ ချုပ်ဆိုထားတဲ့ ဖွဲ့စည်းပုံ အရ အာဏာပိုင်များကိုယ်တိုင်လေးစားလိုက်နာပြီး ဒီဥပဒေကို အကောင်အထည်ဖော်ပေးဖို့လိုပါတယ်။ ပြဌာန်းထားရုံနဲ့ မလုံလောက်သေးပါဘူး။
အဲဒီလိုအကောင်အထည်ဖော်တဲ့အခါမှာ လိုအပ်တဲ့နည်းဥပဒေ ၊စည်မျဉ်းစည်းကမ်း အမိန့်ကြေညာချက်စတာတွေကို အာဏာပိုင်တွေဘက်က လုံလောက်စွာဆောင်ရွက်ပေးရမယ်။  မိမိကိုယ်တိုင်လည်း လိုက်နာ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ နောက်ဆုံးအရေးကြီးဆုံးအချက်ကတော့ တရားဥပဒေစိုးမိုးရေးကိုအကောင်အထည်ဖော်တဲ့အခါမှာ လွတ်လပ်မျှတတဲ့တရားစီရင်ရေးစနစ်ရှိရမယ်။ အုပ်ချုပ်ရေးအာဏာပိုင်တွေက တရားစီရင်ရေးစနစ်မှာ လုံး၀၀င်ရောက်စွက်ဖက်တာ က တရားဥပဒေစိုးမိုးရေးကို မှန်ကန်တိကျစွာအကောင်အထည်ဖော်တဲ့စနစ်တခုဖြစ်တယ်လို့ နိုင်ငံများများက ပညာရှင်တွေကလည်းပြောဆိုကြတာဖြစ်တယ်။ တရားဥပဒေစိုးမိုးရေးအတွက်လိုအပ်တဲ့အချက်တွေထဲမှာလည်း စောနကကျွန်တော်ပြောသွားတဲ့အချက်က အထိကပါတဲ့အချက်လို့ပြောလိုက်ပါရစေ။
မေး။ ။ ပြောသွားတဲ့အထဲမှာ ဥပဒေစိုးမိုးမှုက  ပြည်သူတွေကထိန်းကြောင်းတဲ့ အခြေအနေဖြစ်ရမယ်။ ပြည်သူတွေကရေးဆွဲရမယ်ဆိုတာမျိုးပါတယ်. မြန်မာနိုင်ငံကိုကြည့်ရင်အရင်စစ်အစိုးရလက်ထက်မှာ ဖွဲ့စည်းပုံ ဥပဒေတွေကို သူတို့ရေးစွဲတယ်။ ဖွဲ့စည်းပုံ မရှိရင် နည်းဥပဒေတွေကို လုပ်တယ်။ ဒီပေါ်မှာဘဲသူတို့က ဥပဒေစိုးမိုးရေးဆိုတဲ့စကားကိုဆွေးနွေးပြောဆိုတာတွေရှိပါတယ်။ ဒါမျိုးကျရင်ကော။
ဦးမင်းလွင်ဦး ။    ။ ဟုတ်ကဲ့ခင်ဗျာ။ အဲဒါက ကောင်းတဲ့မေခွန်းပါဘဲ။ ဥပမာအားဖြင့်ပြောရင် ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာ 
အရင်တုန်းက ပြဌာန်းထားတဲ့မြို့ရွာများနဲ့ကျေးရွာများဥပဒေရှိပါတယ်။ အဲဒါက ကိုလိုနီလက်ထက်မှာ မြန်မာနိုင်ငံက မျိုးချစ်သူပုန်တွေ မလူပ်ရှားနိုင်အောင် ရည်ရွယ်ပြီး တော့ပြဌာန်းထား တဲ့ ဥပဒေတွေဖြစ်တယ်။ ဒါတွေက လူတွေရဲ့လွတ်လပ်ခွင့်ကို ဖိနိုပ်ချုပ်ချယ်ထားတာ တွေဖြစ်တယ်။ အခုကျွန်တော်တို့နိုင်ငံက ကိုလိုနီလက်အောက်ကလည်းလွတ်လာပြီ၊ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရနိုင်ငံသားတွေကို ထိုက်သင့်တဲ့လွတ်လပ်ခွင့်တွေပေးလာပြီဆိုလို့ရှင်ရင် ပြည်သူပြည်သားတွေရဲ့ ဆန္ဒနဲ့အညီ ရေးဆွဲထားတဲ့ဥပဒေတွေကိုပြင်ဆင်ပြဌာန်းဖို့လိုတယ်။ ဥပမာ-ဧည့်စာရင်းတိုင်ရမယ့်ကိစ္စတွေကို ပယ်ဖျက်လိုက်ဖို့လိုတယ်လို့ပြည်သူတွေကယူဆရင် ဒါတွေကို ပယ်ဖျက်ပြစ်ရမယ်။ အခုတော့အဲဒီလိုမျိုးမဟုတ်ဘဲနဲ့ လက်တဆုတ်စာ ရှိတဲ့အာဏာပိုင်တွေကနေပြီးတော့ ပြင်ဆင်ပြဌာန်းထားတာတွေကို ပြည်သူတွေကအတင်းလိုက်နာရမယ်ဆိုတဲ့အမိန့်အာဏာအောက်မှာ နေရတာဖြစ်တဲ့အတွက်ဒါတွေကို ပြုပြင်ဖို့လိုတယ်ဆိုပြီးကျွန်တော်ပြောချင်ပါတယ်။
မေး။ ။ ခုနကကျွန်တော်မေးတဲ့မေးခွန်းအောက်မှာ အာဏာရှင်လက်အောက်နိုင်ငံက ပြောနေကြတဲ့ ဥပဒေစိုးမိုးရေးနဲ့ပက်သက်ပြီးပြောပြပါ။
ဦးမင်းလွင်ဦး ။    ။ အာဏာပိုင်တွေပြောတဲ့ ဥပဒေစိုးမိုးရေးက သူတို့ရဲ့အာနာတည်တန့်ခိုင်မြဲရေးအတွက် ပြည်သူတွေအပေါ်မှာထိုက်သင့်သလောက်လွတ်လပ်ခွင့်ပေးမယ်။ သူတို့ရဲ့အချုပ်အခြာအာဏာကို မထိပါးသရွေ့တော့ ခွင့်ပြထားမယ်ဆိုတဲ့သဘောရှိပါတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံတကာစံချိန်နဲ့သက်မှတ်ထားတဲ့ဥပဒေ နှုံးထားတွေနဲ့တော့ သူတို့အညီပေးမှာမဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ ဒီကွန်မြူနစ်နိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊တရုတ်နိုင်ငံစတဲ့နိုင်ငံတွေရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို ကြည့်ရင် ထင်ထင်ရှားသိနိုင်တယ်။ အာဖရိကနိုင်ငံတွေမှာရှိတဲ့စစ်အာနာရှင်တွေရဲ့ ဖွဲ့စည်းပုံဥပဒေပြဌာန်းချက်တွေကို ကြည့်ရင်ဒီလိုဘဲအလားတူဖြစ်တယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။
မေး။ ။ ဟုတ်ကဲ့။ ကိုမင်းလွင်ဦးကတော့ ဥပဒေရှုထောင့်ကနေပြီးတော့ လူ့အခွင့်အရေးရှေ့နေတဦးနေနဲ့ပြောသွားတာပေါ့။
လူ့ဘောင်သစ်ပါတီရဲ့ ဥက္ကဌ ဦးအောင်မိုးဇော်ကတော့  လက်ရှိနိုင်ငံရေးအမြင်အရပြောမယ်ဆိုရင် ဥပဒေစိုးမိုးရေးကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုချင်ပါသလဲ။
ဦးအောင်မိုးဇော်။     ။ကျွန်တော့အမြင်အရပြောမယ်ဆိုရင် တရားဥပဒေစိုးမိုးရေးနဲ့ ပက်သက်လို့ ကျွန်တော်တို့ယနေ့ကာလမှာပြောကြဆိုကြတာတွေရှိတယ်။ ကျွန်တော်ဥပဒေပညာရှင်တွေတဦးပြောတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်လို့ကျွန်တော်နားထောင်ဖြစ်တယ်။ သူကဘာတွေပြောလဲဆိုတော့ဒီတရားဥပဒေစိုးမိုးရေးဆိုတာ စီရင်ထုံးတရားအရကျွန်တော်တို့ကြည့်မယ်ဆိုရင် အမှန်တရားဘက်ကနေလိုက်ဖို့၊ တန်းတူညီမျှမှုတွေကိုကာကွယ်ဖို့ ဆိုတဲ့အခြေခံဖြစ်တယ်။ ဒါကြောင့်မို့လို့ကျွန်တော်တို့တရားဥပဒေစိုးမိုးရေးဆိုတာက အစိုးရတွေလုပ်ချင်တိုင်းလုပ်လို့မရအောင် တစုံတရာတားဆီးထိန်းကွတ်ထားတာဖြစ်တယ်။ အစိုးရတွေအနေနဲ့ဥပဒေတွေကို ကျင့်သုံးတော့မယ်ဆိုရင် ဦးမင်းလွင်ဦးပြောသွားသလိုဘဲ အများပြည်သူသဘောတူတဲ့ ၊ဆုံးဖြတ်ပြီးတော့ပါဝင်ထားတဲ့ ရေးသားထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်းသာလျှင် ဒာာဏာပိုင်တွေကကျင့်သုံးရမယ်။ ဒါကြောင့်မို့တရားဥပဒေစိုးမိုးရေးဆိုတဲ့ကိစ္စကို အာဏာရှင်တွေက ကြောက်ကြတယ်ဆိုတာ ကျွန်တော်တို့ကြားသိတယ်။ ဒီအယူအဆနဲ့ပက်သက်ပြီးတော့ ကျွန်တော်လက်ခံတယ်။ အကယ်၍ အစိုးရအနေနဲ့ ဥပဒေတွေက ပြည်သူတွေက ပြဌာန်းထားတာမဟုတ်ဘူး။ ပြည်သူတွေပါဝင်ပက်သက်ခွင့်မရှိဘူး ဆိုရင် ဒီဥပဒေကို အကြောင်းပြုပြီးတော့ ပြည်သူတွေကို အစိုးရတွေက  လုပ်ချင်တိုင်းလုပ်လိမ့်မယ်။ အခု လယ်သိမ်းမြေသိမ်းတွေဖြစ်ပေါ်နေတယ်။ ဖမ်းချင်တဲ့လူတွေကို ဖမ်းတာတွေရှိတယ်။ လွတ်ပေးချင်တဲ့အချိန်မှာ လွတ်ပေးတာတွေရှိတယ်။ လွတ်မပေးဘဲနဲ့ ထိန်းသိမ်းထားတာတွေရှိတယ်။ ဒီလိုအခြေအနေမျိုးကို ထိန်းသိမ်းဖို့ဆိုရင်တရားဥပဒေက လိုကိုလိုအပ်တာတွေဖြစ်တယ်။ တချိန်တည်းမှာ အများပြည်သူတွေ ဘက်ကပြောမယ်ဆိုရင် သူတို့လဲလိုက်နာရမယ့်တာဝန်ရှိတယ်။ ဒါမျိုးမှမဟုတ်ရင် လူနည်းစုက လူများစုကို အနိုင်ထက်စီးတဲ့ကိစ္စတွေ ကပေါ်ပေါက်လာမှာဘဲဖြစ်တယ်။ ဒါကြောင့်တရားဥပဒေစိုးမိုးရေးကိစ္စကို အာဏာရှင်တွေကကော မင်းမဲ့ဝါဒီတွေကကော ကြောက်ကြတယ်ဆိုတာကို ပညာရှင်တွေပြောတာကြားဘူးတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဒီလိုမျိုးကို သဘောကျတယ်။
နောက်တခုက ကျွန်တော်တို့တိုင်းပြည်မှာစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို ပြောဆိုဆွေးနွေးနေတာရှိတယ်။ အကယ် ၍ ကျွန်တော်တို့မှာ တန်းတူမျှတဲ့ စည်းမျဉ်းစည်းကမ်း တရားဥပဒေတွေမရှိဘူးဆိုလို့ရှင်ရင် ကျွန်တော်တို့နိုင်ငံမှာ တခြားသူတွေက စီးပွားရေးလာရောက် Invest လုပ်ဖို့ ၊ တိုင်းပြည်အတွက် စီးပွားရေးတွေ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ ၊ အနှောက်အယုက်တွေအများကြီးရှိတာကို ကျွန်တော့်အနေနဲ့ယူဆပါတယ်။
မေး။ ။ ကျွန်တော်မေးပါရစေ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ လွတ်တော်ဝင်တဲ့အခါမှာ သူတို့အကြောင်းချက် ၃ ချက်ကို သူတို့ထောက်ပြပါတယ်။ အဲဒီထဲမှာ ဥပဒေစိုးမိုးရေးဆိုတဲ့ကိစ္စပါပါ တယ်။ ဆိုလိုတာက မြန်မာနိုင်ငံကိစ္စဖြေရှင်းရမယ့်အထဲမှာ ဥပဒေစိုးမိုးရေးက အဓိက ဖြစ်တယ်လို့ NLD  ဘက်က ရှုမြင်ပုံရပါတယ်။ ကိုအောင်မိုးဇော်အနေနဲ့ကရော ဘယ်လိုရှိပါသလဲခင်ဗျာ။
ဦးအောင်မိုးဇော်။     ။ကျွန်တော်မြင်ပါတယ်။ တရားဥပဒေရဲ့စိုးမိုးရေးကိစ္စရပ်တွေက ဆောင်ကို ဆောင်ရွက်ရမယ့်ကိစ္စရပ်တွေပါ။ နောက်တခုက ကျွန်တော်အဓကပြောချင်တာကတော့ တရားဥပဒေစိုးမိုးရေးဆိုတဲ့ ဟာက ကိုမင်းလွင်ဦးပြောသွားတဲ့အတိုင်းပါဘဲ အဖွဲ့အုပ်ချုပ်ပုံနဲ့ လည်းအများကြီး သက်ဆိုင်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ လွတ်လပ်တဲ့တရားစီရင်မှုမရှိဘူးဆိုလို့ရှင်ရင် ဒီ Executive ပါဝါရှိတဲ့သူတွေက လုပ်ချင်တိုင်းလုပ်လို့ရတယ်။ ဒီကိစ္စဟာကျွန်တော်တို့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ အများကြီးဆိုင်တယ်။ ဆိုတော့ တရားဥပဒေကိစ္စက လက်တလောကျွန်တော်တို့ဆောင်ရွက်ရမယ့်ကိစ္စလား၊ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို ပြင်ဖို့ဆင်ဖို့ ကျွန်တော်တို့လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်ပေါ်ပေါက်ဖို့ဆိုတဲ့ ကိစ္စက အရင်ဦးဆုံးဆောင်ရွက်ရမှာလားဆိုတာကို ကျွန်တော်တို့သေသေချာချာခွဲခြားဖို့လိုပါတယ်။
တရားဥပဒေစိုးမိုးရေးလို့ပြောတဲ့အခါမှာလည်း ခုနက ဖွဲ့စည်းအုပ်ချုပ်ပုံကို ပြင်တဲ့ဆင်တဲ့ကိစ္စတွေ ကျွန်တော်တို့တိုင်းပြည်မှာတကယ့်လွတ်လပ်တဲ့တရားစီရင်ရေးစနစ်တွေပေါ်ပေါက်လာဖို့ဆိုတဲ့ ဟာတွေ လုပ်တာတို့ ကို လက်တလော လုပ်ရမှာ လို့ကျွန်တော့အနေနဲ့ယူဆတယ်။ တချိန်တည်းမှာဘဲ မျှတတဲ့ဥပဒေတွေကို အများပြည်သူကလိုက်နာအောင် အစိုးရတွေက ဥပဒေအတိုင်းဆောင်ရွက်အောင် တိုက်တွန်းတာက တပိုင်းဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့နိုင်ငံရေးအရယဉ်ကျေးမှု နဲ့လည်းအများကြီးဆိုင်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ ဒီမိုကရေစီနဲ့ပက်သက်တဲ့အလေ့အထ အလေ့အကျင့်တွေကို အမြစ်တွယ်ဖို့ဆိုရင် ကာလတခုကြာလိမ့်မယ်လို့ -ပညာရေးကအစ ကျွန်တော်တို့အလေးထားဆောင်ရွက်ရမယ်လို့ထင်ပါတယ်။
ကျွန်တော့်ကို ကျွန်တော်မေးခွန်းထုတ်ကြည့်တာက တရားဥပဒေစိုးမိုးရေးဟာလိုအပ်တယ်။ တပြိုင်တည်းမှာဘဲ ဒီဟာအတွက် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို အရင် ပြင်ရအုန်းမှာဘဲ ၊ ဇောက်ချလုပ်ရမှာဘဲဆိုတာ ကျွန်တော့်ကိုကို တွေးကြည့်ပြီး ဒွိဟ ဖြစ်မိတယ်။ သို့သော်လည်းမလွဲမသွေလိုအပ်တာက ကျွန်တော်တို့တိုင်းပြည်မှာ လွတ်လပ်တဲ့တရားစီရင်ရေးစနစ်ပေါ်ပေါက်ဖို့ဆိုတာက မလွဲမသွေလိုအပ်ပါတယ်လို့ ကျွန်တော့အနေနဲ့ပြောချင်ပါတယ်။
မေး။ ။ ကျွန်တော်တို့လိုင်းပေါ်မှာ ဆွေးနွေးမဲ့လူတဦးရှိပါတယ်။ ကိုဘသိန်းလတ်က မြန်မာဒီမိုကရေစီလှုပ်ရှားသူတဦးဖြစ်ပါတယ်။
မေး။ ။ လက်ရှိမြန်မာနိုင်ငံအခြေအနေမှာ တရားဥပဒေစိုးမိုးရေးဘယ်လောက်ထိရှိနေပြီလဲဆိုတာကို ပြောပါ။ မြန်မာအစိုးရကလည်း အစဉ်အဆက် ဥပဒေစိုးမိုးရေး၊ ဥပဒေအထက်မှာ ဘယ်သူမှ မရှိရဆိုတာကို ပြောပါတယ်။ ကိုဘသိန်းလတ်အမြင်ကကော။
ကိုဘာသိန်းလတ်။    ။ ဥပဒေစိုးမိုးရေးနဲ့၊ လွတ်လပ်တဲ့တရားစီရင်ရေးကို ကျွန်တော်တို့ခတ်အဆက်ဆက်က အပြောခံခဲ့ရတဲ့ စကားလုံးလိုဖြစ်နေတယ်။ တရားဥပဒေက ပြဌာန်းတာနဲ့ကျင့်သုံးတာနဲ့ကွာဟမှုတွေရှိနေတယ်။ အရမ်းလည်းသိသာထင်ရှားတယ်။ ကျွန်တော်တို့ပြည်သူလူထုက ဥပဒေဆိုတာစောင့်ထိန်းလိုက်နာရမယ့်အပိုင်းတွေဘဲသိသလိုဘဲဖြစ်ပြီး ဥပဒေရဲ့အကျိုးခံစားခွင့်ကို ကျွန်တော်တို့မသိကြဘူး။ ရလည်းမရဘူး။ အခုထိဘဲ။
လက်ရှိကတော့ စစ်အစိုးရ ခေါင်းဆောင်ပိုင်းတွေပြောနေတဲ့ ဥပဒေစိုးမိုးမှုအပိုင်းကို ဘယ်လိုမြင်သလဲ။
ဒါဟာ တကယ်ဖြစ်မလာဘူးဆိုတာကို ကျွန်တော်တို့ အခုပါဝင်ဆွေးနွေးနေတဲ့လူတွေလည်းသိနေတယ် ။ အဓိကဖြစ်တဲ့စကားလုံးတခုက ကျွန်တော်တို့ဘာတွေကြားခဲ့ဘူးသလဲဆိုတော့ ဥပဒေမှာ လွတ်လပ်တဲ့တရားစီရင်ရေးစနစ်လို့ပြောခဲ့ပေမယ့် တရားရုံးတွေမှာ တရားဥပဒေက မည်သို့ပင်ဆိုစေကာမှု အုပ်ချုပ်ရေးအာနာပိုင်တွေက ၀င်ရောက်စွက်ဖက်တဲ့ မှုခင်းမျိုးတွေလည်းအများကြီးရှိနေတာကို ကျွန်တော်တို့တွေ့ရတယ်။ ဒါကိုကြည့်ရင် ကျွန်တော်တို့တိုင်းပြည်ဟာ လွတ်လပ်တဲ့တရားစီရင်ရေးနဲ့အတော့ကို အလှမ်းဝေနေတာကို ကျွန်တော်တို့တွေ့ရတယ်။
မေး။ ။ ဒါက ဥပဒေစိုးမိုးမှုနဲ့ပက်သက်လို့ပေါ့။ကျွန်တော်နောက်တဆင့်မေးချင်ပါတယ်။ ဥပဒေစိုးမိုးမှုရှိဖို့ဆိုရင် အခြေခံကောင်းတွေ ၊ ဘာတွေရှိဖို့ယူဆပါသလဲ ။ ဦးမင်းလွင်ဦးဖြေပါ။
ဦးမင်းလွင်ဦး ။    ။ အဓိကအခြေခံကောင်းတွေကတော့ အစိုးရက ပြန်လည်ပြုပြင်မယ်ဆိုရင်  ဥပမာဖြင့်- လက်တလောအခြေအနေမှာ မြန်မာနိုင်ငံရဲ့တရားစီရင်ရေးတွေမှာ လဒ်ပေးလဒ်ယူမှုတွေ ကိုတိုက်ဖြတ်ပြစ်ရမယ်။ အခုက လဒ်စားမှုကို တိုင်ကြားလို့ရတယ်ဆိုပြီးတော့ ပြောတယ်။ တကယ်လည်းတိုင်ကြားပြီး စစ်ဆေးမှုတွေလုပ်တော့ ၇၀ % ကျော်ကအမှန်တွေဖြစ်နေတယ်။ သို့သော် ဒီလိုဖြစ်နေတဲ့အမှုတွေကို အရေးယူဆောင်ရွက်တာတွေကို ပြည်သူတွေက ထင်ထင်ရှားရှားမြင်မြင်သာသာမသိရှိရသေးဘူး။
ကိုဘာသိန်းလတ်ပြောသွားသလိုဘဲ။ ဒီဥပဒေပြဌာန်းချက်တွေမှာ ပါတာတွေကို ကျွန်တော်တို့ကလေးစားလိုက်နာနေရတယ်။ ဘယ်ဟာတွေက မတရားဘူး၊တရားတယ်ဆိုတာတွေကို ပြည်သူတွေကမသိရသေးဘူး။ အစိုးရအနေနဲ့က တရားစီရင်တဲ့အခါမှာ အများပြည်သူရှေ့မောက်မှာတရားစီရင်ရမယ်။ ပြည်သူများလေ့လာခွင့်ရှိရမယ်။ လွတ်လပ်မျှတတဲ့ တရားခွင်တွေကို ပြုလုပ်ရမယ်။ နိုင်ငံတော်က လည်းဒါတွေဖြစ်အောင် ပံ့ပိုးပေးရမယ်။ ဒါတွေကို အခုထိလုပ်ဆောင်မပေးသေးဘူးဆိုတာတွေကို ကျွန်တော်တို့တွေ့ရတယ်။ ဒါကြောင့်တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်ပေးဖို့ဆိုရင် တစ်အချက် - လဒ်ပေးလဒ်ယူမှုပျောက်အောင်ကျွန်တော်တို့ လုပ်ရမယ်။ ဒါတွေလုပ်ဖို့အတွက်လိုအပ်တဲ့နည်း ဥပဒေတွေပြဌာန်းဖို့လိုတယ်လို့ဆိုပြန်တယ်။ ယခင်ကတရားရုံးတွေ မှာဖြစ်လာတဲ့အမှုတွေမှာ စစ်ဆေးအရေးယူအပြစ်ပေးခဲ့တာတွေရှိပါတယ်။ ဆိုတော့ အသစ်ဥပဒေတွေ လုပ်ဖို့မလိုတော့ပါဘူး။
နောက်တခါ ပြည်သူ့လွတ်တော်ဥက္ကဌ ဦးရွှေမန်းကပြောသွားတယ်။ တရားမ၀င် ငွေတွေ ၊ ငွေမဲကနေ ငွေဖြူလုပ်တဲ့ ကိစ္စရပ် တွေထဲမှာ နောက်ထပ်အမှုဘယ်လောက်ထပ်တိုးလိုက်ပါတယ်ဆိုတဲ့ကိစ္စတွေမှာ ဒါတွေကပါပါတယ်။ တကယ်တန်း အစိုးရအနေနဲ့အရေးယူမယ်ဆိုရင် အရေးယူဆောင်ရွက်နိုင်ဖို့ တစိတ်တပိုင်းအဆင့်သင့်ဖြစ်နေပြီလို့ကျွန်တော်ထင်ပါတယ်။ ဒီလိုအရေးယူမယ်ဆိုရင်လည်းကျွန်တော်တို့သီးသန့်လွတ်လပ်တဲ့ စစ်ဆေးရေးခုံရုံးတွေ၊ကော်မ၇ှင်တွေဖွဲ့ပြီး စုံစမ်းစစ်ဆေးရင်တော့ ပြည်သူများရဲ့အမြင်မှာလည်းရှင်းမယ်၊ လဒ်ပေးလဒ်ယူမှုတွေကို ယခုထက်ဖော်ထုတ် ပေးပြီး တော့ ဒီဟာတွေကို တိုက်ဖြတ်သွားနိုင်မယ်လို့ ကျွန်တော့အနေနဲ့ထင်ပါတယ်။ ဒါက အချိန်တော့ကြာမယ်။
မေး။ ။ ဒါကတော့တရားစီရင်ရေး အပိုင်းပေါ့။ ကျွန်တော်မေးချင်တာက ဥပဒေစိုးမိုးရေးဆိုတဲ့အပိုင်းမှာ တချို့အခြေအနေတွေမှာ မတည်မငြိမ်ဖြစ်လာတဲ့အချိန်တွေမှာ Public order ဆိုတာတွေထုတ်ရတယ်။ တည်ငြိမ်အေးချမ်းရေးအတွက်လုပ်ရဆောင်ရတာတွေရှိတယ်။ ဒီမှာ လူ့အခွင့်အရေးတွေဆုံးရှုံးတယ်ဆိုတာတွေကို တဖက်က ပြန်ပြီးပြောတာတွေရှိတယ်။ ဆိုတော့ ဥပဒေစိုးမိုးရေးနဲ့ Public order ၊ လူ့အခွင့်အရေးတွေ ကို ဟန်ချက်ညီ ညီ ဖြစ်ဖို့ဆိုတာကို ကိုမင်းလွင်ဦး ဘယ်လိုယူဆပါသလဲ။
ဦးမင်းလွင်ဦး ။    ။ ကျွန်တော်တို့ တရားဥပဒေစိုးမိုးရေးကိုဆောင်ရွက်မယ်ဆိုရင် ပြဌာန်းဥပဒေမှာပါတာတွေကို လိုက်နာဖို့အဓိကလိုပါတယ်။ ဒီလိုမျိုးဆောင်ရွက်ခဲ့ရင်တော့ စောနက စိုးရိမ်ရမယ့်ကိစ္စတွေ တော်တော်တန်တန် ပပျောက်သွားမှာဖြစ်တယ်။ ဥပမာအားဖြင့်အခုလိုအကျမ်းဖတ်လုပ်ရပ်တွေဖြစ်တယ်ဆိုရင် ပထမအဆင့်အားဖြင့် ဘယ်လိုဖြေရှင်းရမယ် ဆိုတာတွေကို တဆင့်ပြီးတဆင့် ပစ်မှုဆိုင်ရာကျင့်ထုံးဥပဒေတွေမှာ ပြဌာန်းထားတာတွေရှိတယ်။ ဒါတွေကို ဆင့်ကဲဆင့်ကဲ လုပ်ဆောင်သွားဖို့အတွက်တရားရုံးများရဲ့အခွင့်အာနာ အပြည့်အ၀ရှိရပါမယ်။ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံအရ ပြည်နယ်အစိုးရတွေ ပေါ်ပေါက်နေပြီဖြစ်တယ်။ အခုဖြစ်ပေါ်နေတဲ့ ကိစ္စတွေမှာ သူတို့ရဲ့ဆောင်ရွက်ချက်တွေကိုတစုံတရာမှ မတွေ့ရပါဘူး။ ပြည်နယ်အစိုးရ ကနေအရေးပေါ်အစီးအဝေးထိုင်ပြီးတော့ ပြည်နယ်တရားသူကြီးချုပ်ကိုသော်လည်းကောင်းဒီဟာတွေကို လုပ်ဆောင်ဖို့အခွင့်အာနာအပ်နှင်းပြီးတော့ လုပ်ခိုင်းတာမျိုးမရှိဘဲနဲ့ ဗဟိုကနေညွန်ကြားလို့ လုပ်ဆောင်နေရတာမျိုး ကို ကျွန်တော်တို့တွေ့ရတယ်။ ဒါက ကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာ ပြဌာန်းထားတဲ့ အချက်တွေနဲ့မညီညွတ် ဘဲနဲ့ ပြောင်းပြန်ဆောင်ရွက်နေတာကို ထင်ထင်ရှားရှားတွေ့ရတယ်။
မေး။ ။ ဒီဆွေးနွေးပွဲအတွက်ဆိုပြီး ကို ရွှေဘုန်သားမောင်အောင်ပေးစာကို ကျွန်တော်ဖတ်ပြပါမယ်။ သူကတော့ ဥပဒေစိုးမိုးရေးနဲ့ပက်သက်တဲ့ သူ့ရဲ့အမြင်ကို ပြောထားတာပါ။ ဥပဒေစိုးမိုးရေးအတွက်စည်းကမ်းရှိမှတိုးတက်မည်ဆိုတဲ့ ဆောင်ပုဒ်၊ အူမတောင့်မှ သီလစောင့်နိုင်မည်ဆိုတဲ့ဆောင်ပုဒ် ၊ နှစ်ခုကိုချိန်ခွင်ညီမျှနိုင်အောင်ဆောင်ရွက်ရမယ် ၊ ဆင်းရဲမွဲတေမှုလျှော့ချရပါမယ် လူ့အခွင့်အရေး၊ မီဒီယာလွတ်လပ်ခွင့်ရှိစေရပါမယ်။ (တာဝန်ယူမှု၊တာဝန်ခံမှုပါရှိစေရပါမယ်) နောက်ပြီး သန့်ရှင်းသောအစိုးရ အမြန်ဆုံးကောင်းမွန်အောင်ဖော်ထုတ်ရပါမယ်။ တရားစီရင် ရေးကို ပြုပြင်ရပါမယ်။ အချိန်အခါနဲ့မညီတဲ့ ဥပဒေတွေကို ဖြတ်သိမ်းပြင်ဆင်ပြီးတော့ အချိန်အခါနဲ့ကိုက်ညီတဲ့ ဥပဒေတွေကို သွက်လက်မြန်ဆန်စွာဆောင်ရွက်ရပါမယ်။ ပြည်တွင်းစီးပွားရေး ပြည်ပရင်းနှီးမြုပ်နှံမှုတွေကို အဆင်ပြေတိုးတက်နိုင်အောင်ဆောင်ရွက်နိုင်ရပါမယ်တဲ့။ ဒါဆိုရင် ဥပဒေစိုးမိုးရေးသာမက ကမ္ဘာ့အလယ်မှာ တင့်တယ်သာယာတဲ့ မြန်မာနိုင်ငံတော်ဖြစ်လာမှာပါတဲ့။
မေး။ ။ ကျွန်တော်ကတဆက်တည်း ကိုအောင်မိုးေ    ဇ်ာကိုမေးချင်ပါတယ်။ ဥပဒေစိုးမိုးရေးတရပ် နိုင်ငံမှာဖြစ်လာဖို့ အကောင်းဆုံးရေခံမြေခံတွေ ဘာတွေလိုတယ်ဆိုတာ ကိုအောင်မိုးဇော်ယူဆပါသလဲခင်ဗျာ။
ဦးအောင်မိုးဇော်။     ။နှစ်ချက်လို့ကျွန်တော်ပြောချင်တယ်။ တခုကတော့ နိုင်ငံရေးအရစိတ်ဆန္ဒပေါ့။ အခုတိုင်းပြည်ကပြောင်းလဲ တဲ့ဘက်ကိုသွားနေပြီ ဆိုတာကို ကြားရတယ်။ အများပြည်သူတွေကလည်းအသိအမှတ်ပြုကြတယ်။ ဒါကြောင့် အခြေခံကြတဲ့ပြင်ဆင်မှုတွေကို တကယ်ကို လုပ်မယ်ဆိုတဲ့ ဆန္ဒက သက်ဆိုင်ရာအာနာပိုင်တွေမှာ၊ အစိုးရတွေမှာ ရှိဖို့လိုမယ်။ တကယ်လည်းအပြောင်းအလဲလုပ်ဖို့လိုတယ်။ အပြောင်းအလဲဆိုတာက constitution တွေကို ပြောင်းလဲဖို့လိုတယ်။ ဒါမှလည်းလွတ်လပ်တဲ့တရားစီရင်ရေးဆိုတာတွေတွေ့ရမှာ
ဒုတိယတခုက ဒီလိုလုပ်ချင်တဲ့ ဆန္ဒတွေ၇ှိတာတောင်မှ ဦးမင်းလွင်ဦးထောက်ပြသွားသလိုဘဲ။ ဗဟို၊ပြည်နယ်အစိုးရ ဒါတွေအဆင့်ဆင့်ကို သေသေချာချာကျဖို့လိုလိမ့်မယ်လို့ကျွန်တော်ထင်တယ်။
ပြည်သူတွေဘက်ကလည်း ဒီဥပဒေရေးရာတွေက သူတို့နဲ့လဲပက်သက်တယ်။ ဆိုတာကို သေချာသိဖို့လိုတယ်။ ဥပဒေကိစ္စတွေ၊ လူ့အခွင့်အရေးကိစ္စတွေမှာ အသေအခြာနားလည်တဲ့သူတွေဖြစ်ဖို့လိုတယ်။ တပြိုင်တည်းမှာဘဲ ကိုယ်ကသဘောတူတဲ့ ဥပဒေတခုကျလာရင် ကိုယ်က လေးစားလိုက်နာဖို့လိုပါတယ်။ အခုကျွန်တော်တို့တိုင်းပြည်က ရုပ်တရက်အပြောင်းအလဲတွေဖြစ်လာတယ်။ ဒီအချိန်မှာ တရားဥပဒေ စိုးမိုးရေးရှင်သန်ဖို့ဆိုတာတွေက အဓိကအကျဆုံးက အစိုးရတွေလို့ ကျွန်တော်ထင်တယ်။ အစိုးရတွေက ပြည်သူတွေကို ဥပဒေဘက်မှာတွေ နားလည်လာအောင်ဆောင်ရွက်ဖို့တာဝန်ရှိတယ်။ နိုင်ငံရေးအဖွဲ့အစည်းတွေမှာလည်းတာဝန်ရှိတယ်။ ဒါကတော့ကျွန်တော့အမြင်ပေါ့နော်။
မေး။ ။ ဟုတ်ကဲ့။ ကျွန်တော်ကိုအောင်မိုးဇော်ကို နောက်ဆုံးမေးချင်ပါတယ်။ လက်ရှိတည်ရှိနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ဥပဒေစိုးမိုးရေး အတွက်ဘယ်လောက်အထောက်အကူဖြစ်တယ်လို့ ယူဆသလဲ။
ဦးအောင်မိုးဇော်။     ။ကျွန်တော့အနေနဲ့တော့ တိုင်းပြည်ရဲ့  Constitution အခြေအနေအရ စစ်တပ်ကို infinity လွတ်ငြိမ်းချမ်းသာခွင့်ပေးထားတာတွေ ၊ သူတို့ကိုခုနလို အုပ်ချုပ်ရေးဆောင်ရွက်ခွင့်ပေးထားတာတွေ ။ နောက်တခုက တရားဥပဒေစိုးမိုးရေးမှာ လိုပြောပြီးတပြိုင်နက်ထဲမှာဘဲ လွတ်လပ်တဲ့တရားစီရင်ရေးမရှိတာတွေ ဒါတွေက တရားဥပဒေစိုးမိုးရေးကိုဘယ်လိုမှအထောက်အကူမပြုနေဘူးလို့ယူဆရတယ်။ ဒါကြောင့်အကယ်၍ များပြုပြင်ပြောင်းလဲချင်တယ်ဆိုရင် အစိုးရအနေနဲ့ဖွဲ့စည်းပုံကိုကြည့်ပြီးတော့ပြင်ဆင်ဖို့ကိစ္စတွေကို သေသေချာချာလုပ်ဖို့လိုလိမ့်မယ်လို့ကျွန်တော့အနေနဲ့ပြောချင်ပါတယ်။ 
မေး။ ။ ဟုတ်ကဲ့၊ ကျွန်တော်တို့တိုက်ရိုက်လေလိုင်းအစီအစဉ် ဒီမှာလည်းစေ့သွားလို့ပါ။ ပါဝင်ဆွေးနွေးတဲ့သူတွေကို အထူးကျေးဇူးတင်ပါတယ်။
, ,
မြန်မာ့လူကုန်ကူးမှုတိုက်ဖျက်ရေး အခြေအနေတိုးတက်... VOA 19 June 2012
အင်္ဂါ, 19 ဇွန် 2012
မြန်မာ့လူကုန်ကူးမှုတိုက်ဖျက်ရေး အခြေအနေတိုးတက်
By ကိုသားညွန့်ဦး
မနေ့က ထုတ်ပြန်လိုက်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ နှစ်စဉ်ထုတ်ပြန်နေကျ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံထဲ မြန်မာအစိုးရရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုထားပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ အခုလို အစိုးရရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး တိုးတက်လာမှုကို လက်ခံပေမဲ့ တဘက်မှာတော့ လူကုန်ကူးမှုကိစ္စရပ်အချို့မှာ ဒေသအာဏာပိုင်တွေ ပါဝင်ပတ်သက်မှု ရှိနေတယ်လို့ ပြောပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦး ဆက်ပြီး တင်ဆက်ပေးမှာပါ။
မနှစ်ကအထိတော့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ နှစ်စဉ်အစီရင်ခံစာထဲ မြန်မာနိုင်ငံဟာ Tier 3 ခေါ်တဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ရွက်မှု အားအနည်းဆုံးနိုင်ငံ နာမည်ပျက်စာရင်းထဲမှာ ထည့်သွင်းခံထား ရတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာအစိုးရအနေနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် သိသာတဲ့ အားထုတ်မှုတွေ လုပ်လာခဲ့တယ်ဆိုပြီး ဒီနှစ် အစီရင်ခံစာထဲ Tier 2 WL စောင့်ကြည့် အဆင့်နှစ်မှာ တိုးမြှင့် သတ်မှတ်ခံရတာကြောင့် အရင် နာမည်ပျက်စာရင်းကနေ ပယ်ဖျက်ခံလိုက်ရပါပြီ။
အစီရင်ခံစာထဲမှာ နိုင်ငံအလိုက် P သုံးလုံးဆိုတဲ့ Prosecution အရေးယူမှု၊ Protection အကာအ ကွယ်ပေးမှု၊ Prevention ကြိုတင် ကာကွယ်မှု အခြေအနေသုံးရပ်ကို တချက်ခြင်း လေ့လာဆန်းစစ်ထား ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းမှာ လူကုန်ကူးခံရသူတွေကို ရှာဖွေ ဖော်ထုတ်ပြီး သူတို့ရဲ့ ဘ၀ပြန်လည် ထူထောင်ရေးအတွက် အစိုးရဘက်က လုပ်ဆောင်ပေးခဲ့တာတွေရှိတယ်လို့ အစီရင်ခံမှာ ဖော်ပြပါတယ်။ ၂၀၁၁ စက်တင်ဘာလမှာ အစိုးရဘက်က လူကုန်ကူးခံရမှုတွေကို တိုင်ကြားနိုင်တဲ့ စနစ်တရပ် ထားခဲ့ တာကြောင့် လူကုန်ကူးခံရသူ ၅၇ ဦးကို ကယ်တင်စောင့်ရှောက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။
မြန်မာအစိုးရရဲ့ ထုတ်ပြန်ချက်အရတော့ လူကုန်ကူးခံရသူ ၂၂၉ ဦးကို ကူညီစောင့်ရှောက်နိုင်ခဲ့တယ်လို့ ကိုးကားဖော်ပြပါတယ်။ တချိန်တည်းမှာ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် ကြိုတင်ကာကွယ်မှု အစီအမံတွေကို မြန်မာအစိုးရအနေနဲ့ တိုးမြှင့်ဆောင်ရွက်ခဲ့တယ်လို့ အစီရင်ခံမှာ ချီးကျူးထားပါတယ်။ ဒါပေမယ့်လည်း တဘက်မှာ လူကုန်မှုတွေ၊ အထူးသဖြင့် ကလေးစစ်သားစုဆောင်းအသုံးပြုတာနဲ့ အတင်း အဓမ္မလုပ်အားပေးခိုင်းစေတာမျိုးကို စစ်ဘက်တာဝန်ရှိသူတွေရော လက်နက်ကိုင်သူပုန် အဖွဲ့အစည်းတွေ ကပါ ဆောင်ရွက်နေကြတုန်းပဲလို့ ထောက်ပြပါတယ်။
လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ မြန်မာအစိုးရအနေနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းတွေကို အရင်ကထက် တတ်တတ်ကြွကြွ လုပ်ဆောင်လာတာမှန်ပေမဲ့ တဘက်မှာတော့ ဒီိကိစ္စမှာ တာဝန်ရှိ အာဏာပိုင်တွေ ပါဝင်ပတ်သက်နေတာကြောင့် စိန်ခေါ် အကဲစမ်းချက်တွေတော့ ရှိနေတုန်းပဲလို့ ပြော ပါတယ်။ AHRC အာရှ လူ့အခွင့်အရေးကော်မရှင်က မြန်မာရှေ့နေ ဦးမင်းလွင်ဦးကတော့ ပြည်ပမှာ ဒုက္ခရောက်နေတဲ့ မြန်မာတိုင်းရင်းသား လူကုန်ကူးခံရသူတွေကို မြန်မာအစိုးရဘက်က ကယ်တင်စောင့်ရှောက်မှုအားနည်းနေတုန်းပဲလို့ မြင်ပါတယ်။
“တိုင်းတပါးကိုရောက်သွားတဲ့ လူကုန်ကူးခြင်းခံရတဲ့သူတွေကိုတော့ ကျနော်တို့ မြန်မာနိုင်ငံအစိုးရကနေပြီး လိုက်လံကယ်တင်နိုင်ခြင်းတော့ မရှိသေးဘူးဗျ။ ရှိတဲ့ဥစ္စာတွေကလည်း အလွန် နည်းပါး ပါသေးတယ်။ ဥပမာအားဖြင့် ပြီးခဲ့တဲ့လပိုင်းအတွင်းက ဖြစ်ပွားသွားတဲ့ ထိုင်းနိုင်ငံက စက်ရုံအလုပ်သမားတွေကို ကယ်ဆယ်တဲ့ ကိစ္စတခု၊ ဒါကတော့ မှတ်မှတ်ထင်ထင် တခု ရှိတာပေါ့လေ။ အရင်ကဆိုလို့ရှိရင် ဖမ်းဆီးထိန်းသိမ်းခြင်းခံရတဲ့သူတွေကို ပြန်ပို့တဲ့အခါကျလို့ရှိရင် ပြန်လည်ပြုစုပျိုးထောင်ရေးတို့၊ လက်မှု၊ အိမ်တွင်းမှုပညာ သင်ကြားရေးတို့ စတာတွေနဲ့ ပတ်သက်လို့ အစိုးရက တာဝန်ယူလုပ်ဆောင်နေတာတွေ နည်းတယ်။
သို့သော်လည်း အခုနောက်ပိုင်းမှာ ကုလသမဂ္ဂ ဖွဲ့ဖြိုးမှု အစီအစဉ်အောက်ကနေပြီး ပြည်တွင်းမှာ တချို့ရှိနေ တဲ့ NGO တွေနဲ့ ပေါင်းပြီးတော့ တချို့အစီအစဉ်လေးတွေ လုပ်နိုင်တာတွေကို တွေ့လာရတယ်။ ဥပဒေပိုင်း အရ ကြည့်မယ်ဆိုလို့ရှိရင်လည်း ရတနာမေတ္တာဖောင်ဒေးရှင်းနဲ့ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်း UNICEF နဲ့ တွဲပြီးတော့ ပူးပေါင်းတည်ထောင်ထားတဲ့ အဖွဲ့တွေကို ထူထောင်ခွင့် ပြုလာတယ်။ ဒီအဖွဲ့တွေ က အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက်ကို အခကြေးငွေမယူဘဲ လိုက်ပါ ဆောင်ရွက်ပေးတဲ့ အခြေအနေမျိုးအထိ ဖြစ်လာတယ်။ ဒါတွေကတော့ တိုးတက်တဲ့အလားအလာတွေလို့ ပြောနိုင်ပါတယ်။”
- အစိုးရပိုင်းအနေနဲ့ပေါ့- လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းတွေ လုပ်တဲ့နေရာမှာ အခု အစိုးရသစ်အနေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့၊ သက်ဆိုင်လို့ - နောက်တခုက အဲဒီအတွက် အထောက်အကူပြုနိုင်မယ့် နည်းဥပဒေပြဌာန်းချက် အသစ်တွေ ထုတ်ပြန်တာမျိုးရော ရှိပါသလား။
“လူကုန်ကူးမှု တားမြစ်ရေး ဥပဒေရယ်လို့တော့ ပြဌာန်းထားတာတော့ ရှိတာပေါ့ဗျာ။  ဒါပေမဲ့ ဒီ အစိုးရ အာဏာပိုင်တွေ ကိုယ်တိုင်ကိုက ကျူးလွန်ဖောက်ဖျက်နေတာ ဖြစ်နေတဲ့အခါကျတော့ ဥပဒေကို အသက်ဝင်အောင်လုပ်ဖို့က တော်တော်ခဲယဉ်းတဲ့ ကိစ္စဖြစ်ပါတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုလို့ရှိရင် လွန်ခဲ့တဲ့ ၃ လလောက်က ပြည်မြို့က ကောင်လေးတွေကို ခေါ်သွားတယ်၊ ခေါ်သွားပြီးတော့ ရှမ်းပြည်နယ် မိုင်းတွင်းတွေမှာ အဓမ္မခိုင်းစေဖို့အတွက် ခေါ်တဲ့ကိစ္စတွေမှာ ကြံ့ဖွံ့ပါတီက ကုမ္ပဏီတွေက ပါဝင် ပတ်သက်နေတာ တွေ့ရတယ်။ နောက်ပြီးတော့ တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင် ကုမ္ပဏီတချို့က ပါဝင်နေတာတွေ တွေ့ရတယ်။ အဲဒီမှာ ကျနော်တို့ လိုက်လံကူညီပေးနေတဲ့ လူ့အခွင့်အရေး ကာကွယ်တဲ့ သူတွေကိုတောင်မှ အနှောင့်အယှက်ပေးခြင်းခံရတာကို ကျနော်တို့ ကြားသိရတယ်။”
ကလေးငယ်တွေ အမျိုးသမီးတွေအပါအ၀င် မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးအတော်များများဟာ အိမ်နီးချင်း ထိုင်း၊ မလေးရှား၊ တရုတ် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တောင်ကိုရီယား စတဲ့နိုင်ငံတွေကို စီးပွားရေး အခြေအနေကြောင့် ပုံစံအမျိုးမျိုးနဲ့ ထွက်ခွာနေကြရာမှာ လူကုန်ကူး ခံရတာတွေကြောင့် လိင်လုပ်ငန်းတွေ အတင်းအဓမ္မ မတရားခိုင်းစေခံရတာတွေ ကြုံနေကြရတာပါ။
ဒီလိုမျိုး အလားတူအခြေအနေမျိုးတွေ မြန်မာနိုင်ငံတွင်းမှာတောင် ကြုံနေရတယ်လို့ ဦးမင်းလွင်ဦးက ပြော ပါတယ်။ အမေရိကန်နိုင်ငံခြားရေး ဌာနရဲ့ အစီရင်ခံစာထဲမှာတော့ မြန်မာအစိုးရဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် နိုင်ငံတကာလက်ခံတဲ့ စံနှုန်းစံထားအတိုင်း ဆောင်ရွက် မှု ပြည့်မီချက်တော့ မရောက်သေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း  အရင်လိုမဟုတ်ဘဲ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် ကြိုးပမ်းမှုတွေတော့ ရှိလာပြီလို့ ဆိုထားတာပါ။ အထူးသဖြင့်တော့ ကလေးစစ်သားစုဆောင်းအသုံးပြုမှုနဲ့ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ရပ်ဆိုင်းရေးအတွက် ကြိုးပမ်းချက်တွေကို အသိအမှတ်ပြုထား ပါတယ်။ ဒါ့အပြင် ဒီအတွက် ILO နိုင်ငံတကာအလုပ်သမားအဖွဲ့အပါအ၀င် နိုင်ငံတကာနဲ့ လက်တွဲ ဆောင်ရွက်မှုတွေ ရှိလာတယ်လို့လည်း ဖော်ပြထားပါတယ်။
Thursday, June 14, 2012
,
DEMAND RELEASE OF TERMINALLY ILL PRISONER... Amnesty International ... 12 June 2012
UA: 138/12 Index: ASA 16/004/2012 Myanmar Date: 11 June 2012
URGENT ACTION
DEMAND RELEASE OF TERMINALLY ILL PRISONER
A prisoner sentenced to death in Myanmar after an unfair trial is dying of liver cancer.
His family is calling for him to be immediately released so they can arrange appropriate
care for him in his final weeks. He was tortured during interrogation.
Phyo Wai Aung was arrested on 22 April 2010 and accused of involvement in bombings at the X20 stadium in
Yangon, Myanmar's largest city, on 15 April during the Water Festival. The bombings killed 10 people and injured
168 others. Phyo Wai Aung has always denied any involvement in these bombing.
After his arrest he was taken to Aungthabyay Interrogation Centre where he was reportedly tortured during the first
six days of his detention and again between 11 and 16 May 2010. He was deprived of sleep and forced to stand
for two days with his hands cuffed behind his back while he was being interrogated. He was beaten on the head
and body and forced to kneel while naked on small stones with his hands raised above his head. Interrogators also
reportedly burned his genitals.
He was held in pre-trial detention in Insein prison and despite symptoms of serious illness developing, Phyo Wai
Aung was not provided with adequate medical care until the second half of May 2012. He is now in the prison ward
at Insein General Hospital.
Phyo Wai Aung was so ill during parts of his trial that he had to rest in an adjoining room as he was not well enough
to sit in court. A confession extracted under torture was used against him during the trial. His appeal against the
death sentence, which was handed down on 8 May, will be heard in the Supreme Court on 26 June.
Phyo Wai Aung may only have a short time to live. Amnesty International is therefore calling for his immediate
release so that his family can care for him.
Please write immediately in English, Burmese or your own language:
n Express concern that Phyo Wai Aung is reported not to have been provided with adequate medial care in Insein
prison until recently despite the fact that he was very ill;
n Urge the President to release Phyo Wai Aung from prison immediately;
n Express concern about credible reports that Phyo Wai Aung was tortured during interrogation and was later
subjected to a trial which fell far short of international fair trial standards.
PLEASE SEND APPEALS BEFORE 23 JULY 2012 TO:
President of the Republic of the Union of
Myanmar
U Thein Sein
Ministry of President’s Office
Ministry of Defence
Nay Pyi Taw
Republic of the Union of Myanmar
Salutation: Dear President
And copies to:
Minister of Home Affairs
Lt. Gen. Ko Ko
Ministry of Home Affairs
Office No. 10, Nay Pyi Taw
Republic of the Union of Myanmar
Salutation: Dear Minister
Chairman
U Win Mya
Myanmar National Human Rights
Commission
27 Pyay Road
Hline Township, Yangon
Republic of the Union of Myanmar
Salutation: Dear Chairman
Also send copies to diplomatic representatives accredited to your country.
Please check with your section office if sending appeals after the above date.
URGENT ACTION
DEMAND RELEASE OF TERMINALLY ILL PRISONER
ADDITIONAL INFORMATION
Phyo Wai Aung was born in 1979. He is a Muslim who lived in Yangon with his wife and children. He trained as an electrical engineer and was
working as a construction contractor in 2010 at the time of his arrest.
Name: Phyo Wai Aung
Gender: male
UA: 138/12 Index: ASA 16/004/2012 Issue Date: 11 June 2012
,
ကိုဖြိုးဝေအောင်ရဲ့ ကင်ဆာရောဂါ ရန်ကုန်ဆေးရုံကြီးမှာ ကုသ.. 12 June 2012
ကိုဖြိုးဝေအောင်ရဲ့ ကင်ဆာရောဂါ ရန်ကုန်ဆေးရုံကြီးမှာ ကုသ
2012-06-12
၂၀၁၀ သင်္ကြန်မှာ ရန်ကုန်မြို့က X2O မဏ္ဍပ်ရှေ့ ဗုံးခွဲမှုနဲ့ စွပ်စွဲထောင်ချခံထားရတဲ့ ကိုဖြိုးဝေအောင်ရဲ့ ကင်ဆာရောဂါကို ရန်ကုန်ဆေးရုံကြီးမှာ ဒီနေ့ကစပြီး ဓာတ်ကင်ကုသနေတယ်လို့ သိရပါတယ်။
RFA
၂၀၁၀ သင်္ကြန်ဗုံးခွဲမှုအတွက် စွပ်စွဲခံထားရသူ ကိုဖြိုးဝေအောင်နှင့် ပတ်သက်ပြီး အာရှလူ့အခွင့်အရေး ကော်မရှင် (AHRC) အင်တာနက် စာမျက်နှာတွင် ဖော်ပြထားပုံ။
အသည်းကင်ဆာဆဲလ်တွေက ခါးရိုးကို ဆက်လက်ကူးဆက်တဲ့အတွက် ဓာတ်ကင်ရတာလို့ ဇနီးဖြစ်သူ မဌေးဌေးက RFA ကိုပြောပါတယ်။
"အသည်းကင်ဆာမှာ ရှိတဲ့ဆဲလ်တွေကနေပြီးတော့ ခါးရိုးနံပါတ် (၈) ရယ်၊ (၉) ရယ်ကို ထိသွားတဲ့အတွက်ကြောင့် သူကအောက်ပိုင်း မလှုပ်နိုင်တော့ဘူး။ မလှုပ်နိုင်တဲ့ အတွက် ကျွန်မတို့က ရန်ကုန်ဆေးရုံကြီးမှာရှိတဲ့ ဓာတ်ရောင်ခြည်ဋ္ဌာနကို သွားပြတော့ ဒီနေ့ကစပြီး ဓာတ်ကင်တယ်ရှင့်။ ၅ ရက် ကင်ရမယ် ပြောတယ်ရှင့်။  ၅ ရက် ကင်လိုက်လို့ရှိရင်တော့ ကံကောင်းရင်တော့ ပြန်လှုပ်နိုင်မှာပေါ့"
အဲဒီနောက် အင်းစိန်ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆက်လက်ထားရှိတယ်လို့ ဆိုပါတယ်။ သူ့ကို ဆေးရုံမှာ ၂၄ နာရီ ရဲလုံခြုံရေးချထားပြီး မိသားစုကတော့ စောင့်ကြည့်ခွင့် ရတယ်လို့ သိရပါတယ်။
ကိုဖြိုးဝေအောင်ကို သေဒဏ်ချထားတဲ့အတွက် မိသားစု အယူခံတင်ထားတာကို လာမယ့် ၂၆ ရက်နေ့ကျရင် နေပြည်တော်မှာ ကြားနာမယ်လို့ မဌေးဌေးက ပြောပါတယ်။
Tuesday, June 12, 2012
, , ,
Burma: End the ethnic cleansing war immediately.........Hong Kong Coalition of free Burma: 12 June 2012
Hong Kong Coalition of free Burma: 12 June 2012
香港爭取緬甸自由聯盟
Statement
Burma: End the ethnic cleansing war immediately
緬甸:立即停止種族清洗戰爭
Since March 30, 2011 when President Thein Sein took office, the rhetoric of his government has changed markedly. He and his party have noticed the carrying changes inside the country. For example, the country now agrees with Aung San Suu Kyi and the National League in political reforms, giving the amnesty announcement for releasing the prisoners, suspending the Myit Sone Dam project, talking ceasefire with other ethnic nationalities, and the relaxation of restrictions on local media and civil society.
自總統登盛於2011330日上任後,其政府有明顯變化。他及其黨員已經注意到國家內部的轉變。例如,該國現已同意昂山素姬及全國民主聯盟的政治改革、特赦在囚人士、暫停密松水壩(Myit Sone Dam)項目、與其他民族討論停火、並放鬆對該國的媒體及公民社會的禁制。
Since then, observers and scholars have argued that the government is showing a commitment to bring about the reforms that will result in an overall improvement in human rights conditions. The question remains though, why haven’t the gun sounds from northern Burma, Kachin state stop yet?
自此,觀察員及學者爭論著,該國政府正顯示其對改革的承諾,並因此而達致整體人權狀況有改善。問題仍然存在,為何來自緬甸北部克欽邦 (Kachin State)的槍聲仍然不絕?
Despite all the talk about the new conditions in Burma, the human right conditions in the country are getting worse ever since the new government took power. The fighting in the Kachin State began in June after a 17-year-old ceasefire broke down, spreading across all parts of the state with steady intensity. Reports have emerged, claiming that the Burma army soldiers have gang-raped women and girls, killed civilians including some women who have been subjected to  rape, the destruction of churches and homes, and the killings. These acts are war crimes and are crimes against humanity.
即使所有對話落在緬甸的新發展上,該國的人權狀況卻在新政府上場後變得更差。自17年停火破裂後,克欽邦的戰爭由6月開始發生,穩定而強烈地漫延至整個國家。報告顯示,緬甸軍隊集體強暴婦女及女孩,殺害平民,包括有婦女姦後被殺,拆毀教堂及家園,還有殺戮。這些都是戰爭罪行,而且更是違反人道的罪行。
At the time of writing, the number of internally displaced people was reported to be over 75,000. For the most part, the internally displaced people are aided through little local efforts, since the authorities have blocked attempts by groups based in the country.
據報導,國內流離失所的人數超過75,000人。在多數情況下小團體都會幫助國內流失的流離失所人,不過政府已經禁止駐該國團體進一步行動。
On June 8, 2012 marks the first anniversary of the new conflict in Kachin State. On that day, the Kachin organizations and communities around the world, along with regional and international civil society, and the human rights groups held a Global Day of Action for the Kachin this week. This event aims for the withdrawal of Burma Army troops, unhindered access for humanitarian aid to IDPs and refugees, an end to human rights abuses, and the establishment of a meaningful political dialogue.
201268日,即新戰事在克欽邦發生的第一年紀念日。這一天,來自世界各地的克欽邦團體及社群,與地區性或國際性公民社會,及人權組織走在一起,在這一個星期舉辦世界行動週。這個活動旨在呼籲緬甸軍隊撤離,為流離失所人士及難民無障礙提供人道救援,結束侵權行為,及建立有意義的政治對話。
Today, the Hong Kong Collection of free Burma (HKCFB) is drawing the world’s attention to the atrocious and unacceptable human sufferings in Kachin State, Burma, including the widespread persecution of ethnic nationalities and religious minorities in Burma by the military regime. We are doing the action protest, and are calling for an end to the humanitarian crisis in Kachin State.
今日,香港爭取緬甸自由聯盟希望全球關注,在緬甸克欽邦殘暴而不能接受的苦難,包括在緬甸軍事政權下,不斷擴散對少數族裔及少數宗教團體的迫害。我們抗議,並呼籲結束在克欽邦的人道危機。
We are aware that the government and the KIO have held several rounds of talks during the recent months, but the government has still refused to discuss the core political concerns at the heart of the conflict. We highlight both arm groups to solve the political solution through peaceful dialogue.
我們留意到政府及克欽獨立軍在近月已有數次對話,但政府仍然拒絕討論引致衝突的重要關注點。我們強調兩個軍事團體透過和平對話解決這場政治問題。
We are concerned that the government would support the independent mechanism to investigate the abuses of all sides. The Burmese government has to ensure that those engaged with massive violations against the international humanitarian law are held accountable and brought to justice.
我們留意政府將支持獨立機制去調查雙方的侵略行為。緬甸政府必須確保,違反國際人權法而參與大型侵略的人,必須繩之以法。
For the HKCFB, it is hardly to believe the recent reforms in Burma, since the violations in place, these are the reasons why. Despite the positive steps by the military-backed government, many of us are still cautious.
香港爭取緬甸自由聯盟,自這些侵略發生後,實在很難相信近日在緬甸的改革。即使軍政府有正面的行動,我們很多人仍持謹慎態度。
We endorse the international for putting pressure on the government to allow access to humanitarian aid for both national and international organizations to help the internally displaced people initiate a meaningful dialogue with the Kachin Independence Organization and the people of Kachin State to achieve sustainable peace, and to address the issue of equality and democracy for ethnic people.
我們認同國際向政府受壓,以准許國內及國際組織提供人道救援,協助流離失所人士與克欽獨立軍展關有意義的對話,以致克欽邦人民可以達到可持續的和平,及提出少數族群的平等與民主。
We are calling for the international community to act and consider the deteriorating human rights conditions sustained by the Burmese government. It is their responsibility to ensure that these unacceptable acts to stop.
我們呼籲國際公民社會起來行動。考慮到由緬甸政府帶來日益惡劣的違權情況持續發生。這是政府的責任去保障不能接受的行為應該停止。
Together, we will urge Burma’s President and the country’s army to stop the military offenses in Kachin State, to initiate a political dialogue and peace process with the ethnic armed group, the Kachin Independence Organization (KIO).
我們一起呼籲緬甸總統,及該國軍隊停止在克欽邦的軍事侵略,與少數民族武裝組織,即克欽獨立軍,展開政治對話及和平進程。
After one full year of such conflict, it is time for Thein Sein to show his seriousness about change, by ending the offensives, withdrawing troops, stopping the violations, establishing a political dialogue, and a peace process in Kachin state.
類似的衝突發生一整年後,是時候讓登盛總統顯示其對改革的認真,即結束衝突、撤軍、停止侵犯、建立政治對話及和平進程。
If the war from Kachin state continues, this coming year will be difficult for groups and individuals concerned with human rights in Burma to negotiate. Ethnic groups in Burma have been struggling under harsh military rule for more than 50 years; it is time for them to realize their rights and freedom and live with dignity.
如果在克欽邦的戰爭持續,未來一年,對於不同族群及關心緬甸人權問題的人士,將更難談判。緬甸少數族裔已經在軍政府的嚴刑下爭扎了50年,是時候讓他們實現其權利、自由、與尊嚴地生活。
Hong Kong Coalition of free Burma will be monitoring the political reforms until the Burmese government calls for political reform towards democracy.
香港爭取緬甸自由聯盟將繼續監察政治改革,直至緬甸政府呼籲政治改革推向民主。