Tuesday, March 24, 2009

Filled Under:

နိုင်ငံတော်ပုံကန်မှုနှင့် ဥပဒေရေးရာသုံးသပ်ချက်

မင်းလွင်ဦး
မတ်လ၊ ၂၅ ရက်၊ ၂၀၀၉ ခုနှစ်

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးခွန်ထွန်းဦးပါ ၉ ဦး၏ အမှုသည် ယခုအခါ တရားရုံးချုပ်တွင် အထူးအယူခံအဖြစ် တင်သွင်းရန် ပြင်ဆင်နေကြပါသည်။ ဦးခွန်ထွန်းဦးပါ ၉ ဦးအမှုနှင့် ပတ်သက်၍ တရားလိုဖက်မှ တရားစွဲဆို အပြစ်ပေးထားသည့် အခြားအမှုများလည်း ရှိပါသည်။ မှုခင်းဖြစ်ရပ် တခုတည်းအပေါ် ပြစ်မှုအမျိုးမျိုးခွဲ၍ တရားစွဲဆိုပြီး နှစ်ရှည်ထောင်ဒဏ်များ ချထားခြင်းကို ဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိသည်ကို အများသိနိုင်ရန်နှင့် လေ့လာနိုင်ရန်အတွက် ဥပဒေသုံးသပ်ချက်များကို တင်ပြလိုက်ပါသည်။

ပြစ်မှုဆိုင်ရာ အမှုများကို စစ်ဆေးစီရင်သည့်အခါ တရားရုံးများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများကို တရားရုံးများလက်စွဲ၊ (Court Manual)နှင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊(Criminal Procedure)တို့တွင် အတိအလင်း ရေးဆွဲ ပြဌာန်းထားသည်။ တရားရုံးများ အနေဖြင့်လည်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေနှင့် တရားရုံးများလက်စွဲ၊ တရားရုံးချုပ်မှ အခါအားလျော်စွာ ထုတ်ပြန်ကြေငြာသည့် ညွန်ကြားချက်များကိုပါ လိုက်နာ ကျင့်သုံးဆောင်ရွက်ရသည်။ သို့သော် ဥပဒေ ပြဌာန်းချက်များ၊ လိုက်နာမည့် လမ်းညွန်ချက်များ မည်သို့ပင်ရှိစေကာမူ အဆိုပါပြဌာန်းချက်များကို မျက်ကွယ်ပြု၍ အထူးခုံရုံးက စစ်ဆေးစီရင်ခဲ့သည်ကို အောက်ပါအချက်များအရ ထင်ရှားစွာ တွေ့ရှိနိုင်ပါသည်။

(၁) တရားစွဲဆိုသော ပုဒ်မနှင့် အပြစ်ပေးစီရင်သော ဥပဒေပုဒ်မ။

ပြစ်မှုဆိုင်ရာ အမှုများတွင် တရားခံဖြစ်သူသည် စွဲဆိုထားသည့် ပုဒ်မပါ ပြဌာန်းချက်များကို ကျူးလွန်ဖေါက်ဖျက်ကြောင်း သက်သေထင်ရှား ပြသရန် တရားလိုဖက်တွင် တစဉ်တစိုက် တာဝန်ကျရောက်သည်။ ပြဌာန်းထားသည့် ပြစ်မှုမြောက်ရန် လိုအပ်သည့် အင်္ဂါရပ်များနှင့်အညီ ဖြစ်စေရန် တရားလိုဘက်မှ ထင်ရှားစွာ သက်သေပြနိုင်ရမည် ဖြစ်သည်။ ပြစ်မှုမြောက်ရန် လိုအပ်ချက်နှင့် ပတ်သက်၍
http://material.ahrchk.net/docs/ahrcburmese/KTOHigh_Treason.pdf

0 comments:

Post a Comment