Saturday, May 30, 2009

Filled Under:

မြန်မာနိုင်ငံရှိ အမျိုးသမီး တရားသူကြီး အခြေအနေ

VOA ----- 29/ 5/ 2009

မြန်မာနိုင်ငံ အမျိုးသမီး တရားသူကြီးတွေဟာ သူတို့ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာ ဥပဒေအရ သမာတမတ်ကျတဲ့ အတတ်နိုင်ဆုံး ကြိုးပမ်းခဲ့ ကြရဲ့လား AHRC ခေါ် အာရှလူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦးက -

ဦးမင်းလွင်ဦး ------ အစောက စွန်ညာ စိုတိုမိုင်ရော ပြောသွားတဲ့အထဲမှာ
တရားစီရင်မှုက မျှတမှန်ကန်မှု ရှိရုံမကဘူး၊ ပြည်သူတွေရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးတဲ့ အနေအထားမျိုး ဖြစ်ရမယ်။ အကျိုးပြုတဲ့ ဆုံးဖြတ်ချက်မျိုး ဖြစ်ရမယ် ဆိုတာ အလွန်မှန်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ အဂတိ တရား ၄ ပါးကင်းပြီးတော့ သီသ၊ သမာဓိနဲ့ ပြည့်စုံစွာ စီမံဆောင်ရွက်ရတဲ့ အခြေအနေက တော်တော်ရှားတယ် ဆိုတာကို ၂၀၀၇ ခုနှစ် နောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှုအပြီးမှာ စီရင် ဆုံးဖြတ်ခဲ့တဲ့ တရားရုံး တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေက သက်သေပြနေပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ မြို့နယ် တရားသူကြီး အဆင့်မှာလည်း အမျိုးသမီး တရားသူကြီး တော်တော်များများ ပါဝင်ခဲ့တာကို တွေ့ရပါတယ်။ ထို့အတူ ခရိုင်အဆင့်မှာလည်း အနည်းအကျဉ်း ပါဝင်တဲ့ တရားသူကြီးတွေ ရှိတယ်ဆိုတာကို ကျနော်တို့ တွေ့ရပါတယ်။ ဥပမာ ဆိုပါတော့ ခရိုင်အဆင့်မှာ ဆိုလို့ရှိရင် ဒေါ်အေးသိန်းတို့၊ ဒေါ်စိုးဥာဏ်တို့၊ မြို့နယ်အဆင့်မှာ ဆိုရင်လည်း ဒေါ်သန်းသန်းဌေး၊ ဒေါ်ဌေးဌေး၊ ဒေါ်ဘေဘီ၊ ဒေါ်ခင်ခင်တော်၊ ဒေါ်ညွန့်ညွန့်ဝင်း အစရှိသဖြင့် မြို့နယ်အဆင့်မှာ ၁၃ ဦး သူတို့အနေနဲ့ အထူးတရားရုံးတွေမှာ စစ်ဆေး ဆောင်ရွက်ခဲ့တာကို ကျနော်တို့ တွေ့ရှိပါတယ်။

အဲတော့ အဲဒီလို တွေ့တဲ့အခါမှာ နိုင်ငံရေး ယုံကြည်ချက်ကြောင့် လွတ်လပ်စွာ ထုတ်ဖေါ် ပြောဆိုခဲ့တဲ့အပေါ်မှာ အမြင့်ဆုံး အပြစ်ဒဏ်တွေ၊ ကြီးလေးတဲ့ အပြစ်ဒဏ်တွေ နောက်ပြီးတော့ အဲဒီပြစ်ဒဏ်တွေကို ချမှတ်ရုံတာမကပဲနဲ့ သီးခြားစီကျခံစေ ဆိုပြီးတော့ ထပ်လောင်း ချမှတ်လိုက်တဲ့ အမိန့်စီရင်ချက်တွေက နိုင်ငံရေး ခံယူချက်အရ လုပ်ဆောင်နေတဲ့ လူငယ်လူရွယ်တွေ၊ ကျောင်းသူ ကျောင်းသားတွေအတွက် ဘ၀ တသက်သာလုံး ဆုံးရှုံးနစ်နာစေတဲ့ အဖြစ်မျိုးတွေ ဖြစ်ပေါ်စေတယ်။

ဥပမာအားဖြင့် အထင်ကရ ပြောရမယ်ဆိုလို့ရှိရင် မစုစုနွေးတို့လို နိုင်ငံရေး ယုံကြည်ချက်ကြောင့် တင်ပြပြောဆိုမိလို့ နှစ်ရှည်ထောင်ဒဏ် ကျခံရတဲ့ကိစ္စ၊ နောက် စည်သူမောင်တို့လို ကျောင်းသားလူငယ်လေးတွေ ကျောင်းမှာ ပစ္စည်းပစ္စယ မစုံလင်တဲ့အတွက် ကျောင်းတာဝန်ရှိတဲ့ သူတွေအနေနဲ့ လုပ်ကိုင်ဆောင်ရွက်ပေးဖို့ အထက်ကိုတင်ပြတဲ့ ကိစ္စရပ်တွေမှာ နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်တဲ့ ကိစ္စရပ်တွေက လုံးဝ တရားမျှတမှု မရှိဘူး။ မိမိခံရယူချက်အတွက် နိုင်ငံရေး ခံယူချက်ကြောင့် လုပ်ဆောင်နေတဲ့ ကိစ္စရပ်တွေကိုလည်း အဟန့် အတား ပြုရာရောက်တယ်။ နောက်ပြီးတော့ အဲလို ပြစ်ဒဏ် ချမှတ်လိုက်တဲ့ အတွက်လည်း မိသားစုတခုတခုလုံး၊ ကာယကံရှင်ဖြစ်တဲ့ ကျောင်းသား လူငယ်တွေအားလုံး ထိခိုက် နစ်နာရတယ်ဆိုတာကို ကျနော်တို့အနေတဲ့ ပြောချင်ပါတယ်။

မေး ------ မြန်မာနိုင်ငံမှာရော နိုင်ငံတော် တရားရုံးချုပ်အထိ လျှောက်လှမ်းနိုင်မဲ့ အမျိုးသမီး တရားသူကြီးတွေ ရှိပါသလား။ ရှေ့နေဦးမင်းလွင်ဦးက -

ဦးမင်းလွင်ဦး ------ ကျနော်တို့ မြန်မာနိုင်ငံ အတွင်းမှာကတော့ တရားရုံးချုပ် တရားသူကြီးအဖြစ်ကို အမျိုးသမီး တွေ ထဲကနေ ရောက်လာတဲ့ အစဉ်အလာက လွတ်လပ်ရေးရပြီး ကတည်းက ယခုအချိန်အထိ တခါမှမရှိသေး ပါဘူး။ အခုအသစ် ဖွဲ့စည်းထားတဲ့ တရားရုံးချုပ်ရဲ့ ဖွဲ့စည်းပုံမှာလည်း တရားရုံးချုပ် နေပြည်တော်မှာ ၂ ဦးရှိတယ်။ တရားရုံးချုပ် ရန်ကုန်မှာ ၉ ဦးရှိတယ်။ တရားရုံးချုပ် မန္တလေးမှာ ၆ ဦးရှိတယ်။ အားလုံးက အမျိုးသားတွေဘဲ ဖြစ်ပါတယ်။

(ရှေ့နေဦးမင်းလွင်ဦး ဖြစ်ပါတယ်။)

0 comments:

Post a Comment