Tuesday, June 16, 2009

Filled Under:

ကောင်းမွန်သော နည်းလမ်း သို့မဟုတ် လူ့အဖွဲ့အစည်းအတွင်း တရားဥပဒေ အဓွန့်ရှည်ရေး

Basil Fernando
ဂျွန်လ ၁၆ရက်၊ ၂၀၀၉ ခုနှစ်

သီရိလကာင်္နိုင်ငံ ရှေ့နေချုပ် ကမ်မာလာစဘေစွန် (Kamalasabayson) က “ကျနော် ရိုးရိုးရှင်းရှင်းဘဲ မေးခွန်းတခု မေးလိုက်မယ်”။ “ယဉ်ကျေးသော လူ့အဖွဲ့အစည်း တရပ်ဖြစ်ဖို့၊ နိုင်ငံတကာ အဆင့်အတန်းကို အမီလိုက်နိုင်ဖို့ နည်းလမ်းရှာရာမှာ ဒေါ်လာသန်းနဲ့ချီ အသုံးပြုခဲ့သည်မှာ လူအဖွဲ့အစည်းအား ဥပဒေစိုးမိုးစေရန်နှင့် ငြိမ်းချမ်းသာယာ စေရေးအတွက် မဟုတ်ပါလား?” ဟု မေးခွန်းထုတ်လိုက်ပါတယ်။

တရားဥပဒေ စိုးမိုးရေးရေးအတွက် အာရှနိုင်ငံအများအပြား၏ အလေးထား ဆောင်ရွက်မှုမှာ အားနည်းနေ ပါသေးသည်။ ဥပဒေနဲ့ အမိန့်အာဏာ (Law and Order)၊ တရားဥပဒေစိုးမိုးရေး (Rule of Law) စတဲ့ အသုံးအနှုန်းများသည် အခြား စကားလုံးများထက် ပြောဆိုနေကြသည်။ သို့သော် ငွေကြေးနှင့် ပတ်သက်လာလျှင် ထိုစကား အသုံးအနှုန်းများ အရှုံးပေးရသည့် လက္ခဏာ ဖြစ်နေပါသည်။ မည်သို့ဆိုစေ တရားဥပဒေ စိုးမိုးရေးအတွက် ဌာနဆိုင်ရာ ၀န်ထမ်းများအား ပြုပြင်ပြောင်းလဲရာတွင် အောင်မြင်သွားသည့် အတွေ့အကြုံကို ဟောင်ကောင်က သက်သေပြလိုက်ပါပြီ။

ငွေကြေးနဲ့ အရည်အသွေးသည် အဆက်အစပ် ရှိသည်။ ရှေးလူကြီးများ၏ အဆိုအရ “ဈေးပေါသောအရာသည် မကောင်း၊ ကောင်းသောအရာသည်လည်း ဈေးမပေါ” ဟု ဆိုရိုး ရှိခဲ့ပါသည်။ ၀န်ထမ်းများအား လစာ အနည်းငယ်သာ ပေးထားလျှင် လာဘ်စားမှု ပေါ်ပေါက်ပြီး တရားဥပဒေ မစိုးမိုးနိုင်တော့ပါ။ မကြာခဏ ဆိုသလို ဥပဒေစိုးမိုးမှု အားနည်းသည့် အချိန်ကာလတွင် ကွဲပြားသော ဦးတည်ချက် ပေါ်လာလေ့ ရှိသည်ကို ၀မ်းနည်းဖွယ် တွေ့ရသည့် ဖြစ်စဉ် တွေကလည်း အများအပြား။ ဥပဒေ စိုးမိုးရေး အခြေခံ သဘောသည် တရားဥပဒေ ရှေ့မှောက်တွင် အခွင့်အရေး တန်းတူရှိခြင်း (equality before the law)ပင် ဖြစ်သည်။ အကယ်၍ မိမိကိုယ်တိုင်က ဥပဒေကို မလေးစား မလိုက်နာပါက ဥပဒေကလည်း မိမိအား အကာအကွယ် မပေးနိုင်။ ဥပဒေ ဘောင်အတွင်းရှိ လူမှုအသိုင်းအ၀ိုင်းသည် ဥပဒေနှင့် ကင်းလွတ် နေသည်။ ဥပဒေပြင်ပ ရောက်နေသည်။ ဆိုလိုသည်မှာ မိမိသည် ဥပဒေကို ချိုးဖေါက်နေလျှင် အခြားသူတို့အား ဥပဒေ လိုက်နာစေရန်မှာ မဖြစ်နိုင်ပါ။ အချို့ သူတွေက ၎င်းတို့နှင့် ဆန့်ကျင်သည့် လျှောက်လဲချက်ကို လျှောက်တင်တတ်ကြသည်။ ဤကဲ့သို့ လူမှု အသိုင်းအ၀ိုင်းတွင် ၎င်းတို့အဖွဲ့အစည်းအတွင်း အာဏာခွဲဝေမှု ရှိသော်လည်း ဥပဒေ စိုးမိုးရေးကို တည်ဆောက်နိုင်မည် မဟုတ်ပါ။

သို့ဖြစ်၍ တရားဥပဒေ စိုးမိုးရန် သို့မဟုတ် မစိုးမိုးရန်တို့မှာ ကျေးရွာ (ဇနပုဒ်)ငယ်၏ ရွေးချယ်မှုပမာ တရားဥပဒေ စိုးမိုးမှု အတွက် ဖြစ်နိုင်ချေရှိသကဲ့သို့ မဖြစ်နိုင် တာလည်း ရှိသည်။ စင်စစ် လူ့အဖွဲ့အစည်း တခုတွင် ပုဂ္ဂိုလ် တဦးတယောက်၏ ရွေးချယ်ရာလမ်း မဟုတ်ပါ။ တရားဥပဒေ စိုးမိုးရေး အခြေခံအပေါ် လူ့အဖွဲ့အစည်းအတွင်း တည်ငြိမ် အေးချမ်းရေးကို လိုလားသော အင်အားစုနှင့် မိမိကိုယ်ကျိုး အတွက် လူ့အဖွဲ့အစည်းအား ခြယ်လှယ် ချုပ်ကိုင် လိုလိုသည့် အုပ်စုနှစ်ခု၏ အင်အားချိန်ခွင်လျှာ အပေါ်တွင် မူတည်နေသည်။

ဒါကြောင့် ရှေ့နေချုပ် ကမ်မာလာစဘေစွန် (Kamalasabayson) ၏ မေးခွန်းသည် ကျိုးကြောင်းဆီလျှော်မှု ရှိသည်ဟု ဆိုရပေမည်။ ထူးခြားသည်မှာ ကောင်းမွန်သော နည်းလမ်းကို လိုလားသော သူတို့သည် လူ့အဖွဲ့အစည်းအား အောင်မြင် တိုးတက် စေလိုသည်။ အထူးသဖြင့် ကိုယ်ကျိုး စီးပွားရှာသူတို့၏ ခြယ်လှယ်မှုအောက်တွင် အနစ်နာခံ စတေးနိုင်သည့် အတိုင်းအတာ ပေါ်တွင် အကျိုးရလာဒ် ရလိမ့်မည် ဖြစ်ပါသည်။ မည်သို့ဆိုစေ ပြည်သူလူထု အပေါ်တွင်သာ မူတည်နေပါသည်။ လူ့အဖွဲ့အစည်း အတွင်း ရင့်ကျက်သော လက်ခံမှုနှင့် အခြားအမှုကိစ္စများ မေးခွန်းထုတ်ရာတွင် ယိုယွင်း ပျက်စီးဆုံးရှုံးမှု ဖြစ်စေမည်လားဟု မေးလျှင်- ဟုတ်ကဲ့ ဆိုတဲ့ အဖြေဘယ်မှာလဲ။ ဖြေဆိုမည့်သူ မရှိပါ။ သို့သော် စစ်လက်နက် ဖေါက်ခွဲမှုများနှင့် ၀င်ရောက် စွက်ဖက်မှုသည် တဖက်စောင်းသော ချိန်ခွင်လျှာ ညှိမှုသာဖြစ်ပြီး တရားဥပဒေ ဥပဒေစိုးမိုးရေးကို စည်းမဲ့ကမ်းမဲ့ ဖြစ်စေခြင်းနှင့် နိုင်ထက်စီးနင်းမှု တို့နဲ့သာ ရင်ဆိုင်ရမည် ဖြစ်သည်။

(မှတ်ချက်။ ။ အာရှ လူ့အခွင့်အရေးကော်မရှင် အမှုဆောင်တာရိုက်တာ Mr. Basil Franando,၏ Good Road or a law-abiding society?)ဆောင်းပါးအား ပြန်လည်ဖေါ်ပြခြင်း ဖြစ်သည်။)

0 comments:

Post a Comment