အခုလို ရယက အဖွဲ့ဝင်တွေကို ဖမ်းဆီးအရေးယူတဲ့ ကိစ္စကိုတော့ အာရှလူ့အခွင့်အရေး ကော်မရှင်မှ ကြိုဆိုတဲ့ အကြောင်း အခုလို ပြောဆိုပါတယ်။
“ ဒီလိုဖမ်းဆီး အရေးယူထားတာကိုလည်း ကျနော်တို့ အနေနဲ့ အများကြီး ကြိုဆိုတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ မြန်မာနိုင်ငံအတွင်းမှာ အာဏာပိုင်ကနေ ကျူးလွန်ဖေါက်ဖျက်တဲ့ အမှုတွေမှာ ဒီလိုဖမ်းဆီး အရေးယူမှုက အလွန်တရာမှပင် နည်းပါးတယ်။ အခုလို ဖမ်းဆီးအရေးယူတဲ့ဟာကို ကျနော်တို့ အာရှလူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ကြိုဆိုတယ်။ နောက်ပြီးတော့ ဒီအမှုကို မျှမျှတတ မှန်မှန်ကန်ကန်နဲ့ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ပေးသွားဖို့ကိုလည်း ကျနော်တို့ အာရှ လူ့အခွင့်အရေး ကော်မရှင်ကနေ တောင်းဆိုထားတာ ဖြစ်ပါတယ် ခင်ဗျား။”
အာရှလူ့အခွင့်အရေး ကော်မရှင်ရဲ့ ရှေ့နေတဦးဖြစ်တဲ့ ဦးမင်းလွင်ဦး ပြောဆိုသွားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လ ၁၉ ရက်နေ့တုန်းက ပုသိမ်မြို့က ကိုအောင်ခိုင်ထွန်းနဲ့ ကိုတင်ထွန်းလွင်တို့ဟာ င၀န်မြစ်အတွင်း စက်လှေနဲ့ မျောလာစဉ် အမှတ် (၁) ကွန်းခြံ ရယက ဗေဒါ ဆယ်ယူတဲ့နေရာကို ရောက်ရှိသွားခဲ့တဲ့အတွက် လုပ်ငန်းနှောင့်ယှက်မှုနဲ့ ရယက အဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် သူတို့ကို တဦးလျှင် ကျပ်ငွေ ၃၀၀၀ ပေးလျှင် ပြန်လွှတ်ပေးမယ် ဆိုတဲ့အတွက်ကြောင့် တဦးက ငွေပြန်သွားယူနေစဉ် ရယက အဖွဲ့ဝင်တွေ ရိုက်နှက်ခဲ့တဲ့အတွက် ကိုအောင်ခိုင်ထွန်း သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တရားစီရင်ရာမှာလည်း မျှမျှတတ လွတ်လွတ်လပ်လပ်ရှိဖို့အတွက် အာရှလူ့အခွင့်အရေး ကော်မရှင်က တောင်းဆိုတဲ့အကြောင်း ဒီကနေ့ အရေးပေါ် ထုတ်ပြန်ချက်မှာ ဖေါ်ပြထားကြောင်းပါ ခင်ဗျား။http://www.ahrchk.net/ua/mainfile.php/2009/3206/












0 comments:
Post a Comment