ပြည်တွင်းမှ ရှေ့နေတဦး
NLD ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုဥက္ကဌ ဦးတင်ဦးနှင့် အဖွဲ့သည် အထက် မြန်မာပြည် ပါတီစည်းရုံးရေး လုပ်ငန်းအတွက် သွားရောက်ခဲ့ရာ ဒီပဲယင်းမြို့နယ်၊ ကျီရွာအနီး၌ အစိုးရ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် (၃၀- ၅- ၂၀၀၃) ရက်နေ့တွင် အကြမ်းဖက် တိုက်ခိုက် ခံခဲ့ပြီးနောက် (၃၁ -၅- ၂၀၀၃) ခုနှစ်မှစ၍ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၁၀ (က) နှင့် ၁၀ (ခ)တို့အရ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ကို အရေးယူခဲ့ခြင်း ဖြစ်သည်။ ယင်း ဥပဒေပုဒ်မ တို့သည် ၁၉၇၄ ခုနှစ် ပြည်ထောင်စု ဆိုရှယ်လစ် တမ္မတ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အဆိုပါ ဥပဒေများကို ၁၉၇၅ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၃ အရ ပြဌာန်း လိုက်ခြင်း ဖြစ်သည်။http://material.ahrchk.net/docs/ahrcburmese/artical-2.pdf












0 comments:
Post a Comment