Monday, August 17, 2009

Filled Under:

ILO ကို တိုင်ကြားခြင်းကြောင့် ရဲစခန်းမှာ ချုပ်နှောင်ခံရ

RFA ---- 17/8 /2009

မကွေးတိုင်း အောင်လံမြို့နယ်က မြေယာသိမ်းမှုနဲ့ ပတ်သက်ပြီး ILO ကို တိုင်ကြားဘူးတဲ့ တပိုးရွာက တောင်သူ သားအဖကို ယူကလစ်တုံး ပျောက်မှုနဲ့ သစ်တော ဦးစီးဌာနမှ တာဝန်ရှိသူတဦးက တိုင်ကြားတဲ့ အတွက် ရဲစခန်းမှာ ချုပ်နှောင်ထားပြီး ရမန် တပါတ် ပေးလိုက်တယ်လို့ သိရပါတယ်။ ပြည်သူပိုင် ပစ္စည်း ကာကွယ်ရေး အက်ဥပဒေ ပုဒ်မ ၆ (၁) နဲ့ တောင်သူ ဦးဥာဏ်မြင့်နဲ့သား ကိုသူရအောင်တို့ကို ပစ္စည်းမရှိဘဲ ဖမ်းဆီးထားတယ် လို့ ဒေသခံ တယောက်က ပြောပါတယ်။

အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ဦးမင်းလွင်ဦး ကတော့ သက်သေခံ ပစ္စည်းပါမှ တရားစွဲဆို နိုင်တယ်လို့ ပြောပါတယ်။

“ ၆ (၁) ဆိုလို့ရှိရင်လည်း ပြည်သူပိုင် အက်ဥပဒေအရ ဖမ်းဆီးပြီးတော့ အမှုတင်တဲ့အခါမှာ ပစ္စည်းတွေပါရမယ်။ သက်သေခံ အထောက်အထား အပြည့်အ၀ ရှိရမယ်။”

လယ်ယာမြေကိစ္စ အမှုအခင်းတွေ ဖြစ်ပွားပြီး ယာလုပ်ခွင့် ပြန်ရလို ဦးဥာဏ်မြင့်ဟာ ယာလုပ်သား ငှားရမ်းပြီး ယာလုပ်ခဲ့ပါတယ်။ သြဂုတ်လ ၆ ရက်မှာ ယာလုပ်သားတွေကို ရဲစခန်းက ခေါ်ယူ စစ်ဆေးပြီး ၈ ရက်နေ့မှာ ဦးဥာဏ်မြင့် အပါအ၀င် လူ ၈ ယောက်ကို စစ်ခေါ်ပေမဲ့ ဦးဥာဏ်မြင့်တို့ သားအဖ သွားတဲ့အခါ အိမ်ပြန်မလွှတ်တော့ဘဲ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ အောင်လန်မြို့နယ် စိမ်းစိုတိုက်နယ်မှာရှိတဲ့ စမ်းကလေးရွာ၊ တခိုးရွာ၊ သပြေပင်ရွာ၊ မြေပေါ်ရွာ၊ ရေးတွင်းစုရွာနဲ့ ရေထောင်ရွာတို့က ယာမြေတွေကို ပဲခူးရိုးမ စိမ်းလမ်းစိုပြည်ရေး အတွက်ဆိုပြီး သစ်တော ဦးစီးဌာနက သိမ်းယူတာကို တောင်သူတွေက ILO ကို တိုင်ကြားခဲ့ပါတယ်။

0 comments:

Post a Comment