
ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက်နေ့တွင် န အ ဖ စစ်အစိုး၏ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် တရားစီရင်မှုသည် နိုင်ငံတကာကို တုန်လှုပ်သွား စေသည်အထိ ဖြစ်လာသည်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ ၎င်းတရား စီရင်ချက်သည် လုပ်ကြံ ဖန်တီးသော တရားစီရင်မှုဖြစ်ပြီး စကား လုံးလှလှနှင့် မြန်မာ့အတိုက်အခံ ခေါင်းဆောင်၏ အခန်းဏ္ဍကို မှေးမှိန်သွားစေရန် ဖန်တီးလိုက်ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် သည် နေအိမ်အကျယ်ချုပ် ဆယ်စုနှစ် နှစ်ခုခန့် ကျခံခဲ့ရပြီး ဆိုင်းငံ့ အပြစ်ဒဏ်အဖြစ် နေအိမ်အကျယ်ချုပ် ၁၈ လ ကျခံ နေရသည်ဟုလည်း ထုတ်ပြန်ကြေငြာချက်တွင် ဖေါ်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ် ချမှတ်သကဲ့သို့ပင် သစ်စနာရဂမ် J.S Tissainayagam အမှုအား စီရင်ရာတွင်လည်း မဟုတ်မှန်ကြောင်းနှင့် ၎င်းပြစ်ဒဏ် နှစ်ရပ်စလုံးမှာ လုပ်ကြံသော အမှုဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံများ၏ ပြည်တွင်းဥပဒေ မဟုတ်ကြောင်း အစီရင်ခံစာက ဖေါ်ပြထားပါသည်။
(၎င်းတို့နှစ်ဦးအား ပြစ်ဒဏ်ပေးခြင်းနှင့် ပတ်သက်ပြီး အာရှလူ့အခွင့်အရေး ကော်မရှင်မှ ထုတ်ပြန်သော ကြေငြာချက် အပြည့်အစုံကို ဤ အင်တာနက် စာမျက်နှာတွင် ဖတ်ရှုနိုင်ပါသည်။) http://www.ahrchk.net/statements/mainfile.php/2009statements/2206/
0 comments:
Post a Comment