Tuesday, September 15, 2009

Filled Under:

အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည် ရပိုင်ခွင့် ဆုံးရှုံးနေတယ်လို့ AHRC ပြော

VOA ---- 15/ 9/ 2009

ရန်ကုန်တရားရုံးက လာမဲ့စက်တာဘာ ၁၈ ရက် သောကြာနေ့မှာ ချိန်းဆိုထားတဲ့ အယူခံကြားနာပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် နားထောင် ခွင့်ရဖို့ သက်ဆိုင်ရာ ရဲ အထူးသတင်းတပ်ဖွဲ့ကို ခွင့်တောင်းထားတာပါ။ ဒါပေမဲ့ ဒီကိစ္စဟာ သူတို့နဲ့ မသက်ဆိုင်တာမို့ တရားရုံးကိုတာ လျှောက်ထားဖို့ ငြင်းဆန်ခဲ့ပါတယ်။ တကယ်တော့ ဒီငြင်းဆန်မှုဟာ လွဲချော်နေသလို ဒေါ်အောင်ဆန်းစုကြည် ဟာ နေအိမ်အကျယ်ချုပ် ပြစ်ဒဏ် ချခံထားရသူ ဖြစ်ပြီး ခွင့်ပြုချက်ဟာ တရားရုံးနဲ့ မဆိုင်ဘဲန လက်ရှိစောင့်ကြပ် ထိန်းသိမ်းသူတွေမှာသာ တာဝန်ရှိတယ်လို့ ပြည်ပ ဥပဒေပညာရှင်များက ထောက်ပြကြပါတယ်။

ဒါ့အပြင် နေအိမ်အကျယ်ချုပ် ချမှတ်စဉ်က ဒေါ်အောင်ဆန်းစုကြည်အပေါ် ကန့်သတ်ထားတဲ့ အချက် (၈) ချက်မှ နောက်ဆုံး ချက်အရ တောင်းဆိုခဲ့တာ ဖြစ်တယ်လို့ AHRC အာရှလူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေဦးမင်းလွင်ဦးက ထောက်ပြပါတယ်။

“ ဘာကြောင့် ဒီလိုပြောရသလဲ ဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်ကို ကန့်သတ်ထားတဲ့ စည်းကမ်းချက် နံပါတ် (၈) မှာကတော့ အခြားဆောင်ရွက်လိုတဲ့ ကိစ္စရပ်တွေကို သက်ဆိုင်ရာ ခွင့်ပြုချက် တောင်းခံပြီးတော့မှ ဖေါ်ပြထားတာ ရှိတယ်။ အဲတော့ သက်ဆိုင်ရာ အာဏာပိုင် ဆိုတာကတော့ န ရ က ရုံးဖြစ်မယ်။ သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီး ဌာနလက်အောက်ခံ အဖွဲ့အစည်းတွေ ဖြစ်မယ်။ ဒါတွေရဲ့ ခွင့်ပြုချက်နဲ့ အမှုဆောင်တွေက နေပြီးတော့ ရဲအထူးတပ်ဖွဲ့ကို သတင်းပို့ပြီးတော့ ခွင့်တောင်းတာ ရှိတယ်။ ဒီဥစ္စာကိုလည်း ခွင့်မပြုဘူး ဖြစ်တယ်။”

တကယ်တော့ အမှုကို အထက်တရားရုံးမှာ အယူခံဝင်တဲ့အခါမှာ ထောင်ဒဏ် အပြစ်ပေး ခံရတဲ့သူတွေသာ သူတို့ရဲ့ အယူခံတွေမှာ တက်ရောက်ခွင့် မရှိပေမဲ့ ကျန်တဲ့ အမှုတွေကတော့ ကိုယ့်ရဲ့အယူခံတွေမှာ တက်ရောက် နားထောင်ခွင့် ရှိတယ်လို့ ဦးမင်းလွင်ဦးက ပြောပါတယ်။

“အယူခံဝင်တဲ့အခါမှာ ဥပဒေကြောင်းအရ မှားယွင်းနေတယ် ဆိုလို့ရှိရင် ကျနော်တို့ ၀င်နိုင်တယ်။ အဲဒီ အချက်အလက်တွေ အပေါ်မှာ အထက်တရားရုံးကနေပြီးတော့ မှားရင် မှန်တာကို ပြင်ပေးရမဲ့ တာဝန် ၀တ္တရားရှိပါတယ်။ ဒါကတော့ နစ်နာသွားတဲ့ အယူခံ တရားလိုရဲ့ အခွင့်အရေး ဖြစ်တယ်။ အဲတော့ ဥပဒေအကြောင်းအရာ ကိစ္စရပ်ဖြစ်စေ၊ အကြောင်းခြင်းရာ ကိစ္စရပ်ဖြစ်ပါစေ အဲဒီနှစ်ရပ်စလုံးဖြစ်ပါစေ အယူခံမှာ တင်သွင်းပြီးတော့ တောင်းဆိုနိုင်ပါတယ်။ နှုတ်နဲ့ သော်လည်းကောင်း၊ စာဖြင့် သော်လည်းကောင်း ရေးသား တင်သွင်းနိုင်တယ်။ အချို့ကိစ္စရပ်မှာတော့ တဖက်အကျိုးဆောင် မလာဘူးဆိုလို့ရှိရင် စာနဲ့ ရေးသား တင်သွင်းတာ ဖြစ်တယ်။ အများအားဖြင့် အယူခံရုံးမှာ နှစ်ဘက်လျှောက်လဲချက် ပေးတဲ့အခါမှာတော့ လူကိုယ်တိုင် တက်ရောက်ပြီးတော့ လျှောက်လဲချက် ပေးထားတာဖြစ်တယ်။”

မကြာခင်ကဘဲ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ကျန်းမာရေး စီစစ်ချက်တွေ အတွက် ပုံမှန်ပြနေကျ ဆရာဝန် ဒေါက်တာ တင်မျိုးဝင်းနဲ့သာ ဆက်လက်ပြသ စစ်ဆေးဖို့ တောင်းဆိုခဲ့ပေမဲ့ ဒီအချက်ကိုလည်း အာဏာပိုင်တွေက ခွင့်မပြုခဲ့ပါဘူး။ အခုလည်း ဒုတိယ အကြိမ်မြောက် စက်တင်ဘာလ (၁၈) ရက် အယူခံ ကြားနာပွဲမှာ ကိုယ်တိုင် တက်ရောက်ခွင့်ရဖို့ သက်ဆိုင်ရာ တွေက ခွင့်ပြုချက် မပေးတာနဲ့ ပတ်သက်လို့ ဦးမင်းလွင်ဦးက -

“တောင်းဆိုတဲ့အခါမှာ နှစ်ကြီစလုံး ခွင့်မပြုတာကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရင်ဆိုင်နေရတာ ဖြစ်တယ်။ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တရားစီရင်ရေး စနစ်က အုပ်ချုပ်ရေး အာဏာပိုင်တွေရဲ့ လက်အောက်မှာ ရှိနေတဲ့အတွက် မရက ရုံးက ညွှန်ကြားချက်အတိုင်း ကျော်လွန်ပြီးတော့ ဆုံးဖြတ်မှာလား၊ ဆုံးဖြတ် နိုင်မှာလား ဆိုတာကို ကျနော်တို့ စောင့်ကြည့်ရဦးမယ် ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော် အေးချမ်းသာယရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌကြီးရဲ့ ပြောတဲ့အတိုင်း ဆိုလို့ရှိရင် သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ လိုက်နာအောင်ရွက်တယ် ဆိုရင် လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ် ဆိုတဲ့ဟာက သံသယ ဖြစ်ဖို့ ကောင်းတဲ့ အချက်အလက် ဖြစ်တယ်။

ဒါကတော့ AHRC လို့ခေါ်တဲ့ အာရှလူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦးက နေအိမ်အကျယ်ချုပ်နဲ့ ပြစ်ဒဏ် ပေးခံထားရတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါအောင်ဆန်းစုကြည်ဟာ သူ့ရဲ့ အမှုတွေအတွက် ရပိုင်ခွင့်တွေ ဆုံးရှုံးနေတဲ့ အကြောင်းကို ပြောပြခဲ့တာပါရှင်။

0 comments:

Post a Comment