Tuesday, September 08, 2009

Filled Under:

ဒေါ်အောင်ဆန်းစုကြည် အမှုကို အကြောင်းပြကောင်းရုံသာ လက်ခံထားတယ်လို့ နိုင်ငံတကာ ဥပဒေပညာရှင်များ ပြော

VOA ----- 9/ 9/2009

လာမဲ့စက်တင်ဘာ ၁၈ ရက် သောကြာနေ့မနက် ရန်ကုန်တိုင်း တရားရုံးမှာ အယူခံမဲ့ လျှောက်လွှဲချက် ရုံးချိန်း မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ အာဏာပိုင်တွေထံ မနေ့က တောင်းဆိုထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောပါတယ်။

“အမှုအလားအလာက လက်ခံထားတယ်လို့ ပြောပါတယ်။ အဓိပ္ပါယ်ကတော့ အယူခံလွှာအပေါ်မှာ စဉ်းစားသုံးသပ်ရန် အချက်တွေကို စဉ်းစားသုံးသပ်ဖို့ လက်ခံတဲ့သဘော။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ၁၈ ရက်နေ့မတိုင်မီမှာ တွေ့ဆုံးဆွေးနွေး ညှိုနှိုင်းဖို့ သတင်းတပ်ဖွဲ့ကို ကြိုတင် တောင်းထားပါတယ်။ ဘယ်နေ့ တွေ့ခွင့်ရမယ်ဆိုတာ ကျနော်တို့ မသိသေးပါဘူး။ ဥပဒေရှုထောင့် အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုပြစ်မှုမှ မကျူးလွန်ဘူး။ အဲဒီလို မြင်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က ဥပဒေအရဆိုရင် လုံးဝ လွတ်မြောက်ရမှာ ဖြစ်ပါတယ်။”

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ တဦးလည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေ တဦးလည်းဖြစ်တဲ့ ဦးဥာဏ်ဝင်း ပြောပြခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ကန့်သတ်ထားမှု ချိုးဖေါက်တယ် ဆိုပြီးတော့ ရုံးတင် စစ်ဆေးရာမှာ August ၁၁ ရက်နေ့မှာ အပြစ်ရှိတယ်လို့ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက ဆုံးဖြတ်ချက် ချခဲ့ပြီး နေအိမ်အကျယ်ချုပ် ၁၈လ ပြစ်ဒဏ် ချခဲ့တဲ့အပေါ်မှာ အယူခံ ၀င်ကြတာပါ။ အမှုသွားအမှုလာ တခုလုံးကို ခြုံကြည့်မယ်ဆိုရင် အစကတည်းက အပြစ်မရှိသလို
ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းမဲ့ ထပ်မံ ဖမ်းဆီးချုပ်နှောင်ဖို့ ကြိုးစားချက်တွေတာ ဖြစ်တယ်လို့ သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ တရားစီရင်ရေးရဲ့ အထက်အုပ်ချုပ်သူ အာဏာပိုင်တွေရဲ့ အမိန့်နဲ့ အာဏာတွေ စိုးမိုးနေတာမို့ နိုင်ငံတကာ စိတ်ဝင်စားတဲ့ ဒီအမှုကို ဟန်ပြလုပ်နိုင်ဖို့၊ အကြောင်းပြ ကောင်းနိုင်ဖို့ လက်ခံမှု တခုတာ ဖြစ်တယ်လို့ နိုင်ငံတကာ ဥပဒေ ပညာရှင်တွေက မြင်ကြပါတယ်။ အစကတည်းက လုံခြုံရေး အကြောင်းပြချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတဲ့အတွက် နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေကို မြန်မာအာဏာပိုင်တွေက မသိကျိုးကျွံ ပြုနေတယ်လို့ AHRC လို့ခေါ်တဲ့ အာရှလူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဥစ္စာက မတရား ဖမ်းဆီး ချုပ်နှောင်ခြင်း ဖြစ်တယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အောက်မှာရှိတဲ့ Working Group on Arbitrary Detention ဆိုတဲ့ အဖွဲ့ကနေပြီး မြန်မာနိုင်ငံ အစိုးရကို စာပို့ပြီးတော့ ကန့်ကွက်ထားတဲ့ အချက်အလက်တွေ ရှိပါတယ်။ လူ့အခွင့်အရေး ကောင်စီမှာ မြန်မာနိုင်ငံမှ မြန်မာ သံအမတ်က ဘာပြောလဲဆိုတော့ “ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် ထိန်းသိမ်းထားတာပါ”လို့ သူတို့က အကြောင်းပြခဲ့ပါတယ်။ လုံခြုံရေးကြောင့် ထိန်းသိမ်းတယ် ဆိုလို့ရှိရင် ဒီကန့်သတ်မိန့်တွေ၊ တားဆီးမိန့်တွေ ဘယ်လိုမှ ထုတ်ပြန်စရာ မလိုဘူး ဖြစ်တယ်။ ဒီကိစ္စကို အမြန်ဆုံး ဥပဒေနဲ့အညီ စီရင်ဆောင်ရွက်ပေးဖို့ အစဉ်တစိုက် ပြောဆိုခဲ့တပါ။ ဒါကိုလည်း စစ်အစိုးရ အဖွဲ့ကနေပြီး တုန့်ပြန် ပြောဆိုခဲ့ခြင်း မရှိဘူး။”

ဒါ့အပြင် မြန်မာစစ်အစိုးရ ကျင်းပပေးမယ် ဆိုတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ခြင်း မရှိနိုင်အောင် ကြိုတင်ထားတာ ဖြစ်လို့ ယခု အယူခံ ၀င်မဲ့ကိစ္စကို သူတို့အနေနဲ့ သိပ်မမျှော်လင့်ဘူးလို့ ဦးမင်းလွင်ဦးက ပြောပါတယ်။

“အခုတခါ ၂၀၁၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်မယ် ဆိုရင် စစ်အစိုးရအတွက် အခက်အခဲ အများကြီးရှိမယ် ဖြစ်တဲ့အတွက် တိုင်းတရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အပြီးသတ် လွှတ်ပေးမဲ့ စီရင်ဆုံးဖြတ်ချက် မဖြစ်နိုင်ဘူးလို့ ကျနော်တို့ ထင်မြင်ယူဆ ကြတာ ဖြစ်ပါတယ်ခင်ဗျား။”

AHRC အဖွဲ့မှ ဦးမင်းလွင်ဦးပါရှင်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဥာဏ်ဝင်းကတော့ အမှုကို အမှန်တကယ် စစ်ဆေး သုံးသပ်ပြီးတော့ တရားနည်းလမ်း တကျသာ တရားရုံးက စီရင်ဆုံးဖြတ် ခဲ့မယ်ဆိုရင် ဘယ်သူကမှ ၀င်ရောက်ဟန့်တား နိုင်မယ် မဟုတ်လူးလို့လည်း ပြောပါတယ်။

“ကျနော့အမြင် ပြောရရင် ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ပြစ်ဒဏ် ချမှတ်ထားတဲ့ အပေါ်မှာ မူတည်ပြီးတော့ န အ ဖ အဖွဲ့က နေပြီးတော့ ဥက္ကဌ အနေနဲ့ ပြစ်ဒဏ် တ၀က်ဖြစ်တယ်။ တ၀က်ကို ဆိုင်းငံ့တယ်။ နေအိမ်မှာ နေဖို့အမိန့်က ဒါဟာ တရားရုံးရဲ့ အပြစ်ဒဏ် အပေါ်မှာ မူတည်ပြီးတော့ ဆောင်ရွက်တဲ့ ကိစ္စပါ။ တရားရုံးက ပြစ်ဒဏ်အပေါ်မှာ မူတည်ပြီးတော့ ဒီဆောင်ရွက်ချက်က တခုမှ မရှိတော့ဘူး။ ကျနော်တို့က ဒီလိုဘဲ မြင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဥာဏ်ဝင် ပြောပြခဲ့တာ ဖြစ်ပါတယ် ရှင်။

0 comments:

Post a Comment