Friday, October 16, 2009

Filled Under:

လျှပ်စစ်ဌာနကို တိုင်ကြားလို့ ခြေချုပ်ဥဒေနဲ့ အရေးယူတာဟာ ဥပဒေနဲ့ မညီညွတ်

BBC ---- 15/10/ 2009

ရန်ကုန်မြို့က အလှပြင်ဆိုင်ပိုင်ရှင် ဦးခင်မောင်ကြည်ဟာ လျှပ်စစ်မီးအား အတက် အကျ မမှန်တဲ့အတွက် သူ့ဆိုင်ကိုလာပြီး အလှပြင်သူတွေမှာ အန္တရာယ်ရှိတယ် ဆိုပြီးတော့ လျှပ်စစ်ဌာနကို အကြိမ်ကြိမ် တိုင်ကြားခဲ့တဲ့အတွက် လျှပ်စစ်ဌာနကနေ တာဝန်ဝတ္တရား နှောင့်ယှက်မှုနဲ့ အရေးယူထားပါတယ်။ အဲဒီအတွက် သူထောင် (၃) လနီးပါး ကျခံခဲ့ရပြီးလည်း ဖြစ်ပါတယ်။

ဒါ့အပြင်
၂၀၀၈ ခုနှစ် ဆန္ဒခံယူပွဲ ပုံတွေကို ဓါတ်ပုံရိုက်ပြီး ပြည်ပမီဒီယာတွေနဲ့ အဆက်အသွယ် လုပ်တယ်ဆိုပြီး ရပ်ကွက် အာဏာပိုင်တွေက ခြေချုပ်နဲ့ ခံဝန်ချက် အက်ဥပဒေနဲ့လည်း ထပ်ပြီး အရေးယူထားတဲ့အတွက် ဦးခင်မောင်ကြည်ဟာ ထောင်ထဲကနေ ဒီအမှုကို ရင်ဆိုင်နေရပါတယ်။ ဦးခင်မောင်ကြည်ကို အခုလို အရေးယူထားတာဟာ မှားယွင်းပြီး မတရားတဲ့အကြောင်းကို အာရှ လူ့အခွင့်အရေး ကော်မရှင် AHRC က ထုတ်ဖေါ်လာပါတယ်။ ဒီလိုအရေးယူတာဟာ ဘာကြောင့် မှားယွင်းရသလဲ ဆိုတာကို AHRC မှ ရှေ့နေ ဦးမင်းလွင်ဦးက အခုလို ရှင်းပြ ပါတယ်။

“ဦးခင်မောင်ကြည်ကို ခြေချုပ်ခံဝန်ချက် ဥပဒေ (၅-၁/စ-ဆ) ဘယ်လိုမှ အရေးယူ နိုင်တဲ့အကြောင်း မပေါ်ပေါက်ဘူး။ အဲဒီဟာကလည်း မှုခင်းကျူးလွန်တပ်တဲ့ သူတွေကို အရေးယူ နိုင်ဖို့အတွက် ရည်ရွယ်ပြဌာန်းထားတဲ့ ဥပဒေဖြစ်တယ်။ သာမန် ပြည်သူတွေကို ဒီဥပဒေနဲ့ အရေးယူလို့ မရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ၀န်ကြီးဌာန အသီးသီးက နေပြီးတော့ ၀န်ကြီးဌာနတွေရဲ့ လုပ်ဆောင်ချက်တွေ မမှန်မကန် ရှိတယ်ဆိုလို့ရှိရင် တိုင်ကြားနိုင်တယ်ဆိုလို့ သူတိုင်ကြားတာ ဖြစ်တယ်။ အဲတော့ အဲဒီလို တိုင်ကြားတဲ့အတွက် ဦးခင်မောင်ကြည်ကို ခြေချုပ်နဲ့ ခံဝန်ချက် အက်ဥပဒေအရ အရေးယူဖို့ လုံးဝ အကြောင်း မပေါ်ပေါက်ဘူးလို့ ကျနော်တို့ သိရတယ်။”

မြန်မာနိုင်ငံမှာ ရာဇ၀တ်မှု ကျူးလွန်တတ်တဲ့ သူတွေကိုဘဲ အရေးယူဖို့ ပြဌာန်း ထားတဲ့ ဒီလိုခြေချုပ်နဲ့ ခံဝန်ချက် ဥပဒေမျိုးတွေကို အသုံးချပြီးတော့ နိုင်ငံရေး ပါဝင်လှုပ်ရှားသူတွေနဲ့ ရွေးကောက်ခံထားရတဲ့ လွှတ်တော် ကိုယ်စားလှယ် တွေအပြင် သာမန်ပြည်သူတွေကို အရေးယူဖိနှိပ်နေတယ် ဆိုတာကို နိုင်ငံတကာက သိအောင် ဆက်ပြီးထုတ်ဖေါ် ပြောဆို သွားမယ်လို့ AHRC မှ ဦးမင်းလွင်ဦးက ပြောဆိုသွားပါတယ်။

0 comments:

Post a Comment