Thursday, January 07, 2010

Filled Under:

၂၀၀၉ ခုနှစ် မြန်မာနိုင်ငံ အခြေအနေနဲ့ ၂၀၁၀ ခုနှစ် အလားအလာ (RFA တင်္နဂနွေစကားဝိုင်း)

RFA ----- 3/ 1/ 2010
ဒီတပတ်အတွက် ဆွေးနွေးကြမဲ့ အကြောင်းအရာ ကတော့ ၂၀၀၉ ခုနှစ် ကုန်ဆုံးသွား ပါပြီ။၂၀၀၉ ခုနှစ် ကာလအတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေး၊ ဥပဒေရေးရာ ကိစ္စတွေ ဘယ်လို ဖြစ်ပေါ်တိုးတက် မှုတွေ ရှိခဲ့သလဲဆိုတာ တင်ပြရင်းနဲ့ ၂၀၁၀ ခုနှစ်အတွင်း ဖြစ်ပေါ်လာနိုင်မဲ့ အလားအလာ တွေကို ခန့်မှန်း ဆွေးနွေးကြမှာ ဖြစ်ပါတယ် ခင်ဗျား။ NCGUB မှ အမျိုးသား ညွန့်ပေါင်း အစိုးရ အဖွဲ့ဝင် ၀န်ကြီး ဦးဘိုလှတင့်၊ အာရှ လူ့အခွင့်အရေး ကော်မရှင်မှ မြန်မာပြည်ဆိုင်ရာ တာဝန်ခံ ဦးမင်းလွင်ဦးနဲ့ အမျိုးသား ညွန့်ပေါင်း အစိုးရအဖွဲ့မှ စီးပွားရေးရာ လုပ်ငန်းများ တာဝန်ယူ ဆောင်ရွက်နေသူ ဦးစိန်ဌေးတို့ ဖြစ်ပါတယ်။

မေး ----- အဲတော့ NCGUB ၀န်ကြီး ဥဘိုလှတင့် ခင်ဗျား။ ၂၀၀၉ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ အခြေအနေကို ဘယ်လို သုံးသပ်မှာလဲ ခင်ဗျား။

ဦးဘိုလှတင့် ----- နိုင်ငံရေးအရ သုံးသပ်မယ်ဆိုရင် ၂၀၀၉ ခုနှစ်ဟာ မြန်မာနိုင်ငံအတွက် အကောင်းနဲ့အဆိုးတွေ ဒွန်တွဲနေတဲ့ နှစ်တနှစ်လို့ ပြောရမှာပါ။ အကောင်းတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်သဘောထားကြီးမှုနဲ့ နိုင်ငံရေး အမြင်ကျယ်မှု အပေါ်မှာ အခြေခံပြီးတော့ ပေါ်ထွက်လာတဲ့ အမျိုးသားဒီိမိုကရေစီ အဖွဲ့ချုပ်ရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အဆိုပြုချက်တွေ၊ ရပ်တည်ချက်တွေ နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုတွေ ဖြစ်ပါတယ်။

အဆိုးဘက်ကတော့ န အ ဖ အစိုးရအနေနဲ့ အခုအချိန်အထိ နိုင်ငံရေးအရ တကယ့်အပြောင်းအလဲကို ဦးတည်သွားနိုင်မဲ့ အဆင့်အထိ အဆင်သင့် မဖြစ်မှုနဲ့ အရှေ့တလှမ်းတိုးလိုက်၊ နောက်တလှမ်းဆုတ်လိုက်နဲ့ မပြတ်မသား တွေဝေမှုတွေဘဲ ဖြစ်ပါတယ် ခင်ဗျား။

မေး ---- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြန်ကြားရေးတာဝန်ခံ ဦးအုံးကြိုင်ကို ဆက်သွယ်ရာ သူ့ရဲ့ ၂၀၀၉ ခုနှစ် သုံးသပ်ချက်အပေါ် မေးထားတာတွေကို ကျေးဇူးပြုပြီး ဖွင့်ပြမယ် ခင်ဗျား။

ဦးအုံးကြိုင်အသံဖိုင် ----- နှစ်ဆန်းလောက်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တိုင်းနှင့်ပြည်နယ် လွှတ်တော်အမတ်များ ပြည်နယ်နှင့်တိုင်း ခေါင်းဆောင်များနဲ့ လွှတ်တော်အမတ်များနဲ့ ဗဟိုအလုပ်အမှုဆောင်များ တွေ့ဆုံပြီးတော့ နိုင်ငံအရေး အခြေအနေတွေကို သုံးသပ်ပြီးတော့ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ပါတယ်။ အဲဒါကတော့ အဓိကပြောရရင် ရွှေကုန်တိုင် ကြေငြာစာတမ်းတွေ၊ ရွှေကုန်တိုင် ကြေငြာစာတမ်းမှာ မြန်မာ့နိုင်ငံရေး ပြေလည်ဖို့နဲ့ ဒီမိုကရေစီ ဖေါ်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး ကျနော်တို့ဘက်က ဆောင်ရွက်ပေးနိုင်တဲ့ အခြေအနေတွေကို သုံးသပ်ပြီးတော့ ဖေါ်ပြထားပါတယ်။

အဲဒါကတော့ ၂၀၁၀ ရွေးကောက်ပွဲကို ကျနော်တို့ ရည်မှန်းပြီး ပြောထားတဲ့အခါ အားလုံးပြီးစီးပြီး ဖြစ်ပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးပါ။ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ဒီမိုကရေစီနဲ့ မညီတဲ့အချက်တွေကို ပြုပြင်ပေးရင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလာဒ်ကိုလည်း လေးလေးနက်နက် အသိအမှတ် ပြုပေးမယ်ဆိုရင် ရွေးကော်ပွဲ ဥပဒေတို့၊ ပါတီမှတ်ပုံတို့ ထွက်လာလို့ရှိရင် ကျနော်တို့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကျနော်တို့စဉ်းစားမယ်လို့ ကျနော်တို့ ဆုံးဖြတ်ထားပါတယ်။

အဲဒီအထိ နိုင်ငံရေး အခြေအနေဟာ ဒီထက်ဆိုးရွားလာရင် အဲဒီလို ကျနော်တို့ မျှော်လင့်ခဲ့ရတာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မစ္စတာ ဂျွန်ယက်တော ကိစ္စကို အကြောင်းပြပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ပြစ်မှုကျူးလွန်ခြင်း မရှိဘဲနဲ့ ပြစ်ဒဏ်ကျခံရတာဘဲ ဖြစ်ပါတယ်။ ပြည်သူတရပ်လုံး မျှော်မှန်းထားတဲ့ ဆောင်ရွက်ချက်ဟာ ဖြစ်မလာဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီအမှုကို အကြောင်းပြုပြီးတော့ နေအိမ်အကျယ်ချုပ်ဘ၀ တနှစ်ခွဲ ကျခံသွားရ ပြန်ပါတယ်။ အဲဒါဟာ ရွှေကုန်တိုင် ကြေငြာစာတမ်းမှာ ကျနော်တို့ မျှော်မှန်းထားတဲ့ဟာတွေ ပျက်ပြယ်သွားပြီ။

နောက်ပြီးတော့ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံပေါ်လစီ အပြောင်းအလဲတွေ ဖြစ်လာပါတယ်။ ဖြစ်လာတာကို အကြောင်းပြုပြီးတော့ မစ္စတာ ဂျင်ဝက် ခရီးစဉ်ပေါ်လာပါတယ်။ ပေါ်လာပြီးတဲ့နောက်မှာ အမေရိကန် ပြည်သူတွေအပေါ်မှာ ထားရှိတဲ့ မူဝါဒ အပြောင်းအလဲ ဖြစ်လာပါတယ်။ ဒါတွေက အဓိကပါဘဲ။ စီးပွားရေး ပိတ်ဆို့ထားတာတွေကို ဆက်လက်ထားရှိရင်းနဲ့ မြန်မာအစိုးရနဲ့ ဆွေးနွေးမယ်ဆိုတဲ့ ပေါ်လစီ ပြောင်းလဲသွားပါတယ်။ မြန်မာ့နိုင်ငံရေး ပြောင်းလဲရေးအတွက် အကောင်းဘက်က ကျနော်တို့ မျှော်လင့်ထားပါတယ်။ အဲဒီကနေ ဆက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ် ထားရှိတဲ့ဟာကို သူ့အကျိုးအတွက် လုံးဝမစဉ်းစားဘဲနဲ့ မြန်မာ့နိုင်ငံရေးအတွက် ပြေလည်ရေးအတွက်ဘဲ အဓိကထားတဲ့ ခေါင်းဆောင်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံကို စာတစောင် ပို့ပါတယ်။

ပထမအချက်မှာ စီးပွားရေးပိတ်ဆို့မှုကို ပြင်ဆင်နိုင်ဖို့အတွက် တတ်နိုင်သလောက် ကူညီဆောင်ရွက်ဖို့ ဆွေးနွေးလိုပါတယ်။ အဲဒီမှာ ဘယ်လို အချက်အလက်တွေ စီးပွားရေး ပိတ်ဆို့မှုတွေကို ဆောင်ရွက်ထားတဲ့ အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျား သံအမတ်များနဲ့ တွေ့ဆုံပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တောင်းဆိုပါတယ်။ သို့သော် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မီတီ ဆွေးနွေးပွဲ စကားကတော့ မရပါဘူး။ မြန်မာ့နိုင်ငံရေးဟာ တိုးတက်လာတဲ့ အလားအလာတို့ ကျနော်တို့ မြင်ရတယ်။ အဲဒီအချိန်မှာဘဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒုတိယအကြိမ် ထပ်မံကြိုးစား သင့်ပါတယ်။ နိုဝင်ဘာလမှာပို့တဲ့ ဒုတိယစာမှာ ဆိုလို့ရှိရင် အချက် ၃ ချက်ကို ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားပါတယ်။

၁။ နာမကျန်း ဖြစ်နေတဲ့ အသက်အရွယ် ကြီးပြီဖြစ်တဲ့ NLD ခေါင်းဆောင် ၃ ဦးဖြစ်သော ဥက္ကဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်နဲ့ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်တို့ကို တွေ့ဆုံဂါရ၀ပြုတဲ့ အခါမှာတော့ဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးခင်မောင်ရွှေ၊ ဦးသန်းထွဋ်၊ ဦးလှဖေ၊ ဦးညွန့်ဝေ အစရှိတဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့တွေနဲ့ ပြုလုပ်ပြီးတော့ အဲဒီလို ဆွေးနွေးထားတဲ့ ဆုံးဖြတ်ချက်နဲ့ အလားအလာတွေကို တွေ့ဆုံပြီးတော့ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးအတွက် ဆွေးနွေးကြပါတယ်။ အဲဒီက ဆွေးနွေးလာခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ အလားအလာတွေကို ဗိုလ်ချုပ်မှူးသန်းရွှေနဲ့ တွေ့ဆုံပြီးတော့ မြန်မာ့နိုင်ငံရေး အလားအလာတွေကို ဆွေးနွေးချင်ပါတယ်လို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။ အဲဒီတောင်းဆိုချက်က ပထမအချက်ဖြစ်တဲ့ ခေါင်းဆောင် ၃ ဦးနဲ့ တွေ့ဆုံခွင့်ဆိုတာ ရရှိလာတာ ဖြစ်ပါတယ်။

ဒုတိယအချက်ဖြစ်တဲ့ ဗဟိုအလုပ်အမှုဆောင်များနဲ့ တွေ့ဆုံခွင့်ဆိုတာကို ဆက်လက်ဆောင်ရွက်နေဆဲမှာဘဲ ၂၀၀၉ ခုနှစ်ဟာ ကုန်ဆုံးသွားပြီလို့ ကျနော်တို့ ပြောရမှာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်ရဲ့ နိုင်ငံရေး ပြောင်းလဲမှုကို ကြည့်မယ်ဆိုရင် အဆိုးတွေရှိခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြေလည်လိုစိတ်၊ မြန်မာ့နိုင်ငံရေး တိုးတက်လိုစိတ် ထက်သန်နေတာကြောင့် မြန်မာ့နိုင်ငံရေးဟာ အသက်ဝင်လှုပ်ရှားလာတယ်လို့ ကျနော်ပြောချင်ပါတယ်။ အဲဒီဟာတွေကို သယ်ဆောင်ရင်းနဲ့ဘဲ ၂၀၀၉ ခုနှစ် ကုန်ဆုံးပြီးတော့ ၂၀၁၀ ကို သွားကြရမှာ ဖြစ်ပါတယ်။ ၂၀၁၀ ဆိုတာက အလားအလာကို မျှော်မှန်းတဲ့ တပြိုင်နဲ့ထဲမှာ တဖက်က နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ကြေငြာထားတဲ့ ရွေးကောက်ပွဲ ဆိုတဲ့နှစ်လည်ား ဖြစ်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲဟာ ၂၀၀၉ ခုနှစ်၊ နှစ်ဦးကတည်းက ရွေးကောက်ပွဲ ပြုလုပ်မယ်လို့ ကြေငြထားတဲ့ အထဲမှာဘဲ ရွေးကောက်ပွဲကို NLD ၀င်မှာလား။ ရွေးကောက်ပွဲ ဘယ်တော့လုပ်မှာလဲ၊ ရွေးကောက်ပွဲ ဥပဒေဘယ်တော့ ထွက်မှာလဲ ဆိုတာတွေကို စဉ်းစားနေချိန်မှာဘဲ တနှစ်အချိန် ကျော်လွန်သွားပါတယ်။

အခု၂၀၁၀ မှာလဲ အဲဒီမေးခွန်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဖြေရမယ်ဆိုရင် ကျနော့အနေနဲ့ ဖြေရခက်နေသေးတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှု၊ တွေ့ဆုံဆွေးနွေးမှု၊ အမျိုးသားပြန်လည်သင့်မြတ်ရေး အလားအလာ ဘယ်လိုရှိမလဲဆိုတော့ လုံးဝ ကြိုတင်ပြောလို့မရနိုင်သေးတဲ့ အခြေအနေမှာ ရှိပါတယ်။ ဒါကြောင့်မို့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆွေးနွေးဖို့ ပြေလည်မှသာလျှင် ဒီမိုကရေစီကို ပြည်သူတရပ်လုံး စိတ်ပါလက်ပါ တက်ညီလက်ညီနဲ့ သွားမဲ့အစီအစဉ်က အကောင်းဆုံး ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါကြောင့်မို့ ၂၀၁၀ ဟာ ပြေလည်ဖို့ ခွန်အားတွေရှိတယ်လို့ ကျနော်ပြော ချင်ပါတယ်။ သို့သော် မပြေလည်ဖို့အလားအလာတွေကတော့ မေးခွန်းအပေါ်မှာ မူတည်နေပါတယ်။ ရွေးကောက်ပွဲ ဥပဒေ၊ ပါတီမှတ်ပုံတင် ဥပဒေတွေကလည်း အဲဒီမတိုင်ခင် အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာဟာ ဘယ်လိုစဉ်းစားကြမှာလဲဆိုတဲ့ အဲဒီမေးခွန်းအပေါ်မှာဘဲ မူတည်နေတယ်လို့ ကျနော်ကတော့ ဒီလိုဘဲ ပြောချင်ပါတယ်။

မေး ------ ဟုတ်ကဲ့ ဒါနဲ့ပတ်သက်ပြီး ဦးအုံးကြိုင်ကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဦးဘိုလှတင့် ဘာများ ဝေဖန်သုံးသပ်လိုပါသလဲ။

ဦးဘိုလှတင့် ------ ကျနော်ကတော့ ဆရာဦးအုံးကြိုင်ရဲ့ သုံးသပ်ချက်နဲ့ ပတ်သက်ပြီးတော့ အလွန်သဘောတူပါတယ်။ ၂၀၀၉ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ဒေါ်အောင်ဆန်းစုကြည်တို့ကတော့ တိုင်းပြည်အကျိုး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး အကျိုးအတွက်ကို ပျော့ပျော့ပြောင်းပြောင်းနဲ့ ၀ိုင်းဝန်းအသိအမှတ် ပြုကြရမှာ ဖြစ်ပါတယ်။ တချိန်ထဲမှာ အဓိကကျတာကတော့ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ အပြောင်းအလဲပဲ ဖြစ်ပါတယ်ခင်ဗျား။ အဲဒါတွေ ပေါင်းစပ်လိုက်တဲ့အခါမှာ မြန်မာနိုင်ငံဟာ အကောင်းဘက်ကို ဦးတည်သွားနိုင်တဲ့ မျှော်လင့်ချက် ရောင်ခြည်တန်းတဲ့ တိုင်းပြည်တွေ ဖြစ်လာပါတယ်။ သို့သော် အဲလိုပေါ်လာတဲ့ အခွင့်အလမ်းများကို ရယူလိုတဲ့ နိုင်ငံရေးဆန္ဒ ဆုံးဖြတ်ချက် ခိုင်မာမှုတွေကို န အ ဖ ခေါင်းဆောင်တွေဘက်မှာ အခုအချိန်အထိ မတွေ့ရတာကတော့ဖြင့် တိုင်းပြည်အတွက် အားမလိုအားမရ ဖြစ်ရတယ်လို့ ဖြည့်စွက်ပြောလိုပါတယ် ခင်ဗျား။

မေး ------ ဦးမင်းလွင်ဦးရေ၊ ၂၀၀၉ ခုနှစ် မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု အခြေအနေ ဘယ်လိုများ ရှိပါသလဲခင်ဗျား။

ဦးမင်းလွင်ဦး ------ ၂၀၀၉ ခုနှစ်၊ တနှစ်လုံးကို ကျနော်တို့ ပြန်ကြည့်မယ်ဆိုလို့ရှိရင် ၂၀၀၈ ခုနှစ်ထက်တောင် အခြေအနေ ဆိုးနေသည်ကို ကျနော်တို့ တွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၀၇၊ ၂၀၀၈ က ကျူးလွန်ခဲ့တဲ့ နိုင်ငံရေး အမှုတွေကိုဘဲ အရေးယူခဲ့တာတွေရှိတယ်။ ၂၀၀၉ ခုနှစ်အထဲမှာ အဲဒီအပြင် တောင်သူလယ်သမားတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး တောင်းဆိုမှုတွေ၊ ဒါတွေကိုလည်း ပြစ်ဒဏ်ပေးတာကို ကျနော်တို့ တွေ့နေရတယ်။ နောက်ပြီး လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေကို ပြစ်မှုကြီးလေးစွာ ပေးတာကို ကျနော်တို့ တွေ့ရှိရတယ်။ လူ့အခွင့်အရေးကိစ္စ ဆောင်ရွက်ပေးနေသူတွေ ဟန့်တားနှောင့်ယှက်မှုတွေ ပေးနေတာတွေကို ကျနော်တို့ တွေ့ရတယ်။ အမှုတွေ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေကို အမှုတွေ လိုက်ပါ မဆောင်ရွက်နိုင်အောင် ခြိမ်းခြောက်ဟန့်တား တာတွေရှိတယ်။ နောက်ပြီးတော့ တရားခံတွေကနေပြီးတော့ လွတ်လွတ်လပ်လွတ် ရှေ့နေ ငှားရမ်းခွင့် မရဘဲနဲ့ အာဏာပိုင်တွေဘက်က ငှားပေးတဲ့ ရှေ့နေတွေကိုသာ ငှားရမ်းပေးရတဲ့အထိ ဖိအားပေးနေတာတွေကိုလည်း ၂၀၀၉ ခုနှစ်မှာ တွေ့ရတယ်။

အဲတော့ ကျနော့အနေနဲ့ အကြမ်းဖျင်း ပြောလိုတာက ၂၀၀၉ ခုနှစ် မြန်မာနိုင်ငံအတွင်းမှာ လွတ်လပ်တဲ့ တရားစီရင်ရေး မရှိသေးဘူး။ နောက်ပြီးတော့ အာဏာကို ခွဲဝေကျင့်သုံးတဲ့စနစ် ကျနော်တို့မှာ ကောင်းကောင်း မရှိတော့ဘူး။ အုပ်ရေးရေး အာဏာပိုင်တွေရဲ့ အလိုကျ တရားရုံးတွေက လိုက်ပါဆောင်ရွက်ပေးနေရတယ် ဆိုတကို ကျနော်တို့ တွေ့ရတယ်။ နောက်ပြီးတော့တခါ မြန်မာနိုင်ငံအတွင်းမှာ အဆိုးဆုံးဖြစ်လာတာက လာဒ်စားမှု၊ ချစားမှုတွေဟာ၊ တရားရေးဌာနမှာရော၊ ဥပဒေ၀န်ထမ်းတွေ အတွင်းမှာာပါ ဒီနှစ်ခုဟာာ ဆိုးဆိုးဝါးဝါး ဖြစ်လာတယ်ဆိုတာကို ကျနော်တို့ တွေ့ရတယ်။ အမှုတိုင်ချိန်တောင်မှ ကျနော်တို့ ပိုက်ဆံပေးရတဲ့ အခြေအနေ၊ ပိုက်ဆံမရှိရင် အမှုတိုင်လို့ မရတဲ့အခြေအနေတွေမှာ ဖြစ်လာတာကို ကျနော်တို့ တွေ့ရတယ်။

အဲတော့ အဲလိုဖြစ်တဲ့အတွက် ၂၀၀၉ ခုနှစ်အတွက် ဖြစ်လာတဲ့အမှုတွေကို လေ့လာကြည့်တဲ့အခါ ပြည်သူလူထုတွေရဲ့ အသံကို နားထောင်တဲ့အခါမှာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးကို ပြည်သူလူထုတွေက ယုံကြည်ကိုးစားမှုမရှိဘူး ဆိုတာကို မြန်မာနိုင်ငံအတွင်းမှာ ဥပဒေအကာအကွယ် ထိထိရောက်ရောက် မရနိုင်တော့ဘူး။ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ တရားဥပဒေ အဖွဲ့အစည်းအသီးသီးက တရားဥပဒေ စိုးမိုးရေးကို မဖေါ်ဆောင်နိုင်ဘူးဆိုတဲ့ ယုံကြည်ချက်မျိုးကို ပြည်သူလူထုရဲ့ ဦးနှောက်ထဲမှာ စွဲနေတယ် ဆိုတာကို ကျနော်တို့ တွေ့ရတယ်။

အဲဒီလို ကြုံတွေ့ရတဲ့အပြင် ပြည်သူလူထုကနေပြီးတော့ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ထောက်ပြနိုင်ဖို့အတွက် လွတ်လပ်တဲ့ စာနယ်စင်း၊ သတင်းမီဒီယာတွေ ခွင့်ပြုထားတာကို ကျနော်တို့ မတွေ့ရဘူး။ ဥပမာအားဖြင့် ပြောရရင် နာဂစ်ကိစ္စမှာ လိုက်ပါဆောင်ရွက်တဲ့၊ သတင်းယူတဲ့ သတင်းထောက်တွေ၊ လူမှုကယ်ဆယ်ရေး ကိစ္စမှာပါဝင် လုပ်ပေးတဲ့ အဖွဲ့အစည်း၊ မီဒီယာတွေ၊ လူ့အခွင့်အရေးကိစ္စတွေနဲ့ လူမှုကယ်ဆယ်ရေး ကိစ္စတွေကို ပြင်းထန်စွာ အပြစ်ပေးတယ်ဆိုတာကို ကျနော်တို့ တွေ့ရတယ်။ ဒါကြောင့် ၂၀၀၉ ခုနှစ်အတွင်းမှာ တရားစီရင်ရေးဆိုင်ရာ ကိစ္စနဲ့ ပတ်သက်လို့ရှိရင် ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ ကျန်တဲ့နှစ်ထက်ပိုပြီး ဆိုးရွားလာတယ်လို့ဘဲ ကျနော့အနေနဲ့ ပြောချင်ပါတယ်ခင်ဗျား။

မေး ----- စီးပွားရေး ပညာရှင်တဦးဖြစ်တဲ့ ဦးစိန်ဌေးကလည်း ပြောပါဦးခင်ဗျား။ NLD ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်ရဲ့ စကားအပေါ် သုံးသပ်ခြင်းနဲ့ ၂၀၀၉ ခုနှစ် မြန်မာနိုင်ငံ စီးပွားရေး အခြေအနေကို ပြောပါဦး ခင်ဗျား။

ဦးစိန်ဌေး ----- ဆရာဦးအုန်းကြိုင် ပြောသွားတဲ့ အထဲမှာ ပြည့်ပြည့်စုံစုံ ပါပါတယ်။ နိုင်ငံရေးကို အခြေခံပြီးတော့ ဆရာက သုံးသပ်တဲ့အပိုင်းမှာ စီးပွားရေးအားဖြင့် နွှယ်တဲ့ချက် ၂ ချက်တွေ့ရတယ်ခင်ဗျား။ (၁) က ပါလဲဆိုတော့ အမေရိကန် ဗမာပြည်အပေါ် ချဉ်းကပ်တဲ့ မူဝါဒ ပြောင်းလဲသွားတယ်လိုပ ပြောပါတယ်။ အဲဒီလို ပြောင်းလဲရတဲ့ အကြောင်းက ဘာလဲဆိုတော့ အထဲမှာဖြစ်တဲ့ အခြေအနေက ၂၀၀၈ ခုနှစ်မှာ အမေရိကန်က ပိတ်လိုက်တဲ့ ချိတ်ပေါ့လေ။

အဲဒီစီးပွားရေး ပိတ်ဆို့မှုရဲ့ အကျိုးဆက်က ဒီနှစ် ၂၀၀၉ ခုနှစ်ထဲမှာ ရောက်လာတယ်ဗျား။ ရောက်လာတဲ့အခါမှာ န အ ဖ နဲ့ အပေါင်းအပါ စီးပွားရေး ကုမ္ပဏီတွေကို အထိနာစေတယ်ပေါ့ဗျား ။ တိုတိုပြောရမယ်ဆိုရင် ဘဏ္ဍာရေးစီးဆင်းမှု ပြဿနာမှာ အများကြီး ထိခိုက်လာတယ်ဆိုတော့ ဒါကြောင့်တိုင်းပြည်မှာ ဗိုလ်ချုပ်သန်းရွှေကနေပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ညှိနှိုင်းမယ်လို့ လေလံပစ်လာတယ်။ ဒါကလားလုံးသိတယ်။

၂၀၀၈ လောက်၊ ၂၀၀၇ ခုနှစ်အကုန်လောက်မှာ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်သန်းရွှေကို ပြောဖူးတယ်ဗျား။ ဗိုလ်သန်းရွှေ ရေငုံနေခဲ့တာ။ ဒီနှစ်မှာ ဘာကြောင့် ဟပေးသလဲဆိုတော့ နိုင်ငံတကာရဲ့ ပိတ်ဆို့တဲ့ အကျိုးဆက်ဟာ ထိခိုက်လာတဲ့အခါမှာ န အ ဖ ဟာ မလုပ်ချင်ဘဲနဲ့ လုပ်လိုက်တဲ့ အချက်တချက်ကို တွေ့ရပါတယ်။ ဒီကနေ့ ဖြစ်နေတဲ့ အကြောင်းအရင်းဟာ ဆန္ဒမရှိဘူးဆိုတာဟာ ပေါ်လွင်နေပါတယ်။ ဒါကို ပြင်ဖို့လိုတယ်။

နောက်တခု တိုင်းပြည်အတွင်းမှာ အားလုံးသိတယ်။ ၂၀၀၇ ခုနှစ် သံဃာတော်များကို အဲဒါပြီးသွားတဲ့ အထဲမှာ ကုလသမဂ္ဂ ၀င်သွားတဲ့အထဲမှာ ရည်ရွယ်ချက် (၃) ခုပါတယ်။ အားလုံးမှတ်မိကြမှာပါ။ ဒီအချက် (၃) ချက်ထဲမှာ တချက်ပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးဟာ ဆိုးနေပြီ။ ဆင်းရဲမွဲတွေမှု ပပျောက်ရန်အတွက် ဒီပြဿနာကို ကိုင်တွယ်ဖို့လိုတယ်ဆိုရင် တကမ္ဘာလုံးက တိုက်တွန်းထားတဲ့ အချက်ရှိတယ်။ လုပ်ဆောင်ပါလို့ တိုက်တွန်းထားတဲ့အချက် ရှိတယ်။ စီးပွားရေး အချက်ပြောရမယ်ဆိုရင် ဗိုလ်သန်းရွှေ အချိန်ယူရမယ်။ မယူလို့ရှိရင် တဖက်လူက အထိနာနေပြီ။ ဒါကြောင့် ဒေါ်စုနဲ့ စကားပြောရမယ်။

နောက်တခုက စီးပွားရေး ပြဿနာ ဆင်းရဲမွဲတေမှု ဖြစ်တဲ့အခါကျတော့ ဟိုတနေ့ နိုဝင်ဘာလမှာပြောသွားတယ်။ တိုင်းပြည်တိုးတက်နေပါတယ်။ တဖက်က သူ့ရဲ့အလိုတော်ရိတွေက အမေရိကန် စီးပွားရေးပိတ်ဆို့မှုကြောင့် ပြည်သူလူထု ဆင်းရဲနေပြီ။ ခြိမ်းခြောက်နေတဲ့ စကားတွေက ပြန့်နေတယ်။ အဲဒါကြောင့်မို့လို့ နိုင်ငံတကာကလည်း ဒါကိုလုပ်ပါလို့ ဖိအားပေးနေတယ်။ တကယ့်အစီအစဉ်မှာ မဖြစ်တဲ့အခါကျတော့ ကမ္ဘာကြော် အမေရိကန် စီးပွားရေးပညာရှင် မစ္စတာ စတိကလိကို သူကိုယ်တိုင် မဖိတ်ဘူး။ UNDP က တာဝန်ရှိတဲ့ပုဂ္ဂိုလ် ဗိုလ်ချုပ်ဌေးဦးနဲ့ လွှဲပြီးတော့ မစ္စတာ စတိကလိကို မြန်မာပြည်ကို လာပြီးတော့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို ကောင်းမွန်တဲ့ ပေါ်လစီချပေးပါ ဆိုတဲ့ ထူးခြားမှုတခု ဖြစ်လာတယ်။

ဒါက နိုင်ငံရေးနဲ့ စီးပွားရေး ဆက်နွယ်နေတဲ့အချက်ကို တွေ့ရတယ်။ ဆရာဦးအုန်းကြိုင်လည်း ထောက်ပြသွားတယ်။ အဓိက ဒေါ်စုလည်း ပြောတာဘဲ။ တိုင်းပြည်တပြည် တည်ငြိမ်တိုးတက် သာယာစေချင်ရင် နိုင်ငံရေးတခုထဲ ပြောင်းလဲလို့မရဘူး။ အခြေခံက နိုင်ငံရေးဘဲ။ သို့သော် စီးပွားရေးလည်း ပြောင်လဲပေးရမယ်။ အဓိက ခေါင်းနဲ့ပန်းလိုဘဲ။ ဒါကိုဘဲ မစ္စာ စတိကလိက ပါးပါးနပ်နပ် ပြောသွားတယ်။

တိုင်းပြည် တကယ်ပြောင်းမယ်ဆိုရင် နိုင်ငံရေးနဲ့ စီးပွားရေး ဆက်စပ်နေတဲ့ အချက်ကို ခင်ဗျားတို့ ပြောပေးကြပါလို့ အကြံပြုပြီးသွားတဲ့ အခါကျတော့ ဒါ ၂၀၀၉ ခုနှစ် အတွင်းမှာ ထူးခြားတဲ့အချက် ဖြစ်ပါတယ်ခင်ဗျား။ အခြေနေ့ ပြည်သူလူထု အသိဆုံးပါခင်ဗျား။

မေး ------ ဟုတ်ကဲ့ ဦးစိန်ဌေးခင်ဗျား။ ကျနော်တခု ထပ်မေးပါရစေ။ ကျနော်တို့လည်း သတင်းတွေရပါတယ်။ အစိုးရ တာဝန်ရှိတဲ ပုဂ္ဂိုလ်တွေကိုယ်တိုင်ကလည်း မြန်မာနိုင်ငံမှာ အထည်ချုပ် ကျနော်တို့ ဒီရက်ပိုင်းကဘဲ အသံလှိုင် ထုတ်ခဲ့ပါသေးတယ်။ တပြိုင်နက်မှာ ပိတ်ဆို့မှုရဲ့ အကျိုးဆက်အဖြစ် အထည်ချုပ်လုပ်ငန်း လိုဟာမျိုး နစ်နာမှုတွေ ရှိနေပေမဲ့လည်း တပြိုင်နက်မှာ မြန်မာအစိုးရဟာ ရေနံနဲ့ သဘာဝဓါတ်ငွေတွေမှာ ငွေကြေး အမြောက်အမြား ရနေတယ်။ တရုတ်ကလည်း မှီခိုအားထားနေရတဲ့ အခြေအနေဖြစ်တယ်။ အာဆီယံကလည်း မှီခိုအားထား နေရတယ်ဆိုတော့ မြန်မာအစိုးရက ပိတ်ဆို့မှုဒဏ်ကို ခံရသင့်သလောက် ခံရပေမဲ့လည်း သူတို့သိပ်ပြီး ဂရုစိုက်ပါ့မှာလားခင်ဗျား။

ဦးစိန်ဌေး ------ ခဏက ဦးခင်မောင်စိုး ပြောသွားတဲ့အထဲမှာ စီးပွားရေးပိတ်ဆို့မှုကြောင့် အထည်ချုပ်စက်ရုံတွေ နစ်နာတယ်။ သာမန်တော့ ဟုတ်တယ်ဗျား။ တကယ်ကြည့်ရင်၂၀၀၅ ခုနှစ်မှာ MSA လို့ခေါ်တာ Marti Faber Act ဆိုတာကို ကမ္ဘာက ရုပ်သိမ်းလိုက်ပြီးဗျား။ ကိုတာစနစ်က မရှိတဲ့အခါကျတော့ အဲဒီက အထည်ချုပ်တွေ တရုတ်ကိုယှဉ်လို့ မရတော့ဘူး။ အမေရိကန်မှာကြည့်လိုက် တရုတ်ပစ္စည်းဘဲရှိတယ်။ ဗမာပစ္စည်း ဘယ်လိုတိုးနိုင်မှာလဲ။ အဲဒီ Impact ကြောင့်မို့ ဗမာပြည်မှာရှိတဲ့ အထည်စက်ရုံတွေက ဒီပိတ်ဆို့မှုက ကျလာတာ။ အမေရိကန် ပိတ်ဆို့မှုက အမေရိကန်ကို သွားတဲ့သန်း ၃၀၀ လောက်ဘဲ ကျတယ်။ ဒါပေမဲ့ ယူရောပ်တို့ ဂျပန်တို့ကိုသွားတာ ကျတဲ့အကြောင်းအရင်းက အဲဒီ compotation ကြောင့် သူတို့ရှုံးသွားတယ်။

နောက်တခုက အားလုံးသိတဲ့အတိုင်း ၂၀၀၉ က တကမ္ဘာလုံး စီးပွားရေးပျက်ကဒ် ဆိုက်တဲ့အခါကျတော့ Demand မရှိဘူးဗျား။ အဲဒါကြောင့် ကျတာ။ ခဏကျနော်တင်ပြခဲ့တဲ့ ဆရာဦးအုန်းကြိုင်တို့က အထဲမှာဖြစ်နေလို့ ထိန်းထိန်းသိမ်းသိမ်း ပြောရတာကိုဗျား။ ကနေ့က ဗိုလ်ချုပ်သန်းရွှေက စီးပွားရေး ပိတ်ဆို့မှုကို ဟပေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သည်တယ်။ NLD ကိုသည်တယ်။ သူတို့ အသုံးမကျတဲ့ Miss management ကြောင့် တိုင်းပြည် စီးပွားရေး ကျတာကိုး။ NLD ကို ထိုးချတာ။ အဲဒါကြောင့် ရိုးသားမှု ရှိရဲ့လား။ ဒါကတချက်။ နောက်တခု ဦးခင်မောင်စိုး မေးတဲ့မေးခွန်းနဲ့ ပတ်သက်လို့ လက်ရှိဗမာနိုင်ငံဟာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ထွက်နေတယ်။ ထွက်နေတဲ့ အခါကျတော့ တကယ်တန်း တိုင်းပြည်စီးပွားရေးအတွက် လုပ်ပါ့မလားဆိုတဲ့ အမှန်ဘဲ။ မလုပ်ဖြစ်လို့ဘဲ တိုင်းပြည်ပြဿနာတက်နေတယ်။

၂၀၀၂ ခုနှစ်က စပြီးတော့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ရောင်းရငွေ ဒေါ်လာသန်း ၁၀၀၀ ကျော်ရတယ်ဗျား။ မနှစ်ကဆိုရင် သန်း ၄၀၀၀ ကျော်ရတယ်။ နာဂစ်ဖြစ်တဲ့ အခါမှာ နာဂစ်နဲ့ပတ်သက်လို့ ဘာကူညီသလဲ။ သိသိသာသာ ဘာမှ မကူညီဘူး။ ခဏက ဦးမင်းလွင်ဦးလည်း ပြောတယ်။ အဲတော့ အဲဒီပိုက်ဆံ ဘယ်ရောက်နေသလဲ။ နေပြည်တော်ဆောက်၊ လှိုင်ဂူကြီးတွေ ဆောက်နေတယ်။ အထောက်အထား အတိအကျ ကျနော်တို့ဆီမှာ ရှိတယ်။ အဲဒီ Miss management တိုင်းပြည်မှာ ရှိနေတဲ့ပိုက်ဆံ local currency တွေမဟုတ်ဘူး။ သိပ်ရှားပါးတဲ့ နိုင်ငံခြားငွေကို သုံးစွဲနေတဲ့ ပြဿနာတွေရှိတယ်။ ဟိုတနေ့က ဟန်ပြတခုရှိသေးတယ်။ တရုတ် ဒုသမတလာတယ်။ လာတဲ့အခါကျတော့ အနောက်ပိုင်းက ယက်ကန်းက ထွက်တဲ့ရေနံနဲ့ သဘာဝဓါတ်ငွေ့တွေ ရောင်းဖို့ ပြင်နေပြီ။ ဘင်္ဂလားဒေ့ရှ်ကို ရောင်းတော့မယ်။ ပိုက်လိုင်းတွယ်တော့မယ်။ တဖက်က ကျနော်တို့ပြန်ကြားတယ်။ ဗိုလ်ချုပ်သန်းရွှေက ဦးနေ၀င်းလိုဘဲ။ Gess တွေ ရောင်းတဲ့အချိန်မှာ မလှမ်းမကမ်းမှာ အဲလိုမျိုးဘဲ သူက တိုင်းပြည်မှာ Gass ထွက်နေပြီ။ ငါတို့ပိုက်ဆံ အများကြီးရှိတယ်။ လှိုင်ဂူတွေတူးမယ်။ ဒါကာကွယ်ရေးအတွက် အကြောင်းပြတယ်။

နောက်တချက်က ဘာလဲဆိုတော့ နောင်ငါးနှစ်မှာ ဖြစ်နိုင်မှာ စက်မှုနိုင်ငံ ထူထောင်မယ်။ ဖြစ်နိုင်မှာလာားဗျား။ စီးပွားရေးပညာရှင်တွေ ရီတယ်ဗျား။ ဒါကြောင့်မို့ ခဏဦးခင်မောင်စိုး မေးတဲ့မေးခွန်းကို တကယ်လုပ်ချင်တဲ့ဆန္ဒ ရှိဖို့လိုတယ်။ တကယ်လုပ်ရင် တကယ်ဖြစ်တယ်။ အားလုံးက နိုင်ငံရေးဘဲ ဖြစ်ဖြစ်၊ စီးပွားရေး ရှုထောင့်ကဘဲ ကြည့်ကြည့် တိုင်းပြည်အတွက် စေတနာ တကယ်ရှိရင် ဗမာပြည်သည် အလားအလာရှိတယ်။ ဒါပေမဲ့ ခဏက ကျနော်ပြောသွားတဲ့ စကားကို ပြန်ကောက်ရင် နိုင်ငံရေးနဲ့ စီးပွားရေးဟာ ဆက်နွယ်နေတဲ့ ခေါင်းနဲ့ပန်း၊ တွဲလုပ်ပါ။ ဒါကြောင့်မို့ ဦးခင်မောင်စိုး ကျနော်တို့က မထင်ဘူးခင်ဗျား။

မေး ------ ဟုတ်ပြီ။ အဲလိုအခြေအနေမှာ လာမဲ့ ၂၀၁၀ ကရော ဘယ်လို သုံးသပ်ကြမှာလဲ ခင်ဗျား။ ဦးဘိုလှတင့် ပြောပါဦး။

ဦးဘိုလှတင့် ----- ခဏက ဆရာဦးအုန်းကြိုင် တင်ပြသွားသလိုဘဲ လက်ရှိတည်ရှိနေတဲ့ အခြေအနေကောင်းတွေကို ဆုပ်မိကိုင်မိ ဖြစ်လာအောင်၊ လက်တွေ့ ဖြစ်လာအောင် နိုင်ငံရေးဆန္ဒ တူညီစွာနဲ့ အပြန်အလှန် လေးစားမှု ရှိစွာနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ န အ ဖ ခေါင်းဆောင်များထဲမှာ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်သွားနိုင်မယ် ဆိုရင်တော့ မြန်မာနိုင်ငံဟာ လမ်းကြောင်းမှန် အပေါ်ကိုရောက်ဖို့ အချိန်ရှိပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲဟာ အဓိက အကြောင်းတရပ် ဖြစ်တယ်။ နောက်တကြောင်းက စီးပွားရေး နိုင်ငံရေးအရ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဘယ်လို အဖြေရှာကြမှာလဲဆိုတဲ့ အခြေအနေအပေါ်မှာ မူတည်ပါတယ်။

တကယ်တန်း န အ ဖ ခေါင်းဆောင်များအနေနဲ့ အလေးအနက် ထားသင့်တာကတော့ မြန်မာနိုင်ငံလို တကယ့် တိုင်းရင်းသားပေါင်းစုံ စုဝေးပြီးတော့ နေထိုင်တဲ့ပြီးတော့ ၁၉၉၀ ရွေးကောက်ပွဲကို ဖြတ်သန်းခဲ့ဖူးတဲ့ တိုင်းပြည်တပြည်ဟာ အဲဒီကိစ္စတွေကို မှန်မှန်ကန်ကန် လေးလေးနက်နက် အပြန်အလှန်လေးစားမှုနဲ့ အဖြေရှာမှု မရှိမချင်းကတော့ လမ်းကြောင်းမှန် အပေါ်ကို ရောက်သွားဖို့ အဓိကအားဖြင့် အမေရိကန် ပြည်ထောင်စု အပါအ၀င် နိုင်ငံတကာ မိသားစုရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အပြည့်အ၀ရဖို့ ခက်ပါတယ်။ အဲဒီအခြေခံတွေ အပေါ်မှာ န အ ဖ ခေါင်းဆောင်များကို ကျနော်တို့ တိုက်တွန်းချင်တာကတော့ ၁၉၉၀ လည်းပဲ တိုင်းပြည်ဟာ အခွင့်အလမ်းကောင်းတခုကို လက်လွှတ်ခဲ့ရဖူးတယ်။ ဒါကလည်းပဲ အဓိကအားဖြင့် န ၀ တ တပ်မတော်ခေါင်းဆောင်များရဲ့ တွေဝေမှုကြောင့် ဖြစ်ခဲ့ရတာ ဖြစ်တယ်။

အခုအချိန်မှာလည်း တိုင်းပြည်မှာ လမ်းကြောင်းမှန်ကို ပြန်ရောက်ဖို့ အခွင့်အလမ်းကောင်းတခုကို ပြန်ပြီးရပြန်တယ်ခင်ဗျား။ အဲဒီလို ပြန်ရတဲ့ အခြေခံအပေါ်မှာ နိုင်ငံရေးဆန္ဒရှိရှိ၊ ရိုးသားမှုရှိရှိ၊ တိုင်းပြည်နဲ့ တပ်မတော်ကို တကယ်ချစ်ရင် အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဆုံးဖြတ်ချက် မှန်မှန်ကန်ကန်နဲ့ ကျန်တဲ့ န အ ဖ တဖွဲ့လုံးကို ဆောင်ရွက်ခွင့် ပေးသွားမယ်ဆိုလို့ရှိရင် ၂၀၁၀ ဟာ တိုင်းပြည်ကို အကောင်းဘက်သို့ ဦးတည်သွားနိုင်တဲ့နှစ် ဖြစ်လာနိုင်သေးတယ်လို့ ကျနော်သုံးသပ်ပါတယ်။

မေး ---- ဟုတ်ကဲ့ ဦးမင်းလွင်ဦးရဲ့ ဥပဒေရှုထောင့်က ၂၀၁၀ အခြေအနေ ဘယ်လိုရှုမြင်မှာလဲ ခင်ဗျား။

ဦးမင်းလွင်ဦး ------ ၂၀၁၀ ခုနှစ် အတွင်းမှာ ကျနော်တို့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ကို ကျနော်ကတော့ မျှမျှတတရှိတဲ့ တရားစီရင်ရေး၊ လွတ်လပ်တဲ့တရားစီရင်ရေး ဖြစ်စေချင်တယ်ပေါ့ဗျား။ သို့သော်လည်း ၂၀၁၀ မှာ အာဏာပိုင်တွေရဲ့ ကြီးမှူးတဲ့ ရွေးကောက်ပွဲကလည်း မဖြစ်မနေ စီမံဆောင်ရွက် ရဦးမယ်ဖြစ်တယ်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ပြီးခဲ့အခါ လူတွေသေကျေနေတဲ့ အကြားမှာ မဖြစ်မနေ မဆန္ဒခံယူပွဲတွေ လုပ်ခဲ့တာတွေရှိတယ်။ ဒီသာဓကတွေကြောင့် ၂၀၁၀ မှာလည်း ရွေးကောက်ပွဲကို မဖြစ် ဖြစ်အောင် သူ့ဘက်က ဆောင်ရွက်မယ်လို့ ကျနော်တို့ သိနေတယ်။

အဲတော့ အာဏာပိုင်တွေရဲ့ လုပ်ဆောင်မှုတွေကို အဟန့်အတားဖြစ်တဲ့ ကိစ္စရပ်တွေကို တချို့ သဘောမတူတဲ့ ပြည်သူတွေရှိမယ်၊ လူငယ်တွေရှိမယ်။ အဲဒီလိုမျိုး တုံ့ပြန်လာမဲ့ အရာတွေကို ဆက်လက်ဖိနှိပ်ဦးမယ်လို့ ကျနော်တို့ ထင်မြင်ယူဆပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ၂၀၀၈ ခုနှစ် ဆန္ဒခံယူပွဲလုပ်တုန်းက မဲရုံကို ဓါတ်ပုံရိုက်တဲ့သူတွေကိုတောင် ထောင်ဒဏ် ၂ နှစ် အပြည့်ပေးထားတယ်ဆိုတော့ ဆန္ဒခံယူပွဲမှာ နည်းနည်းပါးပါး လှုပ်ရှားလိုက်တာကိုပဲ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ပေးဦးမယ်လို့ ကျနော်ထင်မြင်ယူဆတယ်။ ဒါက ၂၀၁၀ အတွင်းမှာ ကျနော့အမြင်နဲ့ ထင်မြင်ယူဆတာကတော့ တရားဥပဒေဘက်က ကောင်းတဲ့လမ်း သိပ်မမြင်ဘူး ဆိုတာကို ကျနော်တို့ ပြောချင်တယ်။

မေး ------ ဦးစိန်ဌေး လာမဲ့ ၂၀၁၀ မြန်မာ့စီးပွားရေး အခြေအနေကို အကျဉ်းခြုံးပြီး ဖြေကြားပေးပါ။ အမေရိကန် အစိုးရက တကယ်လို့ မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီရှေးရှုတဲ့ အပြောင်းအလဲ သိသိသာသာ မလုပ်ဘူး ဆိုလိုရှိရင် တိုးချက်ပိတ်ဆို့မှု လုပ်မယ်လို့ ပြောထားပါတယ်။ အဲဒီအထဲမှာ နိုင်ငံတကာဘဏ်တွေကို ပိတ်ဆို့တဲ့နည်းက တကယ်ဘဲ ထိရောက်တယ်လို့ တကမ္ဘာလုံးက စီးပွားရေး ပညာရှင်တွေ ပြောနေကြတယ်ဆိုတော့ မြန်မာပြည်က အမေရိကန်နဲ့ တိုက်ရိုက်စီးပွားရေး မလုပ်ပေမဲ့ တခြားနိုင်ငံတကာ တိုင်းပြည်နဲ့ ဆက်သွယ်ပြီး ရရှိတဲ့ငွေတွေကို နိုင်ငံတကာဘဏ်တွေက သုံးစွဲရာမှာ အမေရိက ပြည်ထောင်စုကနေပြီးတော့ ဘယ်လိုပိတ်ဆို့ပြီး ထိခိုက်စေနိုင်ပါသလဲ။ ဖြည့်စွက်ပြီး ပြောပေးစေချင်တယ်။

ဦးစိန်ဌေး ----- တချက်က ဘာလဲဆိုတော့ တိုင်းပြည်အတွက် တကယ်ကောင်းတဲ့ စေတနာ ရှိမယ်ဆိုရင် ကိုယ့်အမှားကို ကိုသိဖို့လိုတယ်။ ဒါကို စေတနာသန့်သန့်နဲ့ တိုင်းပြည်မျက်နှာကို ကြည့်ဖို့လိုတယ်။ စီးပွားရေး ကောင်းစေချင်ရင် ၂ ချက်ဘဲရှိတယ်။ ၁ ချက်က Miss management of the economy ဒါတွေ ပညာရှင်တွေအားလုံး အကုန်သိတယ်၊ ကျနော်ပြန်မပြောတော့ဘူး။ တိုင်းပြည်စီးပွားရေး စီမံခန့်ခွဲတဲ့နေရာမှာ လွဲမှားနေတယ်။ အချို့ပြောတယ်။ နိုင်ငံခြားငွေ ဖန်တီးတာ၊ Budget သုံးစွဲတာ။ ရင်းနှီးမြှုပ်နှံတာ။ အကုန်လုံး Policy ဒါတွေက Miss management ဘဲ။ လူတွေကို စီမံတာကအစ အဲဒါတွေကို ပြောင်းပေးပါ။ ပါးစပ်နဲ့ Market economy မရဘူး။ တကယ်တန်း လုပ်မယ်ဆိုရင် ၂၀၁၀ နဲ့ ပတ်သက်ပြီးတော့
တိုင်းပြည်ဟာ ကောင်းလာပါလိမ့်မယ်။

ခဏဦးခင်မောင်စိုးပြောတဲ့ ဘဏ္ဍာရေး ပိတ်ဆို့မှု၊ ဘဏ္ဍာရေး ပိတ်ဆို့မှုကို သူတို့ကိုထိလို့ ဦးတေဇက အမေရိကန် အစိုးရကို ပေးတဲ့စာကို ကျနော်တို့ လက်ထဲရောက်လာတာဘဲ။ န အ ဖ မှာ နိုင်ငံခြားငွေ သန်းပေါင်း ၄၀၀၀ ကျော်ရှိနေတယ်။ အားလုံးကပြောတယ်။ အမှန်အကန်ပါ။ အဲဒါတွေ ဘယ်မှာထားသလဲ။ စကာင်္ပူဘဏ်တခုမှာ ထားတယ်။ ကျနော်တို့မှာလည်း အထောက်အထားရှိတယ်။ အဲဒီမှာ ထားတာကို လိုက်ပိတ်မယ်ဆိုရင် ပိတ်လို့ရတာပေါ့။ ဘာကြောင့်လည်းဆိုတော့ နိုင်ငံတကာငွေကြေး ဘဏ္ဍာရေးစနစ်က အမေရိကန်သုံးငွေကို သွားနေတယ်။ အဲဒီငွေကြေးကို ကိုင်လိုက်မယ်ဆိုရင် အလွန်ထိမဲ့ ကိစ္စဖြစ်တယ်။

နောက်တခု န အ ဖ က သယံဇာတ စွမ်းအားတွေ ရောင်းရတဲ့ငွေဟာ သူပြည်တွင်းမှာထားလို့ ဘယ်လိုမှ မလုံခြုံဘူး။ မလုံခြုံရင် ဘယ်ဘဏ်မှာ ထားမှာလဲ၊ နိုင်ငံခြားဘဏ်မှာ ထားမယ်ဆိုရင်၊ နိုင်ငံခြားဘဏ်တွေဟာ ကမ္ဘာ့ဘဏ်တို့လို၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF တို့လို သူ့သွားတဲ့အခါကျတော့ အဲဒီအခါ ဥပဒေရှုထောင့်အရ၊ ဘဏ္ဍာရေးစည်းမျဉ်းအရ ကိုင်တွယ်လို့ရတဲ့ဟာက အမေရိကန်လက်ထဲမှာ အများကြီးရှိတယ်။ အဲဒါကြောင့် ထိရောက်မှုရှိတယ်။ တချက်ဘဲ အောင်မြင်အောင် လုပ်မယ်ဆိုရင် အမေရိကန် နိုင်ငံက ထိရောက်အောင် လုပ်ဖို့ဆိုရင် ပြည်တွင်းမှာရှိတဲ့ အင်အားစုတွေက အဲဒီက သတင်းအချက်အလက်တွေကို ဖေါ်ထုတ်ဖို့လိုတယ်။

ကျနော်တို့ဆီမှာလည်း အတိုင်းအတာ အချို့အထိရှိပါတယ်။ ဥပမာ- ဗမာနိုင်ငံက စစ်တပ်က လက်ဝါးကြီးအုပ်နေတဲ့ ဦးပိုင်လီမီတက်က တိုင်းပြည်စီးပွားရေးကို ချွတ်ခြုံကျအောင် လုပ်နေတဲ့အချက်တွေ အများကြီးရှိတယ်။ အဲတော့ တိုင်းပြည် စီးပွားရေးကို သူတို့ပံ့ပိုးပေးတာ မဟုတ်ဘူး။ န အ ဖ မျက်လှည့်ပြနေတာ၊ တိုင်းပြည်တိုးတက်တယ် ဆိုတာက အဲလူတွေ တိုးတက်နေတာ။ အဲဒီက မတော်မတရား ဖြစ်နေတဲ့ကိစ္စတွေကို ဘဏ္ဍာရေးနည်းအားဖြင့် ဖြေရှင်းလို့ ရပါတယ်။ အဲဒါတွေကို ဖေါ်ထုတ်ဖို့လိုပါတယ်။ နိုင်ငံရေးအားဖြင့်လည်း တောင့်ခံပြီးတော့ ကျနော်တို့ အရေးဆို တိုက်ပွဲဝင်ရမယ်။

စီးပွားရေးအားဖြင့်လည်း Finical Sanction တွေကို ဖေါ်ထုတ်မယ်ဆိုရင် အားလုံးဟာ လိုချင်တဲ့ပန်းတိုင်ကို ရောက်မယ်။ အားလုံးဝိုင်းဝန်းကြိုးစားကြမယ် ဆိုရင်တော့ ၂၀၁၀ ခုနှစ်အတွက် ကောင်းတဲ့အခြေအနေ ရောက်ပါလိမ့်မယ်လို့ ကျနော်တို့ ဒီလိုဘဲ မြင်ပါတယ်ခင်ဗျား။

မေး ----- အကျဉ်းချုပ်နေနဲ့ လာမဲ့ ၂၀၁၀ ခုနှစ်ကို ဦးဘိုလှတင့် ဘယ်လိုမြင်ပါသလဲ။

ဦးဘိုလှတင့် ----- တချက်ဘဲ ဖြည့်စွက်ချင်ပါတယ်၊ စီးပွားရေးအရ အမေရိကန် ပြည်ထောင်စု အနေနဲ့ တကယ်လို့ မြန်မာနိုင်ငံမှာ သူတို့မျှော်လင့်ထားတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့ တွေ့ဆုံဆွေးနွေးရေးတို့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးတို့ စသည်အားဖြင့် ဖြစ်လာလို့ရှိရင် အမေရိကန် လွှတ်တော်မှာရော အစိုးရမှာပါ အကျပ်အတည်းရှိပါတယ်။ အဲဒီလိုအခါကျလို့ရှိရင် အားလုံးက ပြောနေကြတဲ့ ပိတ်ဆို့မှုဆိုတာဟာ စဉ်းစားလာရတဲ့ အကြောင်း ရှိပါတယ်။ အဲလိုစဉ်းစားလာတဲ့ အခါကျတော့ ပြန်ကြည့်လို့ရှိရင် မြောက်ကိုးရီးယား နိုင်ငံမှာကျတော့ မြောက်ကိုးရီးယား နိုင်ငံမှာတုန်းက မြောက်ကိုးရီးယား အစိုးရက မကာအိုအပေါ်မှာ ထားတယ်ခင်ဗျ။ အဲဒီကိစ္စကို အမေရိကန် ထိထိရောက်ရောက် ဆောင်ရွက်လိုက်တာနဲ့ ၆ နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်ပေါ်ခဲ့တာ ရှိပါတယ်။

အဲလို မြန်မာနိုင်ငံမှာလည်း အဲလို အခြေအနေဆိုးမျိုးကို မကြုံဖို့ဆိုရင်တော့ အမေရိကန်ပြည်ထောင်စုနဲ့ န အ ဖ ဟာ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်။ တဖက်ကလည်း အမေရိကန် ပြည်ထောင်စုအစိုးရနဲ့ ရိုးရိုးသားသား ပြည့်ပြည့်၀၀ ပူးပေါင်းဆောင်ရွက်မယ်၊ အခြားတဖက်မှာ မရှိမဖြစ် ဖြေရှင်းရမည့် အမျိုးသားပြန်လည် သင့်မြတ်ရေး ပြဿနာကို သတ္တိရှိရှိနဲ့ ဆွေးနွေးမယ်၊ ရင်ဆိုင်မယ်ဆိုလို့ရှိရင် ၂၀၁၀ ဟာ တိုင်းပြည်အတွက် အကျိုးရှိတဲ့နှစ် ဖြစ်နိုင်မယ်လို့ သုံးသပ်ချင်ပါတယ် ခင်ဗျား။

ပါဝင်ဆွေးနွေးပေးကြတဲ့ ဦးဘိုလှတင့်၊ ဦးမင်းလွင်ဦးနဲ့ ဦးစိန်ဌေးတို့ကို အထူးကျေးဇူးတင်ပါတယ်။

0 comments:

Post a Comment