Thursday, February 18, 2010

Filled Under:

အာရှတိုက်က နိုင်ငံတွေမှာ ဥပဒေမဲ့ ဖမ်းဆီးမှုတွေ ရှိနေကြောင်း AHRC ပြော

RFA ----- 18/ 2/ 2010

အာရှနိုင်ငံ တော်တော်များများဟာ နိုင်ငံတော်လုံခြုံရေး၊ အကြမ်းဖက်သမား အန္တရာယ် ကာကွယ်ရေး စတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံသားတွေ အပေါ်မှာ ဥပဒေမဲ့ ဖမ်းဆီးမှုတွေ လုပ်နေတာကို ရပ်တန့်ဖို့ လိုပြီလို့ ဟောင်ကောင် အခြေစိုက် ALRC အာရှ ဥပဒေ အရင်းအမြစ် ပင်မဌာနမှ မနေ့က ကြေငြာချက် တစောင် ထုတ်ပြန်လိုက်ပါတယ်။

အာရှတိုက်က နိုင်ငံတွေမှာ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်မှုတွေနဲ့ ပတ်သက်ပြီး ALRC ရှေ့နေ တဦးဖြစ်သူ ဦးမင်းလွင်ဦးက RFA ကို ပြောတာက “ကျနော်တို့
အာရှ နိုင်ငံအတွင်းမှာ မတာရား ဥပဒေမဲ့ ဖမ်းဆီးတဲ့ကိစ္စတွေ ဆက်လက် ဖြစ်ပွား နေတယ်။ အချို့ နိုင်ငံမှာကျတော့ လုံခြုံရေးကို အကြောင်းပြတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးကို အကြောင်းပြပြီးတော့ ဥပဒေမဲ့ မတရား ဖမ်းဆီးချုပ်နှောင်မှုတွေ ဆက်လက်လုပ်ဆောင် နေတာကို ကျနော်တို့ တွေ့ရတယ်။ နောက်ပြီး အာရှနိုင်ငံ တွေမှာ တရားခံတွေကို ဖမ်းဆီးချုပ်နှောင်တဲ့ ကိစ္စရပ်တွေက တချို့နိုင်ငံတွေမှာ ဆိုးဆိုးရွားရွား ဖြစ်တယ်။ ဒါကြောင့် သက်ဆိုင်ရာ အစိုးရတွေ ဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကနေပြီး ဖိအားပေး ပြောဆိုဖို့ကို ကျနော်တို့ တိုက်တွန်းထားပါတယ် ခင်ဗျား။”

အထူးသဖြင့် မြန်မာနိုင်ငံမှာ စစ်အစိုးရဟာ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်မှုတွေ အမြောက်အမြား ပြုလုပ်နေတာကို ဦးမင်းလွင်ဦးက “နာဂစ်မုန်တိုင်း ဖြစ်ပွားပြီး နောက်ပိုင်းမှာ မုန်တိုင်းဒဏ် ခံရတဲ့သူတွေကို ကူညီခဲ့တဲ့ မအိခိုင်ဦးတို့ ကိုကျော်ကျော်သန့်တို့ ဆိုတာက ICRC ကို သွားပြီး တာဝန်ရှိတဲ့ သူတွေနဲ့ ဆက်သွယ်ပေးတဲ့ ကိစ္စမှာတောင် တရားရုံးကို အချိန်မီ မတင်ဘဲ ဖမ်းဆီး ချုပ်နှောင်ခဲ့တာ ရှိတယ်ကို ကျနော်တို့ ဥပမာ ပြပြီးတော့ တင်ပြထားတာ ဖြစ်ပါတယ် ခင်ဗျား”

အာရှတိုက်က ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်တဲ့ နိုင်ငံစာရင်းတွေထဲမှာ မြန်မာ၊ ဘင်္ဂလာ့ဒေ့်ရှ်၊ ကမ္ဘောရီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ နီပေါ၊ ပါကစ္စတန်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေ ပါဝင်တယ်လို့ ALRC အဖွဲ့ရဲ့ ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။

0 comments:

Post a Comment