Saturday, February 20, 2010

Filled Under:

လူ့အခွင့်အရေး ကောင်စီရဲ့ လပတ် အစည်းအဝေး အတွက် ALRC က မြန်မာနိုင်ငံ အကြောင်း ထောက်ပြ

VOA ----- 18/ 2/ 2010

အာရှ လူ့အခွင့်အရေး ကော်မရှင်ရဲ့ အာရှ ဥပဒေ အရင်းအမြစ် ပင်မဌာနကနေ ကုလသမဂ္ဂ လူ့အခွင့်ရေး ကောင်စီရဲ့ လပတ် အစည်းအဝေးကို တင်သွင်းတဲ့ အထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အဖွဲ့နဲ့ ဆက်သွယ်ဆောင်ရွက် နေတဲ့ သူတွေကိုတောင် ဖမ်းဆီးနေတာဟာ လုံခြုံမှု မရှိတဲ့အကြောင်း၊ ဒီအတွက် အရေးယူပေးဖို့ တင်ပြထားတယ်လို့ ဆိုပါတယ်။ ပြောရေးဆိုခွင့်ရှိသူ ရှေ့နေ ဦးမင်းလွင် ပြောပြတာကတော့ ---

“ဥပဒေမဲ့ မတရားဖမ်းဆီး ထိန်းသိမ်းခြင်း ခံရတဲ့ အထဲမှာ ကုလသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ ICRC အဖွဲ့ကို ဒီလိုမျိုး ဒုက္ခရောက်တဲ့ နာဂစ်မုန်တိုင်း သင့်တဲ့ သူတွေကို သွားရောက်ကူညီခဲ့တဲ့ ကိုကျော်ကျော်သန့်ရယ်၊ မအိခိုင်ဦးတို့ကို အရေးယူတဲ့ကိစ္စ၊ နောက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဆီကို စာရေးတဲ့အတွက် နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ ဒေါက်တာ တင်မင်းထွဋ်တဲ့ ဦးညီပုတို့ကိစ္စ၊ နောက်တခါ မကြာခင်မှာ ဖြစ်ပွားခဲ့တဲ့ ဒေါက်တာဝင့်ကူ ကိစ္စ၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ အကျယ်တ၀င့် တင်ပြဖို့ စီစဉ်ထားတယ်။”

အခုတင်ပြထားသူတွေဟာ အလွတ်သတင်းထောက်တွေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ၊ တက်ကြွ လှုပ်ရှားသူတွေကို အားပေးထောက်ခံ သူတွေသာဖြစ်ပြီး သူတို့ကို မတရားသဖြင့် အရေးယူနေတာကို လူ့အခွင့်အရေး ကောင်စီအနေနဲ့ ထည့်သွင်းစဉ်းစား နိုင်ဖို့လည်း ဆိုပါတယ်။

“လောလောဆယ်မှာတော့ လူ့အခွင့်အရေး ကောင်စီကို အခုလာမဲ့ အစည်းအဝေးမှာ တင်မယ်။ တင်တဲ့အခါမှာတော့ အဲဒီ အချက်အလက်တွေကို ထည့်သွင်း စဉ်းစားပေးဖို့ သူ့အောက်မှာရှိတဲ့ လုပ်ငန်းအဖွဲ့တွေကို အချက်အလက်တွေ ပေးပို့ထားပါတယ်။”

မြန်မာအပါအ၀င် အာရှ နိုင်ငံအတွင်းက လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ၊ နိုင်ငံတော် လုံခြုံရေးကို အကြောင်းပြပြီး ဖိနှိပ်နေတာကို ရပ်တန့်ဖို့ ဥပဒေနဲ့အညီ လုပ်ဖို့ တင်ပြ တိုက်တွန်းချက်တွေ ရှိတယ်လို့လည်း ဆိုပါတယ်။

သီရိလင်္ကာ၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား စတဲ့နိုင်ငံတွေမှာ နိုင်ငံတော် လုံခြုံရေးကို အကြောင်းပြပြီး အကြမ်းဖက်မှုတွေ နှိမ်နင်းတယ်ဆိုပြီး ဥပဒေနဲ့ မညီတဲ့ မတရား ဖမ်းဆီး ချုပ်နှောင်မှုတွေက တော်တော်များများ ဖြစ်ပွားခဲ့တာကို ၂၀၀၉ ခုနှစ်အတွင်းမှာ တွေ့ရတယ်။ ဒါကြောင့် သက်ဆိုင်ရာ အစိုးရတွေ အနေနဲ့ ဒီအချက်အလက်တွေကို ပြင်ဆင်သင့်တာတွေ ပြင်ဆင်ဖို့။ နောက်ပြီးတော့ ဥပဒေနဲ့အညီ ပြဌာန်းထားတဲ့ အတိုင်း လိုက်နာဆောင်ရွက်ပါ ဆိုပြီးတော့ တိုက်တွန်း ပြောဆိုထားတာ ဖြစ်ပါတယ်။

အာရှ လူ့အခွင့်အရေး ကော်မရှင်ရဲ့ အာရှ ဥပဒေ အရင်းအမြစ် ပင်မဌာနကနေ အာရှနိုင်ငံ အတွင်းမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို မပျက် တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ အခုလည်း မြန်မာနိုင်ငံရဲ့ အရေးကို စဉ်းစားနိုင်ဖို့အတွက် တင်ပြခဲ့တယ်လို့လည်း ပြောဆိုသွားပါတယ်ရှင်း။

0 comments:

Post a Comment