Saturday, March 06, 2010

Filled Under:

မြန်မာနိုင်ငံနဲ့ အဂတိ လိုက်စားမှု အခြေအနေ

RFA ---- 26/ 2/ 2010

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ တရားရုံးတွေက အဂတိ လိုက်စားနေတာကို ALRC အာရှ ဥပဒေရေးရာ ပင်မဌာနက အကိုးအကားနဲ့ ကြေငြာချက် တစောင် ထုတ်ပြန်လိုက်ပါတယ်။ အမှုဖြစ်လို့ တရားရုံး ရောက်တဲ့အခါ အာမခံ ရနိုင်တဲ့ အမှုဖြစ်ပေမဲ့ လာဒ်မပေးရင် မရတဲ့ အခြေအနေမျိုး ကြုံနေရတယ်လို့ အာရှ လူ့အခွင့်အရေး ကကော်မရှင်မှ ဦးမင်းလွင်ဦးက ပြောပါတယ်။

“အမှုတွေ စွဲတဲ့အခါမှာ လာဒ်စားမှုတွေ ရှိနေတယ်၊ အာမခံ ပေးနိုင်တဲ့ ကိစ္စနဲ့ အာမခံ မပေးနိုင်တဲ့ကိစ္စ ဆိုပြီတော့ ၂ မျိုးရှိတယ်။ တချို့ အမှုတွေဟာ အာမခံ ပေးနိုင်တဲ့ အမှုတွေ မှန်ပေမဲ့ တရားစွဲဆိုခြင်း ခံရတဲ့ အမှုသည်တွေကို အာမခံ ပေးတာမဟုတ်ဘဲနဲ့ လာဒ်ငွေ ရမှသာ အမှုကနေ သက်သာခွင့်ရအောင် လုပ်ပေးတယ်။ ဥပဒေ ပြဌာန်းချက်ကို မလိုက်နာနဲ့ အာမခံချက် ရမှသာ တရားစွဲ အဖွဲ့အစည်း အနေနဲ့ အမှန်အတိုင်း ဆောင်ရွက်တာ မဟုတ်ဘဲနဲ့ အချို့ ကိစ္စရပ်တွေမှာ ငွေပေးရင် ပေးသလို စီမံဆောင်ရွက်တာ ရှိတယ်။”

နိုင်ငံရေး အမှုတွေမှာတော့ အာမခံ ပေးနိုင်တဲ့အမှု ဖြစ်ပါစေ၊ နိုင်ငံရေး အမှုဖြစ်တဲ့အတွက် အာမခံမရတဲ့ အမှုတွေလည်း ရှိပါတယ်။ နိုင်ငံရေး မဟုတ်တဲ့ အချို့ အမှုတွေမှာ တရားခံကို လဲပစ်တဲ့အထိ အခြေအနေ ဆိုးရွားနေပါတယ်။

“လောင်းကစားမှုတွေ အဓိကဖြစ်တယ်။ သူတို့က ငွေတတ်နိုင်တာကိုး၊ ဖမ်းမိပြီးဆိုရင် တရားခံလဲတဲ့ အဆင့်အထိ ရောက်တယ်။ အမှု အခြေအနေကို ကြည့်လိုက်လို့ မလွတ်နိုင်တော့ဘူး ဆိုရင် ရဲကိုလည်း ပိုက်ဆံပေးတယ်၊ တရားသူကြီးကိုလည်း ပိုက်ဆံပေးတယ်။ အဖမ်းခံရတဲ့ စာရင်းထဲမှာ လူပုဂ္ဂိုလ် နာမယ်တွေကို ဖေါ်ပြထားတာ မဟုတ်ဘဲ။ လူ ၁၀ ယောက်ဆိုရင် ၁၀ ယောက်။ တတ်နိုင်ရင်တော့ အပြင်လူ တယောက်ကို လိုက်ပါပေးဖို့ လဲတဲ့ အမှုမျိုးတွေတောင် ရှိတယ်။”

ဥပဒေထက် ဘယ်သူမှ မရှိစေရဘူး ကြွေးကြော်တဲ့ မြန်မာနိုင်ငံမှာ ဒီစနစ်ဆိုးတွေ ပပျေက်ဖို့ ဘယ်လို ဆောင်ရွက်သင့်ပါသလဲ။

“ဒီအမှုတွေ ပပျောက်ဖို့ကတော့ မြန်မာနိုင်ငံ အတွင်းမှာ အတိအကျ ပြဌာန်းထားတဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ သက်သေခံ ဥပဒေ စတဲ့ ဥပဒေ ပြဌာန်းချက်တွေကို လိုက်နာပြီး တာရားစွဲ အဖွဲ့အစည်း ကရော၊ တရားစီရင်ရေး ဆိုင်ရာ အဖွဲ့အစည်း အသီးသီးကရော လိုက်နာ ဆောင်ရွက်ဖို့ လိုတယ်ဆိုတာကို ကျနော်တို့ အနေနဲ့ အခြေခံအားဖြင့် ပြောချင်ပါတယ်။”

ဒါကြောင့်မို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဆုံးဖြတ်ချက်တရပ် ချမှတ်ဖို့ ရည်ရွယ်ပြီ ကြေငြာချက် ထုတ်ပြန်ရတယ်လို့ ဦးမင်းလွင်ဦး ပြောပါတယ်။

“အဲဒီလို မရှိဘူးဆိုရင်တော့ မြန်မာနိုင်ငံ အတွင်းမှာ ဆက်လက်ပြီ ဆိုးဆိုးဝါးဝါး အမှုတွေကို ရင်ဆိုင်ရဦးမယ်။ ပြည်သူတွေ အနေနဲ့ ပိုမို ဆင်းရဲပင်ပန်းခြင်း ခံရဦးမယ် ဆိုတာကို ကျနော်တို့ အနေနဲ့ လာမဲ့ လူ့အခွင့်အရေး ကောင်စီမှာ ဆုံးဖြတ်ချက် တရပ်ရပ် အတိအကျ ချမှတ်နိုင်ဖို့ ထုတ်ပြန် ကြေငြာရခြင်း ဖြစ်ပါတယ်။

0 comments:

Post a Comment