Wednesday, June 30, 2010

Filled Under:

ရွေးကောက်ပွဲမှာမဲမပေးလည်းဥပဒေနဲ့ညီ

မြန်မာနိုင်ငံမှာထောင်ဒါဏ်၁၆နှစ်ကျခံခဲ့ရပြီးလက်ရှိသံဃာ့ဥသျှောင်အဖွဲ့ လက်ရှိမဲဆောက်ရုံးတာဝန်ခံ
အရှင်ဇဝနပါ၊နောက်တဦးကနော်ဝေနိုင်ငံရှိမြန်မာ့အရေးလှုပ်ရှားသူရှေ့နေဦးမင်းလွင်ဦးပါ၊
နောက်တဦးကတော့ဒီဗွီဘီရဲ့ဒုတိယညွှန်ကြားရေးမှူးဦးခင်မောင်ဝင်းပါ၊နောက်တဦးက နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်သူအန်အယ်ဒီအဖွဲ့ဝင်ဖြစ်ပြီးအခုအခါအမေရိကန်နိုင်ငံ
အင်ဒီယားနားပြည်နယ်ဖို့သ်ဝေးမြို့မှာရောက်နေတဲ့ဒေါ်ခင်စန်းနွယ်ပါ၊ပထမဦးစွာဦးမင်းလွင်ဦးကိုမေးပါရစေ

မေး...မြန်မာအစိုးရထုတ်ပြန်ထားတဲ့ဥပဒေတွေမှာရွေးကောက်ပွဲနဲ့ပတ်သက်လို့ဘယ်လိုပြဌာန်းထားတယ်
ဆိုတာတိတိကျကျရှင်းပြပေးပါခင်ဗျ။

ဦးမင်းလွင်ဦး…၂၀၁၀ ရွေးကောက်ပွဲအတွက်နအဖစစ်အစိုးရကထုတ်ပြန်ကြေငြာထားတဲ့အမျိုးသားလွှတ်တော်
ရွေးကောက်ပွဲဥပဒေမှာမဲပေးနိုင်တဲ့လူတွေရဲ့အခွင့်အရေး၊နောက်ပြီးရွေးကောက်ပွဲဆိုင်ရာပြစ်မှုတွေနဲ့ဆိုင်တဲ့ကိစ္စ၊
နောက်ပြီးတော့ တရားမဲ့ပြုကျင့်ခံရတဲ့ကိစ္စရပ်တွေနဲ့ပတ်သက်ပြီးတော့ထုတ်ပြန်ပြဌာန်းထားတဲ့ပြဌာန်းချက်တွေရှိပါတယ
်။အဲတော့ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေရဲ့ပုဒ်မ၂ ပုဒ်မခွဲ( )မှာဘာပါလဲဆိုရင် ရွေးကောက်ပွဲဆိုင်ရာအခွင့်အရေးတွေထဲမှာကိုယ်စားလှယ်အဖြစ်ဝင်ရောက်ရွေးချယ်ခံခြင်း၊နောက်ပြီးတော့ ဆန္ဒမဲပေးတဲ့ပြည်သူတွေအနေနဲ့မဲပေးနိုင်တဲ့အခွင့်အရေး၊ဒါမှမဟုတ်မဲမပေးဘဲနေနိုင်ခွင့်ဆိုတာတွေပါပါတယ်
။ဒါကြောင့်လည်းရွေးကောက်ပွဲမှာမိမိရဲ့လွတ်လပ်တဲ့စိတ်ဆန္ဒနဲ့မဲပေးချင်ပေးနိုင်တယ်၊မပေးချင်မပေးနိုင်ဘူးလို့
ဆိုလိုတဲ့သဘောဖြစ်တယ်။

နောက်ပြီးရွေးကောက်ပွဲဆိုင်ရာပြစ်မှုတွေနဲ့ပတ်သက်လို့ကတော့ပုဒ်မ၅၇ကနေပုဒ်မ၆၇အထိ ပြဌာန်းထားတာတွေရှိပါတယ်။ဒါကတော့ရွေးကောက်ပွဲမှာမတော်မတရားအကြမ်းဖက်တာတို့ ၊ ခြိမ်းခြောက်တာတို့၊မလျော်သြဇာသုံးတာတို့ ၊လိမ်လည်တာတို့ ၊လာဘ်ပေးလာဘ်ယူလုပ်တာတို့တွေနဲ့
ပတ်သက်လို့ရှိရင်အရေးယူအပြစ်ပေးနိုင်ဖို့ငွေဒါဏ်တွေသတ်မှတ်ပြဌာန်းထားတာတွေ့ရတယ်။
ပြစ်ဒါဏ်အနေနဲ့ဆိုရင်တနှစ်အထိထောင်ဒါဏ်၊ဒါမှမဟုတ်ငွေဒါဏ်ဆိုပြီးပြဌာန်းထားပါတယ်။
တသိန်းထက်မပိုတဲ့ငွေဒါဏ်ပေါ့လေ၊အဲဒါတွေပြဌာန်းထားပါတယ်။

မေး…ပြည်သူတယောက်ကိုသက်ဆိုင်ရာအာဏာပိုင်ကဖြစ်စေ၊နိုင်ငံရေးသမားတဦးတယောက်ကဖြစ်စေ၊ ခင်ဗျားတို့မဲရုံသွားရမယ်၊ဒါမှမဟုတ်မဲမပေးကြနဲ့ ဆိုပြီးသွားရောက်ပြောဆိုခြင်းလုပ်လို့မရဘူးပေါ့ဥပဒေမှာ။
ဦးမင်းလွင်ဦး…အဲဒီလိုလုပ်လို့မရပါဘူး၊အဲဒီလိုလုပ်တယ်ဆိုရင်သာမန်ပြည်သူတဦးတယောက်ကိုခြိမ်းခြောက်
တဲ့သဘောသက်ရောက်တယ်၊သြဇာအာဏာပေးပြီးတော့အမိန့်ပေးတယ်ဆိုတဲ့သဘောသက်ရောက်တယ်၊
အဲဒီလိုမျိုးလုပ်ခဲ့တယ်ဆိုရင်ပြောဆိုခြင်း၊ပြုမူခြင်းလုပ်ခံရတဲ့ပြည်သူတွေဟာလွတ်လပ်စွာ တရားစွဲဆိုနိုင်တယ်၊ တိုင်ကြားနိုင်ပါတယ်လို့ပြဌာန်းထားပါတယ်။

မေး… အရှင်ဇဝနဘုရား၊သံဃာတော်တွေအနေနဲ့ရောရွေးကောက်ပွဲနဲ့ဆိုင်တဲ့ဥပဒေကို ပြည်တွင်းမှာရှိတဲ့သံဃာတော်များသိရှိကြတယ်။နောက်သူတို့အနေနဲ့ရောဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုရှင်းလင်းပြမဲ့အခြေအနေမျိုးရှိလဲခင်ဗျ၊

အရှင်ဇဝန…ပြည်တွင်းသံဃာတော်တွေအတော်များများကတော့ပြည်ပမီဒီယာတွေဖြစ်တဲ့ရေဒီယိုကိုတော့
အမြဲနားထောင်ပါတယ်။အဲဒီတော့ကိုယ်အမှန်အတိုင်းသိတာကိုကိုယ့်ဒါယိကာ၊ဒါယိကာမတွေကိုပြောပြဖို့ဆိုတာ ဘုန်းကြီးတွေမှာလည်းလုံးဝတာဝန်ရှိတယ်။ အဲဒီတော့သံဃာတော်တွေအနေနဲ့ ဒါယိကာ၊ဒါယိကာမတွေကို
ဥပဒေမှာရှိတဲ့အတိုင်အမှန်အတိုင်းသိအောင်ပြောပြရမှာဖြစ်တယ်။ဒါယိကာ၊ဒါယိကာမတွေဟာ၂၀၀၈ခုနှစ်တုန်းကလည်း ဘာမှမသိဘဲအတင်းမဲပေးခိုင်းလို့မဲပေးတဲ့အခါကျတော့အစိုးရကလုပ်ချင်သလိုလုပ်သွားတယ်။အခု၂၀၁၀မှာလည်း
အခုလိုအတင်းအကျပ်များလုပ်လာခဲ့ရင်ဆိုတဲ့ကြောက်လန့်တဲ့စိတ်တွေဖြစ်နေတယ်ဆိုတာလည်းသိရပါတယ်။ဒါပေမဲ့ အဲလိုကြောက်လန့်တဲ့စိတ်ဟာမဖြစ်သင့်ဘူး၊ဘာကြောင့်လဲဆိုတောသူ့ဥပဒေမှာကိုကမဲမပေးဘဲနေနိုင်ခွင့်ရှိတယ်ဆိုတာကို လူတွေကမသိကြဘူး၊အဲဒါကိုဦးဇင်းတို့အနေနဲ့ဒါယိကာ၊ဒါယိကာမတွေအနေနဲ့ သိအောင်ရှင်းပြသင့်တယ်။

ပြည်တွင်းမှာရှိတဲ့သံဃာတွေကလည်းကြောင့်ကြမနေဘဲနဲ့ဒါယိကာ၊ဒါယိကာမတွေမဲမပေးဘဲနေခွင့်ရှိတယ်ဆိုတာရယ်၊ဒါဟာလည်းသူ့ဥပဒေမှာရှိပြီးသားဖြစ်လို့ကြောက်စရာမလိုဘူး၊ကိုယ့်က
ိုခြိမ်းခြောက်ပြီးတော့မဲမထည့်မနေရလို့ ရဝတဖြစ်ဖြစ်၊ကြံ့ဖွံ့ကဖြစ်ဖြစ်လာရောက်ပြောဆိုရင်ဒါဟာ ပြောတဲ့လူကိုယ်တိုင်ဥပဒေကိုကျူးလွန်နေတယ်ဆိုတာကိုဘုန်းကြီးအနေနဲ့ပြောချင်ပါတယ်။ဒါယိကာ၊
ဒါယိကာမတွေလည်းမကြောက်ကြပါနဲ့၊မဲမပေးတာဟာလည်းတိုင်းသူုပြည်သားတယောက်ရဲ့အခွင့်အရေးတရပ်ပဲဆိုတာ
ပြောပြချင်ပါတယ်။သံဃာတော်တွေကိုလည်းဒါယိကာ၊ဒါယိကာမတွေကိုရှင်းပြပါလို့ ဦးဇင်းဒီနေရာကနေလျှောက်ထားပါတယ် ။ဒါယိကာ၊ဒါယိကာမတွေလည်းမီဒီယာတွေကိုအမြဲနားထောင်ပြီးကိုယ့်အခွင့်အရေးကိုယ်သိအောင်ကြိုးစားအားထုတ်ကြပါလို့ပြောချင်ပါတယ်။

မေး…ဒေါ်ခင်စန်းနွယ်ခင်ဗျား၊မြန်မာနိုင်ငံမှာရွေးကောက်ပွဲဥပဒေအရဒီလိုပြဌာန်းထားတယ်။မဲပေးခွင့်ရှိတယ်။
မဲမပေးခွင့်လည်းရှိတယ်၊ဒါကိုအစိုးရကတရားဝင် ဥပဒေထဲမှာပြဌာန်းထားပြီးဖြစ်တယ်ဆိုတာကိုမြန်မာနိုင်ငံမှာရှိတဲ့ အန်အယ်လ်ဒီပါတီဝင်တွေ၊အထူးသဖြင့်အမျိုးသမီးထုတွေ၊အိမ်ရှင်မတွေကကော ဘယ်လောက်ကျယ်ကျယ်ပြန့်ပြန့်သိကြသလဲ၊သူတို့စိတ်ထဲမှာဒါနဲ့ပတ်သက်လို့ဘယ်လိုခံယူကြမယ်ထင်သလဲခင်ဗျ၊

ဒေါ်ခင်စန်းနွယ်……ကျမအမြင်ကတော့အိမ်ရှင်မတွေအနေနဲ့ကတော့သိနိုင်တယ်။သို့သော်အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်မှာရှိတဲ့ အမျိုးသမီးအဖွဲ့ဝင်တွေ၊အမျိုးသမီးတွေဟာလက်ရှိအခြေအနေမှာရန်ကုန်တိုင်း
ကိုလှည့်ပြီး ဒီကိစ္စကိုကျယ်ကျယ်ပြန့်ပြန့်ပြောသင့်တယ်၊ဘာကြောင့်လဲဆိုတော့ နယ်တွေမှာရှိတဲ့သူတွေက မီဒီယာတွေ၊ဘီဘီစီ၊အာအက်ဖ်အေ၊ဗွီအိုအေတွေကိုနားထောင်ကြတယ်။ရန်ကုန်တိုင်းမှာ ၁၀သန်းလောက်ရှိတဲ့လူတွေဟာနေ့တိုင်းပြေးလွှားရုန်းကန်နေရတယ်။လှုပ်ရှားစားသောက်နေရတော့ ဒီသတင်းတွေကိုအချို့ကနားမထောင်ဖြစ်ဘူး၊တချို့ဒီဥပဒေတွေကိုမသိဘူး၊ဒါတွေကိုအန်အယ်လ်ဒီပါတီရဲ့ အမျိုးသမီးအဖွဲ့တွေပါတီဝင်တွေဟာကျယ်ကျယ်ပြန့်ပြန့်ရန်ကုန်တိုင်းမှာရှိတဲ့လူတွေအားလုံးကိုသိဖို့အတွက်ကို ပြောသင့်တယ်လို့ထင်မြင်ပါတယ်။

မေး..ဒီကိစ္စမှာမီဒီယာတွေရဲ့ကဏ္ဍနဲ့ပတ်သက်ပြီးခင်ဗျားရဲ့အမြင်ကိုသိပါရစေ။

ဦးခင်မောင်ဝင်း…မီဒီယာတွေကတော့ လက်ရှိဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းထုတ်လွှင့်ဖို့ရေးသားဖို့တာဝန်ရှိပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်လို့လူထုကမဲမပေးဘဲနေနိုင်ခွင့်ရှိတယ်ဆိုတာနဲ့ပတ်သက်လို့ထုတ်လွှင့်ပြီးတဲ့နောက်မှာ ရွေးကောက်ပွဲဝင်ဖို့ပြင်ဆင်နေတဲ့သူတွေကဝေဖန်နေတာတွေကြားရတယ်လေ၊အဲလိုဖြစ်တာကသဘာဝလည်းကျပါတယ်။ အခုကျင်းပမဲ့ရွေးကောက်ပွဲဟာကမ္ဘာမှာအငြင်းပွားဖွယ်ရာဖြစ်ဆုံးဆိုတာအားလုံးသိပြီးသား၊ရွေးကောက်ပွဲမဲမပေးဘဲ
နေခွင့်ရှိတယ်ဆိုတာကိုဒေါ်အောင်ဆန်းစုကြည်ကပြောတာကတော့သတင်းဖြစ်မှာပဲ၊အဲဒီသတင်းကိုလွှင့်တယ်၊
လွှင့်တဲ့အတိုင်းလူထုကသိတယ်။အဲဒါကိုရွေးကောက်ပွဲဝင်ချင်တဲ့ပါတီတွေအနေနဲ့နအဖကတော့ ကြိုက်ချင်မှကြိုက်မှာပေါ့။

မေး..အစိုးရကမီဒီယာတွေနဲ့ပတ်သက်ပြီး ပြောဆိုစွပ်စွဲတာလည်းအားလုံးသိကြတဲ့အတိုင်းပါဘဲ၊ တချို့နိုင်ငံရေးသမားတွေကတော့မီဒီယာသမားတွေဟာပြည်သူကိုဒီနေ့မှာအကျီအဝါရောင်ဝတ်ပြီးဘုရားပေါ်တက်ကြပါ၊ ငြိမ်နေလို့မဖြစ်ဘူး၊ခင်ဗျားတို့ကိုယ်တိုင်လမ်းမပေါ်ထွက်ပြီး ဆန္ဒပြကြမှဖြစ်မယ်ဆိုတဲ့သဘောမျိုးပြောတာရှိပါတယ်။
ဒါတွေကိုထောက်ပြီးတဘက်မှာအစိုးရကလူထုကိုဆူပူအောင်လုပ်နေတယ်ဆိုတာမျိုးပြောတာရှိသလိုပြည်တွင်းမှာရှိတ
ဲ့ပြည်သူတချို့ကလည်းနိုင်ငံခြားမှာရှိနေတဲ့နိုင်ငံရေးသမားတွေဟာပြည်တွင်းကလူတွေရဲ့ဘဝကိုသေသေချာချာမသိဘူး၊
လမ်းပေါ်ထွက်ရအောင်သူတို့လာထွက်ပါလားဆိုပြီးပြောကြဆိုကြတာတွေလည်းကြားရပါတယ်။ဒါပေမဲ့ဒီကိစ္စမှာ ကျနော်မြင်တာကတော့ရွေးကောက်ပွဲဆိုတာလက်ရှိစစ်အစိုးရကိုယ်တိုင်ကိုကထုတ်ပြန်ထားတဲ့ ဥပဒေတွေလည်းပါတယ်။အဲဒီတော့ဒီဥပဒေပါအချက်အလက်တွေကိုမသိတဲ့လူတွေကိုသိအောင်လုပ်တာကတော့ ဒါကသွေးထိုးလှုံ့ဆော်ခြင်းနဲ့ဘာမှမဆိုင်သလိုကျနော်တို့ဟာပြည်သူလူထုကိုသိအောင်လုပ်ရမယ်ဆိုတဲ့
တာဝန်လည်းရှိတယ်လို့ကျနော်တို့ယူဆပါတယ်။အဲဒီဒေသမှာရှိတဲ့ပြည်သူတွေရဲ့လွတ်လပ်စွာပြောဆိုခွင့်မရတဲ့
အသံတွေကိုကျနော်တို့ကတင်ပြပေးခြင်းသာဖြစ်ပါတယ်။ပြည်သူလူထုကိုအမှန်အတိုင်းသိရှိအောင်၊
အမှန်အတိုင်းဆိုတာရဲ့အစိုးရကတရားဝင်ထုတ်ပြန်ထားတဲ့ဥပဒေတွေကို၏သိရှိအောင်တင်ပြခြင်းသာဖြစ်ပါတယ်။

ဦးခင်မောင်ဝင်းတို့ဒီမိုကရက်တစ်မြန်မာ့အသံကကောဘာတွေများစီစဉ်ထားတာရှိလဲဆိုတာ သိခွင့်ရှိမလားခင်ဗျာ၊

ဦးခင်မောင်ဝင်း….ဒီဗွီဘီ အပါအဝင်ပေါ့နော်ပြင်ပမှာရှိတဲ့ မီဒီယာအကုန်လုံးကအခုလာမဲ့ရွေးကောက်ပွဲမှာအရေးကြီးတဲ့ အခန်းက ကပါတယ်ဆိုတာအားလုံးက လက်ခံတယ်လို့ ကျနော်ယူဆပါတယ်။ပြည်တွင်းမှာရှိတဲ့မီဒီယာတွေက လွတ်လပ်စွာလုပ်ခွင့်မရှိဘူး၊လွတ်လပ်တယ်လို့ပြောတဲ့နေရာမှာရွေးကောက်ပွဲကိုသပိတ်မှောက်ဖို့ပြောတာမဟုတ်ပါဘူး။ ထုတ်ဖော်တင်ပြခွင့်ရှိတယ်၊ထုတ်ဖော်တင်ပြဖို့လည်းကျနော်တို့ကကြိုးစားနေပါတယ်။ဒါပေမဲ့အခက်အခဲတခုက ရွေးကောက်ပွဲကိုဝင်ဖို့ပြင်ဆင်နေတဲ့အဖွဲ့အစည်းတွေ၊ပါတီတွေကလည်းစဉ်းစားဖို့တော့လိုအပ်တဲ့အပိုင်းကပြည်ပမီဒီယာတွေနဲ့ ဆက်သွယ်ပြီးအင်တာဗျူးလုပ်တယ်ဆိုရင်အဖမ်းခံနိုင်ရတဲ့အခြေအနေရှိတယ်။အဖမ်းခံခဲ့ရတဲ့သာဓကတွေလည်းအများကြီးရှိခဲ့တယ်။ဒီရွေးကောက်ပွဲဝင်မယ်လို့ပြင်ဆင်နေတဲ့ပါတီတွေကိုအများကြီးနေရာပေးချင်ပါတယ်။

ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့သူတွေဘက်ကအသံတင်မဟုတ်ဘူး၊ရွေးကောက်ပွဲတကယ်ဝင်မဲ့လူတွေကိုတကယ်က
ိုတင်ပေးချင်တာပါ။ဘာကြောင့်လဲဆိုတော့ ဝန်ကြီးချုပ်သိန်းစိန်ဦးဆောင်တဲ့USDP ပါတီကတော့ဖြင့် အခွင့်အရေးမျိုးစုံရပြီးတဘက်သက်အနိုင်ရအောင်လုပ်နေတဲ့ကာလမျိုးမှာ ရွေးကောက်ပွဲဝင်မဲ့ကျန်တဲ့ပါတီငယ်လေးတွေ လမ်းစဉ်သဘောထားမူဝါဒတွေကိုလည်းတင်ပေးချင်တယ်။ဒါပေမဲ့ အဲဒီပါတီငယ်လေးတွေရဲ့မူတွေ၊အင်တာဗျူးတွေကို ပြင်ပမီဒီယာတွေကိုတင်ပြခွင့်ဆိုတဲ့နေရာမှာအခက်အခဲရှိတယ်ဆိုတာကတော့ အားလုံးသဘောပေါက်လိမ့်မယ်ထင်ပါတယ်။ကျနော်တို့ကိုတင်ပြချင်တယ်ဆိုရင်အမြဲတမ်းအဆင်သင့်ပါဘဲ။

လွန်ခဲ့တဲ့၂လလောက်ကချင်းမိုင်မှာမီဒီယာတွေဗွီအိုအေကနေပြီး debateတခုလုပ်သွားတာရှိပါတယ် ။ပြည်တွင်းကနိုင်ငံရေးသမားတွေဖြစ်တဲ့ ဦးသုဝေတို့လာတယ်။ရွေးကောက်ပွဲအတွက်debate လုပ်သွားတယ်။အဲဒါကိုပြည်တွင်းနိုင်ငံရေးသမားတွေကလုပ်ချင်တဲ့ဆန္ဒရှိရင် ကျနော်တို့ အများကြီးလုပ်ပေးချင်ပါတယ်။ နိုင်ငံရေးပါတီတွေရဲ့အမြင်ကိုတင်လိုက်ခြင်းအားဖြင့် ဦးသိန်းစိန်ရဲ့ပါတီတဘက်သက်အနိုင်ရဖို့ပြင်ဆင်နေတဲ့ကိစ္စကိုကျနော်တို့ ထိန်းနိုင်မယ်လို့ယူဆပါတယ်။

မေး..တချို့တွေကပြောကြတာကကျနော်တို့ကအတိုက်အခံတွေရဲ့အသံကိုပဲလွှင့်တယ်။အစိုးရသြဇာခံတွေနဲ့နီးစပ်တဲ့ ပါတီအဖွဲ့အစည်းတွေကိုကျနော်တို့က အသံသိပ်မထွက်ဘူးဆိုတာကတဘက်မှာကျနော်တို့က ဆက်သွယ်တဲ့အခါမှာမဖြေတာတွေရှိတယ်ခင်ဗျ။ဥပမာရွေးကောက်ပွဲကာလမှာဦးသိန်းစိန်ကိုအင်တာဗျူးလုပ်လို့ရမယ်ဆိုရင် လည်းလုပ်ပြီးသူ့သဘောထားကိုတင်ပြချင်ပါတယ်။

မေး..အဲလိုအင်တာဗျူးလုပ်တဲ့နေရာမှာသူတို့ကကျနော်တို့ကို အမြင်ရှင်းဖို့တော့လိုတယ်။ကျနော်တခါ
အင်တာဗျူးလုပ်တော့ ခင်ဗျားကျနော့်ကိုအချိန်ပေးတာမမျှတဘူး၊အန်အယ်လ်ဒီကလူကိုကျတော့ အချိန်အများကြီးပေးတယ်ဆိုပြီးအမြင်မှားတာတွေလည်းရှိပါတယ်။အဲဒါကိုအမြင်မှန်ဖို့တော့လိုမယ်ထင်တယ်။

ဦးခင်မောင်ဝင်း…ဒေါ်အောင်ဆန်းစုကြည်ကရွေးကောက်ပွဲမှာမဲမပေးဘဲနေရင်နေခွင့်ရှိတယ်ဆိုတာတွေကိုကျတော့ကျနော်တို့ကပြောနေမှာဘဲ။ရွေးကောက်ပွဲဝင်ဖို့ပြင်ဆင်နေတဲ့လူတွေကရွေးကောက်ပွဲပျက်အောင်လုပ်တယ်
်ဆိုပြီးစွပ်စွဲတာရှိတယ်။ရွေးကောက်ပွဲဝင်ဖို့ပြင်နေတဲ့လူတွေရဲ့အသံမပါအောင်လုပ်နေတာမဟုတ်ဘူး၊သူတို့က
ဆက်သွယ်လာရင်လည်းသူတို့အခန်းကပါဝင်လာအောင်လုပ်လို့ရပါတယ်။

မေး….ဥပဒေမှာမဲရုံသွားပြီးမဲပေးကြမယ်ဆိုရင်ရောရွေးကောက်ပွဲရလဒ်ကဘယ်လိုဖြစ်လာမလဲ၊မသွားရင်ရော
ဘယ်လိုဖြစ်လမလဲခင်ဗျ၊

ဦးမင်းလွင်ဦး…..နိုင်ငံသားတဦးအနေနဲ့အသက်၁၈နှစ်ပြည့်ပြီးတဲ့အခါမှာမဲပေးနိုင်တဲ့အခွင့်အရေးရှိတာဖြစ်တယ်။
၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်းဖြစ်ပြီးကာစမှာ ဖွဲ့စည်းပုံအခြေခံအတည်ပြုဖို့လုပ်တုန်းကအာဏာပိုင်တွေလုပ်သွားတာတွေက ဥပဒေနဲ့မညီတာတွေပြန်လည်ကြားသိရတယ်။ဘာကြောင့်လဲဆိုရင်မိသားစု၎ယောက်ကိုယ်စား၁ယောက်က
ပေးရင်ရတယ်ဆိုတဲ့ သဘောမျိုးနဲ့ လက်ခံလိုက်တာတွေရှိတယ်။နောက်တခုကစာရင်းပေါ်မှာမူတည်ပြီးတော့ မဲဆနအဖြစ်သတ်မှတ်လိုက်တာတွေရှိတယ်။ဒါတွေဟာအခုပြဌာန်းထားတဲ့ဥပဒေနဲ့လုံးဝညီညွတ်ခြင်းမရှိပါဘူး။ ကိုယ့်ရဲ့မဲလက်မှတ်ကိုတခြားလူကပေးလို့လည်းမရပါဘူး။မိမိတို့ကိုယ်တိုင်ပေးမှရတဲ့မဲဆနဖြစ်ပါတယ်။
ကြိုတင်ပေးတဲ့မဲဆန္ဒကိုလည်းပျက်စီးအောင်လုပ်တယ်၊ဖျောက်ဖျက်ပစ်တယ်ဆိုရင်လည်းဒါဟာတိုင်ကြားနိုင်တယ်။

ကျုးလွန်တယ်ဆိုရင်အပြစ်ပေးနိုင်တယ်ဆိုတာအားလုံးသိဖို့လိုတယ်။နိုင်ငံသားတိုင်းဟာကိုယ့်အခွင့်အရေးကို
ကိုယ်ဘယ်လိုကာကွယ်အသုံးချရမယ်ဆိုတာဥပဒေမှာပါတဲ့အတိုင်းတိတိကျကျရှင်းရှင်းလင်းလင်းသိမယ်ဆိုရင်
နိုင်ငံသားတွေအနေနဲ့သံသယဖြစ်စရာမလိုဘူး၊ယောင်စရာမလိုဘူးဆိုတာသိစေချင်တယ်။မိမိရဲ့စိတ်ဆန္ဒအမှန်ကို
ဖော်ထုတ်နိုင်မယ်လို့ယုံကြည်တယ်။ကြံ့ဖွံ့ပါတီဝင်တွေ၊အမျိုးသမီးရေးရာပါတီဝင်တွေကို မဲစာရင်းထဲထည့်လိုက်တာရှိတယ်။မိမိအခွင့်အရေးကိုမိမိကိုယ်တိုင်အသုံးချပါ။

အဲဒီတော့တကယ်လို့မဲမပေးလိုရင်လည်းမပေးဘဲနေနိုင်တယ်။မဲပေးရင်လည်းမိမိကြိုက်နှစ်သက်ရာ
ပါတီကိုမိမိဆန္ဒအလျောက်မဲပေးနိုင်ပါတယ်။မဲပေးတဲ့အခါမှာပယ်မဲဖြစ်သွားအောင်လုပ်တဲ့ကိစ္စရပ်တွေမှာ
အာဏာပိုင်တွေဘက်ကနေပြီးဒါဟာကြံရွယ်ပြီးလုပ်တာပါဆိုပြီးအပြစ်ပေးမယ်ဆိုရင်တနည်းတဖုံဒုက္ခရောက်နိုင်တယ်။
ဒါကြောင့်မဲပေးရင်လည်းပေးမပေးရင်လည်းနေနိုင်တယ်ဆိုတာကိုကျနော်ကတော့ပြည်သူတွေသိစေချင်တယ်ခင်ဗျ။
မေး……ပြည်သူတွေကလည်းသတိရှိရှိမိမိရဲ့ခံယူချက်ကိုဖော်ပြကြတာရှိတယ်။တချို့ကျတော့လည်းမိမိရဲ့စားဝတ်နေရေး၊ညီအကိုမောင်နှမတွေဝန်ထမ်းတွေရဲ့ဘဝကလည်းအကြောင်းကြောင်းကြောင့်စိုးရိမ်ပူပန်ကြတာလည်းရှိပါတယ်။မဲမပေးလို့မရဘူးလို့ပြောရင်ရှင်းရှင်းလင်းလင်းလွယ်လွယ်ကူကူဘယ်လိုတုံ့ပြန်သင့်လဲခင်ဗျ၊

ဦးမင်းလွင်ဦး……..ပြောရမှာကရွေးကောက်ပွဲဆိုင်ရာဥပဒေအရတို့မဲမပေးဘဲနေနိုင်တယ်၊ဒါကြောင့်မဲမပေးတာ
ဆိုပြီးပြောလို့ရတယ်။မီဒီယာတွေမှာလည်းဒါနဲ့ပတ်သက်လို့မဲမပေးဘဲနေနိုင်တယ်ဆိုတာသိရှိပြီးပြောဖို့ ဝန်လေးလာမှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေကိုပြည်သူတွေ
လုံလုံလောက်လောက်ဖတ်ရှုနိုင်အောင်ထုတ်ဝေထားတာမရှိပါဘူး။ပြည်သူတွေကဝယ်ပြိးဖတ်ရပါတယ်။ပြည်သူတွေ
သိအောင်ဆောင်ရွက်ပေးသင့်တယ်လို့ပြောချင်ပါတယ်။

မေး…ပြည်သူတွေကမဲမပေးရင်ရလဒ်ကဘယ်လိုဖြစ်လာနိုင်မလဲခင်ဗျ၊

ဦးမင်းလွင်ဦး…မဲမပေးဘူးဆိုရင်တော့ မဲတွေကျန်သွားနိုင်တယ်မဲကျန်ပြီးသတ်မှတ်ထားတဲ့အရေအတွက
်မရဘူးဆိုရင်ရွေးကောက်ပွဲအထမမြောက်ဘူးလို့ပြောနိုင်တယ်။ရွေးကောက်ပွဲပျက်ပြီးနောက်တကြိမ်လုပ်ရမဲ့
အခြေအနေရောက်လာနိုင်ပါတယ်။

မေး..အရှင်ဇဝနဘုရားရွေးကောက်ပွဲကိုမဲမပေးကြဖို့ပြောရင်သူတို့အနေနဲ့အန္တရာယ်ဘယ်လောက်ရှိနိုင်မလဲ။
အဲဒီအန္တရာယ်ကိုလည်းဘယ်နည်းနဲ့ကျော်လွှားကြရင်ကောင်းမယ်လို့ထင်သလဲ။

အရှင်ဇဝန…ဦးဇင်းတို့ဒီလိုပြောတာဟာဒါယိကာ၊ဒါယိကာမတွေကိုစည်းရုံးတာလည်းမဟုတ်ဘူး၊ဆန္ဒပြတာလည်းမဟုတ်ဘူး၊ ဦးဇင်းတို့ က စီးပွားရေးလုံးပန်းနေရတော့ တချို့လည်းရေဒီယိုတောင်ပုံမှန်နားထောင်နိုင်တဲ့လူမရှိဘူး။အဲဒီတော့သာံတော်တွေကအမြဲနားထောင်ပြီးဥပဒေပါအကြောင်းအရာတွေကဒါတွေရှိတယ်ဆိုပြီးဘုန်းတော်ကြီးတော်တော်များများက
သိထားပြီးဖြစ်တယ်။အဲဒီတော့ဥပဒေပါအကြောင်းအရာတွေကိုတတ်သိတဲ့ပုဂ္ဂိုလ်တွေကရှင်းပြရမယ်ဆိုရင်မီဒီယာတွေက ပြောတာကိုသံလာတော်တွေကနားထောင်ပြီးသိလာပြီဆိုရင်သိတဲ့အတိုင်းပြောရင်ဘာမှအန္တရာယ်လည်းမရှိဘူး ၊ဥပဒေကိုဥပဒေအတိုင်းသိအောင်လုပ်တာအစိုးရရဲ့တာဝန်ဘဲအစိုးရကဒါကိုသိအောင်မလုပ်ဘဲဝေဝါးသွားအောင်
လုပ်ပြီးတော့သူတို့ပြောတာကခလောက်ဆန်အကောက်ဥာဏ်ဆိုတာကပြည်ပမီဒီယာတွေကလုပ်တာမဟုတ်ဘဲ သူတို့မီဒီယာတွေကလုပ်တာဖြစ်တယ်။ အဲဒီတော့ဒါယိကာဒါယိကာမတွကိုအမှန်ကိုအမှန်အတိုင်းသိအောင်ပြောပေးပါ။

မေး…ဒေါ်ခင်စန်းနွယ်ကကောဘယ်လိုထင်လဲခင်ဗျ၊

ဒေါ်ခင်စန်းနွယ်……အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမျိုးသမီးအဖွဲ့ကလက်ကမ်းကြေငြာတွေဝေမယ်ဆို၇င်လည်းပြည်သူတွေကျယ်ကျယ်ပြန့်ပြန့်သိနိုင်မယ်။ပြည်သူတွေဟာရေဒီယိုကိုနယ်တွေမှာနားထောင်တာများတယ်။လက်ကမ်းကြေငြာတွေကိုဝေသင့်တယ်။အဖွဲ့အစည်းနာမည်မခံဘဲနဲ့လုပ်မယ်ဆိုရင်ကျယ်ကျယ်ပြန့်ပြန့်လုပ်သွားနိုင်မယ်လို့ကျမထင်ပါတယ်။

မေး…….ဦးခင်မောင်ဝင်းခင်ဗျားကျနော်တို့မီဒီယာသမားတွေအနေနဲ့ဘာတွေလုပ်သင့်တယ်ထင်သလဲခင်ဗျ။
ဦးခင်မောင်ဝင်း………….ပါတီအဖွဲ့အစည်းတွေအနေနဲ့လည်းကျနော်တို့အင်တာဗျူးတောင်းရင်ပေးကြပါ။ပါတီ
ပေါင်းစုံရဲ့အသံကိုကျနော်တို့အာလုံးကိုတင်ပြချင်ပါတယ်။

မေး…နောက်ဆုံးဘာများပြောလိုပါလဲ

ဒေါ်ခင်စန်းနွယ်…ပြည်သူလူထုအနေနဲ့လည်းကိုယ့်မှာရှိတဲ့အခွင့်အရေးကိုလက်မလွှတ်ပါနဲ့၊လူထုထောက်ခံမှုမရှိတ
ဲ့အစိုးရတရပ်ဖြစ်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးလို့ပြောချင်ပါတယ်ရှင်..

ဦးမင်းလွင်ဦး…လွှတ်တော်ရွေးကောက်ပွဲဥပဒေမှာပါတဲ့အချက်အလက်တွေကိုမဲပေးနိုင်တဲ့နိုင်ငံသားတွေအားလုံးသိထားဖို့လိုပါတယ်။သိပြီဆိုရင်ကြံ့ဖွံ့ပါတီတွေလုပ်ကိုင်နေတာတွေက၄င်းတို့ကိုယ်တိုင်ပြဌာန်းထားတဲ့ပြစ်မှုတွေတရားမဲ့ပြုကျင့်မှုတွေကိုပြည်သူလူထုသိလာကြမှာပါ။ဒါကြောင့်လည်း
ပြည်သူတွေအနေနဲ့ဥပဒေကိုနားလည်ကျင့်သုံးဖို့လိုတယ်လို့ပြောချင်ပါတယ်။

0 comments:

Post a Comment