Thursday, July 08, 2010

Filled Under:

ကြံ့ခိုင်ဖွံ့ဖြိုးရေးဖြေရှင်းချက် လူထုကိုနားရှုပ်စေတယ်လို့ AHRC ပြော

(8 July 2010 RFA )ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ရှင်းလင်းချက်တွေဟာသာမန်ပြည်သူတွေနားရှုပ်အောင် လုပ်နေတယ်လို့ဥပဒေရှုထောင့်ကသုံးသပ်သူတွေရှိပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး အာရှလူ့အခွင့်အရေးအဖွဲ့က
ရှေ့နေဦးမင်းလွင်ဦးက

မေး…ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကပါတီအသွင်ပြောင်းသွားတဲ့အခါမှာအဖွဲ့မှာပါတဲ့စီအီးစီတွေရဲ့ဆုံးဖြတ်ချက်နဲ့ ပြောင်းတယ်လို့ပြောပါတယ်။ဒါဥပဒေနဲ့ကိုက်ညီမှုရှိပါသလားခင်ဗျ။

ဦးမင်းလွင်ဦး……ကျနော်တို့ကကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဘယ်လိုတည်ထောင်သလဲဆိုတာကိုပြန်ပြီးကြည့်ဖို့လိုတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ကိုနိုင်ငံသူနိုင်ငံသားတွေအားလုံးစိတ်ပါဝင်စားပြီးတော့အဖွဲ့ဝင်တွေရဲ့ဆန္ဒနဲ့ဖွဲ့စည်း တည်ထောင်ခဲ့တာလား၊ဒါမှမဟုတ်နိုင်ငံတော်ကနေပြီးဦးဆောင်ပြီးလုပ်တဲ့အတွက်မပါမဖြစ်ပါနေရ တာလားဆိုတာပြန်စဉ်းစားကြည့်ဖို့လိုတယ်။စစ်အစိုးရကနေပြီးမဝင်မနေရဆိုတဲ့ကန့်သတ်ချက်တွေကြောင့် ဝင်ရတယ်ဆိုလို့ရှိရင်တော့အခုလိုပြောင်းတဲ့ကိစ္စကတော့ဥပဒေနဲ့လည်းမညီဘူး၊လူမှုရေးအဖွဲ့ကနေ ပါတီအဖြစ်ကတော့ပြောင်းနိုင်ပါတယ်။ဒါပေမဲ့ရည်ရွယ်ချက်တွေ၊ဦးတည်ချက်တွေကတော့ပြန်ကြည့်ဖို့
လိုမယ်လို့ပြောချင်ပါတယ်။

မေး…. ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဟာမြန်မာနိုင်ငံမှာဆိုရင်အကြီးဆုံးလူမှုရေးအသင်းကြီး၊လူမှုရေးအသင်းဟာ လစဉ်ကြေးတို့၊နှစ်စဉ်ကြေးတို့ပေးသွင်းရတယ်လို့ ကြားရပါတယ်။ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကတော့ဒီကိစ္စကိုငြင်း ဆိုထားပါတယ်ခင်ဗျ။ဒါနဲ့ပတ်သက်လို့ကောဘယ်လိုများမြင်မိပါသလဲခင်ဗျ။

ဦးမင်းလွင်ဦး…..အသင်းဝင်ကြေးမကောက်ခံဘူးဆိုရင်ဒီအသင်းကြီးဟာဘယ်ကငွေနဲ့လည်ပတ်နေတာလဲ ၊အဲဒီငွေကတရားဝင်ရတဲ့ငွေလားတရားမဝင်ရတဲ့ငွေလားဆိုတာပြန်ပြီးတော့မေးခွန်းထုတ်ရမဲ့ အချက်အလက်ဖြစ်တယ်။နောက်ပြီးတော့အဆောက်အအုံတွေသုံးစွဲတာတွေကလည်းဘယ်သူ့ခွင့်ပြုချက်တွေနဲ့
သုံးစွဲနေတာလဲအခုလွှဲပြောင်းတာကလည်းအသင်းသားတွေရဲ့သဘောတူညီမှုကြောင့်လွှဲပြောင်းတာလား၊ ဒါမှမဟုတ်အထက်ကပြောင်းခိုင်းလို့ပြောင်းတာလားဆိုတာပြန်ကြည့်ဖို့လိုမယ်လို့ကျနော်ကတော့ ပြောချင်ပါတယ်။
မေး…ညွှန်ကြားရေးမှူးအဆင့်အထိကဝန်ထမ်းလို့သတ်မှတ်ထားပြီးတော့ဒုတိယညွှန်ကြားရေးမှူးကစပြီး
ဝန်ကြီးအဆင့်အထိက ဝန်ထမ်းလို့မသတ်မှတ်ဘူးဆိုပြီးတော့ပြောထားတာရှိပါတယ်။ဥပဒေအရမှန်ပါသလားခင်ျေ။

ဦးမင်းလွင်ဦး……..ND ရဲ့အထက်အဆင့်အထိကမြန်မာနိုင်ငံရဲ့ဝန်ထမ်းပဲဆိုတာကျနော်တို့သိတယ်၊အဲဒီတော့ ဒုတိယဝန်ကြီး၊ဝန်ကြီးချုပ်အစရှိသဖြင့်ပေါ့လေ အဲဒီလူတွေကလည်းနိုင်ငံ့ဝန်ထမ်းဘဲဖြစ်တယ်။အဲဒီလိုမျိုး မဟုတ်ဘူးဆိုရင်ဒီလူတွေကို ဘာကြောင့်ကျနော်တို့က လစာငွေပေးထားရတာလည်းဆိုတာ
ကျနော်တို့ပြန်မေးရမယ်။ဒီလူတွေကနေ ဘယ်သူတွေကနေဆွဲခန့်ပြီးတော့အစိုးရဝန်ထမ်းမဟုတ်ဘူးဆိုရင် ဘယ်လိုရောက်လာလဲဆိုတာမေးစရာတွေဖြစ်လာတယ်။

မေး……. ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကပါတီအသွင်ပြောင်းသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဥပဒေရှုထောင့်ကနေ ခြုံငုံပြီးသုံးသပ်ပြပါခင်ဗျ။

ဦးမင်းလွင်ဦး…..အကြမ်းဖျင်းပြောရရင်ကြံ့ဖွံ့ဖွဲ့စည်းစဉ်ကတည်းက ပါဝင်တဲ့အသင်းသားတွေကလည်း
မိမိဆန္ဒအလျောက်ပါဝင်နေကြတာမဟုတ်ရင်အကျိုးအမြတ်အတွက်ပါဝင်ကြတာလို့ သိရတယ်။ဒါက မလုပ်သင့်တဲ့ကိစ္စဖြစ်တယ်။ဒီအသင်းဝင်တွေနဲ့ပဲပါတီကိုဆက်လက်လွှဲပြောင်းမယ်ဆိုရင်နဂိုလူမှုရေးအသင်းဝင
်အဖြစ်ပါဝင်ထားတဲ့လူတွေအားလုံးကကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ပါတီဝင်အဖြစ်ပြောင်းပြီးသားဖြစ်သွားမှာပါ။နဂိုကတည်းက လူမှုရေးစိတ်ဝင်စားတဲ့ နိုင်ငံရေးစိတ်ဝင်စားတဲ့လူတွေကသူတို့ရဲ့အခွင့်အရေးဒီမှာတခါတည်း ဆုံးရှုံးမယ်လို့ကျနော်ထင်ပါတယ်။ဒါတွေကတော့မကောင်းတဲ့ အလားအလာဖြစ်တယ်လို့ဘဲကျနော်မြင်တယ်။

0 comments:

Post a Comment