Monday, July 26, 2010

Filled Under:

အာဆီယံလူ့အခွင့်အရေးကောင်စီ လူ့အခွင့်အရေးအတွက်အထောက်အကူမပြုနိုင်

ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့မှာအာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးကိုမနေ့ကကျင်းပခဲ့လို့
ပူးတွဲကြေငြာချက်တောင်ထုတ်ပြီးသွားခဲ့ပါပြီ။ဒါပေမဲ့မပြီးသေးတာကတော့၂၀၀၇ခုနှစ်ကစလို့
အာဆီယံလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းဖို့ကြိုးစားနေတာအခုအချိန်အထိအကောင်အထည်
မဖော်နိုင်သေးပါဘူး။ဘာဖြစ်လို့ပါလဲ။ အဲဒါကိုအာရှလူ့အခွင့်အရေးကော်မရှင်ကဦးမင်းလွင်ဦးက

ဦးမင်းလွင်ဦး……လူ့အခွင့်အရေးကောင်စီကြီးမပေါ်နိုင်သေးတဲ့ကိစ္စကအဖွဲ့ဝင်၁၀နိုင်ငံထဲမှာပါတဲ့
အချို့နိုင်ငံတွေကလှိုက်လှိုက်လှဲလှဲဟက်ဟက်ပက်ပက်မရှိတဲ့အတွက်၊ပူးပေါင်းဆောင်ရွက်ခြင်း
မရှိနိုင်တဲ့အတွက်ဒီကိစ္စကအကောင်အထည်မဖော်နိုင်ဘူးလို့သိရတယ်။

မေး..ဒီလူ့အခွင့်အရေးကော်မရှင်ကြီးအကောင်အထည်ပေါ်လာမယ်ဆိုရင်အာရှလူ့အခွင့်အရေး
ကော်မရှင်အတွက်ဘယ်လောက်အထောက်အကူပြုနိုင်ပါသလဲ။

ဦးမင်းလွင်ဦး….. အာရှနိုင်ငံ၁၀နိုင်ငံကနေပေါ်ပေါက်လာမဲ့လူ့အခွင့်အရေးကော်မရှင်ကတကယ် အလုပ်လုပ်မယ်၊ထိထိရောက်ရောက်လုပ်ကိုင်ဆောင်ရွက်မယ်ဆိုရင်အာဆီယံဒေသအတွက်တော့
တော်တော်ကောင်းတယ်လို့ဆိုရမှာဖြစ်တယ်။သို့သော်နမူနာအားဖြင့်ကြည့်ရင်အာဆီယံအသင်းကြီး
ဖွဲ့စည်းထားတာတောင်မှမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ကိစ္စရပ်တွေနဲ့ပတ်သက်လို့ရှိရင်တိတိပပ တာဝန်ယူဖြေရှင်းပေးနိုင်တာမရှိဘူးဆိုတာတွေ့ရတဲ့အတွက်ကျနော်တို့ကတော့အလွန်သံသယဖြစ်တယ်။ လူ့အခွင့်အရေးကော်မရှင်ကနေပြီးလုပ်နေတဲ့လူ့အခွင့်အရေးကိစ္စရပ်တွေနဲ့ပတ်သက်ပြီးအကူအညီပေးရာ
မရောက်ဘဲဟန့်တားတဲ့ကိစ္စရပ်မျိုးတွေပါပေါ်ပေါက်လာနိုင်တယ်လို့ထင်မြင်ယူဆထားပါတယ်။

မေး…ဘာကြောင့်ဟန့်တားတဲ့ကိစ္စရပ်မျိုးတွေပေါ်ပေါက်လာနိုင်တယ်လို့ထင်သလဲရှင့်။လူ့အခွင့်အရေး
ကော်မရှင်ရဲ့တာဝန်ကလူ့အခွင့်အရေးတွေကိုမြှင့်တင်ဖို့ဘဲမဟုတ်ဘူးလားရှင့်။

ဦးမင်းလွင်ဦး…… ရည်ရွယ်ချက်ကတော့အဲဒီလိုရှိပါတယ်။သို့ပေမဲ့လူ့အခွင့်အရေးကိစ္စရပ်တွေ
ဖော်ဆောင်တဲ့အခါမှာလူ့အခွင့်အရေးကိစ္စကိုသပ်သပ်မကြည့်ဘဲနဲ့နိုင်ငံရေးတွေပါလာမယ်ဆိုရင်
ဒါတွေဟာလွန်စွာမှအဟန့်အတားဖြစ်နိုင်တာဖြစ်တယ်။ဥပမာအားဖြင့်ပြောရရင်မြန်မာနိုင်ငံ
အတွင်းမှာဖြစ်နေတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီးတော့လူ့အခွင့်အရေးကော်မရှင်
မပေါ်ခင်ကတည်းကအာဆီယံနိုင်ငံခြားရေးဝန်ကြီးများအဖွဲ့အတွင်းရေးမှူးဆီကိုပေးပို့တာ တွေရှိတယ်။သို့သော်အရေးယူဆောင်ရွက်တဲ့ကိစ္စရပ်တွေမရှိဘူးဆိုတာတွေ့ရတယ်။

မေး..တိုင်းရင်းသားအဖွဲ့အစည်းတွေကနေထုတ်တဲ့လူ့အခွင့်အရေးချိုးဖောက်တဲ့ကိစ္စနဲ့ပတ်သက်တဲ့
မှတ်တမ်းမှတ်ရာတွေကိုအပတ်စဉ်လိုလိုရရှိပါတယ်။ဒီမှတ်တမ်းမှတ်ရာတွေဟာတနေ့ကျရင်လူ့အခွင့်အရေး
ကော်မရှင်မှာတင်ပြပြီးတော့လူ့အခွင့်အရေးချိုးဖောက်သူတွေအပေါ်မှာအရေးယူနိုင်တဲ့အခြေအနေမျိုး
ကောဖြစ်လာနိုင်တယ်လို့ထင်သလားရှင့်။

ဦးမင်းလွင်ဦး……..တိုင်းရင်းသားဒေသအသီးသီးမှာပေါ်ပေါက်နေတဲ့လူ့အခွင့်အရေးချိုးဖောက်တဲ့
ကိစ္စနဲ့ပတ်သက်ပြီးတော့ကျနော်တို့သိရသလောက်ဒါရိုက်လုံခြုံရေးကောင်စီကိုသော်၎င်း၊ကုလသမဂ္ဂ
လူ့အခွင့်အရေးကော်မရှင်ကိုသော်၎င်းတိုက်ရိုက်ပေးပို့ပြီးဆောင်ရွက်နိုင်တဲ့အခါမှာတော်တော်များများ
ထိရောက်မှုရှိတာကိုတွေ့ရတယ်။အာဆီယံအဖွဲ့အစည်းမှာပေါ်ပေါက်လာမဲ့လူ့အခွင့်အရေးကော်မရှင်ကတော့ အဲဒီလိုလုပ်နိုင်ဦးမယ်လို့မထင်ဘူး။

0 comments:

Post a Comment