Monday, September 13, 2010

Filled Under:

တရားရုံးကအထက် ညွှန်ကြားချက်အတိုင်းသာ လုပ်ဟုရှေ့နေပြော

( BBC စက်တင်ဘာ၁၀) အာရှလူ့အခွင့်အရေးကော်မရှင်ရဲ့ စက်တင်ဘာလ ၈ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ထုတ်ပြန်ချက်ထဲမှာ သင်္ကြန်တွင်းမှာ ဗုံးဖောက်ခွဲမှုနဲ့စွပ်စွဲခံထားရတဲ့ ကိုဖြိုးဝေအောင်ကို စွဲချက်မတင်ခင်ကတည်းက ရဲချုပ်ခင်ရီက သူဟာအကြမ်းဖက်အဖွဲ့အစည်းရဲ့ တစိတ်တဒေသလို့ ခေါ်ဝေါ်ခဲ့တာဟာ တရားရုံးက ဆုံးဖြတ်ချက်မချခင်ကတည်းက တရားခံအဖြစ် သတ်မှတ်တာဖြစ်တဲ့အတွက် ဥပဒေနဲ့မညီဘူးလို့ထောက်ပြပါတယ်။ ဒါ့အပြင်အမှုစစ်တဲ့ တရားသူကြီးဟာလည်း ဘာမှလုပ်ပိုင်ခွင့်မရှိဘဲ အထက်ကညွှန်ကြားတဲ့ အတိုင်းသာ လိုက်နာရသူသာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ AHRC ရဲ့အဲ့ဒီလိုစွပ်စွဲချက်နဲ့ ပတ်သက်ပြီးတော့ကိုဖြိုးဝေအောင်ရဲ့ ရှေ့နေဦးကျော်ဟိုးကို ဦးမောင်မောင်သန်းက ဆက်သွယ် မေးမြန်းထားပါတယ်။

ဦးကျော်ဟိုး….ကျနော်ဆိုလိုချင်တာက စွပ်စွဲခံရသူနာမည်မဖော်ဘဲနဲ့ မသင်္ကာခံရတဲ့ လူတယောက်ကို ကျူးလွန်ခဲ့တယ် ဆိုရင်တော့ တမျိုးပေါ့ဗျာ။ အခုကကိုဖြိုးဝေအောင်ရဲ့ နာမည်ကို တိတိပပ ထုတ်ဖော်တဲ့အပြင်ဒီလိုဖော်ပြီးတော့ အကြမ်းဖက်သမား အဖြစ်စွပ်စွဲတာဟာ တနည်းအားဖြင့် ပြောရရင် တရားရုံးကနေတရားသဖြင့် အထောက်အထားတွေ ယူပြီးတော့ ဆုံးဖြတ်ချက် မချခင်ကြိုတင်ပြီးတော့ အကြမ်းဖက်သမားလို့ သတ်မှတ်တာက ကြိုဆုံးဖြတ်တာဖြစ်တယ်။ သတင်းစာရှင်းလင်းပွဲက သတင်းစာထဲမှာကော တီဗွီမှာကော အကုန်ပါနေတဲ့အခါကျတော့ ကိုဖြိုးဝေအောင်အတွက် တရားမျှတမှုမရှိဘူး။

မေး...အဲဒါနဲ့ပတ်သက်လို့ အမှုကိုလျှောက်လဲတဲ့ အခါမှာကောဥပဒေအရကန့်ကွက်တာတွေရှိခဲ့ဘူးလား ရှေ့နှစ်ပိုင်းက။

ဦးကျော်ဟိုး….ရှိပါတယ်။ စီရင်ပိုင်ခွင့်နဲ့ပတ်သက်လို့ တချက်ပေါ့လေ။ စီရင်ပိုင်ခွင့်ဟာဖြစ်တာက မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ ဖြစ်တယ်။ အဲဒီမြို့နယ်က အရှေ့ပိုင်းခရိုင်ထဲမှာ အကျုံးဝင်တယ် ။ကျနော် တရားရုံးကိုတင်ပြတယ်။ ဒါကမြောက်ပိုင်းခရိုင် တရားရုံးမှာစစ်လို့မရဘူး၊ အရှေ့ပိုင်းခရိုင်တရားရုံးမှာဘဲ စစ်ခွင့်ရှိတယ်။ဆိုတော့ တရားသူကြီးက တရားရုံးချုပ်ညွှန်ကြားချက် အရစစ်တယ်လို့ပြောတယ်။ တနည်းအားဖြင့်ပြောရရင်တော့ တရားရုံးချုပ်ရဲ့ အမိန့်ကိုမလွန်ဆန်နိုင်တဲ့ သဘောရှိတာပေါ့။ ဒါဟာဥပဒေနဲ့မညီပါဘူး၊

မေး..ရှေ့နေနဲ့ ကိုဖြိုးဝေအောင်နဲ့ တွေ့ဆုံရေးမှာလည်း ထောင်အာဏာပိုင်တွေက အတားအဆီးတွေလုပ်တယ်လို့ ရေးထားတာ တွေ့တယ် ။အဲဒါကောဟုတ်ပါသလား။

ဦးကျော်ဟိုး… မေလ၁၂ရက်နေ့မှာ ကိုယ်စားလှယ်လွှဲစာနဲ့ ထောင်ကိုတင်တဲ့အခါကျတော့ တခြားအမှုဆိုရင် ကိုယ်စားလှယ်လွှဲစာ တခါတည်း ထုတ်ပေးလိုက်တာပဲ ။ဒီအမှုမှာကျတော့ ထောင်အာဏာပိုင်က ကျနော့်ကိုပြောတာက သူတို့ကိုအာဏာပိုင်တွေက ကိုယ်စားလှယ်လွှဲစာ မပေးပါနဲ့ဆိုပြီးတားလို့ဆိုပြီး ၁၄ရက်ကြာမှရတယ်။ အဲဒါပြီးတော့ ကျနော်တွေ့ခွင့်တောင်းတယ်။ ဆွေးနွေး တိုင်ပင်ဖို့ခွင့်ပြုပါဆိုပြီး လျှောက်လွှာထပ်တင်တဲ့ အခါကျတော့ အဲဒါလည်းချက်ချင်းမပေးဘူး၊ ၁၄ရက်ကြာမှပေးတယ်။

ပေးတဲ့အခါကျတော့ အမှုကတရားရုံးကို စွဲတင်ပြီးသားဖြစ်နေပြီ။ ဆိုတော့ တရားရုံးစွဲတင်တဲ့ကိစ္စကိုလည်းပဲ သက်ဆိုင်ရာ တရားရုံးပဲဖြစ်ဖြစ် သက်ဆိုင်ရာတရားစွဲ အဖွဲ့အစည်းကပဲဖြစ်ဖြစ်အမှုကို တရားစွဲတင်တဲ့ ကိစ္စကို မိသားစုလည်း အကြောင်း မကြားဘူး၊ သူ့ရဲ့ရှေ့နေကိုလည်း အကြောင်းမကြားဘူး၊ မကြားတော့ ပထမရုံးချိန်းမှာတုန်းက ရှေ့နေလည်း မသိလိုက်ဘူးပေါ့လေ။ ကိုဖြိုးဝေအောင်အမှုက အင်းစိန်ထောင်ထဲမှာ စစ်သလိုတခြားအမှုတွေလည်း စစ်တယ်။ တခြားရုံးတွေမှာလည်း မိသားစုတွေကို ဝင်ခွင့်ပေးတယ်။ အများပြည်သူရှေ့မှာ တရားစီရင်ရင် အနည်းဆုံးတော့ မိသားစုတော့ဝင်ခွင့်ပြုရမှာပေါ့။ တရားရုံးကပြောတာက သူနဲ့မဆိုင်ဘူးလို့ပြောတယ်။ အခုကျတော့ရှေ့နေကလွဲလို့ ကျန်တဲ့လူမလာရတခါးပိတိ စစ်ဆေးခြင်းမျိုးဖြစ်နေတယ်။ ဒါကလည်းဥပဒေနဲ့ မညီဘူး။

0 comments:

Post a Comment