Monday, February 14, 2011

Filled Under:

သက်သေမရှိပြစ်ဒါဏ်ရှည်ချမှုအတွက်AHRC ကြေငြာချက်ထုတ်

(ဗွီအိုအေ၊ 11,Feb 2011)ပြည်မြို့ကဆေးရောင်စုံ ဘော်ဒါပိုင်ရှင် ဦးအေးမင်းနိုင်၊ဒေါ်ခင်ရီနဲ့ ဘော်ဒါဆောင်မှာ တည်းခိုနေထိုသူ ၅ဦး စုစုပေါင်း ရဦးကို ဖောက်ခွဲရေးပစ္စည်းတွေ လက်ဝယ်ထားရှိမှုနဲ့ ၂၀၀၈ခုနှစ်တုန်းကဖမ်းဆီးခဲ့ပြီးတော့ ထောင်ဒါဏ်နှစ်၄၀ နီးပါးပြစ်ဒါဏ်ချထားရာကနေ ဒီနေ့ ဖေဖော်ဝါရီလ ၁၁ရက်နေ့မှာလည်း ၂၀၀၄၊၂၀၀၅ ရန်ကုန်မြို့ ဗုံးဖောက်ခွဲမှုတွေမှာ ပါဝင်ပတ်သက်တယ်ဆိုပြီးတော့ ရန်ကုန်ကတရားရုံးတွေမှာ ထောင်ဒါဏ်၂၇နှစ်စီချမှတ်လိုက်ပါတယ်။

ဦးအေးမင်းနိုင်နဲ့ အကျိုးဆောင်ရှေ့နေကြီး ဦးကျော်ဟိုးတို့၊ အာရှလူ့အခွင့်အရေးကော်မရှင်က ရှေ့နေဦးမင်းလွင်ဦးတို့ကို ဦးရော်နီငြိမ်းက ဆက်သွယ်မေးမြန်းခဲ့တာမှာ ဦးကျော်ဟိုးကအခုလိုစပြီးပြောပါတယ်။

ဦးကျော်ဟိုး… ၂နာရီမထိုးခင်က အမိန့်ချတယ်။ ကျော်စွာလင်း ပုဒ်မ၃နဲ့ ထောင်၁၀နှစ်ပေါ့။ကျန်တဲ့အေးမင်းနိုင်တို့၆ယောက်ကို ဖောက်ခွဲပုဒ်မ ၄(က)နဲ့က ၇နှစ်စီချတယ်။ ပထမက စားသောက်ဆိုင်ဗုံးဖောက်ခွဲတာက ၁၀နှစ်၊ Panodama ဟိုတယ် ဗုံးဖောက်ခွဲတာက ၁၀နှစ်ဆိုတော့ အေးမင်းနိုင်တို့က ၂၇နှစ်ပေါ့။ ကျော်စွာလင်းကတော့ အနှစ်၃၀ချခံရတယ်။ ခုခံချေပခွင့်ရတယ်။ ကျနော်တို့ရှေ့နေတွေပါတယ်။ အပြစ်ပေးတာက သက်သေလည်းမရှိဘူး၊ အထောက်အထားလည်းမခိုင်လုံဘူး၊

သူတို့ကရဲအရာရှိတွေရဲ့ စစ်ချက်နဲ့ထောင်ချလိုက်တာပေါ့။ သူတို့စစ်ကြောချက်တွေပေါ့။ အဲဒါတွေကသက်သေခံမဟုတ်ဘူးလေ။ ရဲရှေ့အစစ်ခံချက်တို့၊ တဆင့်ကြားတို့ဟာက သက်သေခံမဟုတ်ဘူး၊ ဒါကြောင့်အယူခံတက်ဖို့ စီစဉ်ထားတယ်။ ဒီအမိန့်ကိုလုံးဝလက်မခံနိုင်ပါဘူး။

ဦးမင်းလွင်ဦး…. ဒါက၂၀၀၈ခုနှစ်မှာ ဖြစ်တဲ့အမှုဖြစ်တယ်။ အဲဒီ့ အမှုမှာ သိမ်းဆည်းရမိတဲ့ သက်သေခံပစ္စည်းတွေနဲ့ ပတ်သက်ပြီးတော့ အပြစ်ရှိတယ်လို့ ယူဆတဲ့ အေးမင်းနိုင်တို့ အသီးသီးကို ထောင်ဒါဏ်၃၈နှစ် အထိအပြစ်ပေးပြီးသား ဖြစ်ပါတယ်။ အဲဒီလို အပြစ်ပေးပြီးသားကိစ္စကို ရန်ကုန်တိုင်းအတွင်းမှာ ၂၀၀၄ ၂၀၀၅ခုနှစ်အတွင်းမှာ ကျောက်တံတားမြို့နယ် ပန်းပဲတန်းမြို့နယ်နဲ့ တောင်ဥက္ကလာပတွေမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး သက်သေခိုင်ခိုင်လုံလုံမရှိဘဲ နောက်ထပ်အမှုတွေစွဲဆိုခဲ့တယ်။

အဲဒီလို စွဲဆိုတဲ့ အခါမှာ Zawgyi house ရယ်၊ Panodama ဟိုတယ်ဗုံးပေါက်ကွဲတာနဲ့ ပတ်သက်ပြီး ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံးနဲ့ ၊ အနောက်ပိုင်းခရိုင်တရားရုံးတို့က ၁၀နှစ်စီ ပြစ်ဒါဏ်တွေချမှတ်ခဲ့တယ်။ အမှုတမှုတည်းကနေ ဆင့်ကဲအမှုတွေ ပွားများပြီးတော့ စွဲဆိုတယ်ဆိုတာ ကျနော်တို့တွေ့ရတယ်။ ဒါကြောင့်တရားမျှတမှုအတွက် စီမံဆောင်ရွက်ပေးနိုင်ဖို့ အရေးပေါ်မေတ္တာရပ်ခံစာ ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။

အဲတော့ AHRC အနေနဲ့ ဘာဆက်လုပ်ဖို့ ရှိပါသလဲခင်ဗျာ။

ဦးမင်းလွင်ဦး… AHRC အနေနဲ့ ကတော့ ကုလသမဂ္ဂလက်အောက်မှာရှိတဲ့ မတရားဖမ်းဆီးထိန်းသိမ်းခြင်းဆိုင်ရာကိုယ်စားလှယ်၊ လွတ်လပ်စွာ တရားစီရင်ရေးနဲ့ ပတ်သက်တဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တွေကိုသီးသန့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆောင်ရွက်ပေးနိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ဦးအေးမင်းနိုင်နဲ့ ၅ဦးဟာ အရင်ကပြစ်ဒါဏ်ချမှတ်ခံထားရတဲ့ ၃၈နှစ်နဲ့ ၂၇နှစ်ထပ်ပေါင်းရင် စုစုပေါင်း ၆၅ နှစ်စီ၊ဦးကျော်စွာလင်းက ၃၈နှစ်နဲ့ ၃၀ပေါင်းရင် စုစုပေါင်း ၆၈နှစ်ပြစ်ဒါဏ်တွေချခံခဲ့ရတာဖြစ်ပါတယ်။

0 comments:

Post a Comment