Sunday, February 06, 2011

Filled Under:

ဒေါ်ဘောက်ဂျာအပေါ် အာဏာပိုင်များရဲ့ဥပဒေမဲ့ပြုကျင့်မှုများ

ကြံ့ဖွံ့ပါတီကနေပြီး မတရားရရှိတဲ့မဲတွေနဲ့အနိုင်ရသွားပါတယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ကြံ့ဖွံ့ပါတီကို တရားစွဲထားတဲ့ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီဝင် ကချင်ပြည်နယ်ဖါးကန့်မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင် အရွေးခံခဲ့တဲ့ဒေါ်ဘောက်ဂျာကို ဖမ်းဆီးဖို့အာဏာပိုင်တွေက အမိန့်ပေးထားတယ်လို့သိရ ပါတယ်။ ရွေးကောက်ပွဲပြီးလို့ မဲမသမာမှုတွေနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင်ကို ကြံ့ဖွံ့ပါတီကမတရား လုပ်ဆောင်ခဲ့တာတွေနဲ့ ပတ်သက်ပြီး တိုင်ကြားသူတွေထဲမှာ တော့ဖမ်းဆီးဖို့အာဏာပိုင်တွေရဲ့ပထမဆုံးအမိန့်ပေးခံရသူပါ။ဲ

ဒေါ်ဘောက်ဂျာရဲ့ တရားစွဲဆိုလွှာမှာ အဓိကဖေါ်ပြထားးတာကတော့ ဟူးကောင်းတောင် ကြားမှာ ယုဇနကုမဏီက ပြုလုပ်နေတဲ့ ပလောပီနံစိုက်ခင်းစီမံကိန်းတွေမှာ ငှားရမ်းထား တဲ့အလုပ်အသမားတွေကို ဦးအုန်းမြင့်အနိုင်ရစေဖို့ အတင်းအဓမ္မမဲထည့်ခိုင်းတာကို ဖေါ်ပြ ထားပါတယ်။ နောက်တချက်က အနယ်နယ်အရပ်ရပ်ကလာရောက် အလုပ်လုပ်ကိုင်ကျ တဲ့သူတွေကို ရွေးကောက်ပွဲမှာ ဦးအုန်းမြင့်ကိုမဲပေးနိုင်ဖို့စီမံဆောင်ရွက်ပေးတဲ့ကိစ္စတွေကို ဖေါ်ပြထားတယ်လို့သိရှိရပါတယ်။ခုလိုဖမ်းဆီးဖို့ ဆောင်ရွက်လိုက်တဲ့အတွက် ပထမတချက်ကတော့ ၂၆ ရက်နေ့မှာ ချိန်းဆိုထားတဲ့အတိုင်းနေပြည်တော် ကိုလာပြီး စွဲဆိုထားတဲ့အမှု ရင်မဆိုင်နိုင်အောင်စီစဉ်ဆောင်ရွက်တာလဲဖြစ် နိုင်တယ်။

တကယ်လို့သာ ရွေးကောက်ပွဲကော်မရှင်ရှေ့ကို လာပြီးသက်သေ ထွက်ဆိုရင် ကြံ့ဖွံ့ပါတီရဲ့ မတရား လုပ်ဆောင်ထားသမျှ အကုန်ပေါ်မှာ စိုးရိမ်လို့လဲဖြစ်နိုင်ပါတယ်။ ဒုတိယနဲ့ အဓိကဖမ်းချင်တာကတော့ ရွေးကောက်ပွဲကိစ္စနဲ့မဆိုင်ပဲ ယုဇန ကုမဏီရဲ့ ကချင်ပြည်နယ်ဟူးကောင်းတောင်ကြားကတောင်သူလယ်သမား တွေရဲ့လယ်ယာမြေတွေကို ပလောပီနံစီမံကိန်းအတွက် အဓမ္မသိမ်းယူတဲ့အရေးကိစ္စ၊ကို တရားရုံးရောက်အောင် တိုင်ကြားဖို့ကူညီပေး တဲ့ကိစ္စကအဓိက ဖြစ်မယ်လို့ယူဆရပါတယ်။ နောက်တခုက ဒေါ်ဘောက်ဂျာနဲ့ ယှဉ်ပြိုင်အရွေးခံတဲ့သူက ယခင်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်အုန်းမြင့်ဖြစ်ပြီး ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းမှာ ကျေးရွာတွေ ပြောင်းရွှေ့ခြင်း မခံရအောင်ဆောင်ရွက် ပေးဖို့ဒေါ်ဘောက်ဂျာက ဦးဆောင်တင်ပြခဲ့ဖူးပါတယ်။

ဒီအချက်တွေကလဲ စစ်တပ်အာဏာပိုင်တွေ နဲ့စီးပွားရေးလုပ်ငန်းရှင်တွေ ဦးစီးလုပ်ဆောင်နေ တဲ့လုပ်ငန်းတွေမှာ အဟန့်အတားဖြစ်စေတယ် ဆိုပြီးထင်မှတ်ခံထားရသူဖြစ်တယ် ဒါကြောင့်လဲ အခုလိုဖမ်းဆီးဖို့ အမိန့်ပေးဆောင်ရွက်တာလဲဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ အရွေးချယ်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးကို တရားရုံးရဲ့ဖမ်းဝရမ်း နဲ့ ရဲစခန်းမှာ အမှုတစုံတရာ ဖွင့်လှစ်ထားခြင်းမရှိပဲ တပ်ရင်းမှူးဖြစ်သူဇေယျအောင်က ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှာအစည်းအဝေးလုပ်ပြီးဖမ်းဆီး ခိုင်းတယ်လို့သိရပါတယ်။

လူတဦးတယောက်ကို ဖမ်းဆီးဖို့လိုအပ်တယ်ဆိုရင် ပထမဆုံး ရဲစခန်းမှာ အမှုဖွင့်ရပါမယ်၊ ရဲ အရေးပိုင်တဲ့ပြစ်မှုဖြစ်မှသာ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ နိုင်ငံသားတဦးကို ဖမ်းဆီးနိုင်မှာဖြစ်တယ်၊ ရဲအရေးမပိုင်တဲ့အမှုဖြစ်ရင် တရားရုံးကထုတ်ပေးတဲ့ လူဖမ်းဝရမ်းနဲ့သာ ဖမ်းဆီးခွင့်ရှိတာဖြစ် တယ်။ဒေါ်ဘောက်ဂျာအနေနဲ့ ကိုယ်တိုင်က လယ်ယာမြေ အသိမ်းခံထားရတဲ့သူဖြစ်တဲ့ အပြင် ဖါးကန့်မြို့နယ် ကနေ အမျိုးသားဒီမိုကရေစီအင်အားစုကို ကိုယ်စားပြုပြီးပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်ပါဝင် အရွေးခံခဲ့သူဖြစ်တယ်။သာမန်ပြည်သူတဦးကို ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခြင်းလဲမရှိ၊ တရားရုံးရဲ့ခွင့်ပြုချက်တစုံတရာမယူပဲ လက်လွတ်စပယ် ဖမ်းဆီးဖို့ အမိန့်ပေးတာဟာ ဥပဒေကိုမျက်ကွယ်ပြုဆောင်ရွက်တာပဲဖြစ်တယ်။

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုမရှိတော့ဘူး၊ စစ်တပ်ကလုပ်ချင်တာလုပ်နိုင်တယ် ပြဌာန်းထားတဲ့ ဥပဒေတွေကို လိုက်နာစရာမလို၊ ဘာကိုမှ ဂရုစိုက် စရာမလိုဘူးဆိုတာကို အတိအလင်း ဖေါ်ပြလိုက်တာပါပဲ။ ဒီလိုလုပ်ဆောင်မှုတွေဟာ မြန်မာနိုင်ငံတ၀ှမ်းမှာ စစ်တပ်အာဏာပိုင် တွေကစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး လယ်ယာမြေသိမ်းယူမှုတွေ က တိုင်းနဲ့ ပြည်နယ် အနှံ့မှာဖြစ်ပွားနေတာပါ။ ခုဆို ရန်ကုန်မြို့အထိအာဏာပိုင်တွေ က အတင့်ရဲလုပ်ဆောင် လာတာကိုတွေ့ရပါတယ်။ဇန်န၀ါရီလ ၁၈ ရက်နေ့ကလွန်ခဲ့တဲ့ နှစ် ၅၀ခန့်ကလခပေး ငှားရမ်းနေထိုင် တဲ့ ၃၃ လမ်း အပေါ်ဘလောက်မှာရှိတဲ့ တိုက်အမှတ် ၁၇၉ / ၁၈၅ မှ ၄ ခန်းတွဲ ၃ ထပ်တိုက်ခန်းတွေမှာနေထိုင်သူတွေကို တရားရုံးရဲ့ အိမ်နှင်ဝရမ်းနဲ့ အမိန့်တစုံ တရာမပါပဲ နေအိမ်တွေပေါ်က အတင်းအဓမ္မဆွဲချတဲ့အထိဖြစ် ပွားခဲ့ပါတယ်။

တကယ်ဆိုမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေးဥပဒေနဲ့တရား စွဲဆိုရမှာဖြစ်ပြီး အမှုနိုင်မှသာ တရားရုံးချုပ်ရဲ့ အမိန့်နဲ့ လုပ်ဆောင်နိုင်မဲ့ကိစ္စကို မင်းမဲ့စရိုက် ဆန်ဆန်ပြုမူ လုပ်ဆောင်ခဲ့တာကို တွေ့နေရပါပြီ။ြ မို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ အမှုရင်ဆိုင်တာ ကနောက်မှ လောလောဆယ်တော့ တိုက်ခန်းတွေချိပ်ပိတ်လိုက်လို့ နေထိုင်သူတွေအိုးအိမ်မဲ့ ဘ၀နဲ့ဒုက္ခရောက်နေရပါပြီ။ ၁၉၆၂ တော်လှန်ရေးကောင်စီက အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံခြားပြန်သွားတဲ့ အိန္ဒိယ နိုင် ငံသားတွေပိုင်တဲ့နေအိမ်တွေကို တော်လှန်ရေးကောင်စီက သိမ်းယူပြီးမဆလ လက်ထက်မှာ စစ်တပ်က အနားယူတဲ့သူတွေ ကိုတဆင့်ပြန်လည်နေရာ ချထားပေးပါတယ်။ ခုမဆလမရှိ တော့မဆလလက်ထက်က နေရာချထားတဲ့ ၀န်ကြီးဌာနပိုင်နေရာတွေထဲက စီးပွားရေးအရ အချက်အချာကျတဲ့နေရာတွေ ကို နအဖက အမိန့်နဲ့ပြန်လည်သိမ်းယူနေတာကို တွေ့ရပါတယ်။

ုပြည်သူ့လွှတ်တော်မကျင်းပမှီ ကာလမှာဒီကိစ္စတွေကို ဆက်တိုက်လိုဆောင်ရွက်နေတာက လဲစဉ်းစားစရာပါ။ လယ်ယာမြေတွေ အဓမ္မသိမ်းယူကြတဲ့ကုမဏီတွေဟာ စစ်တပ်အာဏာပိုင်များရဲ့ သားသမီးတွေ ပိုင်ဆိုင်တဲ့ကုမဏီတွေ၊ အာဏာပိုင်များနဲ့နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ စက်မှုလုပ် ငန်းရှင်တွေပါဝင်တဲ့ ကုမဏီတွေက သိမ်းယူနေတာပါ။ ဒီစီးပွားရေး လုပ်ငန်းရှင်တွေကလဲ ယခုကျင်းပတဲ့ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ကြံ့ဖွံ့ပါ တီကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ်တွေအဖြစ် လွှတ်တော်ထဲရောက်နေပါပြီ။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဖြစ်လဲ စီးပွားရေး လုပ်ငန်းရှင်တွေ၊ စက်မှု လုပ်ငန်းရှင်တွေကတင် သွင်းမဲ့ နိုင်ငံတော်ဖွံ့ဖြိုးလုပ်ငန်းစီမံချက်များကို လွှတ်တော်မှာအများစုနေရာရထား တဲ့ကြံ့ဖွံ့နဲ့စစ်တပ်ကိုယ် စားပြုလွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်မှာမဟုတ်ပဲ အတည်ပြုပေးမှာဖြစ်တယ်။ သာမန်လုပ်သား ပြည်သူများအနေနဲ့ ယခုထက်ပိုပြီးဆိုးဝါးတဲ့ အခြေအနေနဲ့ရင်ဆိုင်ရမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျား။

0 comments:

Post a Comment