Monday, February 28, 2011

Filled Under:

အထူး စီးပွားရေးဇုံဥပဒေအာမခံချက်ပေးရန်လို

(RFA 26. Feb 2011)မြန်မာစစ်အစိုးရဟာ ပြည်ပရင်းနှီးမြှုပ်နှံမှုကို စွဲဆောင် တဲ့ အနေနဲ့ အထူးစီးပွားရေးဇုံ ဥပဒေကိုပြဌာန်းလိုက်ပါတယ်။ မနေ့ကထုတ်တဲ့ စစ်အစိုးရသတင်းစာမှာ အခန်း (၁၂)ခန်းပါဥပဒေကို ဇန်နဝါရီလ ၂၇ရက်နေ့ ကပြဌာန်းလိုက်တဲ့အကြောင်းအကျဉ်း ဖော်ပြထားပြီး အပြည့်အစုံကို မြန်မာနိုင်ငံပြန်တမ်းမှာ ဖော်ပြထားမယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံကို ပြည်ပရင်းနှီးမြှုပ်နှံသူတွေများများလာရောက်စေချင်ရင် သူတို့အတွက် အာမခံချက်ပေးနိုင်ရမယ်လို့ အာရှလူ့အခွင့် အရေးကော်မရှင် ရှေ့နေဦးမင်းလွင်ဦးကပြောပါတယ်။

ဦးမင်းလွင်ဦး…. အဓိကကတော့ နိုင်ငံခြားကနေပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးတော့ များများလုပ်ချင်တယ်ဆိုလို့ရှိရင် အစိုးရကိုယ်တိုင်ကလာရောက်ရင်းနှီးတဲ့ ကုမဏီတွေကို အာမခံအခိုင်အမာပေးဖို့လိုအပ်တယ်။ ဥပမာပြောရရင် အခုရှိနေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ရေနံသဘာဝဓါတ်ငွေ့က အများဆုံးဖြစ်တယ်။ နောက်ပြီးတော့ အထည်ချုပ်စက်ရုံတွေဆိုတာက စက်ရုံသေးလုပ်ငန်းတွေဖြစ်တယ်။ အခု အထူးစီးပွားရေးဇုံ ပြဌာန်းပြီးတော့ က ထိုင်းနယ်စပ်၊ အိန္ဒိယနယ်စပ်နဲ့ တရုတ်နယ်စပ်တို့မှာ လုပ်မယ်ဆိုရင်တော့ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံခြားကုမဏီတွေရဲ့ငွေအသွင်းအထုတ်၊ နောက်ပြီး အနာဂတ်မှာ ဒီကုမဏီကို သိမ်းမသိမ်းပေါ့လေ။

ဒါတွေက အစ အစိုးရအနေနဲ့ ခိုင်ခိုင်မာမာအာမခံဖို့လိုတယ်။နိုင်ငံစီးပွားရေး တိုးတက်စေဖို့ အထူးစီးပွားရေးဇုံ ပြဌာန်းတာဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူတွေအတွက် မက်လုံးတွေပေးထားတဲ့အပြင် တည်ငြိမ်မှုလည်းရှိရ ပါစေမယ်ဆိုတဲ့ ကတိကဝတ်တွေ လည်းပေးထားပါတယ်။ နိုင်ငံတော်ရဲ့အဆင့်မြင့် နည်းပညာနဲ့ စက်မှုလုပ်ငန်းတွေ တိုးတက်လာစေဖို့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုဖန်တီးပေးဖို့နဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်စေဖို့လည်း ရည်ရွယ်တယ်လို့ဆိုပါတယ်။

အထူးစီးပွားရေးဇုံနဲ့ ဆက်စပ်ပြီး တည်ဆောက်၊လည်ပတ်၊ လွှဲပြောင်းတဲ့ စနစ်နဲ့ မော်တော်ကားလမ်း၊ရထားလမ်း၊ဆိပ်ကမ်း၊ တံတားတွေစတဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ခွင့်ကို အစိုးရက ခွင့်ပြုမယ်လို့ ဥပဒေမှာ ပါရှိပါတယ်။ အထူးစီးပွားရေးဇုံအတွက် ပြည်ပရင်းနှီးမြှုပ်နှံသူတွေကိုအနည်းဆုံးနှစ်၃၀ အထိမြေဌားရမ်းလုပ်ကိုင်ခွင့်လည်းပေးထားပါတယ်။ ဥပဒေမှာ ဘဏ်နှင့် ဘဏ္ဍာရေး စီမံခန့်ခွဲရေး၊ အာမခံလုပ်ငန်းကိစ္စတွေအတွက် အထူးကိုယ်စားလှယ် ကိုအထူးအခွင့် အရေးပေးထားပြီး အလုပ်သမားရေးရာနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဖမ်းဆီးတာကို သီးခြားသက်သာခွင့်ပေးထားပါတယ်။

0 comments:

Post a Comment