Friday, April 15, 2011

Filled Under:

ကောင်းမြတ်လှိုင်အမှုမတရားကြောင်းAHRC မေတ္တာရပ်ခံစာပေးပို့

၂၀၀၉ခုနှစ်တုန်းက နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကိုချက်ချင်းလွှတ်ပေးဖို့ ဓါတ်ပုံတွေမှာ စာရေးပြီး အင်တာနက်ကတဆင့် ပြည်ပမှာရှိတဲ့ အကောင်းဆုံးမြေသြဇာဆိုတဲ့အဖွဲ့ကအဖွဲ့ဝင်တဦးနဲ့ ဂျန်နရေးရှင်းအဖွဲ့ဆီပေးပို့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒါဏ် ၂နှစ်ချမှတ်ခံထားရတဲ့ ကိုကောင်းမြတ်လှိုင်ကို အင်တာနက်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေနဲ့ နောက်ထပ် စွဲချက်ထပ်တင်ပြီး ထောင်ဒါဏ်၁၀နှစ်ချမှတ်လိုက်တာဟာ ဥပဒေနဲ့မညီကြောင်း အာရှလူ့အခွင့်အရေးကော်မရှင်က အရေးပေါ်မေတ္တာရပ်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ ဒီမေတ္တာရပ်ခံစာကို ကုလသမဂအပါအဝင် နိုင်ငံတကာအဖွဲ့တွေနဲ့ မြန်မာနိုင်ငံ အစိုးရသစ်အဖွဲ့ဝင်တွေနဲ့ ဝန်ကြီးတွေထံ ပေးပို့မယ်လို့သိရပါတယ်။


ဒီမေတ္တာရပ်ခံစာနဲ့ ပတ်သက်လို့ အာရှလူ့အခွင့်အရေးကော်မရှင်ကရှေ့နေ ဦးမင်းလွင်ဦးကို ဒေါ်သီတာနွယ်ကဆက်သွယ်မေးမြန်း ကြည့်ခဲ့ရာမှာ


ဦးမင်းလွင်ဦး...ဒီလိုမေတ္တာရပ်ခံစာရဲ့ အဓိကရည်ရွယ်ချက်က အင်တာနက်ဥပဒေပုဒ်မ ၃၃(ခ)နဲ့ အရေးယူမယ်ဆိုရင် သက်ဆိုင်ရာ ဗဟိုအဖွဲ့ရဲ့ခွင့်ပြုချက်ကို ရယူဖို့လိုပါတယ်။ အဲတော့ ဗဟိုအဖွဲ့ရဲ့ခွင့်ပြုချက်ကို ဒီအမှုမှာ နဂိုကတည်းက တင်သွင်းထားခြင်း မရှိတဲ့အတွက်ကြောင့် အမှုမှာစွဲဆိုပိုင်ခွင့်မရှိဘူး ။ဒါကြောင့် ကောင်းမြတ်လှိုင်ကို အပြစ်ပေးရတဲ့ ကိစ္စဟာ ဥပဒေနဲ့မညီဘူး ဒါကြောင့် အမြန်ဆုံးလွှတ်ပေးသင့်တယ်လို့ ဆိုပြီးအခုလို အရေးပေါ်မေတ္တာရပ်ခံစာ ထုတ်ပြန်တာဖြစ်ပါတယ်။


ဟုတ်ကဲ့ မြန်မာနိုင်ငံမှာ အီလက်ထရောနစ်ဥပဒေမျိုးနဲ့ တရားစွဲခံရတဲ့ ၊မတရားချုပ်နှောင်ခံရတဲ့အမှုတွေထဲမှာ ကိုကောင်းမြတ်လှိုင်အမှုကိုမှ ဘာကြောင့်ထူးထူးခြားခြားရွေးပြီးတင်ပြရတာ ပါလဲရှင်။


ဒီလိုမျိုးကိုကောင်းမြတ်လှိုင်အမှုမှရွေးပြီးတင်ပြတာ မဟုတ်ပါဘူး၊ အင်တာနက်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ၃၃(ခ)အရ အရေးယူ ခံရတဲ့ အမှုတော်တော်များများက ဗဟိုအဖွဲ့ရဲ့ခွင့်ပြုချက်မပါဘဲနဲ့ အရေးယူအပြစ်ပေးထားတယ်ဆိုတာကိုတွေ့ရတယ်။ ဥပမာအားဖြင့်ပြောရရင် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့ အမှုမှာ ဗဟိုအဖွဲ့ရဲ့ခွင့်ပြုချက်တွေမပါပါဘူး၊ အဲဒီလိုမျိုး အင်တာနက်ကိုအသုံးပြုနေတဲ့၊ အင်တာနက်ဆိုင်ဖွင့်ပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့ အလွယ်တကူအရေးမယူနိုင်အောင် ဗဟိုအဖွဲ့ကနေပြီးတော့ ကြပ်မတ်ထားတဲ့ ကိစ္စရပ်တွေရှိပါတယ်။


ဒါတွေကို တရားစွဲအဖွဲ့အစည်းကလိုက်နာ ဆောင်ရွက်ခြင်းမရှိဘဲနဲ့ အလွယ်တကူ ဖမ်းဆီးတရားစွဲဆိုတယ်။ အဲဒီလိုတရားစွဲဆိုတဲ့ အခါမှာ တရားရုံးတွေကလက်ခံပြီး အပြစ်ပေးနေတာက ယခင်စစ်အစိုးရ လက်ထက်မှာ တုန်းကတည်းက ဖြစ်တယ်။ ကိုကောင်းမြတ်လှိုင် အမှုကတော့ မကြာသေးခင်ကမှ စစ်ဆေးစီရင်ခဲ့တဲ့အမှု ဖြစ်တဲ့အတွက် ကိုကောင်းမြတ်လှိုင်ရဲ့အမှုကို ၂၀၁၁ ခုနှစ်မှာစတင်ပြီးတော့ စည်းရုံးလှုံ့ဆော်ဖို့အတွက် ဆောင်ရွက်တာဖြစ်ပါတယ်။


ဒီမေတ္တာရပ်ခံစာကို အစိုးရသစ်အဖွဲ့ဝင်ထဲမှာပါတဲ့ ဝန်ကြီးသစ်တွေ ဆီကိုပို့မယ်ဆိုတော့ အခုအစိုးရသစ် တက်လာပြီးတဲ့ နောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့တရားစီရင်ရေးစနစ်က အရင်ကထက်ပိုမိုတိုးတက်ပွင့်လင်းလာမယ်လို့ မျှော်လင့်ထားလို့ပါလား။


ဦးမင်းလွင်ဦး... ယခင်ကတော့ စစ်အစိုးရလက်ထက်မှာ အုပ်ချုပ်ရေးအာဏာပိုင်တွေက တော်တော်လေးလွှမ်းမိုးမှုရှိနေတာကို တွေ့ရတယ်။ အခု သမ္မတဦးသိန်းစိန်တက်လာပြီးတဲ့အခါမှာ မိန့်ခွန်းထဲမှာ တရားဥပဒေနဲ့ အညီတရားဥပဒေစိုးမိုးမှုရှိဖို့ ၊မျှမျှတတ စစ်ဆေးစီရင်ရမယ်ဆိုပြီးတော့ ပြည်နယ်နှင့်တိုင်းတရားအဆင့် ဝန်ကြီးတွေကနေ တရားလွှတ်တော် ဝန်ကြီးတွေကိုပြောခဲ့ တာလည်းရှိတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ ယခုကိစ္စရပ်မှာ အစိုးရသစ်လက်ထက်မှာ ကံကောင်းရဲ့လို့ မျှော်လင့်ပြီး ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။

0 comments:

Post a Comment