Monday, April 25, 2011

Filled Under:

ဥပဒေမဲ့ချုပ်နှောင်မှု နိုင်ငံသားအခွင့်အရေးဆုံးရှုံးမှုဟူAHRCပြော

(အာအက်ဖ်အေ ၂၅.၄.၂၀၁၁) လူသားချင်းစာနာကူညီမှုလုပ်ငန်းတွေကို လိုက်လံဆောင်ရွက်ပေးနေတဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို အာဏာပိုင်တွေ ဖမ်းဆီးထိန်းသိမ်းခဲ့တာဟာ ရက်သတ္တပတ် ၃ပတ်ထဲရောက်နေပြီး မိသားစုဝင်တွေ အနေနဲ့လည်း အခုအချိန်အထိ အဆက်အသွယ် မရသေးဘူးလို့ သိရပါတယ်။ ဒီလုပ်ရပ်ဟာသမ္မတ ဦးသိန်းစိန်အရပ်သားအစိုးရ လက်ထက်မှာလည်း နိုင်ငံသားအခွင့်အရေး ဆုံးရှုံးနစ်နာတဲ့ ပြယုဂ်တခုပါပဲလို့ အာရှလူ့အခွင့်အရေးကော်မရှင် မှရှေ့နေဦးမင်းလွင်ဦးက ပြောပါတယ်။

ဦးမင်းလွင်ဦး…. နိုင်ငံသားတဦးကို ၂၄ နာရီထက် ပိုပြီး ခိုင်လုံတဲ့အကြောင်းပြချက် မရှိဘဲနဲ့ ဖမ်းဆီးထိန်း သိမ်းထားခြင်း မလုပ်ရဘူးဆိုပြီးတော့ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ၃၆၆မှာ ထည့်သွင်းပြဌာန်းထားတာကို တွေ့ရတယ်။ နောက်ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ လက်ရှိလိုက်နာကျင့်သုံး နေကြတဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေတွေမှာလည်း နိုင်ငံသားတဦးကို အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းလို့မရဘူး၊ ဖမ်းဆီးထိန်းသိမ်းတယ်ဆိုရင် ဖမ်းဝရမ်းလိုတယ်။

၂၄နာရီအတွင်း သက်ဆိုင်ရာတရားရုံးကိုတင်ပြပြီးတော့ တရားရုံးရဲ့ချုပ်ရမန်ရမှသာ ဒီလူကိုဆက်လက် ချုပ်နှောင်ထားနိုင်မှာ ဖြစ်တယ်။ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်အမှုကို အာဏာပိုင်တွေဘက်က ဥပဒေနဲ့အညီဆောင်ရွက်ခြင်းမရှိတဲ့ သက်သေ အထောက်အထားတွေ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးနေရတဲ့ အမှုတွေကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှာရှိတဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကို အာရှလူ့အခွင့်အရေးကော်မရှင်အနေနဲ့ဆက်လက်တင်ပြ သွားမှာဖြစ်ပါတယ်။

0 comments:

Post a Comment