Saturday, April 28, 2012

Filled Under: , ,

လွတ်တော်အတွင်းတရားစီရင်ရေး မဏ္ဍန် ဖြောင့်မတ်မှန်ကန်စေရေးအကြိတ်အနယ်ဆွေးနွေး .... ၂၄ ဧပြီ ၂၀၁၂


BBC 24th April Evening Broadcast

မရီ ။  ။သောတရှင်များ ရှင် များရှင် ဒီကနေ့ဆိုရင် ပါလီမန်လွတ်တော်အစည်းအဝေး တွေပြန်လည် ကျင်းပတာ ၂ ရက်ရှိသွားပြီ။ ဒီအနေ့အစည်းအဝေးမှာဘာတွေထူးခြားသလဲဆိုတာ နေပြည်တော်မှာရောက်နေပြီး ပါလီမန်ထဲမှာ ကိုယ်တိုင်သတင်းယူနေတဲ့ ကိုချိုက တင်ပြပေးပါမယ်ရှင်။

ကိုချို။         ။ ဒီကနေ့ ကျင်းပတဲ့လွတ်တော်အစည်းအဝေးမှာတော့ စိတ်ဝင်စားစရာကောင်းတာက အခုလက်ရှိဖြစ်ပြက်နေတဲ့ မြန်မာ့တရားရေးစနစ်ရဲ့ လဒ်ယူမမျှတမှု၊ ချချင်သလိုချနေတဲ့တရားစီရင်ရေးစနစ်တွေကို လွတ်တော်အမတ်တွေက ပယ်ပယ်နယ်နယ်ဖော်ထုတ်တင်ပြကြည့်လို့ လွတ်တော်ပွဲတွေကို ဆူစေခဲ့ပါတယ်။
ကန်ပလက်က လွတ်တော်အမတ် သူရဦးအောင်ကို တင်သွင်းတဲ့ တရားစီရင်ရေး ဖြောင့်မတ်မဏ္ဍန် ၀ိုင်းဝန်းကူညီရေးစတဲ့ အဆိုအပေါ် သက်သေအထောက်အထားတွေနဲ့ ရော၊ နှတ်မှုရေးရာအရတဖြည်းဖြည်းကျွမ်းကျင်လာတဲ့ အမတ်တွေပြီပြီ အပြီတွယ်ကြပါတယ်ခင်ဗျား။ 

တရားလွတ်တော်ရှေ့နေကြီးလည်းဖြစ် သကန်းကျွန်းလွတ်တော်အမတ်ဖြစ်တဲ့ ဦးသိန်းညွန့်ကတော့ တရားရုံးတွေမှာ ဆိုင်းဘုတ်ကြီးတွေရေးထားတာတွေကတခြား လုပ်နေတာတွေက တခြားဆိုတာကို သူက ဒီလိုမျိုးပြောပါတယ်။

ဦးသိန်းညွန့် ။        ။အားလုံးသိကြတဲ့အတိုင်း ဒီတရားရုံးတွေမှာ စာတွေကပ်ထားတာရှိပါတယ်။ လဒ်ပေးလဒ်ယူမှုကို တိုင်ကြားဖို့ အခုတော့ အားလုံးက လဒ်ပေးလဒ်ယူလုပ်နေတာက ယဉ်ကျေးမှုလိုဖြစ်နေပါတယ်။

ကိုချို ။        ။အင်းတော်မဲဆန္ဒနယ် က ဦးကျော်လှိုင်ဌေးကတော့ တရားရုံးတွေမှာ ယဉ်ကျေးမျုကို အမြစ်တွယ်အပြစ်ရှိတာမှန်ပေမယ့် ရှေ့နေတွေကလည်း ဖြောင့်မတ်ဖို့လိုတယ်လို့ ထောက်ပြပါတယ်။

ဦးကျော်လှိုင်ဌေး။  ။မတရားသော တရားသူကြီး၊ ပညာမရှိသော ရှေ့နေရှေ့ရပ်များကို ဒီကနေ့ ကျွန်တော်တို့တွေ့မြင် ကြရပါတယ်။ အမှန်အမှန်ကိုဝန်ခံရမယ်ဆိုရင် ရှေ့နေရှေ့ရပ်များသည်လည်း ဘဲ ဖြောင့်မတ်စွာတရားစီရင်၍ တရားစီရင်ရေး မဏ္ဍန်ကို ဖြောင့်မတ်ကြံခိုင်စေရေးအတွက်ကို ၀ိုင်းဝန်းကူညီ ကြစေဖို့ တောင်းဆိုပါတယ်။

ကိုချို ။        ။ တရားသူကြီး ရှေ့နေရှေ့ရပ်တွေဟာ တရားစီရင်ရေး မဏ္ဍန် ဖြောင့်မတ်မှန်ကန်စေရေးမှာ ရေးကြီး နေပေမယ့် ကိုဟိန်းလွတ်တော်အမတ်ဒေါ်နန်းဝါ ထောက်ပြတဲ့အချက်၁၂ ချက်ထဲက တစ်ချက်က တော့  တော်တော့်ကို စိတ်ဝင်စားစရာကောင်းပါတယ်။ တနိုင်ငံလုံး သူ့နယ်မြေပိုင်းဆိုင်ရာ တရားစီရင်ရေး ဆိုင်ရာ ကြည့်ကြပ်မှုကော်မတီတွေဖွဲ့ ရမယ်လို့ဆိုပါတယ်။

ဒေါ်နန်းဝါ ။  ။ တရားစီရင်ရေး မဏ္ဍန်ကို တည့်မတ်တည်တန့်စေရေးအတွက် ပြည်နယ်အလိုက် အကျင့်သီလ ပြည့်စုံ ပြီးအရည်အချင်းရှိသော ပုဂိုလ်များပါဝင်ပြီးတရားစီရင်ရေး ကြည့်ကြပ်ကော်မတီဖွဲ့စည်း ပြီး သက်ဆိုင်ရာတရားရုံးများ နှင့်တရားစီရင်ဆောင်ရွက်ချက်များကို အခါအားလျှော်စွာ စစ်ဆေးခြင်းတည့်မှတ်စေခြင်း ၊ ညွန်ကြားမှုများပေးခြင်းနှင့် အရေးယူခြင်း စသည်တို့ကိုပြုလုပ်ရန်လိုအပ်ပါတယ်ရှင်။

 ကိုချို ။       ။ဒီကနေ့ပြည်သူ့လွတ်တော်အတွင်းဆွေး နွေး မှုတွေမှာ အဓိက ကတော့ တရားစီရင်ရေးနဲ့ပက်သက်တာကိုဘဲ အဆိုရှင်၊ ပြန်ရှင်းသူ၊ ပြည်ထောင်စုလွတ်တော် တရားသူကြီးနှင့်ထောက်ခံဆွေးနွေးသူ လွတ်တော်အမတ်တွေအားလုံးပေါင်း ၁၂ ဦးတို့ ပါဝင်ဆွေးနွေးကြပြီး ပြည်သူ့လွတ်တော်ဥက္ကဌ သူရဦးရွှေမန်းကပါ အပြီးသတ်မှာ အားတတ်သရော ၀င်ရောက်ဆွေးနွေးတာကို တွေ့ရပါတယ်။
ဒီကနေ့မနက်ပိုင်းမှာတော့ ပြည်ထောင်စုလွတ်တော် အစည်းအဝေးတွေကို ၂၇ရက်နေ့မြောက်အဖြစ်ပြန်လည်ကျင်းပပါတယ်။ သိပ်ထူးထူးခြားခြားမရှိပေမယ့်လို့ သမ္မတက လွတ်တော် နာယက ဆီကို သ၀န်လွှာတွေပို့ပါတယ်။ တစောင်မှာတော့ ဧပြီလ ၁ရက်နေ့က စတင်လိုက်တဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းကိစ္စ ရှင်းပြထားပြီးတော့ လက်ရှိသုံးစွဲနေစဲဖြစ်တဲ့ FEC ကိုလည်းဈေးကွက်ကနေပြီးတော့ စီမံချက် နဲ့ ရုတ်သိမ်းသွားမယ်လို့ သမ္မတက ပြောပါတယ်။ တခါ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခဲ့တာအပါအ၀င် သမ္မတ တနှစ်သက်တန်း သမ္မတရဲ့ အခြေခံ ဥပဒေနဲ့ မညီညွတ်တဲ့ ဆောင်ရွက်ခဲ့တဲ့ အချက် ၃ ချက်အပေါ် သမ္မတက သူဟာမြန်မာ့ ဒီမိုဂရေစီရေးအတွက်လုပ်ခဲ့ပါကြောင်းကို ပြန်ရှင်းပြခဲ့ပါတယ်ခင်ဗျား။

နေပြည်တော်ရောက် BBC သတင်းထောက် ကိုချို ဖြစ်ပါတယ်

မရီ။   ။ လွတ်တော်အတွင်းမှာအခုလိုဆွေးနွေးမှုတွေရှိနေပေမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရခဲ့ ကြတဲ့ NLD အမတ်တွေကတော့ ဒီကနေ့ထိ လွတ်တော်မတတ်ကြသေးပါဘူး ။ ကျမ်းသစ္စာ ကျန်ဆိုရာမှာ ပါဝင်တဲ့ စကားလုံးအသုံးအနှန်းပြင်ဆင်ရေး ကိစ္စညိုနိုင်းမှုတွေမပြီးပြတ်သေးတဲ့ အတွက်ကြောင့်ပါ။ ဒီတော့ NLD အမတ်တွေ လွတ်တော်တက်နိုင်မယ့် အနေအထားက ဘယ်လိုရှိပါသလဲ။ အမျိုးသား ဒီမိုဂရေစီ ပါတီသစ်ခေါင်းဆောင် ဦးသိန်းညွန့် ကို ဆက်သွယ်မေးကြည့် ထားပါတယ်။

ဦးသိန်းညွန့်  ။      ။ ကျွန်တော်ဥပဒေသမား တယောက်အနေနဲ့ ပြောချင်တာကတော့ NLD လွတ်တော်ထဲရောက်လာဖို့အတော့ လွတ်တော်ကိုယ်စားလှယ် ဖြစ်မြောက်ရေးဆိုင်ရာနည်း ဥပဒေအတိုင်း လုပ်ရမှာပေါ့။ ကျွန်တော်တို့ လွတ်တော်ကိုယ်စားလှယ် ဖြစ်တယ်ဆိုတာ အခြေခံ ဥပဒေမှာ ပါရှိတဲ့ ဥပဒေတွေကိုလိုက်နာမှ ရမှာကို။ တရားဥပဒေ စိုးမိုးရေးစကား ပြောထားတဲ့ လူတွေက ပိုပြီး တော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေ၊  ပြဌာန်းထားတဲ့ ဥပဒေတွေကို လိုက်နာရမှာပေါ့။

မရီ။   ။ အခုလောလောဆယ်မှာ NLD  ဘက်က ကျမ်းသစ္စာ ကျိန်ဆိုမယ့် စကားလုံးနဲ့ ပက်သက်ပြီး တော့ ညိုနိုင်းနေတယ်ပေါ့နော်။ ဒီလိုပြင်ဆင်တယ်ဆိုတဲ့ နေရာမှာ ဘယ်လို လမ်းကြောင်းနဲ့ လုပ်နိုင်မယ်လို့ မြင်ပါသလလဲ။

ဦးသိန်းညွန့်  ။      ။ ကျွန်တော်ကတော့ ထပ်တလဲလဲ ပြောချင်တဲ့စကားကတော့ အခြေခံ ဥပဒေကိုပြင်ချင်ရင် ဒီအခြေခံ ဥပဒေမှာ ပြဌာန်းထားတဲ့ အခန်း ၁၂ မှာပါတဲ့ အချက်အရ ပြည်ထောင်စု လွတ်တော်မှာ အခြေခံ ဥပဒေပြင်ဖို့ ၂၀ % သောလွတ်တော် ကိုယ်စားလှယ်တွေရှိဖို့ လိုတယ်။ အခုလက်ရှိမှာ ဘယ်သူမှမရှဘူး။ ဆိုတော့ ဒီဟာတွေက ရွေးကောက်ပွဲမ၀င်ခင်မှာ စဉ်းစားရမယ့် ကိစ္စတွေ။

မရီ။   ။ ပြင်ဆင်ဖို့အတွက် ဆိုရင် လွတ်တော်ထဲမှာ ရှိတဲ့ ၂၀ %သော လွတ်တော်ကိုယ်စားလှယ်တွေထောက်ခံမှ ဖြစ်မယ်။ အခုက မပြည့်သေးဘူးပြောနေတော့ တိုင်းရင်းသား ကိုယ်စားလှယ် ဘက်ကတော့ သူတို့ ဒီကိစ္စကို ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ပြောပါတယ်ရှင့်။ တခြားကိုယ်စားလှယ်အနေနဲ့ ဒီလိုလုပ်ဆောင်မယ့် ပုံတွေတွေ့ရပါသလားရှင့်။

ဦးသိန်းညွန့်  ။      ။ တိုင်းရင်းသား ကိုယ်စားလှယ်ကိုတော့ ကျွန်တော်အတိအကျမသိဘူး။ ဒေါက်တာအေးမောင် ပြောနေတာကတော့ မီဒီယာ က ကြားတယ်လေ။ သူပြောခဲ့တာဟာ ဘယ်လောက်ထိ လုပ်နိုင်မယ်ဆိုတာ စောင့်ကြည့် ရမှာပေါ့။ ကျွန်တော်တို့သဘောထားကတော့ လွတ်တော်ကိုယ်စားလှယ် ဖြစ်မြောက်ပြီတော့ လွတ်တော်အတွင်းမှာ အခြေခံ ဥပဒေအပါအ၀င်ပြဌာန်းထားတဲ့  ဥပဒေတွေနဲ့ ပက်သက်ပြီးတော့ ပြင်ချင်တာတွေ ပြောချင်တာတွေကို လွတ်တော်အထဲဝင်ပြီး ပြောမှရမှာ။ အရေးကြီးဆုံးကတော့ ကြိုးဝိုင်းထဲရောက်ဖို့လိုပါတယ်။

မရီ။   ။ လွတ်တော်ထဲမှာ မဟုတ်ဘဲနဲ့ တခြားနည်းလမ်းအားဖြင့် ရော ပြင်နိုင်တဲ့ အနေအထား မြင်နိုင်ပါသလား။

ဦးသိန်းညွန့်  ။      ။ အခြေခံဥပဒေကို လွတ်တော်ထဲမှာ ပြင်လို့မရရင် အပြင်က ပြင်မယ်ဆိုတာတော့ အားလုံးသိကြတဲ့အတိုင်း လမ်းပေါ်ထွက် ထိတ်တိုက် နိုင်ငံရေးလုပ်မှရမှာပေါ့။ ထိပ်တိုက်နိုင်ငံရေး က အလုပ်ဖြစ်လား၊ မဖြစ်လားဆိုတာ နှစ်ပေါင်း ၂၂ နှစ်အတွေ့အကြုံ  ကပြခဲ့ ပြီးပြီလေ။

မရီ။   ။ ဆိုလိုတာက အခြေခံ ဥပဒေ ဆိုင်ရာ တရားရုံးကနေ ပြင်မယ်ဆိုရင် ဖြစ်နိုင်ခြေမရှိဘူးလားမသိဘူးရှင့်။
ဦးသိန်းညွန့်  ။      ။ တရားရုံးက အခြေခံ ဥပဒေကို ပြင်နိုင်ခွင့် အာဏာမှမရှိဘဲ။ အခြေခံ ဥပဒေကိုပြင်ဆင်နိုင်ဖို့ က ပြည်ထောင်စုလွတ်တော်ဘဲရှိတယ်။

မရီ။   ။ အခုလောလောဆယ်မှာ တွေနေရတဲ့ အနေအထားအရ ၂၀%  သော လွတ်တော်ကိုယ်စားလှယ်တွေ တောင်မှ မရှိဘူးဆိုရင် ၊ လွတ်တော်ထဲရောက်လာပြီးမှပြင်ဖို့ဆိုတာ က ဘယ်လောက်များ လွယ်ကူနိုင်ပါ့မလဲ။ ဖြစ်နိုင်ခြေ ဘယ်လောက်ရှိနိုင်ပါသလဲ။

ဦးသိန်းညွန့်  ။      ။ အဲဒါကတော့ ကျိုးစားမှုပေါ်မှာမှုတည်တာပေါ့နော်။ အခုပြောသလို လွတ်တော်ထဲဝင်ပြီး တော့ ဘတ်ပေါင်းစုံနဲ့ နားလည်မှု၊ အပြန်အလှန်ယုံကြည်မှုရအောင်လုပ်ရမှာပေါ့။

အမျိုးသား ဒီမိုဂရေစီ ပါတီသစ်ခေါင်းဆောင် ဦးသိန်းညွန့်ဖြစ်ပါတယ်ရှင်။

0 comments:

Post a Comment