Monday, April 30, 2012

Filled Under: , ,

RFA တနင်္ဂနွေစကားဝိုင်း .......29 April 2012

RFA တနင်္ဂနွေစကားဝိုင်း (29 April 2012 )

RFA ဦးခင်မောင်ငြိမ်း စီစဉ်ထုတ်လွင့်တဲ့ တနင်္ဂနွေစကားဝိုင်း ဖြစ်ပါတယ်။
NLD ပါတီက ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရလွတ်တော်ကိုယ်စားလှယ် တွေလွတ်တော်ထဲ ကို ၀င်ဖို့ ကျမ်းသစ္စာ ကျိန်ဆိုတဲ့ ကိစ္စအပေါ်မှာ ဝေဖန်သံမျိုးစုံ ထွက်ပေါ်နေတဲ့ အကြောင်းတွေကို အခြေခံ ပြီးတင်ပြဆွေးနွေးမှာပါရှင်။ 

RFA ဦးခင်မောင်ငြိမ်း ။    ။ သောတရှင်များခင်ဗျာ။ အခုရက်ပိုင်း တွေမှာ မြန်မာနိုင်ငံထဲမှာ လူပြောများနေကြတဲ့ သတင်းကတော့ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ NLD ပါတီက ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းတွေ လွတ်တော်ကိုယ်စားလှယ်အဖြစ် ပါလီမန်ထဲကို ၀င်ရောက်ရေးအတွက် ကျမ်းကြိမ်ဖို့ကိစ္စတွေမှာ စကားလုံးအသုံးအနှုန်းပြောင်းလဲပြင်ဆင်ပေးဖို့ ပြောဆိုနေကြတဲ့ ကိစ္စဘဲဖြစ်ပါတယ်။ အခုအခါမှာ အင်တာနက်၊ web blog၊ facebook၊ စာမျက်နှာတွေမှာ အမျိုးမျိုးအဖုံအဖုံ ရေးသားနေကြတာကိုလည်းဘဲ ကျွန်တော်တို့ မြင်တွေနေကြပါတယ်။ တချို့ ကလည်းဘဲ NLD ပါတီအနေနဲ့ လက်ရှိအခြေအနေအတိုင်း ကျမ်းသစ္စာကျိန်ဆိုပြီး တော့လွတ်တော်ထဲကို ၀င်၊ ၀င်ပြီးတော့မှာ လွတ်တော်ထဲမှာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေတွေထဲမှာ မကြိုက်တာတဲ့ အချက်တွေကို ပြင်ဆင်ပြောင်းလဲပါလား၊ ဘာဖြစ်လို့ အခုတည်းက တင်းခံနေတာလဲလို့ အပြစ်တင်တဲ့ လူတွေလည်းရှိပါတယ်။

တချို့ကလည်းဘဲ NLD ပါတီအနေနဲ့ အခုလို တောင်းဆိုတာမှန်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုဂရေစီ နည်းလမ်းတကျရေးဆွဲထားတာမဟုတ်ဘဲနဲ့ စစ်တပ်ကနေပြီးသူတို့ တဖက်သတ်ရေးဆွဲထားတာကြောင့် စစ်တပ်ရဲ့လွမ်းမိုးမှူကို ခံနေရတာဖြစ်တာမို့လို့ အခုကတည်းက လိုအပ်တာတွေပြင်ဖို့လိုတယ်ဆိုပြီးတော့ ထောက်ခံကြတဲ့ အင်အားစုတွေကိုလဲဘဲတွေ့ရပါတယ်။

ဒီကိစ္စတွေကို ဆွေးနွေးဖို့ အတွက်အခုထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့အရေးမပြတ်လေ့လာသူတွေဖြစ်ကြတဲ့ စာရေးဆရာ ဦးဇော်လင်း၊ (Burma Analyst, Thailand)ဗဟုအဖွဲ့အစည်းက ပြောရေးဆိုခွင့်ရှိသူ ဦးအောင်သူငြိမ်းနှင့် AHRC ခေါ်အာရှလူ့အခွင့်အရေးကော်မရှင် မြန်မာ့အရေးတာဝန်ခံ ရှေ့နေဦးမင်းလွင်ဦး တို့ကို တယ်လီဖုန်းလိုင်းပေါ်မှာဖိတ်ခေါ်ထားပါတယ်။

RFA ဦးခင်မောင်ငြိမ်း ။    ။ ဒီတော့ အခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပက်သက်ပြီးတော့ ဦးစွာ NLD ပါတီကနေပြီးတော့ တောင်းဆိုတာတွေကို ဘယ်လိုသဘောရသလဲဆိုတာ ဦမင်းလွင်ဦးကိုမေးပါရစေ။

ဦမင်းလွင်ဦး ။       ။ ကျွန်တော်တို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဒီ NLD က အခုပြင်ဆင်ခိုင်းတဲ့ လေးစားလိုက်နာပါမည်ဆိုတဲ့ စာသားနဲ့ ပက်သက်ပြီး အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုကျွန်တော်တို့ ကြည့်မယ်ဆိုရင် ၂မျိုးဖြစ်နေတာကို ကျွန်တော်တို့တွေ့ရပါတယ်။ ပုဒ်မ ၆၅ မှာ နိုင်ငံတော်သမ္မတ နဲ့ ဒုသမ္မတတွေ ဂတိသစ္စာ ဆိုတဲ့အခါမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိမ်းသိန်းစောင့်သိလိုက်နာ ပြီး  နိုင်ငံတော် ဥပဒေများကို လိုက်နာကျင့်သုံးပါမည်ကို အနက်အဓိပ္ပါယ် ဖွင့်ဆိုထားပါတယ်။ နောက်ပြီးတော့ တခါ ဇယား၎ မှာ ကျွန်တော်တို့  ယခု ပြဿနာတက်နေတဲ့စကား လုံးတွေနဲ့ကတော့ ဒီကိုယ်စားလှယ်အဖြစ်ရွေးခြယ်ခံရပြီး ဖြစ်သဖြင့်  နိုင်ငံတော်ဥပဒေကို ထိန်းသိန်းကာကွယ်စောင့်ရှောက်ပါမယ်ဆိုပြီး နိုင်ငံတော် ဥပဒေများကိုလည်း လိုက်နာပါမည်ဆိုပြီးတော့ အနက်အဓိပ္ပါယ် ၂ မျိုးဖွင့်ဆိုထားတာကို ကျွန်တော်တို့တွေ့ရပါတယ်။ အင်္ဂလိပ်လိုရေးသားထားတဲ့ အခါမှာတော့ အဓိပ္ပါယ် တစ်ခုတည်းဘဲဖြစ်တယ်။ uphold လို့ခေါ်တဲ့ စကားလုံးတလုံးဘဲသုံးထားတာကို တွေ့ရတယ်။ ဒါကိုအနက်အဓိပ္ပါယ်ဖွင့်ဆိုတဲ့ အခါမှာ စောစောကပြောသလိုမျိုး ၂ ခုကွာခြားသွားတာကို ကျွန်တော်တို့တွေ့ရပါတယ်။ နောက်တခါကျွန်တော်တို့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနဲ့ ရွေးကောက်ကပွဲကော်မရှင်ကနေပြီးတော့ နိုင်ငံရေးပါတီတွေမှတ်ပုံတင်လက်ခံဖို့ လုပ်တဲ့အခါမှာ နိုင်ငံတော်သမ္မတ ရဲ့အမိန့်ကြေညာစာနဲ့ ဒီထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမည်စကားရပ်အစား လေးစားလိုက်နာပါမည်ဆိုတဲ့ စကားရပ်ကို အစားထိုးပြီးပြင်ဆင်ပေးခဲ့တာကို လည်းတွေ့ရတဲ့အတွက် ____uphold_ ဆိုတဲ့ စကားလုံးမှာတင် ဘဲအနက်အဓိပ္ပါယ်ဖွင့်မှု ၃ ခုကွဲနေတယ်ဆိုတာကို ကျွန်တော်တို့တွေ့ရတယ်။ အဲဒီတော့ သမ္မတအနေနဲ့ အမိန့်ကြေညာစာနဲ့ပက်သက်ပြီး တဲ့အခါမှာ အနီးကပ်ဆုံးပြည်သူ့လွတ်တော်ကို အစီရင်ခံစာတင်သွင်းအတည်ပြုချက် ယူလိုက်တယ်ဆိုရင် ဒီပြဿနာက အခုလောက်ထိဖြစ်လာစရာအကြောင်းမရှိဘူးလို့ ကျွန်တော်မြင်ပါတယ်။
အဲဒီတော့ ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာ ဒီလိုအနက်အဓိပ္ပါယ်ဖွင့်ဆိုတဲ့အခါ တခါတရံမှာ မှားယွင်းတာတွေက အခုတင်မဟုတ်ပါဘူး။ ကျွန်တော်တို့ ယခင်တုန်းကတည်းက ဒီလိုမျိုးဖြစ်တယ်ဆိုတာတွေကိုကျွန်တော်တို့တွေ့ရပါတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၂၂ မှာ ဥပဒေအရတည်ထောင် သောအစိုးရဆိုတာ ကျွန်တော်တို့ ဘာသာပြန်ထားတာဖြစ်တယ်။ အင်္ဂလိပ်လိုမှာတော့ Constituted Government ဖွဲ့စည်းပုံအခြေခံ ဥပဒေအရခန့် အပ်တဲ့အစိုးရဆိုတဲ့ အဓိပ္ပါယ်ရှိနေတာကိုတွေ့ရတယ်။ အဲဒီတော့ ဒီလိုဥစ္စာတွေကို ယခု ဖြစ်နေတဲ့ အစိုးရသစ်အနေနဲ့ ပြည်သူလွတ်တော်မှာ စကားရပ်အနက်အဓိပ္ပါယ် ဖွင့်ခြင်းကို ပြင်ဆင်ပေးလိုက်လို့ ရှင့်ရင်တော့ မှန်ကန်မျှတပြီး NLD အနေနဲ့ လည်းပြည်သူ့လွတ်တော်ကို တက်ရောက်နိုင်မယ်လို့ ကျွန်တော်တို့ကတော့ ထင်မြင်ယူဆပါတယ်။

RFA ဦးခင်မောင်ငြိမ်း ။    ။ ဟုတ်ကဲ့။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုတာက ဒေါ်အောင်ဆန်းစုကြည်ကလည်းဘဲ ရွေးကောက်ပွဲမဲဆွယ် ခရီးစဉ်ထဲမှာ ပြောခဲ့တာပါဘဲ။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေက ခုနကပြောသလိုဘဲ ဒီမိုဂရေစီ နည်းတကျလုပ်ထားတာမဟုတ်ဘူး ။ အဲဒီအချိန်အခါတုန်းက တော့ ဒီနာဂစ် မုန်တိုင်းတိုက်ခိုက်ပြီးသွားခါစကတည်းက တိုင်းပြည်မှာမငြိမ်မသက်ဖြစ်နေတဲ့ အချိန်အခါလို့ တော့ ဒီလိုပြောမယ်ဆို ပြောလို့ရတာပေါ့ဆိုတော့ အဲဒီတုန်းက ၉၂ % နဲ့ထောက်ခံမဲနဲ့အတည်ပြုတယ်ဆိုပေမယ့်လို့ ဒါကိုပြည်သူအများစုလည်းလက်မခံဘူးဆိုတာ ကျွန်တော်တို့ ကြားသိနေရပါတယ်။ ဒီတော့ အခုပြောသလိုပေါ့ လေ။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတဲ့ အချက်အလက်တွေနဲ့ ပက်သက်ပြီး အငြင်းပွားနေတဲ့အပေါ်မှာ ဆက်ပြီးတော့ ကျွန်တော်တို့ ဆွေးနွေးပါရစေအုန်း။ ဦးဇင်လင်းကရော ဘယ်လိုများ ဒီကိစ္စအပေါ်မှာ သုံးသပ်ထားပါသလဲ။

ဆရာဦးဇင်လင်း  ။         ။ ဟုတ်ကဲ့။ ခုနက ဦးခင်မောင်ငြိမ်းထောက်ပြသွားတဲ့အချက်ကလေးကောင်းပါ တယ်။ ဘာလို့ဆိုတော့ ဒီနာဂစ်ဖွဲ့စည်းပုံလို့ လူတွေခေါ်နေတဲ့ ကျွန်တော်တို့ လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ ကျွန်တော်တို့တကယ်တမ်းပြော မယ်ဆိုရင် ပြည်သူလူထုအများစုက အလေးထားပြီးတော့ သဘောတူလက်ခံခဲ့တဲ့ ဖွဲ့စည်းပုံအုပ်ချုပ်ပုံမဟုတ်ဘူး ဆိုတာကတော့ ပြည်တွင်းမှာကော နိုင်ငံတကာမှာကော ဒီအချက်က အားနည်းချက်ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုဂရေစီ အဖွဲ့ချုပ်က သူတို့ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ပြီးတော့ ရွေးကောက်ပွဲဝင် တဲ့အခါမှာ သူတို့ပါတီအနေနဲ့ ချမှတ်ထားတဲ့ မှုဝါဒအရ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ထဲကမှ ဒီမိုကရေစီ အဖွဲ့ အစည်းလမ်းစဉ်၊ လူထုအဖွဲ့အစည်းတွေနဲ့ မကိုက်ညီတဲ့ အပိုဒ်တွေ၊ အချက်အလက်တွေကို သူတို့ ပြင်ဖို့ရှိတယ်ဆိုတာကို သူတို့အတိအလင်းထုတ်ဖော်ပြောပြီးသားဖြစ်တယ်။ ဒါကြောင့်မို့လို့ အမျိုးသားဒီမိုဂရေစီအဖွဲ့ချုပ်အနေနဲ့ သူရဲ့မူဝါဒလို့ပြောရမှာပါ။ ဒီမှုကိုတော့ စောင့်ထိန်းရမယ့်တာဝန်ရှိတာပေါ့၊ ပြောပြီးသားစကားဆိုတော့ ၊ ဒါကြောင့်မို့ အခုလက်ရှိဖြစ်ပေါ်နေတဲ့ စကားအသုံးအနှုန်း၊ ဝေါဟာရကွဲလွဲချက်တွေ ကတော့ သာမန်ကြည့်ရင် ဘာမှမပြောလောက်တဲ့ ကိစ္စဆိုသော်ညားလဲဘဲ အစကောင်းမှအနှောင်းသေချာဆိုသလိုပေါ့။ ခုနက ဦးမင်းလွင်ဦးထောက်ပြသွားတဲ့ စကား လုံးဝေါဟာရအထားအသိုအနေအထားကလည်း တကယ်တော့နိုင်ငံတကာ အဆင့်အတန်းမီအောင် ပြည်သူလူထု တကယ်ယုံကြည်လောက်တဲ့ အဖွဲ့အစည်း ပုံဖြစ်အောင်ဆိုရင်တော့ စကားတလုံးခြင်းအသုံးအနှုန်းကစပြီးတော့ အားလုံး အချက်အလက်တိုင်းဟာ အတတ်နိုင်ဆုံးပြည်သူလူထုအကျိုးကို ဖြစ်ထွန်းစေမယ့် ဒီမိုဂရေစီစနစ်ကို ဖွင့်ဖြိုးစေနိုင်တဲ့ ကိစ္စဖြစ်အောင် ကျွန်တော်တို့ ဂရုတစိုက် လုပ်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့မြင်တာကတော့ ဒေါ်အောင်ဆန်းစုကြည် လည်းထပ်တလဲလဲပြောပါတယ်။ NLD ခေါင်းဆောင်တွေကလည်း ပြောပါတယ်။ အခုကိစ္စက ဒါကျွန်တော်တို့နိုင်ငံရေး အရ အခုအခံဖြစ်တဲ့ ပြဿနာမျိုးမဟုတ်ဘူး။ ဒီဥစ္စာလုပ်ထုံးလုပ်နည်းပြဿနာဘဲဖြစ်တယ်။ ဒါကြောင့်အများက ထင်မြင်နေကြသလို ပြဿနာကြီးမဟုတ်ဘူး။ နိုင်ငံရေးအရ ခပ်တင်းတင်းဖြစ်ပြီးတော့ ရှေ့မတိုး နောက်မဆုတ်မဲ့ အနေအထားမျိုးမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ NLD ရွှေကောက်ပွဲဝင်ဖို့ဆိုတဲ့ ကိစ္စဟာ သေချာပြန်စဉ်းစားရင် ဦးသိန်းစိန် သမ္မတ ကျမ်းသစ္စာဆိုပြီးမှ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကြိုတင်ပြီးညှိကြတဲ့ သဘောတူ ညီချက်တွေလဲ သူတို့မှာ ရှိတယ်လို့ ကျွန်တော်တို့ အကြမ်းအားဖြင့် ကျွန်တော်တို့ သိတာပေါ့လေ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့တွေ့တဲ့ ကိစ္စရပ်တွေ၊ သမ္မတကြီးနဲ့တွေတဲ့ဟာတွေ ၊ ဒီကြားထဲမှာ အသွားအလာ အဆက်အဆံတွေ ရှိမှာပေါ့။ ဒီတော့ မှ အချက်အလက်တွေက ရုပ်ပုံကားချက်ကြီးတခုလုံး ကို သေချာသိတာ ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းတဲ့  အခါမှာပြည်သူလူထုကို ကိုယ်စားပြုနိုင်တဲ့ ဒီပါတီအဖွဲ့ အစည်းထဲက ဖြစ်အောင် အစစအရာရာ ကျွန်တော်တို့အသေးစိတ်ကစပြီး အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ အခြေခံအုပ်ချုပ်ပုံဆိုတာ အင်မတန် အရေးကြီးတဲ့ ကိစ္စဖြစ်တယ်။ စကားလုံးအသုံးအနှုန်းအထားအသိုတွေဟာလည်းဘဲ ဖွဲ့စည်းအုပ်ချုပ်ပုံဖြစ်လို့ ကျွန်တော်တို့ ကအရေးကြီးတယ်လို့ပြောရတာဖြစ်တယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေဆိုတာ ပြည်သူလူထုနဲ့ အစိုးရကြားက ကျွန်တော်တို့ Social Contract ကို ဆိုတော့ ဒါတွေဟာအစကောင်းမှ အနှောင်းသေချာဆိုသလို NLD က စနစ်တကျအဆင့်လိုက်အဆင့် ဆောင်ရွက်နေတယ်လို့ ကျွန်တော်တို့မြင်တယ်။ သူတို့တွက်ဆချက်ကလည်းဘဲ သမ္မတကြီး ဦးသိန်းစိန်က အမှန်တကယ်ပြုပြင်ပြောင်း လဲမှုကိုလိုလားတဲ့ လူဖြစ်တယ်။ ညှိနိုင်းလို့လဲရတယ်။ ဘာဘဲပြောပြော မူလ ညှိနိုင်းချက်တွေ၊အတွေ့အကြုံနဲ့ လက်ရှိဖြစ်စဉ်မှာမှုတည်ပြီးတော့ NLD ဘက်က တော့ဒီကိစ္စတွေဟာ အခက်အခဲအတားအဆီး ဖြစ်မဲ့ကိစ္စရပ်မျိုးမဟုတ်ဘူး။  ညှိနိုင်းဆွေးနွေးခြင်းဖြင့် ပြေလည်သွားမယ်လို့ယေဘူယအားဖြင့်သုံးသပ်ပါတယ်။ ဒါကြောင့်အစကတည်းကို က အစဉ်ပြေသွားဖို့ဘက်ကို ဦးတည်နေတယ်လို့ ကျွန်တော်တို့ သုံးသပ်ပါတယ်။

RFA ဦးခင်မောင်ငြိမ်း ။    ။ NLD ပါတီပြေရေးဆိုခွင့်ရှိသူတွေကလည်း ဒီလိုဘဲပြောပါတယ်။ မကြာခင်မှာ ဒီကိစ္စပြေလည်သွားမယ်လို့မျှော်လင့်တယ်ဆိုတာကို ပြောထားတာ ကျွန်တော်တို့သိရှိရပါတယ်။ အဲဒီတော့ ကိုအောင်သူငြိမ်းကရော ဒီကိစ္စအပေါ်မှာ ဘယ်လိုမြင်ပါသလဲ ။

ကိုအောင်သူငြိမ်း ။ ။ ပထမဦးဆုံးကျွန်တော်ထင်တာပေါ့နော်။ အခုဒီစာသားပြဿနာ ခုနကလိုလေးစားလိုက်နာပါမယ်ဆိုတဲ့ဒီလက်ရှိ ဖွဲ့စည်းပုံကိုကာကွယ်စောင့်ရှောက် ပါမယ်ဆိုတာ စသဖြင့် က ကျွန်တော်ထင်တာက ဒီလွတ်တော်လုပ်ထုံးလုပ်နည်း ဥပဒေလို့ကျွန်တော်ထင်ထားတယ်။ ဒါပေမယ့်ပြဿနာက ကျွန်တော် အခုဒီဖွဲ့စည်းပုံ စာအုပ်တွေလှန်ကြည့်တဲ့အခါကျတော့ ဒီဖွဲ့စည်းပုံထဲမှာ ဒီဇယား ၄ ဆိုပြီးတော့ နောက်ဆက်တွဲဖော်ပြထားတဲ့အနေအထားတွေ့ရတယ်။ ဆိုတော့ကျွန်တော်မြင်တာက ဒီပြဿနာဟာ ဒီထက်လည်းရှည်ကြာသွားနိုင်တဲ့အနေအထားရှိတယ်လို့ ကျွန်တော် ထင်တယ် ။ ဥပမာ အားဖြင့် သမ္မတဦးသိန်းစိန်ကတော့ စိတ်ထားကောင်းတာ တွေဖြစ်နိုင်ပါတယ်။ နောက်တခုကျတော့ ဒါကို သမ္မတရဲ့ အာနာနဲ့ပြင်ပေးမယ် ဆိုရင်လည်း မဖြစ်နိုင်တဲ့အနေအထားဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ဖွဲ့စည်းပုံထဲမှာ ပြင်ဆင်ချင်ရင် ဖွဲ့စည်းပုံထဲမှာပြဌာန်းထားတဲ့အတိုင်း သူ့ရဲ့ အမတ် ၇၅% ကနေထောက်ခံမှဖြစ်မယ် ဆိုတဲ့ဟာတွေ စသဖြင့် ဒီလိုတွေဖြစ်လာတဲ့ အခါကျတော့ ကျွန်တော်က ဒီကိစ္စဟာ ဒီထက်လည်းကြသွားနိုင်တဲ့အနေအထား ရှိတယ်လို့ကျွန်တော် စိုးရိမ်နေတယ်။  တကယ်လို့အားလုံးသဘောတူပြီးတော့ ပြေပြေလည်လည်မြန်မြန်ဖြစ်သွားရင်တော့လည်း ပိုကောင်းတာပေါ့ခင်ဗျာ။
RFA ဦးခင်မောင်ငြိမ်း ။    ။ ဒီကိစ္စဟာ ခုနပြောသလို လွတ်တော်ထဲမှာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့အတွက်က ၇၅% အမြဲတမ်းထောက်ခံမဲ ရ ရမယ်ဆိုတော့ စစ်တပ်က ၂၅% နေရာတွေယူထားတဲ့အခါမှာ ဒီ ၇၅% ကျော်ဖို့ဆိုတာ တော်တော်ကိုဘဲခက်ခဲတဲ့ ကိစ္စပါ။ ဒါကြောင့် NLD ပါတီအနေနဲ့ က ဒီစစ်တပ် ၂၅% လွတ်တော်နေရာတွေကို ယူထားတာတွေကို ဒီမိုကရေစီနည်းလမ်းမကျဘူး လို့ပြောနေကြတာပါဘဲ။ ခုနက ကိုအောင်သူငြိမ်းပြောသလိုဘဲ တကယ်လို့များ ဒီကိစ္စဟာ ကာလရှည်ကြာသွားရင် စိုးရိမ်စရာဖြစ်လာမယ်ဆိုတာလည်းဘဲ ကျွန်တော်တို့ကြားမိပါတယ်ဘာကြောင့်လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ထဲမှာ ဒီလွတ်တော်ကိုယ်စားလှယ်တယောက်ဟာ ဒီလွတ်တော်ကျင်းပနေတဲ့အချိန်ထဲမှာ ၁၅ ရက်  ဆက်တိုက်သူက ပျက်ကွက်တယ်ဆိုလို့ရှင်ရင် အလိုလိုနေရင်းနဲ့ ဒီလွတ်တော် နေရာကို လက်လွတ်ဆုံးရှံးရမယ်ဆိုတဲ့ အပိုဒ်တပိုဒ်ပါရှိတယ်လို့ ကြားမိပါတယ် ။ အဲဒီလို ဆိုလို့ရှင်ရင်တကယ်လို့ များ၁၅ရက်တိုင်သည်အထိ ဒီ NLD က ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ကိုယ်စားလှယ်တွေ ကျမ်းသစ္စာမကျိန်ဆိုနိုင်ဘူးဆိုရင် ဘာတွေဖြစ်ကုန်မလဲဆိုတာ ဒါတွေကို ပူပင်နေတဲ့လူတွေရှိနေတာပါ။ ကိုမင်းလွင်ဦး ခင်ဗျာ ဥပဒေကြောင်းအရ ဒီကိစ္စကို ဘယ်လိုများမြင်မိပါသလဲဆိုတာပြောပါအုန်း။

ဦမင်းလွင်ဦး ။       ။ အဲဒီဟာကိုပြောမယ်ဆိုရင်တော့ ကျွန်တော်တို့ ဒီ လွတ်တော် အစည်းအဝေးက ပြီးပြီ နောက်တကြိမ် ကျင်းပဖို့ဆိုရင် ဇူလိုင်လမှ ဖြစ်တယ် ဆိုတဲ့ အခါကျတော့ စောစောကပြောသလိုမျိုး ၁၅ ရက်သက်မှတ်ချက်ထဲမှာပါဝင်တယ် မပါဝင်ဘူးဆိုတဲ့ Limitation က တော့တော်တော်စဉ်းစားရမယ့် ပြဿနာဖြစ်တယ်။
ကျွန်တော်တို့ဒီနေရာမှာနားမလည်တာတချက်က ဒါက ကျမ်းသစ္စာ ကျိန်ဆိုပြီးသား လွတ်တော်ကိုယ်စားလှယ်တွေကို ဆိုလိုတာလား၊ ဒါမှမဟုတ်လို့ရှိရင် ကျမ်းသစ္စာ မကျိန်ဆိုရသေးတဲ့ ကိုယ်စားလှယ်လောင်းတွေအတွက်ကော အကျိုးဝင်သလား။ ဆိုတာ ကျွန်တော်တို့နားမလည်ပါဘူးခင်ဗျာ။

ကျွန်တော့အနေနဲ့ နားလည်တာကတော့ ကျမ်းသစ္စာကျိန်ဆိုပြီးတဲ့ လွတ်တော် 
ကိုယ်စားလှယ်တွေအနနဲ့လို့ဘဲကျွန်တော်တို့နားလည်ပါတယ်။ အဲဒီတော့ ကျမ်းသစ္စာမကျိန်ဆိုရသေးတဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့နောက်တကြိမ်ကျင်းပတဲ့ ပြည်သူ့လွတ်တော်အစည်းအဝေးမတိုင်ခင် ကြားထဲမှာဒီကိစ္စကို ဇူလိုင်မှာကျင်းပမယ့် ပြည်သူ့လွတ်တော်အစည်းအဝေးမှာ ပြန်လည်တက်ရောက်ပြီးတော့ ကျမ်းသစ္စာကျိန်ဆိုဖို့လိုအပ်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါကြောင့်ကျမ်းသစ္စာကျိန်ဆိုပြီးလို့ ခွင့်မတိုင်ဘဲ ၁၅ ရက်ပျက်တယ် ဆိုလို့ရှင်ရင် လွတ်တော်ကိုယ်စားလှယ်အဖြစ်က ပျက်တဲ့သဘောမျိုး ကျွန်တော်တို့တွေ့ရတယ်။

RFA ဦးခင်မောင်ငြိမ်း ။    ။ ဒီအချက်ပေါ်မှာ ဆရာဇင်လင်းကော ဆွေးနွေးစရာရှိပါသလား ။
ဆရာဦးဇင်လင်း  ။         ။ ကျွန်တော်မြင်တာကတော ဒီ NLD ဘက်က ဒေါ်အောင်ဆန်းစုကြည်ကိုတိုင် ကောသူတို့ရွေးကောက်ပွဲဝင်တာကိုက လွတ်တော်တက်ခြင်လို့ဝင်တာဖြစ်တယ်။ လွတ်တော်အကျိုး၊ ပြည်သူ့အကျိုး ကိုဆောင်ရွက်ချင်လို့ဝင်တာဖြစ်တယ် ဆိုတဲ့ စကားခံတွေလည်းရှိတယ်။ ကျွန်တော်ပြောခဲ့သလိုပါဘဲ သူတို့နောက်ကွယ်ကဆွေးနွေးဝိုင်းတွေမှာသူတို့ သဘောတူခဲ့တဲ့ အခြေခံအချက်တွေလည်းရှိတာပေါ့ဆရာရယ်။
တချို့ကလည်းအဲဒီလိုဘဲပြောတာပေါ့။ သမ္မတကြီးဦးသိန်းစိန်နဲ့ သူတို့ ချင်းတွေ့စုံဆွေးနွေးတုန်းက ဘာတွေသဘောတူထားခဲ့လဲ ဆိုတာတွေတခြား လူတွေမသိကြဘူး။ အခုသမ္မတက ခရီးထွက်နေတယ်ဆိုတော့ ဒီကိစ္စကမပြေ လည်သေးဘူး။ ပြန်ရောက်ရင်တော့ ပြေလည်သွားကောင်း ပြေလည်သွား ပါလိမ့်မယ်လို့ပြော ကြတယ်။

နောက်တချက်ကတော့ ဦးသိန်းစိန်နဲ့၊  ရပ်စလုံးက လွတ်တော် ဥက္ကဌတွေအနေနဲ့ကော ပြောထားတဲ့ စကားရပ်ထဲမှာ ထူးခြားတာတခုကတော့ သူတို့လွတ်တော်ထဲမှာ သူတို့ သွားချင်တဲ့ ပုံစုံကတော့ အတိုက်အခံဆိုတဲ့ ပုံစုံမျိုးမဟုတ်ဘဲနဲ့ တိုင်းပြည်တိုးတတ်ရာ၊ ဖွံ့ဖြိုးရာကြောင်းတွေကို လုပ်တဲ့နေရာမှာ ညှိညှိနှိုင်းနှိုင်းတိုင်တိုင်ပင်ပင် လုပ်သွားချင် ပါတယ်လို့ ပြောတယ်။ ဆိုတော့ လက်ရှိအခြေအနေကလည်း ဒါမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ ကနိုင်ငံတကာက လက်ခံလာဖို့ ၊ စီးပွားရေးပိတ်ဆို့မှုတွေ အပြီးသတ်ရုတ်သွားနိုင်ဖို့၊ အကူအညီအထောက်အပုံတွေရဖို့ တကယ်တော့ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတတ်ဖို့ဆိုရင် လုပ်စရာကိုင်စရာတွေက အများကြီးဘဲ ကို။ အခု World Bank, ADB, IMF တို့အပါအ၀င် ငွေရေးကြေးရေးဆိုင်ရာအခင်းအကျင်းတွေ၊ ကျွန်တော်တို့နိုင်ငံမှာ အင်တာနက်မပြည့်စုံတာ၊မီးမပြည့်စုံတာတွေအများကြီးလုပ်ရမှာ။ ဒါတွေလုပ်ဖို့ဆိုလို့ရှင်ရင် ကျွန်တော်တို့အနောင့်နှေးမဖြစ်အောင် ဒီကိစ္စသူတို့ပြောထားတဲ့အတိုင်း ညှိညှိနှိုင်းနှိုင်းတိုင်တိုင်ပင်ပင် လုပ်ဖို့ဆိုလို့ရှင်ရင် တာဝန်ရှိတဲ့လွတ်တော်၂ ရပ်ကနေပြီးတော့ ဆောင်ရွက်ပေးမယ်ဆိုရင် ဒီကိစ္စက ကျွန်တော်တို့ထင်သလိုသိပ်ပြီးခက်ခဲမယ့် ကိစ္စမဟုတ်ဘူး။ 

သူတို့အရင်တုန်းကလို ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီပေါ်မှာ ရန်သူလိုသဘောမထားဘဲနဲ့ သူတို့ပြောထားတဲ့စကားအတိုင်းဘဲ လွတ်တော်ထဲမှာ အတိုက်အခံလိုမဟုတ်ဘဲနဲ့ ချစ်ချစ်ခင်ခင်ရင်းရင်းနှီးနှီးနဲ့ သူတို့ဖွံ့ဖြိုးရေးအတွက် သူတို့လုပ်ချင်ပါတယ် ကိုင်ချင် ပါတယ် ဆိုတဲ့စကားအသွားအလာတွေကို တကယ်ဘဲသူတို့အကောင်အထည် ဖော်မယ်ဆိုရင်တော့ ဒီကိစ္စဟာတစ်ဦးချင်းအကျိုးစီးပွားတွေကို နောက်ဆုတ် ထားပြီးတော့ လက်ငင်းလုပ်ကြရမှာ။ ကမ္ဘာ့နောက်ဘိတ်ဖြစ်နေတဲ့တိုင်းပြည်ကို ဒီအာဆီယံ အုပ်စုအတွင်းမှာ ဘယ်လိုတင့်တယ်အောင်ဆောင်ရွက်ကြမလဲ ဆိုတာဦးစားပေးစည်းစားရမှာ ဆိုတော့တိုင်းပြည်အတွင်း ကြည့်ကောင်းအောင် လုပ်ရမယ်ဆိုရင်တော့ ဒီကိစ္စကို ညှိညှိနှိုင်းနှိုင်းတိုင်ပင် ဖြေရှင်းနိုင်မယ်ဆိုရင် ကျွန်တော်ကတော့ ဒီလောက်ကြီးအချိန်ယူစရာမလိုဘူးလို့ အဲဒီလိုသုံးသပ်ပါတယ်။

RFA ဦးခင်မောင်ငြိမ်း ။    ။ တလောတုန်းက ကျွန်တော်တို့ RFA အဖွဲ့သား တစ်ယောက်က ဒီ ကြံခိုင်ဖွံ့ဖြိုးရေးပါတီ ကခေါင်းဆောင်တယောက်ဖြစ်တဲ့ ဦးအောင်သိန်းလင်းကို မေးမြန်းခဲ့တုန်းက သူဖြေကြားသွားတာ က တိုင်းပြည်၊ ပြည်သူတွေအကျိုးရှိမဲ့ ကိစ္စဆိုရင်သူတို့ပါတီအနေနဲ့ က လုပ်ဆောင်သွားမှာဖြစ်ပါတယ် လို့ပြောသွားပါတယ်။ တချို့ က ကြံခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ က NLD အပေါ်မှာ မကြည်တဲ့အတွက်ကြောင့်မို့ NLD ပါတီလွတ်တော်အတွင်းမ၀င်ရင် ကောဘာဖြစ်လဲ ဆိုတဲ့ အတွေးအခေါ်ရပ်တည်ချက်မျိုးများ ရှိနေမလား။ သူတို့က လူများစုဖြစ်တဲ့ အတွက်ကြောင့် မို့လို့လေ။ ဒါကြောင့်ဒီကိစ္စက ပြေလည်မှ ပြေလည်နိုင်မလားဆိုတာ စိတ်ပူနေကြတာပေါ့လေ။ ကိုအောင်သူငြိမ်း ကောပြောပါအုန်း။

ကိုအောင်သူငြိမ်း ။ ။ တလောကတော့ ကျွန်တော် စာတစောင်တွေ့လိုက်ပါတယ်။ အဲဒါကတော့ ဆရာမောင်ဝံသပေါ့ ခင်ဗျာ။ သတင်းစာဆရာလည်းဖြစ်တယ်။ အရင် NLD ကခေါင်းဆောင်ဟောင်းလည်းဖြစ်တယ်။ သူကတော့ ဘယ်လိုဖြေရှင်းသင့်သလဲ ဆိုတာကို နည်းလမ်းတွေအသွယ်သွယ်နဲ့ အကြံပြုထားတာတွေ ကျွန်တော်ဖတ်ရ ပါတယ်။ ဒီနည်းလမ်းတွေအတိုင်းစဉ်းစားကြည့်မယ်ဆိုရင်ကောင်းမယ်လို့ကျွန်တောထင်ပါတယ် ခင်ဗျာ။ နောက်တခုကတော့ NLD ပါတီဘက်ကလည်းသိပ်ပြီး ဥပဒေ ကိစ္စကို ဇောင်းပေးတဲ့ဟာမျိုးကို သိပ်မလုပ်သင့်ဘူးလို့ကျွန်တော်ထင်ပါတယ်။
တဖက်က ကြည့်မယ်ဆိုလို့ရှင်ရင် ဒီဖွဲ့စည်းပုံပြင်မယ်ဆိုလို့ရှင်ရင် တပ်မတော်ရဲ့ အားလည်းလိုပါတယ်။ ကြံခိုင်ဖွံ့ဖြိုးရေးပါတီနဲ့တွဲပြီး လုပ်ရမယ့်အလုပ်တွေလည်း ရှိပါတယ်။ ဒီလိုအနေအထားမှာတော့ သူတို့ရေရှည်ဖွဲ့စည်းပုံပြင်ချင်တယ်ဆိုရင် သူတို့ရဲ့အားတွေလိုပါလိမ့်မယ်။ အဲဒီလို အနေအထားမှာတော့ လွတ်တော်ပြင်ပမှာ ဖြစ်ဖြစ် သဘောတူညီချက်တခုလုပ်မယ် ပြီတဲ့အခါမှာ လွတ်တော်အထဲ ၀င်မယ်လို့ ကျွန်တော် ထင်ပါတယ်။

RFA ဦးခင်မောင်ငြိမ်း ။    ။ အခုကတော့ တိုင်းပြည်အကျိုးကောင်းဖို့အတွက် ကြည့်ရမှာပေါ့လေ။ ကဲ ကျွန်တော်တို့နိဂုန်းချုပ်မှတ်ချက်တွေအနေနဲ့ပေါ့ခင်ဗျာ။ လိုရင်းကိုပြန်ပြီးတော့မှတ်ချက်လေးတွေပေးစေချင်ပါတယ်။ တယောက်ကို ၁မိနစ်ခွဲစီပြောလို့ရပါတယ်။ ဦးမင်းလွင်ဦးပြောပါအုန်း။

ဦမင်းလွင်ဦး ။       ။ ကျွန်တော်ကတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ စကားလုံး တွေပြင်တဲ့ ကိစ္စတွေနဲ့ ပက်သက်ပြီးတော့ ပုဒ်မ ၆၂ မှာပါတဲ့ စာသားတွေရယ် ၊ ဇယား၎ မှာပါတဲ့ စာသားတွေရယ် လိုက်လျှောညီထွေဖြစ်အောင်ပြင်ဆင်ပြောင်းလဲလိုက်တယ် ဆိုရင် အခုရင်ဆိုင်နေရတဲ့ အခက်အခဲကို ကျော်လွှားသွားနိုင်မယ်လို့ ကျွန်တော်တို့မြင် ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီဖွဲ့စည်းပုံတစ်ခုတည်းမှာတင် ကွဲလွဲနေတာ တွေကို တစ်ခုတည်းဖြစ်အောင်ပြင်လိုက်ရင် အဆင်ပြေမယ်လို့ထင်ပါတယ်။ နောက်တခုက သမ္မတနဲ့ ဒုသမ္မတတွေက ကတိသစ္စာပြုပါမယ်လို့  သာပါပြီး ကျမ်းသစ္စာ ကျိန်ဆိုရမယ် လို့မပါခဲ့ဘူး။ ဇယား ၄ မှာကျတော့ ကတိပြုမည်(သို့)ကျမ်းသစ္စာကြိမ်ဆိုပါမယ် ဆိုတာပါခဲ့တာတွေရှိနေတယ်။ အဲဒီတော့ ၁၉၆၄ ဇွန်လ ၂၆ ရက်နေ့ ကနေစပြီးတော့ တရားရုံးတွေမှာ ကျမ်းကျိန်စစ်ဆေးခြင်းမပြုတော့ ဘဲနဲ့  ကတိသစ္စာပြုဖို့သာ လိုတယ် ဆိုပြီးတော့ တရားရေးရာဌာနအတွင်းဝန် ဗိုလ်မှူးအောင်ဝင်းက တရားစီရင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းပြင်ဆင်ရေးနှင့် တော်လှန်ပြောင်းလဲရေး သတ်မှတ်ချက်တွေကို ထုတ်ပြန်ပြီးတော့ ပြင်ဆင်ပြောင်းလဲပြီးသားဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တဲ့ အတွက် စကားလုံး အရခန့်ညားအောင်များ ဒီလိုမျိုးထည့်ထားသလားတော့ မပြော တတ်ဘူးလေ။ ကျမ်းကြိမ်တယ်ကိစ္စကလည်း ပြည်သူ့လွတ်တော် ကိုယ်စားလှယ်ထဲမှာ ဗုဒဘာသာဝင်တွေပါသလို၊ ခရစ်ယာန်တွေလည်းပါမယ်၊ တခြား အစ္စလမ်ဘာသာ တွေလည်းပါမယ်ဆိုတဲ့အခါ အားလုံး ပုဒ်မ ၆၅ မှာပါတဲ့ ပြဌာန်းချက်တွေ နဲ့ ဇယား၎ မှာ ပါတဲ့ ကွဲလွဲချက်အချက်အလက်တွေအကို တချို့ပြင်ဆင်ပေးလိုက်တယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်တို့ ပြောတဲ့အခြေအနေမျိုးကိုရောက်ရှိပြီးတော့ ပြေလည်သွား နိုင်တယ်လို့ ထင်ပါတယ်။

RFA ဦးခင်မောင်ငြိမ်း ။    ။ ဟုတ်ကဲ့ခင်ဗျာ။ ဒီတိုင်းရင်သားနိုင်ငံရေးပါတီတွေကလည်းဘဲ NLD ကို စာပို့ပြီး တနင်္ဂနွေနေ့မှာဘဲ သူတို့တွေ့ဆုံပြီးတော့ ညှိနှိုင်းမယ်လို့ပြောတယ်။ ဒီလွတ်တော် ဥက္ကဌ သူရဦးရွှေမန်းစီကို လည်း သူတို့စာပေးပို့ပြီးတော့ ဒီပြဿနာဖြေရှင်းပေးပါဆိုပြီးတော့ ကြားထဲမှာ ၀င် ညှိနှိုင်းနေတာတွေလဲရှိတယ် ။ ဆရာဦးဇင်လင်း နိဂုန်းချုပ်မှတ်ချက်လေးပြောပါ။

ဆရာဦးဇင်လင်း  ။         ။ ဦးခင်မောင်ငြိမ်းပြောသွားသလိုပါဘဲ။ ကျွန်တော်တို့ဒီတိုင်းရင်းသား များနှင့်အခြားပါတီများကလည်းဘဲ စာတင်ပြီးတော့ သဟဇာတဖြစ်အောင်ကြိုးစားနေတဲ့ အပိုင်းတွေရှိပါတယ်။ NLD ကိုယ်ကလည်း ဒီဟာကို ဘယ်ပုံဘယ်နည်းနဲ့ဖြတ်ကျော်ရင်ရမယ် ဆိုတဲ့ သူတို့ရဲ့တင်သွင်းစာတွေကို သတ်ဆိုင်ရာလွတ်တော် ဥက္ကဌတွေကို တင်ထားတယ်လို့ဆိုပါတယ်။ ဒီကိစ္စက အခုရှုပ်မှနောင်ရှင်းဆိုသလို NLD အနေနဲ့ က မှုလကြေညာထားတဲ့ မှုဝါဒအတိုင်း ပြည်သူ့ရှေ့မှာ သူ့စကားတည်အောင် မှုအားဖြင့်လည်းသူတို့လုပ်ရမယ်ဆိုတဲ့ အတိုင်းဆောင်ရွက်တယ်လို့ကျွန်တော်ထင်ပါတယ်။ လက်ရှိအနေအထားကို ချုံပြီးကြည့် ရင်၂ ဖက်စလုံးက တိုင်းပြည်ဖွံ့ဖြိုးတိုးတတ်အောင် ပထမလို့သဘောထားရင်တော့ လုပ်ထုံးလုပ်နည်းကိစ္စတွေကို ညိုညိုနှိုင်းနှိုင်းဖြင့်ဖြတ်ကျော်သွားနိုင်လိမ့်မယ်လို့အဲဒီလိုဘဲ မျှော်မှန်းပါတယ်။

RFA ဦးခင်မောင်ငြိမ်း ။    ။ ကိုအောင်သူငြိမ်းကော နောက်ဆုံးမှတ်ချက်ကလေးပေးပါ။

ကိုအောင်သူငြိမ်း ။ ။ ကျွန်တော်မြင်တာကတော ကျွန်တော်တို့တိုင်းပြည်အခြေနေက ပုံမှန်ဒီမိုဂရေစီသွားတဲ့နိုင်ငံမဟုတ်သေးဘူးခင်ဗျာ။ အသွင်ကူးပြောင်းရေးလို့ပြောရင်ရနိုင်ပါတယ်။ အဲလိုအနေအထားမှာ တစ်ယောက်နဲ့တယောက် အပေးအယူရှိရှိ၊ တိုင်းပြည်ကောင်းကျိုးကို ညှိနှိုင်းပြီးတော့လုပ်ကြရင်တော့အကောင်ဆုံးဘဲလို့ကျွန်တော်ထင်ပါတယ်။

RFA ဦးခင်မောင်ငြိမ်း ။    ။ ဟုတ်ကဲ့ခင်ဗျာ။ ဒီကနေ့ဆွေးနွေးပွဲကို ဒီလောက်နဲ့ဘဲ နိဂုန်းချုပ်ရမှာဖြစ်ပါတယ်။ ဒီခုနတုန်းက ဆရာတို့ပြောသွားသလိုပါဘဲ တိုင်းပြည်ရဲ့အကျိုးပြည်သူတွေရဲ့မျက်နှာကြည့်ပြီးတော့ ဟိုဘက်ဒီဘက် ညှိညှိနှိုင်းနှိုင်းနဲ့ဆောင်ရွက်ရင် ပြေလည်သွားနိုင်လိမ့်မယ်လို့အများကလည်းယူဆ နေကြတာပါ။ အခုပါဝင်ပြီးတော့ဆွေးနွေးပေးတဲ့ အတွက်ကြောင့် ထိုင်းနိုင်ငံအခြေစိုက် မြန့်မာ့အရေး လေ့လာသူတွေဖြစ်တဲ့ စာရေးဆရာ ဦးဇင်လင်း၊ ဦးအောင်သူငြိမ်း (Burma Analyst, Thailand) နဲ့  ဟောင်ကောင်အခြေစိုက် (AHRC) အာရှလူ့အခွင့်အရေး ကော်မရှင် မြန်မာ့အရေး တာဝန်ခံ ရှေ့နေ ဦးမင်းလွင်ဦးတို့ ကိုကျေးဇူးအထူးတင်ရှိကြောင်း RFA  ကပြောကြားပါရစေ။  သောတရှင်များအပေါင်းရွင်လန်းချမ်းမြေ့ကြပါစေ။

0 comments:

Post a Comment